အင်ဇာဂီ

Pye Kun ZawAugust 21, 20121min1667

မန်းဂေဇတ်ထဲမှာ လူချစ်လူခင်ပေါများလှပါတဲ့ အင်ဇာဂီ(ခေါ်)ဂီရဲ့နံမည်တူ ဘောလုံးသမားအကြောင်းတင်ပြချင်ပါတယ်။ အင်ဇာဂီလို့ဆိုရင်
ဘောလုံးပွဲစိတ်ဝင်စားတဲ့သူတွေ သတိထားမိတာကတော့ အီတလီနှင့်အေစီမီလန်ကစားသမားဟောင်း ဖိလစ်ပိုအင်ဇာဂီဘဲဖြစ်ပါတယ်။
နောက်ထပ်ပိုပြီးအီတလီစီးရီးအေ အကြည့်များတဲ့သူတွေ အာရုံထဲမှာပေါ်လာမှာကတော့ ဖိလစ်ပိုရဲ့ညီ ဆိုင်မွန်အင်ဇာဂီဘဲဖြစ်ပါတယ်။ အစ်ကိုဖြစ်သူ
ဖိလစ်ပိုကတော့ပိုနံမည်ကြီး ခြေစွမ်းပြကစားနိုင်ခဲ့လို့ အေစီမီလန်ရဲ့ ဂန္တဝင်ကစားသမားတွေနီးပါး ကျော်ကြားခဲ့ပါတယ်။
သူ(ဖိလစ်ပို)ရဲ့ဘောလုံးသမားဘဝအစဟာ ပီယာစင်ဇာဆိုတဲ့ နံမည်သိပ်မကြီးတဲ့ အီတလီကလပ်အသင်းမှာစတင်ခဲ့ပါတယ်။ အဲဒီကနေ ပါးမား၊အတ္တလန်တာ၊
ဂျူဗင်တပ်အသင်းတွေဆီ လှည့်လည်ကစားခဲ့ပါတယ်။ ဂျူဗင်တပ်မှာ တော်တော်လေးအောင်မြင်ခဲ့ပြီး အေစီမီလန်အသင်းဆီကို အီတလီလီယာ ၇ဝဘီလီယံ
နှင့်ရောင်းချခြင်းခံခဲ့ရပါတယ်။ ယူရိုငွေအားဖြင့်တွက်မယ်ဆိုရင် ယူရို၃၁သန်း ဂျူဗင်တပ်အမြတ်ထွက်ခဲ့ပါတယ်။ ဈေးအတော်ကြီးတဲ့ “ဂီ” ဖြစ်ပါတယ်။
ယခုလက်ရှိကစားသမားတွေအရောင်းအဝယ် ဈေးကွက်နှင့်ယှဉ်ရင်ဘာမှမဟုတ်တော့ပေမယ့် အဲဒီခေတ်(၂၀၀၁) ကအခြေအနေမှာတော့
ထိပ်တန်းရောက်ခဲ့ပါတယ်။
အေစီမီလန်ကိုပြောင်းရွှေ့အပြီး ၂၀၀၂ကမ္ဘာဖလားမှာ ဗိုလ်စွဲမယ့်လို့ထင်ကြေးပေးခံရတဲ့ အီတလီအသင်းမှာ ပါဝင်ခဲ့ပေမယ့် အိမ်ရှင်ကိုရီးယားကြောင့်
စောစောစီးစီးထွက်ခွာခဲ့ရပြီး ၂၀၀၄ ယူရိုမှာလည်း ဒဏ်ရာကြောင့်လွဲခဲ့ရပါတယ်။ ၂၀၀၆ အီတလီဗိုလ်စွဲတော့ တိုက်စစ်မှူးတွေများတဲ့ အီတလီမှာ
လူစားဝင်တစ်ပွဲသာကစားခဲ့ရပေမယ့် ၁ဂိုးသွင်းပေးခဲ့ပါတယ်။ မကြာခဏဒဏ်ရာရတတ်ပေမယ့် အရေးကြီးတဲ့ပွဲမှာ ဂိုးသွင်းတတ်တာကြောင့်
အဖိုးတန်တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ အဖိုးတန်တဲ့ “ဂီ” ပါဘဲ။
အေစီမီလန်ရဲ့ ၂၀၀ရချန်ပီယံလိဒ်ဗိုလ်လုပွဲမှာ လီဗာပူးကိုလှလှပပ နှစ်ဂိုးသွင်းအနိုင်ယူခဲ့တဲ့ အနိုင်ဂိုးတွေ.. ၂၀၀၆က ဘိုင်ယန်မြူနစ်နှင့်ရှုံးထွက်ပွဲမှာ
ခေါင်းတိုက်မလိုနှင့်ကန်သွင်းသွားတဲ့ဂိုးတွေကတော့ ကျွန်တော်အလွန်ကြိုက်တဲ့ဂိုးတွေဖြစ်ပါတယ်။ တခြားတိုက်စစ်မှူးတွေလို ဘော်ဒီတောင့်တောင့်တင်းတင်းမရှိ
ပြေးအားလည်းအကောင်းကြီးမဟုတ်ဘဲ နေရာယူမှန်ပြီး ဂိုးသွင်းလိုက်တိုင်းတစ်ဖက်ဂိုးသမားဖမ်းရခက်စေတဲ့သူ သူ့ကန်ချက်တွေဟာမပြင်းထန်ဘဲ
လိမ့်ကာလိမ့်ကာနှင့်ဂိုးထဲဝင်ကာ တဖက်နောက်တန်းနှင့်ဂိုးသမားကို အလွန်အသည်းယားစေပါတယ်။ ကြည့်ရတဲ့သူအဖို့မှာလည်း ဂိုုးမသွင်းခင်လဲလဲကျတတ်ပြီး
နောက်ဆုံးဘောလုံးကိုမမီ့တမီနှင့်ကန်သွင်းတတ်တာကြောင့် ဂိုးဝင်မဝင်အသည်းတယားယားဖြစ်ရပါတယ်။ အလွန်နောက်တတ်တဲ့ “ဂီ” ဖြစ်ပါတယ်။
ကစာသမားဘဝနောက်ဆုံး အေစီမီလန်အသင်းအတွက်ကန်တဲ့ပွဲမှာ အိမ်မက်ဆန်ဆန် သူ့အတွက်နောက်ဆုံးပွဲနောက်ဆုံးဂိုး အသင်းအတွက်လည်း မနှစ်ကရာသီအတွက် နောက်ဆုံးပွဲနောက်ဆုံးဂိုး ပြီးတော့တစ်ဖက်အသင်းနှင့် တစ်ဂိုးစီသရေကျနေချိန်ဖြစ်တာကြောင့် အနိုင်ဂိုးလည်းဖြစ် တမင်လုပ်ယူတောင်မရတဲ့ အလွန်လှပတဲ့ပြကွက် ဖန်တီးပေးသူကလည်း ဆီးဒေါ့ဒ်(သူအတွက်လည်းအသင်းနှင့် နောက်ဆုံးနုတ်ဆက်ပွဲ) သွင်းတဲ့သူအင်ဇာဂီကလည်း လူစားဝင်ဝင်ချင်း တစ်မိနစ်တောင်မစွန်းသေး.. သွင်းသွားပုံကလည်းအလွန်လှပပါတယ်။ http://www.youtube.com/watch?v=kOPQnEY2wAU ဒီလင့်မှာ သူပရိတ်သတ်ရဲ့ အောင်ပွဲခံငိုကြွေးနေပုံပါ။ လူချစ်လူခင်ပေါတဲ့ “ဂီ” ဖြစ်ပါတယ်။
အေစီမီလန်ကနေထွက်ခါအပြီး အင်္ဂလန်ကလပ်အသင်းတွေကမ်းလှမ်းမှုရခဲ့ပေမယ့် အေစီမီလန်လူငယ်နည်းပြအဖြစ် ရွေးချယ်ခဲ့တာကြောင့် အသင်းပရိသတ်တွေ အချစ်ပိုတိုးစေတဲ့ “ဂီ” လည်းဖြစ်ပါတယ်။
ဥရောပကလပ်အသင်းတွေရဲ့ပြိုင်ပွဲမှာ ဒုတိယဂိုးသွင်းအများဆုံး၊ အီတလီဘောလုံးလောကရဲ့ ပဉ္စမမြောက်ဂိုးသွင်းဘုရင်၊ အီတလီလက်ရွေးစင်အတွက် ဆဌမမြောက် ဂိုးသွင်းနိုင်တဲ့သူ၊ အီတလီအတွက် အသက်အကြီးဆုံးဂိုးသွင်းသူ စံချိန်ကောင်းတွေနှင့် “ဂီ” ဖြစ်ပါတယ်။
ယနေ့ခေတ်ရဲ့ ဩဇာအကြီးမားဆုံး နည်းပြကြီးဖြစ်တဲ့ ဖာဂူဆန်က “ဒီကောင်က လူကျွံဘောအတွက်မွေးဖွားလာတဲ့သူဘဲ” လို့ဆိုရအောင် နောက်တန်းကစားသမားတွေနှင့် ပုခုုံးတစ်ခုစာသာချန်ပြီး လူကျွံထောင်ချောက်ဖောက်ထွက်တတ်တဲ့ ဘောအလွန်ခိုးတဲ့ “ဂီ” ဘဲဖြစ်ပါတော့တယ်ခင်ဗျာ။…

7 comments

  • etone

    August 21, 2012 at 11:47 pm

    အင်ဇာဂီဆိုလို့ ရွာထဲက ကိုဂီအကြောင်းမှတ်ပြီးဝင်လာတာ
    နာမည်တူမရှားလူတူမရှားကိုး 😛

  • Pye Kun Zaw

    August 22, 2012 at 7:36 am

    ဟုတ်ကဲ့ မန်းဂေဇတ်က ဂီနှင့်ကျွန်တော်ပြောတဲ့ဂီဟာ ရုပ်ချင်းလည်းအလွန်ဆင်ပါတယ်

    • Liquid_Sn@ke

      August 22, 2012 at 7:49 am

      အင်း …
      ညက အတော်နဲ့ အိပ်မပျော် ..အိပ်ပျော်တော့လည်း အိပ်မက်ဆိုး တွေ မက် နေတာ..
      ဒါကြောင့် ကိုး …။
      😀
      ပြန်လာခဲ့ပါ့မယ် ကွန်းကွန်းရယ်..

      :mrgreen:

      • Pye Kun Zaw

        August 22, 2012 at 8:14 am

        အိပ်မက်ဆိုးဘဲမက်တာလားဗျာ 🙂 ကုတင်ပေါ်ကပြုတ်ကျတာတွေကောမဖြစ်ဘူးလား.. ဟီးဟီး

  • Crystalline

    August 22, 2012 at 12:03 pm

    သူတို့က သက်တူရွယ်တူ တနေ့တည်းတချိန်တည်းမွေးတဲ့အဖေမတူအမေကွဲတွေလေ.. 🙂

  • Liquid_Sn@ke

    August 22, 2012 at 3:22 pm

    ပြန်လာခဲ့ပါတယ်ဗျာ …

    ဟိုတလောက SM ဂျာနယ် တစောင်မှာ ရေးသလိုပါပဲ …
    အီတာလျံဘောလုံး အိုင်ဒီယိုလော်ဂျီအရ … ငယ်စဉ်ကတည်းက
    အရပ်မြင့်ရင် ဗလတောင့်ရင် နောက်တန်း ပို့ ..ခံစစ်ကစားခိုင်း..
    လူကောင်ညှပ်ရင် ရှေ့တန်း ထားပြီး ကစားခိုင်း…
    ခံစစ်ကို လုံအောင် မင်းတုတ်ချပိတ်ပြီး အလစ်အငိုက်ဖမ်း ကစားတဲ့
    စနစ် ကနေ .. အတိအကျမွေးထုတ်ပေးလိုက်တဲ့ ကစားသမား ပါဗျာ..

    ဆိုတော့ ခေတ်ပြိုင်တွေထဲ ပြန်ကြည့်ရင် .. ဖရန်ချက်စကို တော့တီ
    ဒယ်လ် ပီရယ်ရို တို့က ကျွမ်းကျင်မှု စကေးလ် သမားတွေ ဖြစ်ပြီး ..
    ဗီယာရီ လူကာတိုနီ တို့ကတော့ ကြံ့ခိုင်မှု သမားတွေ လို့ မြင်မိရဲ့…
    မွန်တဲယ်လား နဲ့ အင်ဇာဂီ ကတော့ .. နည်းစနစ်သမားတွေ ဖြစ်တယ်ဗျ..

    လျှင်မြန်မှု-ပါးနပ်မှု-အခြေအနေကိုသုံးသပ်ပြီး တန်ပြန်တိုက်စစ်နဲ့ လိုက်လျောညီထွေ
    ရွေ့လျားနိုင်မှု စတာတွေ က သူတို့ လက်နှက်တွေဗျ …
    ဘောသူခိုးတွေ လို့ ..ခေါ်ကြတယ်…။

    သည်အချက်ကပဲ … အဆင့်အမြင့်ဆုံး လို့ ပြောတဲ့ ချန်ပီယံလိဂ်မှာ
    သူ့ကို ထာဝရ ဂိုးသွင်းအများဆုံး နံပါတ်-၂ နေရာမှာ ရပ်တည်စေနိုင်ခဲ့ပါတယ်။
    (ဂိုး-၇၀)
    ပထမနေရာကတော့ ..၇၅ဂိုးနဲ့ စံချိန်တင်ထားတဲ့ ရာအူး ဂွန်ဇာလက်ပါ။
    (သူလည်း ကောက်စား လို့ ခေါ်တဲ့ တိုက်စစ်မှူးအမျိုးအစားပါပဲ..)

    ပြောရရင် … အဆင့်အမြင့်ဆုံးပြိုင်ပွဲ မှာ ..အိမ်-အဝေး အားသာချက်ကိုယူပြီး
    ခံစစ်ကို လုံအောင် ပိတ်ကစားတဲ့ပွဲတွေမှာ သည်လူတွေ ရှေ့ရောက်တယ် ဆိုတဲ့အချက် က
    တွေးစရာပါ။ (စကေးလ် သမားထဲမတော့ သူတို့ကို ကျော်ဖြတ်သွားနိုင်တာဆိုလို့ … ငယ်ရွယ်သေးပြီး
    ခြွင်းချက် ပါရမီရှင် ကစားသမား ၂ယောက် ပဲ မြင်မိပါသေးတယ်..)

    ဖာဂူဆန် မှတ်ချက်ကတော့ သည်လိုဗျ … မန်ယူ ၉၉ ဖလား ၃လုံးရတော့ တောက်လျောက် အီတာလျံဂျိုင်းယန့်တွေကို
    ဖြုတ်လာခဲ့တာ ..ကွာတားမှာ ဒိုကြီးနဲ့ ဗီယာရီ ဘက်ဂီယို (အဲ့သည့်ခေတ် ကမာ္ဘ့ဈေးအကြီးဆုံးတိုက်စစ်အတွဲ) ကစားနေတဲ့အချိန်
    ဆီမီးမှာ ဒယ်လ်ပီယာရို အင်ဇာဂီ နဲ့ သူတို့ ၂ယောက်နောက်မှာ ဇီဒန်း … ပါတဲ့ ဂျူဗီ နဲ့ တွေ့တော့ ပြောတဲ့စကားဗျ..

    အဲ့သည့်ခေတ်က မန်ယူဆိုတာ ယူအီးအက်ဖ်အေ ဖလားပဲ ရထားဖူးသေးတဲ့အသင်း ..ဟိုအသင်းတွေက အဲ့တလောက
    ချန်လိဂ်ထိပ်တန်း အသင်းတွေ … ဆိုတော့ … ဂျူဗီကွင်းမှာ ..တွေ့ကြလေသတည်းပေါ့ဗျာ. ..။
    ပထမပိုင်းအပြီးမှာ အင်ဇာဂီ ၂ဂိုး ထည့်တော့ မန်ယူတွေ ပြာကုန်တယ်…။ (အိမ်ကွင်း ၁-၁ သရေနဲ့ ဂျူဗီမှာက အဝေး၁ဂိုး
    လည်း ရထားသေးသကိုး..)

    အဲ့ဒါနဲ့ပဲ ဇုံဒီဖန့်စ် ကစားနေကျ မန်ယူက ပုံစံပြောင်းပြီး ဂျပ်စတမ်းကို ၁-ယောက်ချင်း လူကပ်ကစားခိုင်းရတော့တယ်…
    (ပွဲအပြီး မန်ယူ ၃-၂ နဲ့ နိုင်သွားပါတယ်..)
    အဲ့သည့် ပွဲအပြီး မှတ်ချက်စကား ပါဗျာ… တိုက်တိုက်ဆိုင်ဆိုင် ဂျပ်စတမ်း တယောက် ဖာဂူဆန်နဲ့ ကွိုင်တက်ခဲ့တဲ့
    ကိုယ်ရေးစာအုပ် မှာ .. အင်ဇာဂီ ညီနောင်ကို ဘောသူခိုးတွေလို့ ..ရေးတဲ့ စာသား ပါသတဲ့ …
    သူရောင်းထုတ်ခံရလို့ ရောက်သွားတော့လည်း ..ဆီမြွန်နီ ကစားနေတဲ့ ..လာဇီယို …။

    မီလန်မှာ ၁၁ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲ ၃၀ဝ တင်းတင်းပြည့်ခဲ့ပါတယ်..(အသက် ၂၈-၃၉ အတွင်း ဆိုပါတော့)

    နောက်ဆုံးပွဲက မထင်မှတ်ပဲ ..အင်ဇာဂီ ၊ နက်စတာ ၊ ဂတ်တူဆို၊ တို့အပြင် မိုဗစ်ချ် နဲ့ အခု ကာဆာနို တို့အတွက်ပါ
    ဖြစ်လာခဲ့ပြီပေါ့ဗျာ … မှတ်မှတ်ရရပါပဲ ..။

Leave a Reply