1ရွှေအိုရောင်နံနက်ခင်းလေးက လှေငယ်

2 ပန်းရောင်ရွှေရောင်နှောနေတဲ့နံနက်ခင်းကလှေငယ်

3 ပြိုမလိုမိုးညိုနေတဲ့ကောင်းကင်အောက်ကလှေငယ်

4 ရောင်နီနဲ့အတူ နိုးထလာတဲ့လှေငယ်

5 မြူခိုးတွေသီသီဝေ့နေတဲ့တောင်နောက်ခံနဲ့လှေငယ်

6ရွှေစေတီအနီးက ခရီးသွားလှေငယ်

7 ရွှေတစ်ခြမ်း ပြာ တစ်ဝက် ကြားကလှေငယ်

8 ရွှေအိုရောင် အလင်းအောက်က လှေငယ်

 

9 တိမ်ရောင်စုံနံနက်ခင်းအောက်က လှေငယ်

 

10 သစ်ရိပ် အလင်းရိပ်အောက်ကလှေငယ်

 

11 ကမ်းစပ်မှာငါးရှာ………………………………

12 နံနက်ခင်းရွှေရည်အလက်မှာမြင်ရတဲ့လှေငယ်လေး

13ရွှေရည်လောင်းထားတဲ့ရေပြင်ကလှေငယ်

 

14 ဗေဒါနဲ့လှေငယ်

15 မိုးတိုးမှောင်တောင် နံနက်ခင်းနဲ့လှေငယ်

16 ပုစွန်ဆီရောင်နံနက်ခင်းနဲ့လှေငယ်

 

17 ရောင်စုံနံနက်ခင်းလေးမှာ အပြာရောင်လှိုင်းပေါ်ကလှေ

18 ပန်းနုရောင်နံနက်ခင်းလေးက လှေငယ်

19 မိုးမှောင်ကျနေတဲ့နံနက်ခင်းလေးက လှေငယ်

20 အ၀ါရောင်နံနက်ခင်းလေးကလှေငယ်

 

21 ကျနော်အနှစ်သက်ဆုံးပုံကလေးပါ

 

“လှေကလေး”

 

 

ငယ်ငယ်တုန်းက အဆိုတော်သန်းထွန်းလေးရဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။

“လှေကလေးတွေလှော်လို့ ငါးတွေဖမ်းကြသည်”လို့ဆိုတဲ့နေရာမှာ

“လှော်ကလေးတွေလှေလို့ ဖမ်းတွေငါးကြသည်”ဆိုပြီးဖျက်ဆိုခဲ့ဘူးပါတယ်။

အငြိမ့်ထဲက လူပျက်တွေဆိုတာကိုလိုက်ဆိုတာပါ။

နောက်နည်းနည်းလေးကြီးလာတော့ ဘိလပ်ပြန်သန်းရဲ့

“လှေကလေးကိုလှော်မည် ဘေးမသန်းဘဲအေးချမ်းတော့မည်”ဆိုတဲ့သီချင်းလေးကို နှစ်သက်မိပြန်ပါတယ်။

ပူလောင်တာတွေများတဲ့ လောကကြီးထဲမှာနေရာတာကြာတော့ အေးချမ်းတာလေးကိုမျှော်မိတဲ့သဘောပါဘဲ။

အဲတော့ ရေပြင်မှာလှေကလေးတွေမြင်တိုင်းသတိထားကြည့်မိပါတယ်။

ဒါပေမယ့်ရေလဲမကူးတတ် ရေလဲကြောက်တော့လှေတော့ မစီးရဲပါဘူး။

အခုနောက်ပိုင်းကန်တော်ကြီးမှာ မနက်မနက်လှမ်းလျှောက်ချိန်မှာ တက်သိမ်းအင်းထဲမှာလှေကလေးတွေကို

အမြဲတွေ့ရပါတယ်။

အဲတော့လဲ နွေမိုးဆောင်း လှေကလေးတွေမြင်ရင်လက်ဆော့မိပါတယ်။

တစ်ခါတစ်လေ အလင်းရိပ်ကလေးကျနေချိန်မှာ လှေကလေးအလည်ခေါင်ရောက်တဲ့အထိစောင့်ရတာလဲ

အရသာတစ်မျိုးပါဘဲ။

ဘာဘဲပြောပြော လှပသော ပုံကလေးတစ်ပုံရအောင်စောင့်ရတာလဲ လှပသော နူးညံ့သောခံစားမူ့တစ်မျိုးပါဘဲ။

မတူညီသောအချိန်များမှာ လက်ဆော့ထားတဲ့ ကျနော့်ရဲလှေကလေးတွေပုံတွေကို

မျက်စေ့ဆော့ကြည့်လိုက်ကြပါအုံးနော်

 

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(2-10-2012)

 

 

 

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။