သြော် ရွာထဲမှာ ဘာလိုလိုနဲ့ ဖက်တီးကပ်တစ်ယောက် ၃၂ နှစ်ပြည့်မြောက်မယ့် မွေးနေ့လေးကို ရောက်ရှိလာခဲ့လေပီ….. ဒီလိုအချိန်အခါသမယမှာ ဖက်တီးကပ်တစ်ယောက် ဘာတွေစဉ်းစားပီး ဘာတွေလုပ်နေမလဲ…… ကျွန်တော်တွေးကြည့်မိတယ်လေဗျာ….. သူ မီးဖိုထဲမှာ ရှိနေမလား….. ဒါမှမဟုတ် သူ့ချစ်သူမိန်းမရဲ့ အနားကွေးနေမလား….. ဟောဟဲ ဟောဟဲ နဲ့ဖြစ်နေလေမလား….. ဒါမှမဟုတ် သူငယ်ချင်းတွေကျွေးလို့ ကုန်ကျမယ့်စရိတ်အတွက် အိမ်ဂရံလေးပဲ ပြေးပေါင်နေပလားပေါ့နော်……….. အတွေးများစွာဖြင့် ချာချာလည်နေမိပါတယ်…….. သြော် ဘာပဲဖြစ်ဖြစ်လေ ကိုဖက်တီးကပ်ရဲ့ ၃၂ နှစ်မြောက်မွေးနေ့လေးမှာဖြင့် ကျန်းမာ၊ ချမ်းသာ၊ ထီပေါက် နိဗ္ဗာန်ရောက်စေခြင်းအလို့ငှာ ကျွန်တော် မောင်သူရဇော်မှ ဂေဇက်ရွာသူ/သားများ အားလုံးကိုယ်စား ဒီပို့စ်လေးနဲ့ HAPPY BIRTHDAY လေးကို ကြိုဆိုလိုက်ပါကြောင်းခင်ဗျာ………..

ယနေ့မှစ၍ နောက်နှစ်ပေါင်းများစွာ အုပ်ထိန်းသူ မဇင်လေးနှင့်အတူ ကျန်းမာ၊ ချမ်းသာ၊ ပျော်ရွှင်စွာ ဘ၀ခရီးကို အတူလက်တွဲ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သခြင်းများနှင့်အတူ ကိုဖက်တီးကပ် (ခ) ကိုသော်ဇေယျာရေ

H A P P Y B I R T H D A Y ဗျာ……….

About Thuyazaw

has written 38 post in this Website..

121712 Contributor