ဒီနေ့တော့ ကျနော်ညနေပိုင်းမှာ လမ်းလျှောက်ထွက်ရင်း လယ်ထဲက အိမ်ပြန်လာတဲ့ နွားလှည်းနဲ့ လယ်သမားကြီးကို တွေ့လို့ နောက်ကနေရိုက်လိုက်တာ..

(ဟဲ.. ဓာတ်ပုံနော်..ဓာတ်ပုံ….)  ဒီလို လှည်းအိမ်မပါတဲ့ နွားလှည်းမျိုး မြင်ဘူးအောင်လို့ပါ… ကျနော် ကျောင်းတက်တုန် ကျနော်တို့ဘက်က နွားလှည်းတွေမှာ

ဘရိတ်တပ်ထားတယ်..ဆိုတာကို မယုံကြဘူးတဲ့လေ… ခုလည်း ကျနော်တို့ဘက်မှာ လှည်းအိမ်မပါပဲ မောင်းတယ်ပေါ့ဗျာ..ဒါမျုးလှည်းကိုတော့ လှည်းကတုံးလို့ ခေါ်သဗျ..

 

ဒါလေးကတော့ လမ်းလျှောက်ရတာ ခြေညောင်းလာလို့ ထိုင်နားရင်း လက်ကမြင်းမိလိုက်တဲ့ပုံလေးပါ.. အဝေးက စပါးပင် စိမ်းစိမ်းလေးတွေ တောတန်းလေးတွေကို ကျနေက

ထိုးနေတာလေးကို သဘောကျမိပါရဲ့…..

 

ဒီပုံလေးကတော့ တိမ်တွေလှတာနဲ့ ရိုက်လိုက်မိတာ ကောင်းကင်ပြာကြီးရယ် တိမ်ဖြူဖြူလေးတွေရယ်…စပါးပင်စိမ်းစိမ်းလေးတွေရယ်ကို ပေါင်းစပ်ကြည့်လိုက်တာပေါ့ခင်ဗျာ….

 

ဒီနှစ်ပုံကတော့ ကျနော့်ကို အလွမ်းပိုစေပါတယ်.. ဒီမင်းဝံတောင်တန်းကြီးနဲ့ ညနေချိန် အိပ်တန်းပျံငှက်တွေကို မြင်ရပြီး ကျနော်ကဗျာတစ်ပုဒ်ရေးဘူးပါတယ်….

ကဗျာထဲက စာတစ်ပိုဒ်က …..“ မေ……

တောင်တန်းပြာတွေဆီကိုလည်း မျှော်မကြည့်ရဲဘူးကွယ်…..

ဗျိုင်းတစ်အုပ် ထအပြန်မှာ …

အလွမ်းတွေ လာလာမှန်မှာစိုးလို့ပါ…..”

ကျနော် ပြန်လှည့်ပြန်လာတော့ မိုးမချုပ်သေးပေမယ့် လမင်းကြီးက ကောင်းကင်ယံမှ အေးချမ်းမှုကိုပေးဖို့ အားယူနေပါပြီ… တောင်တန်းပြာကြီးရယ် မီးခိုးရောင် တိမ်တိုက်ရယ်…

လမင်းလေးမပြည့်တပြည့်ရယ်…. သြော်….ငါ..ငိုမိတော့မယ်…သဘာဝရယ်……။

လယ်စောင့်တဲလေး ခြေတံရှည် မိုးအောက်ထက်မှာနေဆိုတဲ့ ကဗျာလေးကို ရွတ်မိတယ်… နေညိုချိန် တိမ်တွေကလည်း တောက်ပနေချိန် အထီးကျန် အဖော်မဲ့စွာ ထီးထီးရပ်နေတဲ့

လယ်တဲလေးရယ်…. ငါတို့တွေ ဘ၀တူတူပဲလားလို့…တွေးမိပါတယ်….(ဟဲ..ဟဲ…)

ပျော်ရွှင်ချမ်းမြေ့ကြပါစေ……

( T.W.L)

About kotun winlatt

ကို ထွန်းဝင်းလတ် has written 134 post in this Website..

ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ......။

   Send article as PDF