သင့်အတွက် မနက်ဖြန်

manawphyulayJuly 5, 20101min901

မဖြေရှင်းနိုင်တဲ့
ပြသာနာတွေကြားထဲ
ရောက်နေတဲ့အခါ
တအုံနွေးနွေးနဲ့
ရင်လေးမနေပါနဲ့….
သေချာစဉ်းစား
အနာခံထိုးဖောက်
လွတ်မြောက်အောင် ရုန်းကန်လိုက်ပါ….
မိတ်ဆွေတို့အတွက်
မျှော်လင့်ချက် မနက်ဖြန်
ရှင်သန်ပျိုမျစ်
ပျော်စရာနေ့သစ်တွေ
မလွဲမသွေရောက်လာမှာပါ….
ကဲ…. ဒီတော့ မိတ်ဆွေ
ပြသာနာအခက်အခဲတွေကို
ရဲရဲတင်းတင်းနဲ့
ဖောက်ထွင်းကျော်ဖြတ်လိုက်ပါ….

One comment

  • kopauk mandalay

    July 5, 2010 at 1:03 pm

    တစ်ခါတစ်ခါများ ပြဿနာဆိုတာ
    ကိုယ်ကစသလား သူကစသလား
    စဉ်းစားလို့မရပါ။

    တစ်ခါတစ်များ စဉ်းစားရင်းအိပ်ပျော်
    အိမ်မက်ထဲမှာဆက်စဉ်းစား
    အိပ်မပျော်တပျော်မှာတောင်ရုန်းကုန်ရလွန်းလို့
    ခြင်ထောင်ပြဲတာကလည်းမကြာခဏပါ။

    ဘယ်လိုစဉ်းစားလို့မှအဖြေမရ
    အိပ်မရတဲ့ညတွေနဲ့ဘဲ
    နိုုးထလို့နောက်တစ်နေ့ကိုကြိုဆိုရပေါင်းလဲများလှပါပြီ။
    အခုလိုအားဆေးလေးနဲ့ အားပေးတာ
    ကျေးဇူးတင်ကြောင်းပါ။
    လက်တွေ့မှာတော့………………………………………

Leave a Reply