***မစံပါယ် သို့ ***

 

 

ပန်းပွင့်စံပါယ်   ပုဏ္ဍကွယ် ဘေး

ကြယ်လေးတွေအလား    ဖွေးဖွေးခါလှုပ်

ပြုတ်ကျမြေမှာ   ကြွေကာပက်လက်

မိုးလေပက်ဖျန်း   ကြမ်းတမ်းလိုက်တာ

စာနာ မထား    ဦးဖျားခြွေချ

မြေသို့ ခပေါ့ ………….၊

 

 

ရေက သယ်သွား   ပန်း တဲ့လားကွယ်

နွမ်းလို့ မကြွေ   လန်းဝေ ခိုက်တံ့

လန့် လိုက်တာကွယ်   ညှာတံရယ်က

လေကအပင့်   မိုးစက် လွင့်မှန်

ကြွေပြန် ပက်လက်   ရက်စက်လိုက်တာ

ခါခါ မြင်ရ    ရင်ဝမှာဆို့ 

သနား လို့ ပါ     ပန်းမို့ သာထင့်

သူ့ အဖြစ်က   မြင်ရ ကျွန်တော်

ဘယ်သို့  ပျော်ပ   ကဗျာ မရ

စာမလှ ပေါ့     လှည့်ပြန် ခဏ

မမြင်ရ လို    ထိုထို မြင်ကွင်း

သက်ပြင်း ခြွေချ    ကလောင်ချ ကာ

ခြင်ထောင် မ/လိပ်    ၀င်အိပ်လိုက်တယ် …။။။

 

 

မောင်ခင်မင်(ကျွန်းချောင်း)

၂၂.၈.၂၀၁၂

 

 

 

 

About maung khinmin

maung khinmin has written 85 post in this Website..

   Send article as PDF