ချစ်ခြင်းဖွဲ့ အလင်္ကာ

သုရွင္August 20, 20121min812

နားလည်မှု နဲ့ တည်ဆောက်ထားတာ

တစ်ယောက်ကို တစ်ယောက်

ခွင့်လွှတ်သည်းခံမယ်။

စကားတစ်ခွန်း၊အပြုအမူလေးတစ်ချက်နဲ့

…အပြစ်မရှာဘူး။

အပြောသက်သက် ချစ်တာမဟုတ်အောင်…

အချစ်အတွက်ဘဲ…အရာရာကို စွန့်လွှတ်ပြလိုက်ဖို့..

ဝန်မှ မလေးကြတာပဲလေ။

တစ်ဦးခံစားကြေကွဲနေဖို့..တစ်ဦးက မလိုလား…။

တစ်ဦးစိတ်ချမ်းသာမှု ဆိုတာ..

ကျန်တဲ့သူတစ်ဦးအပေါ်မှာ ဘဲ

အားလုံးမူတည်နေလေရဲ့။

သူပျော်မှ..ကိုယ်ပျော်မှာ။

သူ စားရမှ ကိုယ် က ဗိုက်ဝမှာ။

သူ့အပြုံးနဲ့ ဝမ်းသာ နေရတဲ့ ကျန ်တဲ့သူဘဝ။

သူ့အတွက် ဆို မာန ဆိုတာမရှိဘူး။

သူ့အတွက် ဆို အတ္တဆိုတာ မရှိဘူး။

သူ့အတွက် ဆို ကိုယ့်ရှင်သန်ဖြစ်တည်မှု အားလုံး

အရင်းစိုက် ရဲ တဲ့ သူမို့။

သူ့အစား ကိုယ်ပင်ပန်းပါစေ။

သူ့အစား ကိုယ် နာကျင်ပါစေ။

သူ့အစား ကိုယ် ဆုံးရှုံးနစ်နာသွားပါစေ။

သူ့အစား…ဒုက္ခ ဆိုတာတွေတောင်

ဆားနဲ့တို့ စားရင် …ချိုတယ်။

တစ်ယောက်ရဲ့ ယုံကြည်ချက်မှာ

တစ်ယောက်က အသက်ဝင်။

နှစ်ယောက်လုံးရဲ့အကြားမှာ

သံသယ ဆိုတာ..ဘယ်တုန်းကမှ

ရှာမရခဲ့တဲ့ ဝေါဟာရ စာလုံးပါ။

သင်္ကေတ တစ်လုံးထဲကို ဘဲ

နှစ်ယောက်စလုံး ကိုးကွယ်….။

အက္ခရာ အဖြစ် ရေးထားလိုက်ကြတဲ့

သူတို့နှစ်ဦး အတွက် ..အဲဒီ အချစ ်ဆိုတာက…

စာလုံးပေါင်းတူပေမယ့် အဓိပ္ပါယ် ကွဲတဲ့…

အလင်္ကာ….။

2 comments

  • လေပြေ ရိုင်း

    August 20, 2012 at 4:53 pm

    ပျော်ရွင်ခြင်းဆိုတဲ့လမ်းက ကျဉ်းလွန်းလို့ သွားမဲ့သူ၂ယောက်က တစ်ယောက်တည်းဖြစ်မှသာ လျှောက်လို့
    ရမတဲ့… နားလည်ခြင်းဆိုတာနဲ့ နှစ်ကွတ်တစိတ်ဖြစ်အောင်လုပ်ရမယ်။
    အချစ်မရှိရင်လည်း လျှောက်ပါ ရတယ်။
    နားလည်မှုမရှိရင်တော့ မလျှောက်နဲ့
    ပျော်ရွင်ခြင်းဆိုတာမရနိုင်ဘူး…
    အဘယ်ကြောင့်ဆိုသော် (ဖြူဖြူကျော်သိန်းသီချင်းမဟုတ်)
    နားလည်းခြင်းက အချစ်ကိုမွေးဖွားနိုင်ပြီး
    အချစ်တစ်ခုတည်းကတော့ နားလည်ခြင်းကို ထုတ်လုပ်ပေးဖို့
    မသေခြာသောကြောင့်သာ။….

  • မောင်ပေ

    August 20, 2012 at 9:11 pm

    အလင်္ကာ
    အကြင်နာ
    နင်မပါ
    ရင်ဟာ
    ပညာ
    သင်ရှာ
    မြင်မှာ
    ဂွင်အထာ
    ကင်ကွာ

Leave a Reply