တွေးရင်တွေးရင်း ရေးဖြစ်သည်

မိန်းမ နဲ့ အမေ ဘာကွာလဲ?
မူးပြီးအိမ်ပြန်လာရင်မိန်းမက ငြူစူဆောင့်အောင့် စိတ်ကောက်နေချိန် မှာ ဘုရားရှိခိုးနေရာကထပြီးသားထမင်းစားမလားဆိုပြီး ဟင်းနွေးပြီးထမင်းပွဲပြင်ပေးတာအမေ……….
အဆင်မပြေမှုတွေက အပေါင်းအသင်းတွေပါခေါ်ပြီးရောက်တာတဲ့ အချိန်မှာ
ဘာဆက်လုပ်ရမလဲ ဆိုတာမိန်းမက ခေါင်းပူအောင်စဉ်းစားခိုင်းနေချိန် မနက်အိပ်ရာကနိုးတာနဲ့
မနက်စာ ကြိုက်တတ်တာလေးတွေ အစောကြီးထပြီး ပြင်ဆင်ပေးတာ အမေ………

ထမင်းနင်လို့ မိန်းမက ရေထခပ်ပေးဖို့တောင်မေ့နေချိန်မှာ
ရေနွေးကြမ်းတစ်ခွက် ရေအေးတစ်ခွက် ကြိုက်တာသောက်နိုင်အောင်ပြင်ပေးတာ အမေ…
မိန်းမ ချက်တဲ့ဟင်း ငန်လိုက်တာလို့ ပြောလိုက်ချိန်မှာ
ဆရာဝင်မလုပ်ပဲ ကြိုတ်မှိတ်ပြီးစားနေတာ အမေ…….
မိန်းမလက်ထဲ ရသမျှပိုက်ဆံတွေပေးနေတဲ့သားဆီက
တစ်ထောင်လောက် တောင်းဖို့အမြဲတမ်းတွန့်ဆုတ်နေတတ်တာအမေ……
အသက်တွေကြီးလာတာနဲ့အမျှ မိသားစု စားသောက်ပွဲတွေ အပန်းဖြေခရီးတွေ နဲ့ဝေးဝေးသွားပြီး
စကားဝိုင်းတွေထဲမှာဝင်ပါခွင့်မရတော့တာအမေ.။။။။။။။။။။

About ဦးသု

ဦး သု has written 58 post in this Website..

ယောင် 60 ဒါပေမယ့် တစ်ခါတစ်လေ 6 ကဇောက်ထိုးဖြစ်သွားတယ်