ရင်ထဲက သူငယ်ချင်းများစွာအတွက်
ရင်တွင်းမှ စကားလုံးတွေတင်ဆက်လိုက်တယ်
ငါ . ပညာရှိ မဟုတ်ပါဘူး
သညာ အသိနဲ့ ယူလာမိတဲ့
အတွေ့အကြုံကိုရေးတာ
ကဗျာမဟုတ် စာမဟုတ်တဲ့မှတ်တမ်း
(မင်းတို့သူငယ်ချင်းများစွာအတွက်)

ကြယ်စင်တစ်လုံးလို လင်းလက်ခွင့်ရရင်
ငါကျေနပ်ပါပြီ
ငါလူတော် မဟုတ်ပါဘူး
မင့်တို့ အနာဂါတ်မှာ ပျော်နိုင်မလားလို့
ဖွင့်ဟတာ
ငါ့ထက် သိတဲ့ သူငယ်ချင်းများကလဲ
ငါ့ကို လက်ကမ်းလိမ့်မယ်လို့ ထင်ပါတယ်

ငါလဲ လူငယ်တစ်ယောက်ဘဲ
ဒါပေမယ့်
သံချေးတက် ဓါတ်တစ်လက်ကိုသွေးဖို့ ပြင်နေတယ်
ရုပ်ပိုင်းဆိုင်ရာတွေ လှဖို့အတွက်
ငါတို့ . . . . .
မှန်ကြည့်ပြီး ပြင်ကြတယ်။

အနာဂါတ်မှာ ဘ၀တွေ လှဖို့
ငါတို့ . . . . .
ဘာတွေကြည့်ပြီး ပြင်ကြမလဲ . . . . .

တခေတ်က
အတိတ် ပစ္စုပ္ပန်တွေ မလှလို့
အနာဂါတ်တွေလဲ
အကျည်းတန်ခဲ့ပြီ

အခု ပစ္စုပ္ပန်မှာ
လာမဲ့ အနာဂါတ်အတွက်
ဘယ်လို လှအောင်လုပ်မလဲ . . . . .
ပျင်းတဲ့ပုဂ္ဂိုလ်ဟာ
ဘာပညာမှ မတတ်မြောက်နိုင်ဘူး
အတတ်ပညာမရှိတဲ့ ပုဂ္ဂိုလ်ဟာ
စီးပွားဥစ္စာ မတိုးတက်နိုင်ဘူး

စီးပွားဥစ္စာမရှိတဲ့ပုဂ္ဂိုလ်ဟာ
ကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှု
မရှိနိုင်ဘူးတဲ့ . .

ငါတို့ အနာဂါတ်တွေလှဖို့
(၁) ပျင်းတဲ့စိတ်ကို ဖျောက်ဖျက်ရမယ်
(၂) အတတ်ပညာတစ်ခုခု တတ်မြောက်အောင် ကြိုစားရမယ်
(၃) တတ်မြောက်ထားတဲ့ အတတ်ပညာကို
အကောင်းဆုံးဖြစ်အောင်
ကြိုးစားပြီး လုပ်ဆောင်ရမယ်

About Khin Thida Soe

Khin Thida Soe has written 11 post in this Website..

ကိုယ့်အကြောင်းကတော့ ဘာမှ ပြောစရာမ၇ှိအောင် ရိုးပါတယ် ရှင်.....