အစွယ်လိုသူမိဖုယား ဇာတ်လမ်းထဲက အဓိကဇာတ်ပို့လေးပါ…………………..

1 မပဒုမ္မာက လက်ဆောင်ပို့ပေးထားတဲ့ပန်းကလေးပေါ့
1က အပင် ကိုင်းဖျား အမြင့်မှာပွင့်တဲ့ပန်း

 

2 အပင်ပေါ်မှာတစ်ပွင့်ထဲစံ
3 ဒီနေရာလေးမှာတော့ အပွင့်တွေစုနေပါတယ်.

 

4 အင်ကြင်းသီး ပင်စည်က ထွက်နေတာ
5 အင်ကြင်းပင်အဖျားက အပွင့်လေးပါ
6 အနီးကပ် ပန်းကလေး
7 အပွင့်လှလှ
8 အကောင်လေးတစ်ကောင်ကပ်နေတယ်
9 အောက်ကမော့ကြည့်တာလေ
10 အင်းကြင်ပင်စည်က အနွယ်တွေကျနေသလို

 

11 အတော်လေးလှတယ်လို့ထင်ပါတယ်
12 လှမ လှ
13 ပင်စည်ကနေထွက်လာတဲ့ ပန်းပွင့်လေးတွေ

 

15 အပင်ထက်မှာ……………….
15 အကောင်လေးတစ်ကောင်တွေ့လား
15ရောင်းဘို့ပြင်ထားတာ

 

“အစွယ်လိုသူမိဖုယား ဆိုတဲ့ ဇာတ်တော်ထဲက အဓိက ဇာတ်ပို့……………….”

 

တစ်ရက် ဆိုင်ကယ်နဲ့သွားနေတုံး ဘယ်ကဖွင့်နေမှန်းမသိတဲ့  ရွေဘိုတင်မောင်ရဲ့

ဆဒ္ဒန်ဆင်မင်းဇာတ်ထုတ်ကို ကြားလိုက်ရတဲ့အခါ

ကျနော်ငယ်ငယ်က တွေးမိတဲ့အတွေးရူးလေးက ခေါင်းထဲကိုရောက်လာပါတယ်။

အဲဒီတုန်းကတွေးမိခဲ့တာလေးကဒီလိုပါ။

တကယ်လို့သာဆဒ္ဒါန်ဆင်မင်းကသာ တစ်လင်တစ်မယားစံနစ်ကျင့်သုံးခဲ့မယ်ဆိုရင်

ဒီဇာတ်လမ်းဖြစ်မလာနိုင်ဘူး။

နောက်တစ်ချက်က အင်ကြင်ပန်းဆိုတာမရှိခဲ့ရင်လဲ ဆင်မင်းက ခူးမပေးဘူး။

ခူးပေးပြန်ရင်လဲ ခါချဉ်ကောင်ဆိုတာမရှိခဲ့ဘူးဆိုရင် စူဠသုဘဒ္ဒါကိုအကိုက်မခံရဘူး။

ဒါဆိုရင်လဲ ဒီဇာတ်လမ်းမဖြစ်ဘူးလို့ ငယ်ငယ်က ရှာကြံပြီးပေါက်ကရတွေးမိခဲပါတယ်။

 

 

ဆဒ္ဒါန်ဆင်မင်းဇာတ်တော်ဆိုတာ ကျနော်တို့နဲ့မစိ်မ်းတဲ့ဇာတ်လမ်းလေးပါ။

ဖြစ်နိုင်တာမဖြစ်နိုင်တာအပထား လူ့သဘောသဘာဝတွေကို ကွင်းကနဲရှင်းကနဲမြင်အောင်

ပြနိုင်တဲ့ဇာတ်လမ်းလို့ဆို်နိုင်ပါတယ်။

ရတနာပုံရွှေမန္တလေးက စာဆိုတော် စလေဦးပုညရဲ့စာအရေးအသား

ပြောင်မြောက်တာကြောင့် ပိုအသက်ဝင် ပိုပြီး နှစ်သက်တယ်ကြတယ်လို့ထင်မိပါတယ်။

အဲဒီထဲက လူအသိဆုံးအသုံးအများဆုံးဆိုတဲ့စကားလေးတွေကတော့

“မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီး”

“အစွယ်လိုသူမိဖုယား ခိုင်းစေသူမင်းဧကရာဇ် လေးပစ်သူဘုရား ကျနော်”

ဆိုတာလေးတွေက လိုရင်ဆွဲသုံးစရာစကားလေးတွေဖြစ်ခဲ့ပါတယ်။

 

ဘုရားလောင်း ဆဒ္ဒါန်ဆင်မင်း ဝမ်းတူးရိုက်တာကနေ ရင်နာစရာဇာတ်လမ်းလေးတွေ ပေါ်ခဲ့တယ်ဘဲဆိုရမှာပေါ့နော်။

ဇာတ်လမ်းထဲကနေ အရေးပါတဲ့အချက်တွေဆွဲထုတ်လိုက်မယ်ဆိုရင်တော့

အဓိကဇာတ်လိုက်ဆဒ္ဒါန်ဆင်မင်းမှာ မဟာသုဘဒ္ဒါနဲ့ စူဠသုဘဒ္ဒါဆိုတဲ့ ဆင်မိဖုယားနှစ်ယောက်ရှိပါသတဲ့။

တစ်ရက်တော့အပင်ပေါ်မှာပွင့်နေတဲ့အင်ကြင်းပန်းတွေကို နှာမောင်းနဲ့ယူပြီးတော့

ချစ်မိဖုယားနှစ်ပါးကိုပေးပါသတဲ့။

မဟာသုဘဒ္ဒါကိုပေးတဲ့အချိန်မှာ ပြဿနာမရှိပေမယ့် စူဠသုဘဒ္ဒါကိုပေးတဲ့ အလှည့်မှာတော့

အင်ကြင်းပန်းထဲမှာခါချဉ်ကောင်ပါသွားပါသတဲ့။

ခါချဉ်အကိုက်ခံရလို့နာတာထက် သူ့ကိုပစ်ပယ်တယ်အရှက်ကွဲအောင်လုပ်တယ်ဆိုတဲ့အသိက

ပိုပြီးရင်နာစေပြီး  ရင်ထဲမှာအတော်လေးနာကျည်းသွားပါသတဲ့။

ဘယ်လောက်များနာကျည်းသလဲဆိုရင်နောင်ဖြစ်လေရာဘဝတိုင်းမှာလက်စားချေခွင့်ရဘို့

တောင်ဆုတောင်းလိုက်ပါသတဲ့။

ဒီလိုနဲ့ရင်ကွဲနာကျပြီးအရင်သေသွားတဲ့စူဠသုဘဒ္ဒါက နောက်ဘဝမှာလဲမိဖုယားဘဲပြန်ဖြစ်ပါသတဲ့။

အဲဒီမှာအရင်ဘဝကယောက်ျားဆင်မင်းရဲ့အစွယ်ကို လိုချင်ပါတယ်ဆိုပြီး ပူဆာပါသတဲ့။

အဲဒီမှာ မုဆိုးကျော်သောရ်နုတ္ထိုကို အစွယ်ယူဘို့စေလွှတ်ပါသတဲ့။

အဲဒီမှာအကြံဉာဏ်ကြီးလှတဲ့ မုဆိုးကျော်က ဆင်မင်းလာရာလမ်းကနေစောင့်ပြီးလုပ်ကြံပါတော့သတဲ့။

မုဆိုးမြားချက်ထိသွားတဲ့ ဆင်မင်းက မုဆိုးကို အသေသတ်မယ်ကြံပေမယ့် သင်္ကန်းအရေခြုံထားတော့

မသတ်ဖြစ်။

အဲဒီမှာ ဇာတ်ကြောင်းလှန်ပြန်တော့အရင်ဘဝက သူ့မိဖုယားလက်ချက်ဆိုတာသိတော့ ကို်ယ်တိုင်အစွယ်

ချိုးပြီး ပေးရင်း ဆင်မင်းလဲကွယ်လွန်သွားပါသတဲ့။

အဲတော့ဒီဇာတ်လမ်းကို ပြန်တွေးကြည့်မိပြန်တော့

အင်ကြင်းပန်းဆိုတာ ဘယ်လိုပန်းမျိုးလဲဆိုတာ အသေအချာမမြင်ဘူးခဲ့ဘဲစိတ်ဝင်စားခဲ့ရပါတယ်။

ကျနော်အသက်ငါးဆယ်ကျော်တဲ့အထိအင်ကြင်းပန်းကိုမမြင်ခဲ့ဘူးတာလဲအမှန်ပါ။

2011ရန်ကုန်ကိုရောက်တဲ့အခါ ရွှေတိဂုံဘုရားကို မနက်အစောကြီးသွားတဲ့အခါ ဒုတ်တွေနဲ့ထိုးထားတဲ့

ပန်းပွင့်လှလှတွေမြင်တဲ့အခါဓါတ်ပုံရိုက်မိပါတယ်။

ဘာပန်းလဲလို့မေးကြည့်တော့ အင်ကြင်းပန်းဆိုတာသိလို်က်ရပါတယ်။

အဲတော့မှကျနော်အထင်တွေမှားတာကို သိလို်က်ရပါတယ်။

ကျနော်စိတ်ကူးထဲမှာထင်နေတဲ့အင်းကြင်းပန်းက အပွင့်တွေစီပြွတ်နေအောင်ပွင့်တဲ့

ပန်းမျိုး။

တကယ့်အင်ကြင်းပန်းကတော့ တစ်ပွင့်တစ်ပွင့်အကြီးကြီးဆိုတာသိလိုက်ရပြန်ပါတယ်။

အင်ကြင်ပန်းကိုမြင်ဘူးသွားတဲ့နောက်ရက်မှာ ရန်ကုန်စွယ်တော်စေတီရဲ့တောင်ဘက်မုဒ်အထွက်မှာပွင့်နေတဲ့

ပန်းတွေကအင်ကြင်းပန်းတွေဆိုတာသိလိုက်ရပါတယ်။

နောက်တစ်ချက်က အင်ကြင်းပန်းပွင့်ပုံဆန်းတာလဲ တွေ့လိုက်ရပါတယ်။

ပင်စည်က ထွက်တဲ့ကိုင်းမှာ အပွင့် ပွင့်တာကို သိလိုက်ရပါတယ်။

အဲဒီမှာမြင်ခဲ့ရတာကတော့အပွင့်သေးလေးတွေပါ။

 

ပြီးခဲ့တဲ့ 20-8-201 နေ့မှာတော့ မန်းလေး စိန်ပန်းရပ်ထဲမှာ ရှိတဲ့ မဟာစည်ရိပ်သာကိုရောက်သွားပါတယ်။

မိတ်ဆွေတစ်ယောက်ကအလှူဖိတ်လို့သွားတာပါ။

ဖြစ်ချင်တော့အဲဒီထဲမှာကျောင်းတိုက်တွေကအများကြီးဆိုတော့ အလှူရှိတဲ့ကျောင်းကို်လိုက်ရှာရပါတယ်။

အဲဒီမှာကျောင်းအရှေ့ဘက်တစ်နေရာမှာ ပန်းအနီတွေပွင့်နေတဲ့အပင်ကြီးကိုတွေ့လိုက်ရပါတယ်။

အနီးကပ်ကြည့်တော့မှ အင်ကြင်းပွင့်တွေဖြစ်နေတာတွေ့ရတော့ အတော်လေးဝမ်းသာသွားပါတယ်.။

ဒီလောက်ကြီးတဲ့အင်ကြင်းပွင့်ကို မမြင်ဘူးတာလဲအမှန်။

နောက်အပင်က ကိုင်းတွေကအနွယ်တွေဖြစ်လို့ နေပါတယ်။

အင်မတန်လှပတဲ့ပန်းပွင့်တွေကို  မြင်ရတော့ လက်ဆော့မိတဲ့အပြင်မိတ်ဆွေတွေကို မျှဝေပေးလိုက်ပါတယ်။

ကျနော်တို့ရဲ့စာရေးဖော် ပဒုမ္မာက ကျနော်ပန်းတွေနှစ်သက်မှန်းသိလို့ ဆရာမကြီး TTNU ရယ် ကျနော်ဆီရယ်ကိုပို့ပေးဘူးတဲ့ အင်ကြင်းပန်းလေးတစ်ပွင့်ကိုပါ အားလုံးမြင်ရအောင် သတိတရနဲ့ တင်ပေးလိုက်ပါတယ်။

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။

(21-8-2012)

 

 

 

 

 

 

 

 

 

37 comments

  • surmi

    August 23, 2012 at 10:37 am

    အစ်ကို ့ကျေးဇူးနဲ ့ မြင်ဖူးသွားပြီ
    ဒီပန်းလေးတွေကြည် ့ပြီး တော်တော်ငယ်စဉ်ကကြည် ့ဖူးတဲ ့
    သုဘဒ္ဒါလိုမိန်းကလေး ဆိုတဲ ့ရုပ်ရှင်ကိုတောင်သတိယမိသေးဗျာ
    ဦးပုညကတော ့ အသဲစွဲဘဲဗျို ့
    ရိလုံး ထေ ့လုံးတွေကောင်းလွန်းလို ့
    သူ ့စကားလုံးတွေက ခုထိတောင်ခေတ်မှီနေသေးတယ်

  • mocho

    August 23, 2012 at 10:38 am

    လေးပေါက်ရေ
    တိုက်ဆိုင် လိုက် တာ ၊ ကျမ လည်း ပြီးခဲ့ တဲ့ တနင်္ဂနွေ တုန်း က ငှက် ရိုက် ခဲ့ တဲ့ ပန်း ခြံ သွား ကြတော့ ခါတိုင်း မရောက် ဖြစ်တဲ့နေရာ တွေ လျှောက် သွား တာ အင် ကြင်း ပန်း ပင်ကြီး တွေ့လို့ ရိုက် လာ ခဲ့ သေး တယ်။ နံပါတ် ၁ဝ က ပုံနဲ့ တစ်ပုံတည်း ပဲ ၊ နိမ့်နိမ့် လေး ပွင့် နေတာ ဆိုတော့ ဘယ် လို အနံ့ လည်း သိချင် လို့ သွား နမ်း ကြည့် တာ ကိုင် လိုက် တာနဲ့ ကြွေ ကြွေ ကျ သွား လို့ လက်လျော့ လိုက် ရ တယ်။

    • ကြောင်လေး

      August 23, 2012 at 2:32 pm

      “ဘယ် လို အနံ့ လည်း သိချင် လို့ သွား နမ်း ကြည့် တာ”
      ခါကျဉ်ကောင်ကိုသတိထားနော် စူဠ သုဘဒ္ဒါ လိုဖြစ်နေမယ်။:D

  • မောင်ပေ

    August 23, 2012 at 10:52 am

    မုဆိုးကျော် ဖိုးပြောင် နဲ့ တပည့်ကျော် ဥလေး တို့ဆိုရင်လဲ 1,2 ရိုက် ကျွမ်းကြတာကလား

  • Ma Ei

    August 23, 2012 at 11:26 am

    No ..15…ရောင်းဘို့ပြင်ထားတာ လေးတွေ
    အကုန်ဝယ်လိုက်ပါပြီ…
    အင်ကြင်းပန်း ခရေဇီ မို့
    ကျေးဇူးအထူးတင်ပါကြောင်းနော်…

    • ကျနော်က မအိကို ပေးစရာအကြွေးရှိတယ်
      နေကြာပန်းခင်းလေးရိုက်ပေးမယ်ပြောထားတာ။
      ဒီနေ့ နေကြာပန်းတော့တွေ့ခဲ့တယ် ကင်မရာမပါလို့ မရိုက်ခဲ့ရဘူး
      မမေ့ပါဘူးနော်

  • may flowers

    August 23, 2012 at 2:35 pm

    အင်ကြင်းပန်းဆိုတာ ခုမှပဲ သိတော့တယ်။ မြင်တော့မြင်ဖူးနေပေမဲ့ အင်ကြင်းပန်းမှန်းမသိခဲ့ပါဘူး။

    ခုလေးပေါက် ကျေးဇူးနဲ့ သိခွင့်ရတဲ့အတွက်ကျေးဇူးပါ။ပုံ ၁၂ လေးကြိုက်လို့ ယူထားလိုက်ပြီနော်။

  • ကို ခင်ခ

    August 23, 2012 at 3:03 pm

    “အစွယ်လိုသူမိဖုယား ခိုင်းစေသူမင်းဧကရာဇ် လေးပစ်သူဘုရား ကျနော်”

    ဘယ်သူ့ကို အပြစ်ပြောရမလဲ နောက်ဆုံတဲ့အခါ ငြင်းစရာခေါင်းစဉ်တော့ ရပြီကိုပေါက်ရေ။
    မန်းအဖွဲ့တွေ ဆုံတဲ့အခါပေါ့။

    • candle .

      August 24, 2012 at 6:16 pm

      ” အစွယ်လိုသူမိဖုရား..အသွားခိုငိးသူဧကရာဇ်..လေးပစ်သူကျွန်တော် .. ”
      ” ကြံဖော ်ကြံဖက် သုံးယောက် အနက်မှရွေးသတ်လျှင်သေပါမည်.. ”

      ဆိုသည်နှူတ်ထွက ်အံဩစရာ..

        • candle .

          August 26, 2012 at 6:28 pm

          ကျန်သေးတယ် ကိုပေါက်ရေ…
          အစွယ် ဖြတ်ခွင့်ရတဲ့အခါ..မုဆိုးကို..လေးစွန်တောင်နှင့်အာဘောင်လှန်..ဒိုင်းထောက်၍ကန်..
          ထက်သန်မြမြ..လွှကြီးနဲ ့ဖြတ်ခါ..ကြမ်းကြုတ်ရက်စက်..ကြောက်မက်ဖွယ် ကောင်းတာ..

        • candle .

          August 26, 2012 at 8:10 pm

          အဲ..မှားသွားလို ့..
          ” ဆင်မင်း ” ကိုနော်.. ”မုဆိုး” ကို ဟုတ်ဖူး..
          ဆောရီး ပါနော်..ဟဲ.ဟဲ

      • TTNU

        August 24, 2012 at 10:14 pm

        အစွယ်လိုသူ မိဖုရား
        အသွားစေခိုင်းသူ မင်းဧကရာဇ်
        လေးနှင့်ပစ်သူ ဘုရားကျွန်တော်
        ကြံဖော် ကြံဖက် သုံးယောက်သားအနက်တွင်မှ
        ကံကွက်ကြား၍ ငမိုက်သားမုဆိုးလေ
        နင်ချည်းပင် သေပေရော့လို့
        ဆဒ္ဒါန်ဆင်းမင်းမြတ် အကျွန်ုပ်အား သတ်လျှင်လည်း
        မလွတ်နှိုင်ရာ သေရပါတော့မည် ဘုရား။

        (သောနုတ္ထိုရ် မုဆိုးကြီး)

  • P chogyi

    August 23, 2012 at 5:06 pm

    အင်ကြင်းပန်းဆိုစိတ်နာတယ်။
    မန်းစက်တော်ရာမှာ အင်ကြင်းပန်းခူးချင်လို့
    တောင်စောင်းအတိုင်းဆင်းလိုက်တာ ကံကောင်းလို့ ဘဝမပြောင်းတာ။

  • Shwe Ei

    August 23, 2012 at 5:17 pm

    အင်ကြင်းပန်းက မြင်ရခဲတဲ့ပန်းပါ လေးပေါက်ရေ။ နေရာတိုင်းအပင် မပေါက်ဖူးမှတ်တယ်။ အနံ့လဲ ကြိုက် အသွင်အပြင်လဲကြိုက်ပေမဲ့ ရန်ကုန်မှာ ဝယ်ချင်တိုင်းမရဘူးဗျ။

  • kotun winlatt

    August 23, 2012 at 6:20 pm

    အစွယ်ကို လိုသူ မိဖုရား အသွားစေခိုင်းသူ မင်းAကရာဇ် လေးပစ်သူဖုရား ကျနော် ကြံဖော်ကြံဖက် သုံးယောက်အနက်တွင်မှ…
    အင်ကြင်းးပန်းးကြောင့် ဖြစ်ရလေတယ်…နော်…
    လေးးပေါက်လေ…ပုံလေးတွေကို အကြာကြီးစောင့်ပြီး အကြာကြီးကြည့်သွားတယ်ခင်ဗျ

  • YE YINT HLAING

    August 23, 2012 at 6:27 pm

    ဦးပေါက်ရေ — အင်ကြင်းပန်း လှလှလေးတွေ ကြည့်သွားပါတယ် —

  • မဟာရာဇာ အံစာတုံး

    August 23, 2012 at 7:57 pm

    ဒို့ဖေဂျီးလည်း
    ငယ်ငယ်က ကြံကြံဖန်ဖန် တွေးခဲ့တာပဲနော် .. 😀
    ဒီပန်းကိုတော့ ခုမှ မြင်ဖူးသဗျ ..
    ဂယ်ပါ ..
    အဲ့ဒီလောက် လေ့လာရေး ကောင်းတာ .. 😀
    ကျေးဇူးပါ ဖေဂျီးရေ ..

  • padonmar

    August 23, 2012 at 7:58 pm

    အင်ကြင်းပင်က ပေါက်ခဲပါတယ်။
    အပင်စိုက်ထားချင်လို့ အင်ကြင်းပင်ပေါက်လေးတွေ တစ်ပင် ၅၀ဝ နဲ့ ကိုးထပ်ကြီးဘုရားမှာ သွားဝယ်စိုက်တာ မရှင်ပါဘူး။
    အပင်ရောင်းတဲ့သူကတော့ ဘုန်းကြီးကျောင်းတို့ သာသနာ့မြေ တို့မှာစိုက်ပါလို့ ပြောလိုက်ပါတယ်။
    သူများအိမ်တွေမှာလည်း တွေ့ဖူးတော့ အိမ်ဆိုလည်းပေါက် တော့ ပေါက်မယ်ထင်ပါရဲ့။
    စိုက်သူညံ့လို့သာဖြစ်မှာပါ။

  • TTNU

    August 23, 2012 at 11:31 pm

    ကိုပေါက်ရေ..
    ရွှေကျီးမြင်ထဲက မြောက်ဦးဆရာတော်တရားစခန်းမှာ အဒေါ်ကြီးတစ်ယောက်
    အင်ကြင်းပန်းတွေလိုက်ရောင်းပေးတာ တစ်ပွင့်(၂၀ဝ ကျပ်)တဲ့။
    မာမီလည်း အိမ်မှ ဘုရားကပ်မလို့ ဝယ်ခဲ့တာ ညနေ အိမ်ရောက်တော့ ကြွေကုန်ပြီ။
    နောက်နေ့ ဒီဒေါ်ကြီးကို ပြောပြတော့ (နေ့၁၂နာရီ)ကျော်ရင် ကြွေတာပဲတဲ့။
    သူရောင်းတုန်းက အကြာကြီးခံလားလို့မေးတော့ ခေါင်းငြိမ့်ပြတာ။
    အေးလေ.. ကိုယ်ဗဟုသုတမရှိတာပဲ။

  • kai

    August 24, 2012 at 4:35 am

    မဃဒေဝထဲ.. မန်လည်ဆရာတော်စပ်ထားတာ..
    အသီးမှာသရက်၊ အသားမှာဝက်၊ အရွက်မှာလက်ဖက်၊ မြစ်မှာဂင်္ဂါ၊ ရေမှာမိုးများ၊ …စသဖြင့်ထဲ.. ပန်းမှာအင်ကြင်းဆိုလား.. မှတ်မိနေတယ်.
    . မယ်တော်မာယာက. အင်ကြင်းခိုင်ကိုင်ပြီး.ဘုရားလောင်းကလည်း.. ဖွားတော်မူခဲ့တာကိုး…။

    အဲလို… ဆိုရအောင်.. တော်တော်လှတဲ့ ပန်းပဲလို့.. သေချာကြည့်ပြီး ထင်မိတယ်..
    ကိုပေါက်ကို ..ကျေးဇူးပါနော..။

    ဆိုတော့..
    စကားအတင်းစပ်ရရင်..
    အဲဒီ မဃဒေဝစာအုပ်ပါးကလေး.. ပြန်လိုချင်မိသား..
    =
    The 10 Most Beautiful Flowers In The World တဲ့.. အင်တာနက်ကနှိုက်ထားတာ.. ဗဟုသုတအတွက်ပါ..
    အင်ကြင်းတော့မပါ.. 😕
    http://listphobia.com/2009/11/01/10-most-beautiful-flowers-in-the-world/
    http://johnmcnamara.hubpages.com/hub/Top-10-Most-Beautiful-Flowers-in-the-World
    http://omgtoptens.com/misc/nature/most-beautiful-flowers-world/

  • အရီးခင်လတ်

    August 24, 2012 at 4:47 am

    အင်ကြင်း ရဲ့ အထဲ က ဝတ်မှုံသိုလှောင်ရုံက တခြားပန်းတွေ နဲ့ မတူဘူးနော်။
    ဒါကြောင့် အကောင်တွေဝင်ခိုပြီး တော်တော် နဲ့ ပြန်မထွက်တာနေမှာ။
    စူဠသုဘဒ္ဒါကို ကိုက်တာ ဘယ်နေရာမို့လဲ မသိဘူး။
    ကိုယ်ကို ဆိုရင် ဆင်အရည်ခွံ က အတော်ထူတာဆို။
    ငယ်ကထဲ က အာချောင်ပြီး မေးလေ့ရှိတဲ့ မေးခွန်း။ 😀

    ပန်းလေးတွေ ကို ခူးသွားတယ် ကပေါက်ကြီးရေ့။
    ကျေးဇူးပါ။ 🙂

  • aye.kk

    August 24, 2012 at 7:36 am

    ကိုပေါက်,…။
    အင်ကြင်ပန်းနဲ ့ဆဒ္ဒါန်ဆင်မင်းဇတ်တော်လာဖတ်ပြီးကျေးဇူးတင်မိတယ်။
    ကိုပေါက်ရဲ ့အင်ကြင်ပန်းတွေရဲ ့အလှကိုလှလွန်းလို ့အကြိမ်ကြိမ်အခါခါပြန်ပြီးဖွင့်ကြည့်မိရတယ်။
    ရိုက်ချက်တွေကလက်ရာမြောက်။ဓါတ်ပုံထဲကအင်ကြင်ပန်းကလှလွန်းတော့မျက်ဝန်းထဲကမထွက်နိုင်ဘူး။
    ဇတ်တော်ကလည်းဖတ်လို ့ကောင်းတော့ခဏခဏပြန်ဖတ်မိတယ်။
    ကိုပေါက်ရဲ ့အရေးအသားနဲ ့ရိုက်ချက်လက်ရာလှလှတွေကိုအားကျမိတယ်လို ့ပြောပြလိုက်ပါရစေ။။

  • ကိုလတ်ရေ
    ဘယ်နေရာအကိုက်ခံရရင်နာသလဲလို့ပြန်စဉ်းစားမိတော့
    ဆင်ဆိုတာ နှာမောင်းနဲ့ပေး နှာမောင်းနဲ့ယူဆိုတော့
    နှာနုအကိုက်ခံရတာဘဲဖြစ်နိုင်ပါတယ်။
    တကယ့်အနုဆုံးနေရလေးဆိုတော့နာရှာမှာပေါ့နော်။
    အဲ့တော့လည်းနာကျည်းမိမှာပေါ့နော်။.

    မမအေးရေ
    အင်ကြင်ပန်းအကြီးကြီးကို အနီးကပ်မြင်လိုက်ရတော့ ကျနော်ကိုယ်တိုင်တောင်
    ငေးမောကြည့်မိပါရဲ့။
    သူကြီးရေ
    စာအုပ်လေးရှာကြည့်ပါအုံးမယ်။
    ရနိုင်ပါ၏။

  • mocho

    August 24, 2012 at 9:29 am

    အင်ကြင်း ပန်း က ၁၂ နာရီ ကျော် ရင်ကြွေ တာတဲ့ လား ။ ခုမှ သိတယ် တီ ချယ် ကြီး ရေ။ မိုချို က ညနေ ပိုင်း ကြီး သွား ခူး ဖို့ ကြံတာကိုး၊ အဲဒါကြောင့် ထိလိုက်တာနဲ့ ကြွေ ကုန်တယ် မှတ်တာ။

  • Khaing Khaing

    August 24, 2012 at 11:40 am

    အင်ကြင်းပန်းလေးတွေကို မြင်လိုက်ရတာ ရင်ထဲကြည်နူးသွားမိတယ် …….. ဘာကြောင့်ကြည်နူးရတယ် ဆိုတာ လေးပေါက်ကိုနောက်မှရှင်းပြမယ် ……….

    Khaing Khaing
    (24.08.2012) သောကြာနေ့

  • nandar aung

    August 24, 2012 at 1:16 pm

    အင်ကြင်းပန်းကို ကျေုးဇူးကြောင့်မြင်ဘူးသွားပါပြီ

  • ခပ်မိုက်မိုက် ကောင်မလေး

    August 24, 2012 at 1:32 pm

    အင်ကြင်းပန်း ဆိုလို့ပါ…
    ထူးထူးဆန်းဆန်း အင်ကြင်းသီး သီးနေတာကို…
    8 လပိုင်း အစတုန်းက တွေ့ခဲ့တယ်…
    ပွင့်နေတဲ့ အင်ကြင်းပန်းတွေကလည်း…
    ခုပုံတွေထဲကအတိုင်း အနွယ်တွေနဲ့လေ…
    အရမ်းလည်းလှတယ်….
    အဲ့ဒီမှာ သီးနေတဲ့ အင်ကြင်းသီးက လူတွေလိုဆို…
    အကြီးဆုံးအင်ကြင်းသီးက 5 လလောက်ရှိနေပြီ…
    ကြားဖူးတာကတော့ ဘယ်လိုအသီးပဲဖြစ်ဖြစ်ပေါ့နော်…
    အကြာရှည်ဆုံး အနေနဲ့ကတော့ ရက်ပေါင်း နည်းနည်းကြာပြီ ဆိုရင်…
    ဟုတ်လားတော့မသိဘူး ပုပ်ရင်ပုပ် ကြွေရင်လည်းကြွေပေါ့နော်…
    ခုဒီအင်ကြင်းသီးကတော့5 လကျော်လို့ 6 လလောက်ရှိနေပြီဆိုတော့…
    ကိုပေါက်တင်ထားတဲ့ အင်ကြင်းပန်းလေးကိုမြင်လို့…
    သတိရမိလို့ ပြောကြည့်တာပါ…။

  • Hnin Hnin

    August 24, 2012 at 4:10 pm

    အရင် desktop တင်ထားတဲ့ စွယ်တော်ပန်းလေးကိုပြောင်းပြီး ဆွဲဆောင်မှုရှိလှတဲ့
    အစိုနီရဲဆုံး no. 9 လေးကို လှလွန်းလို့ ပြောင်းတင်လိုက်ပြီ။ စိတ်ထင် အနောက်က
    တိုက်ခံတွေသာ မပါရင် အပွင့်အရွယ်ရော (ပြူးပြူးပြဲပြဲဖြစ်မနေဘဲ)၊ ရိုက်ချက်ရော
    ပိုပေါ်လွင်ပြီး ပြောစရာမရှိ perfect ဖြစ်သွားမှာပါ။ အင်ကြင်းပန်းလှလှလေးတွေနဲ့ မိတ်ဆက်ပေးတဲ့အတွက် ကျေးဇူးပါ။
    ပန်းချစ်သူ-

  • garuda

    August 24, 2012 at 10:41 pm

    ပန်းတော့ မြင်ဖူးသလိုလိုပဲ။ အပင်ကတော့ အခုမှမြင်ဖူးတယ်။ ရိုက်ချက်တွေကကောင်းတယ်ဗျာ။ ကျေးဇူးပါ ဆရာပေါက်။ အင်ကြင်းပန်း အကြောင်းကတော့ ဝီကီထဲမှာ ရေးထားတာတွေ့တယ်။ information အကုန်မှန်မမှန်တော့
    မသိပါ။
    http://en.wikipedia.org/wiki/Shorea_robusta

  • kai

    August 25, 2012 at 3:47 am

    ပန်းကံ့ကော် ရွှေစကား
    ငွေသားနု စပယ်မှန်
    မုလေး ခတ္တာနှင့်
    ရွေရင်းမာ ကြာ ခဝဲ
    ဖွဲ စ နှင်းလျှံ
    သဇင် ကျန်
    ခွာတန် နှင့် ပေါက်လဲ
    ပွင့်ဝတ်ကယ် ရွှေ ဖီမင်း
    သင်းထုံနံ့ကဲ။
    (ကင်းဝန်မင်းကြီး)

    အင်ကြင်းပန်းမပါဘူးနော…

    • သူကြီးအဲဒါက ဆယ့်နှစ်လရာသီပန်းဖွဲ့လေ။
      အကောင်းဆုံးပန်းရွေးတာဟုတ်ဘူးလေ။
      မန်းလေးနန်းတော်ထဲမှာအင်ကြင်းပင်မရှိလို့ မပါတာလဲဖြစ်နိုင်တယ်.

    • သူကြီးရေ အင်ကြင်းပန်းကို ရှေးစာဆိုတွေဘယ်လိုဖွဲ့ဆိုခဲ့ကြတယ်ဆိုတာလေးတွေ
      ရှာနေတယ် ပိုစ်တင်ပေးမယ်နော်……………

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 25, 2012 at 10:08 am

    ( အင်ကြင်ပန်းဆိုတာမရှိခဲ့ရင်လဲ ဆင်မင်းက ခူးမပေးဘူး။ )
    ဒီလိုစိဒယ်ဒဂါဂျီးရဲ့ 😀
    ကံ ကြောင့်ဖြစ်လာတဲ့ အကြောင်းတရားတွေကို မရှိခဲ့ရင်ကောင်းမှာဘဲလို့ တွေးခြင်းဟာ
    ဗုဒ္ဓတရားတော်အရ မတွေးကောင်းဘူးဒဂါဂျီး
    စေတနာနဲ့ပေးလို့ရတဲ့ပန်းမှာ ကံ ကြောင့် ခါချဉ်ပါလာတာလို့ ကံ လို့မဆင်ခြင်တတ်တော့
    မစ္ဆရိယ စိတ်ဝင်တော့ ကိုယ်ဘဲဒုက္ခရောက်သပေါ့
    ပြေးဘီ
    ဂိန်ဂိန်ဂိန်

  • ကြောင်ကြီး

    August 25, 2012 at 10:15 am

    သဂျီးမရှိခဲ့ရင် ဂေဇက်လည်း မရှိနိုင်ဘူး၊ ဒါဆို ဦးပေါက်နဲ့လည်း သိစရာမလိုဘူး၊ အေးရော……နေအုံး သမဂျီးမရှိရင် သမီးဒေါ်လေးလည်း မရှိနိုင်ဘူး၊ ဖြစ်ဘူး ဖြစ်ဘူး ခုအတိုင်းပဲ ကောင်းပါတယ်…။ သဂျီးရေ ဆက်ရှိပေးပါဗျို့..။ ယောက္ခမဂျီး ယောက္ခမဂျီး ယောက္ခဂျီးကို ခြစ်တယ်….. 🙄

  • char too lan

    August 25, 2012 at 2:01 pm

    ပန်းတနော်မှာ ကိုတိုက်သွားနှိုက်တာအဲ့ပန်းပေါ့ ဖြစ်ချင်တော့ ဘုရားနားကအဒေါ်ကြီးတစ်ယောက်က အဲ့ပန်းမခူးရဘူးတဲ့ အဲ့အပင်မှာညီမလေးယောက်စောင့်တာတဲ့ ပြောလိုက်တော့ ကိုတိုက်လဲ မာမီတွေလိုဒီဇိုင်းနဲ့လိမ်ဖယ်လိမ်ဖယ်လေးပြန်ထွက်လာရတယ် ဟီးဟီးးး :mrgreen:
    အဲ့ပုံလေးမြင်ယောင်မိဒုံးဘဲ :mrgreen:

Leave a Reply