ရယ်ရယုံ (၂၅)

etoneJuly 21, 20101min750

ခြေထောက်များသူ

တိရစ္ဆာန်တစ်စု ဝိုင်းဖွဲ့ စားသောက်နေကြသည် ။ အာသွက်လျှာသွက် ဖြစ်နေသဖြင့်
စကားဝိုင်းသည် စိုးပြည်လှသည် ။ အရက်ကုန်သွားသဖြင့် အရက်ထပ်ဝယ်ရန်
ဆုံးဖြစ်လိုက်ကြသည် ။ သို့နှင့် လိပ်ကို အရက်ဝယ်ရန် လွှတ်လိုက်၏ ။ တစ်နာရီ
၊ နှစ်နာရီ ကြာသွားသည် ။ လိပ်ပေါ်မလာချေ ။ တိရစ္ဆာန်များထဲမှ လိပ်ကို
ကျိန်ဆဲသံများ ပေါ်ထွက်လာသည် ။ မနီးမဝေးချုံထဲမှ လိပ်ထွက်လာပြီး
စိတ်ဆိုးစွာပြောသည် ။

“ကျွန်တော့်ကွယ်ရာမှာ အခုလို အတင်းပြောရင် ကျွန်တော်မသွားတော့ဘူးဗျာ”

မတတ်နိုင် ။ လိပ်အစား ကင်းခြေများကို အဝယ်လွှတ်လိုက်ကြသည် ။ ငါးနာရီ ကြာမှ
ကင်းခြေများပြန်ရောက်လာသည် ။ အားလုံးက ဝိုင်းအော်ကြသည် ။

“ဟေ့ကောင် …….. မင်းသွားတာကြာလှချည့်လားကွ”

“အရက်ဆိုင် ဝင်ပေါက်မှာ ဘယ်ကောင်လဲမသိဘူး ။ ဆိုင်ဘုတ်တစ်ခု ချိတ်ထားလို့ ”

“ ဘာဆိုင်းဘုတ်လဲ ”

“ဆိုင်ထဲမဝင်ခင် ခြေထောက်ကိုစင်အောင်သုတ်ပါတဲ့ ”

——————

မယုံဘူးတဲ့

နတ်ပြည်နဲ့ ငရဲပြည်သွားမည့် တံခါးပေါက်ရှေ့တွင် သိကြားမင်းက
မိန်းမများကိုစုရုံးစေသည်။
” အားလုံးတန်းစီကြစမ်း . . ကိုင်း . .ဟုတ်ပြီ . .ကိုယ့်ယောက်ျားကို
တစ်ကြိမ်လောက်ပဲ ဖြစ်ဖြစ် သစ္စာဖောက်ခဲ့ဖူးရင်ရှေ့တစ်လှမ်း
တိုးစမ်း”
မိန်းမ အားလုံးရှေ့တိုးလိုက်ကြသည်။သစ္စာ

ရှိသော မိန်းမတစ်ယောက်သာ နေရာတွင်
မရွေ့ဘဲ ကျန်ခဲ့သည်။
သိကြားမင်းက အမိန့်ပေးသည် . .
” အားလုံးကို ငရဲပြည်ပို့လိုက် ၊ ဟို ဆွံ့အ နားမကြားကိုလဲ ပို့လိုက်”