တပတ်အတွင်း ဗေဒင် ဆြာဖြိုး……

Yin Nyine NwayJuly 21, 20101min470

တနလာင်္

ဒီလ အတွင်း ကိုက်ချင် ဖဲ့ချင်စိတ်တွေ များနေတက်သည်။
ကံအကြောင်းမလှ ၍ ရည်းစားသူများနောက်လိုက်ပြေးသွားသော်
ကလဲ့စားချေသည့် အနေဖြင့် ထိုလူ၏ မိန်းမကို သုတ်ပြေးပါလေ
ကလေးငါးယောက်ပင် အဆစ်ပါလိမ့်မည်။
အိမ်မက်ထဲမှ ဂဏန်းများကို ဘာသာပြန်ရင်း ဖွတ်မွဲပြာကျကာ
စိတ်ရောဂါကု ဆေးရုံကြီးသို့ အလည်အပတ်ရောက်ကိန်းရှိသည်။
အရှေ့အရပ်သွားသော် ကားတိုက်မည် ၊ အနောက်အရပ်သွားသော်
မြေမျိုမည် ၊ တောင်အရပ်သွားသော် မြွေကိုက်မည် ၊ မြောက်အရပ်သွားသော်
ရေနစ်မည် ၊ ထိုကြောင့် အိမ်တွင်းအောင်းပါလေ။ မိန်းကလေးများ အနေဖြင့်
အူကြောင်ကြား အလိုက်မသိတက်သော ချစ်သူကြောင့် စိတ်ညစ်ရမည်။
ပညာရေး အနေဖြင့် ဝ ကို ဝိ လုပ်သော ပညာကို ဆရာကောင်းသမားကောင်းနှင့်
သင်ကြားတက်မြောက်မည်။

ယတြာ= သွားမပါရင်နေ ကားပါရင်ပြီးရော ဆိုသော စာကို ရင်ဘတ်တွင်ဆွဲကာ
လူစည်ကားသော အရပ်တွင် လှည့်လည်ပြသပါ ထူးထူးခြားခြား နာမည်ကြီး
လာပါလိမ့်မယ်။     

အင်္ဂါ

သူများအတင်းချရင်း ကျေနပ်ရသော ကာလဖြစ်သည်။
အလုပ်အကိုင် မည်မည်ရရ မရှိသော်လည်း သူများအပေါ်တွင်
လေဖြင့် လုပ်စားတက်သော ပညာရပ်ကို တက်မြောက်ထားသည်။
အနုပညာနှင့် အကြမ်းပညာ နှစ်ခုလုံးတက်မြောက်ထားသူများ
အကြွေးလိုက်တောင်းရသော အလုပ်လျှောက်ထားပါက ရရှိမည်။
အချစ်ရေးတွင် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခို်င် ဖြစ်သောကြောင့်
အညပ်ခံရတက်၏ (နှင်းဆီခိုင် ကိုပြောပါတယ်)။
ငယ်ရွယ်သူတို့ အတွက် အချစ်ရေးမှာ ဒီလအတွင်း ချစ်သူမရှာပါက
လူပျိုကြီး ၊ အပျိုကြီးဖြစ်ကိန်းရှိသည်။ မိန်းကလေးများ အဖို့ ချစ်ရေးအဆိုခံရသော်လဲ
လွန်စွာ အိုက်တင်ခံတက်သောကြောင့် နောက်ကောက်ကျန်ခဲ့နိုင်သည်။
ပညာရေး အနေဖြင့် အဆင်းဘီးတပ်ပေးသော ပညာရပ်ကို အကြီးအကဲများထံမှ
သင်ကြားရရှိမည်။

ယတြာ= အသားမည်းသူများအား မိတ်ကပ်ဘူး အလှုလိုက်ဝေပေးပါ။       

ဗုဒ္ဓဟူး

ဥုံ မန်းနီး မန်းနီး ဆိုပြီး အသက်ထွက်မတက် ရွတ်ဆိုနေရမည့်
အချိန်ဖြစ်သည်။ ချက်တင်တွေ ထိုင်ရင်း အင်တာနက်ဆိုင်က
ကောင်မလေးနှင့် အဆင်ပြေနေမည်။ ရွာက ဘကြီးအလည်လာ၍
တရားသဘောတွေ နားထောင်ရင်း တရားပေါက်ကာ တောထွက်ချင်စိတ်တွေ
တစ်ဖွားဖွားပေါ်ပေါက်လာလိမ့်မည်။ အိမ်နှင့်ကန့်လန့် အရွဲ့တိုက်နေသောသူများ
ဆက်လက်ကြိုးစားပါ အောင်မြင်မည်။ အချစ်ရေးတွင် မတင်မကျကြီးဖြစ်တက်သောကြောင့်
တင် ဆိုသောနာမည်နှင့် သူများကိုဝေါင်ဝေါင်ရှေးပါ။ ပညာရေးမှာ လယ်ယာပြန်စားရေး ကို
ကျွမ်းကျင်တက်မြောက်ပြီး ဖြစ်သောကြောင့် ထပ်မံသင်ကြားရန် မလိုတော့ပါ။

ယတြာ= အိမ်သာကျွင်းဟောင်းကိုတူးရင်း ရွှေအိုးရနိုင်သောကြောင့်
မဖြစ်မနေ လုပ်ဆောင်သင့်ပါတယ်။  

ကြာသပတေး

စူးစမ်းလေ့လာချင်းကို ဝါသနာထုံသူများဖြစ်သည်။
လမ်းထဲက ကောင်မလေး ဘာကြောင့်လှနေတာလဲ
ဆိုတာ စူးစမ်းရင်း လေးဂွနှင့် အပစ်ခံရတက်သည်။
အချစ်ရေးမှာ အနှုတ်လက္ခဏာ ပြနေသဖြင့် ဗေဒင်ဆရာကို အားကိုးရာ
ဗေဒင်ဆရာက ရိုက်စားကိန်းရှိသည်။ မိန်းကလေးများ အလွန်ကံကောင်းသော
အချိန်ဖြစ်သည် အဘယ့်ကြောင့်ဆိုသော ကိုယ့်ကိုချိန်နေသော သကောင့်သားမှာ
ကိုယ်လမ်းသွားရာ လိုက်ငမ်းရင်း ချီးကားတိုက်သွားသဖြင့် အရေးပေါ်အခန်းရောက်
ရှိနေသောကြောင့် စိတ်အေးလက်အေး နေနိုင်ပြီဖြစ်သည်။ အချစ်သစ်ရှာသူ ယောကျာင်္းလေးများ ကလေးအမေနှင့် ညားကိန်းတွေ့သည် ညဘက် ဂျလေဘီ
လုပ်ချင်းကိုလျှော့ပါ။ ပညာရေး အနေဖြင့် ရေကို ရေနွေး ဖြစ်အောင်ပြုလုပ်နည်းကို
နို်င်ငံရပ်ခြားတွင် သွားရောက်သင်ယူရမည်။ ပေါက်တက်ကရ အလုပ်များဖြင့် အောင်မြင်ကျော်ကြား လိမ့်မည်။

ယတြာ= onlinepyadaik မှ Admin များကို ထမင်းဖိ်တ်ကျွေးလိုက်ပါ
ထူးခြားစွာ အကျွေးများထပ်တင်လာပါလိမ့်မယ်။

သောကြာ

လွန်စွာစိတ်ကြီးတက်သောသူများြ

ဖစ်သည်။
ကိုယ့်ကိုလာကြောသူများ သောကြာဆို ကြောက်ပါပြီလို့
အော်ပြေးရကိန်း ဆိုက်နေသည်။ လက်ဆွဲဆောင်ပုဒ်မှာ
ခြေထောက်ပါတယ် ဒူးထောက်ဖို့ ၊ လက်ပါတယ်
ထိုင်ကန်တော့ဖို့ ဆိုပြီးကျွေးကြော်ထားသည်။
ကိုယ်ရှေ့မှာ သူခိုးတစ်ယောက်ကို ဝိုင်းရိုက်နေလို့
မတရားဘူး ထင်၍ ဝင်ဖြေရှင်းရာ ရန်ကုန်ဆေးရုံကြီး
အရိုးအကျော ဌာန အရေးပေါ်အခန်း သို့ ဖြောင့်တန်းစွာ ရောက်ရှိမည်။
အချစ်ရေး အနေဖြင့် မာနကြီးသူများ ဖြစ်၍ တတိယ အရွယ်မှ စန်းပွင့်မည်။
ပညာရေး လမ်းကြောင်း အလွန်ကောင်းမွန်သည်။ မိန်းကလေးများ အနေဖြင့်
ဘာပညာမှ တက်စရာ မလိုပဲ လစာအမြင့်ဆုံး ရရှိပြီး ဘောစိသူဌေး ရဲ့ အတွင်းရေးမှုး ရာထူးကို လွယ်လင့်တကူရရှိကြမှာပါ။ ဒီလထဲ လမ်းထဲက အလှုတစ်ခုမှာ ဝါးတီးဖွင့်ရင်း
စားပိုးနင့်တက်သည်။

ယတြာ= တွေ့သမျှလူတိုင်းကို တဟီးဟီး တဟဲဟဲ နှင့် လိုက်ရယ်ပြပါ
ရွာသာကြီး သို့ အမြန်ဆုံးရောက်ရှိနို်င်သော နည်းလမ်းဖြစ်ပါတယ်။

စနေ

ဒီလထဲမှာ အကုန်အကျ အတော်များမည် ။ မများချင်လျင် ဘီယာ ၊ ဆေးလိပ် ၊ ကွမ်း ဖြတ်ပါ။
ညအချိန်မတော် အထုတ်အပိုးများ မနိုင်မနင်းထမ်း၍ ဒုက္ခရောက်နေသူအား အမြင်မတော်၍
ကူညီမိကာ စခန်းရောက် ၊ ဂတ်ရောက် ဖြစ်မည်။ သရုပ်ပျက် အဝတ်များ ဝတ်ကာ လမ်းသလားရင်း အရှက်တကွဲ အကျိုးနည်းကိ်န်းရှိသည်။ ငယ်ရွယ်သူ မိန်းကလေးများ စန်းပွင့်မည်။ ချက်တင်ထဲက ကိုရီးယားမင်းသားလေးက အပြင်မှာ ချိန်း၍ သွားတွေ့ရာ
အသက်လေးဆယ်ကျော် ဘူတားကြီး ဖြစ်နေသဖြင့် သုတ်ခြေတင်ပြေးရကိန်းပေါ်သည်။
အချစ်ရေးမှာ ဒီလအတွင်း အသစ်ရှာသူများ အဆင်ပြေမည်။ ယောကျာင်္းလေးများ အနေဖြင့်
အချစ်ရေးမှာ ‘‘အင်” မိတက်သည် တော်တော်တန်တန် သတိထားပါလေ။ ပညာရေး အနေဖြင့်
နို်င်ငံခြားတွင် ပန်းကန်ဆေးရသော အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင်တက်မြောက်မည်။

ယတြာ= သင့်ရဲ့မွေးနေ့တွင် မိုက်ကယ်လ်စကိုးလ်ဖီးလ် ကိုထမင်းဖိတ်ကျွေးပါလေ
အမှန်အကန် ထူးခြားလာမှာပါ။

တနင်္ဂနွေ

နေရာတကာ အာကျယ်အာကျယ် လုပ်၍ လူအထင်ကြီးအောင် လုပ်သော်လည်း
သင့်ကို လူတို်င်း အမြင်ကပ်မည့် ကာလဖြစ်သည်။ ဘောလုံးပွဲကောင်းကျိုးကြောင့်
လန်ကွတ်တီ ဝတ်ရကိန်းရှိသည် သတိထားပါလေ။ အကြွေးများ ပတ်လည်ဝိုင်းနေသော်လည်း
ဟန်ကိုယ်ဖို့နေတက်သောကြောင့် အမွေရမည့် ကိစ္စနှင့် ဝေးသွားတက်သည်။
ငယ်ရွယ်သူများ အချစ်ရေးမှာ (ဘာလာလာ) လက်ခံရမည့် ဘဝမျိုးမှာ ရောက်နေသည်။
ပညာရေး အနေဖြင့် သူခိုးလက်က သူဝှတ်လုသော ပညာရပ်ကို အဆင့်အတန်းမြင့်စွာ
သင်ကြားရမည်။ ရပ်ဝေးက လာရောက်သောဧည့်သည်များ လက်မခံပါနှင့် တော်ရုံတန်ရုံနှင့်
ပြန်မည့်သူများ မဟုတ်ပါ။ ဒီလထဲမှာ မိန်းကလေးများ အနေဖြင့် သီလရှင်ဝတ်ခြင်းဖြင့်
ငယ်ငယ်ရွယ်ရွယ်ဖြင့် ယောကျင်္ားနောက်လိုက်ပြေးခြင်းမှ ကာကွယ်ပါ။

ယတြာ= မွေးနေ့တွင် တွေ့သမျှလူတိုင်းကို မျက်စိ မှိတ်ပြပါ မကြာမီ
ပြသနာများ အဆင်ပြေသွားမည်။

ပျော်ရွင်ကြပါစေနော်……………