ရှင်ဒေဝဒတ်ကို မြေမျိုခြင်းအကြောင်း

San Hla GyiDecember 8, 20121min1580137

(ဗုဒ္ဓဝင်ထဲမှ ရှင်ဒေဝဒတ်နဲ့ အဇာတသတ်မင်းကြီး အကြောင်း တင်ဆက်လိုက်ပါတယ်။ ဗုဒ္ဓဝင်ထဲက အချက်အလက်တွေအတိုင်း ရေးတာဖြစ်ပြီး အချို့နေရာမှာတော့ စာရေးသူရဲ့ စိတ်ကူးနဲ့ ဟာသ ထည့်ထားပါတယ်။ ဟာသ ဆိုပေမယ့် တကယ့်အဖြစ်အပျက်တွေ အပေါ်မှာ ဟာသလုပ်တာ ဖြစ်ပါတယ်။ ဟာသကလည်း မြတ်စွာဘုရားရှင်ကိုတော့ မလုပ်ဝံ့လို့ ရှင်ဒေဝဒတ်နဲ့ အဇာတသတ်မင်းသား အခန်းတွေမှာ ဟာသထည့်ထားပါတယ်)

အချိန်ကား ဘုန်းတော်ကြီးသော ဂေါတမမြတ်စွာဘုရားရှင်သည် ကောသမ္ဗီပြည်တွင် သီတင်းသုံး နေထိုင်တော်မူသော အခါဖြစ်ပေသည်။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ရှိတော်မူသော အခါဖြစ်သဖြင့် သာသနာတော်ဝယ် လွန်စွာ လှူဒါန်းပူဇော်သူ များသော အခါလည်းဖြစ်သည်။ လူတို့သည် ကျောင်းသို့ရောက်လျှင် မြတ်စွာဘုရားရှင် အဘယ်မှာနည်း စသည်ဖြင့် ကျောင်းသို့လာကြလေသည်။ ဘုရားရှင်ကို ဖူးတွေ့ပြီးလျှင် အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန် အရှင်မဟာကဿပ အရှင်ဘဒ္ဒိယ စသော သာဝကကြီးတို့ကို မေးမြန်းကြလေသည်။ အရှင်ဒေဝဒတ်သည် ထိုကိစ္စနှင့် ပက်သက်ပြီး မကျေမလည် ရှိလေသည်။ သူကား လှူဒါန်းပူဇော်သူ ရလိုသောကြောင့် ဖြစ်သည်။ သူကား ပုထုဇဉ် သာရှိသေးသူတည်း။ လောကီဈာန် တန်ခိုးများနှင့်မူ ပြည့်စုံလေသည်။ ပုထုဇဉ် မှန်သမျှ လာဘ်လာသ ကျော်စောမှုကို မက်သူချည်းပင် ဖြစ်ရာ ဒီအထိတော့ သူမမှားသေးဟု ဆိုနိုင်သည်။

မြတ်စွာဘုရားရှင် ကိုယ်တိုင် ရှိသောအခါဖြစ်သဖြင့် လာဘ်လာဘကတော့ ရှားပါးသောအခါ ဆိုသည်မှာ ကြုံတောင့်ကြုံခဲပင် ဖြစ်သည်။ သို့ပေမယ့် ရှင်ဒေဝဒတ်ကား အရေးပါသော သူများက သူ့ကို ကိုးကွယ်စေလိုခြင်းဖြစ်သည်။

(ပထမဦးစွာ ရှင်ဒေဝဒတ်၏ ဘဝခေါ် သူ၏ ကိုယ်ရေးရာဇဝင်ကို ကြည့်လျှင် ဒေဝဒဟပြည့်ရှင် ဘုရင်သုပ္ပဗုဒ္ဓနှင့် အမိတာဒေဝီမိဖုရားကြီးတို့၏ သားတော် ရွှေလင်ပန်းနှင့် အချင်းဆေးခဲ့သူပေတည်း။ ခေတ်စကားနဲ့ ဆိုရသော် ရှင်ဒေဝဒတ်က သူသည် elite ခေါ် လူ့အထက်တန်းလွှာမိဘနှစ်ပါးက ပေါက်ဖွားခဲ့သူပါဟု ဆိုလျှင် အလွန်မှန်ပါသည်ဟု ဆိုရမည့်သဘော။ ကြည့်လေ ဖခင်သုပ္ပဗုဒ္ဓမင်းကြီးက မာယာဒေဝီမိဖုရားကြီး၏ မောင်အရင်း မိခင် အမိတာဒေဝီက သုဒ္ဓေါဒနမင်းကြီး၏ နှမအရင်း ငယ်စဉ်ကတည်းက ကပိလဝတ်နှင့် ဒေဝဒဟကို ကားယားခွပြီး ငါကွဟု လက်မထောင်ခဲ့သူပေ။ ဒီလိုလူကမှ elite မဟုတ်ဟုဆိုလျှင် ဘယ်သူမှလည်း ဟုတ်စရာ မရှိတော့။)

ဒီတော့ ရှင်ဒေဝဒတ်က သူ့ကို ကိုးကွယ်မည့်သူရှာသည်။ ရှင်ဒေဝဒတ်ရဲ့ အတွေးကို ဒီမှာတင် တွေ့နိုင်သည်။ သူက သာမန် ယုံကြည်ကိုးကွယ်နိုင်မည့် သူဋ္ဌေးသူကြွယ် ဒါယကာလောက်ကို မလိုချင်။ သူက ဒီလိုတွေးသည်တဲ့။ “ဗိမ္မိသာရမင်းသည် မြတ်စွာဘုရားရှင်ကို ပထမအကြိမ် ဖူးတွေ့စဉ်ကပင်လျှင် သောတာပန်တည်သူ ဖြစ်သည်။ ထိုဗိမ္မိသာရမင်းကြီးနဲ့တော့ တစိတ်တဝမ်းတည်း ဘယ်နည်းနဲ့မှ မဖြစ်နိုင်(သူ့ကို ကိုယ့်ဘက်ပါအောင် ဆွယ်လို့ရမည်မဟုတ်)။ ကောသလမင်းကြီးနှင့်လည်း ဘယ်လိုမှ မဖြစ်နိုင်။ ထက်ဝန်းကျင် ထီးဆောင်းနန်းနေ ပဒေသရာဇ်မင်း အားလုံးနီးပါးသည်လည်း ဘုရားရှင်၏ ဥပါသကာတွေချည်း။ ဗိမ္မိသာရမင်းကြီး၏ သားတော်ဖြစ်သော အဇာတသတ်မင်းသားလေးကား ငယ်လည်း ငယ်သေးသည်။ ထိုမင်းသားကို ငါ့အား ဆရာပြု၍ ကိုးကွယ်စေရသော် များစွာသော လာဘသက္ကာရ ဖြစ်လတ္တံ့။ ထို လာဘသက္ကာရကိုမှီ၍ ပရိသတ်လေးပါးတို့ ပြန့်ပွားစည်ပင်စွာဖြစ်မည်” ဟုတွေးလေတော့သည်။

(ကဲ ကြည့် စစဉ်းစားကတည်းက အခွင့်အာဏာရှိသော ရှင်ဘုရင်တွေကို စပြီး စဉ်းစားခြင်းဖြစ်သည်။ ရှင်ဒေဝဒတ ်အတွေးကတော့လည်း မှားတော့မမှား။ လူ့သဘော လူ့မနောကိုတော့ အတော်ကျမ်းကျေသူ ဆိုတာ သူရဲ့ လုပ်ရပ်တွေ တွေးပုံတွေက ပြနေသည်ထင်သည်။ ခေတ်စကားနဲ့ ဆိုသော် နေရာတိုင်းတွင် Admim ခေါ် အုပ်ချုပ်စီမံရေးကို ကိုင်ထားသူများကို ပိုင်လျှင် ကျန်တာတွေ လွယ်တယ်ဆိုတာ သူကောင်းကောင်း သိသည်ဆိုသည့်သဘော။ ဒါကြောင့် စစဉ်းစားကတည်းက Admin ခေါ် အုပ်ချုပ်ရေး အာဏာပိုင်သော ဘုရင်တွေကို စစဉ်းစားခြင်းဖြစ်သည်။ စဉ်းစားကြည့်ပေါ့ admin ခေါ် အုပ်ချုပ်ရေးကို ကိုင်ထားသော ဘုရင်ကိုပိုင်လျှင် ကျန်တဲ့လူက အရင်းလဲလျှင် အဖျားထင်းဖြစ်ပဲ။

လူဆိုသည့် သဘာဝကလည်း အာဏာရှိသူ လုပ်ပိုင်ခွင့် တစုံတရာရှိသူတွေက လုပ်လျှင် သူ့နောက်လိုက် အသိုင်းအဝိုင်း သူ့အာဏာ မကင်းသူတွေက ကြောက်လို့တကြောင်း မျက်နှာလုပ်ချင်လို့ တကြောင်း လိုက်လုပ်ကြသည်သာ။ မထောက်ခံချင်တောင် ကန့်ကွက်ဖို့ သတ္တိမရှိတော့။ အဇာတသတ်မင်းသားလေးက အိမ်ရှေ့မင်းသား နောက်တတ်မည့် ဘုရင် သူကကိုးကွယ်ပြီး ရှင်ဒေဝဒတ်ဝါဒတွေကို ထောက်ခံသော သဘောပြောလိုက်သည်နှင့် သူ့အာဏာစက် အောက်မှာ နေရသူတွေက မျက်နှာရချင်တာ တကြောင်း နောက်မရေးရတော့မှာ ကြောက်တာတကြောင်း အဲလေ ယောင်လို့ ရာဇဝတ်သင့်မှာ ကြောက်တာတကြောင်းတို့ကြောင့် ထောက်ခံရတော့မည်သာ။ ဒီကြားထဲ ခပ်ကဲကဲ အဇာတသတ်နဲ့ ရွယ်တူ မင်းမှုထမ်းကလေးတွေဆိုလျှင် ဆရာဒေဝဒတ်၏ တရားပွဲတိုင်း လာပြီး ဘာပြောပြော ဒီတရားလေးကတော့ အဘဆရာ ဒေဝဒတ်က ဘာလဲ ဘူလဲ ဆိုတာ ပြလိုက်တာပဲ ဆိုပြီး စကားတောင် မပီမသနဲ့ ထောက်ခံပေအုံးတော့မည်လေ။ အမှန်လဲ ရှင်ဒေဝဒတ်က ထိုအချိန်တွင် အသက်က အဇာတသတ်မင်းသား ထက်များစွာကြီးပြီး အဘအရွယ်ပါပဲ။)

အဲဒီတော့ ရှင်ဒေဝဒတ်က ရာဇဂြိုဟ်ပြည်၏ နောက်တတ်မည့် သူကြီးလောင်း အဲလေ မင်းကြီးလောင်းကလေးအား စည်းရုံးသိမ်းသွင်းရန် ကောသမ္ဗီပြည်မှ ရာဇဂြိုဟ်ပြည်သို့ သူရထားသော ဈာန်တန်ခိုးများဖြင့် လာခဲ့ပါပြီ။ ရာဇဂြိုဟ်ပြည်နားရောက်တော့ ရဟန်းအသွင်ကို ပယ်ပြီး အသက် ၁၆ နှစ်ခန့် သူငယ်အသွင်ကို ဖန်ဆင်းပြီး လက်နှစ်ဖက် ခြေနှစ်ဖက်စီမှာ မြွေတကောင်စီ လေးကောင် လည်ပင်းမှာ မြွေတကောင်ပတ်ပြီး အခြားမြွေတကောင်ကို ခေါင်းပေါ်မှာ ပတ်ပြီး မြွေခြောက်ကောင်ကို အမြီးချင်း ယှက်ထိုးပြီး သူ့ကိုယ်သူ မြွေတွေနဲ့ တန်ဆာဆင်လိုက်ပါတယ်။ နောက်တော့မှ ကောင်းကင်ခရီးနဲ့ ပျံလာပြီး အဇာတသတ်မင်းသားလေးရဲ့ အိပ်နေတဲ့နားမှာ ထိုင်လိုက်ပါတော့တယ်။

ဒီတော့မှ အဇာတသတ် မင်းသားလေးက လန့်ပြီး အော်တာပေါ့။ အဲဒီတော့မှ ရှင်ဒေဝဒတ်က မင်းသား ကြောက်သလောပေါ့။ အဲဒီတော့မှ အဇာတသတ် မင်းသားလေးက “သင်ဘယ်သူလဲ လူလော နတ်လော နဂါးလော” လို့မေးတော့မှ ရှင်ဒေဝဒတ်က “မကြောက်ပါနဲ့ မင်းသား။ ငါကား ရှင်ဒေဝဒတ်တည်း။ တန်ခိုးစွမ်းအင်ကို သိစေလို၍ ထုတ်ကြွား အဲ ပြပါသည်ပေါ့” အဲဒီတော့မှ အဇာတသတ် မင်းသားလေးက ရှင်ဒေဝဒတ်ဆိုရင် ရဟန်းအသွင်ကို ပြပါလို့ ပြောတော့မှ သူငယ်အသွင်ကို ပယ်ပြီး ပရိက္ခရာရှစ်ပါးနဲ့ ရဟန်းအသွင်ကို ပြလိုက်ပါတော့တယ်။

(ဒီမှာတင် ရှင်ဒေဝဒတ်ရဲ့ လူကင်းပါးပုံကို တွေ့ရပြန်ပြီ ပရိသတ်ကြီးရေ။ လူလူချင်း မိတ်ဆက်တဲ့ နေရာမှာ ကိုယ်ပိုင်တဲ့ အာဏာပါဝါကို ပြပြီး မိတ်ဆက်ရင် တဘက်သားရဲ့ အထင်ကြီးမှုကို အလွယ်ရတယ်ဆိုတဲ့ အလွန်ရိုးလှတဲ့ နည်းလမ်းကြီးကို အသုံးချတာပါပဲ။ သူက ဒီလို လာမိတ်မဆက်ပဲ ရိုးရိုးသားသား ကောသမ္ဗီကနေ ကြွလာပြီး အဇာတသတ်မင်းသား နန်းတော်ထဲဝင် “ကျနော့်နာမည် ဒေဝဒတ်ပါ။ ကောသမ္ဗီမှာ နေပါတယ်” ဆိုပြီး ပြောလို့ကတော့ အဇာတသတ်မင်းသားက မျိုးကျော့မြိုင်နဲ့ မှားပြီး ဝမ်းစမိုးလို့တောင် ထအော်အုံးမယ်။ ပိုင်လိုက်တဲ့ ရှင်ဒေဝဒတ်ပေါ့။ ခေတ်စကားနဲ့ ပြောရင်တော့ လူဘဝနဲ့သာ ဆိုရင်တော့ ရှင်ဒေဝဒတ်က မြေပဲယိုသီချင်း ထဲကလို ဘယ်ဆိုင်မှာ သွားစားခဲ့တာ ဘယ်လိုတွေ သုံးဖြုန်းခဲ့တာ ဘယ်ကောင်မလေးနဲ့ တွေ့တာတို့ ဘယ်ဘွဲ့တွေရတာတို့ ပြောမှာပေါ့။ ခုတော့ ရဟန်းဘဝနဲ့ ဆိုတော့ သူ့ရဲ့ တန်ခိုးကို ထုတ်ပြရတာပေါ့။

ဒါပေမယ့် လောကီတန်ခိုးကျတော့ အရိယာမဖြစ်သေးသူတွေဟာ သုံးရင် မှားနိုင်တယ်ပေါ့။ ဘာလို့လဲဆိုတော့ လောဘ ဒေါသ မောဟ မကင်းလို့တဲ့။ ထေရဝါဒ အရပေါ့။

အမှန်တော့ ဒီအချိန်ထိ ရှင်ဒေဝဒတ် မမှားသေးဘူး။ ဘာလို့လဲ ဆိုတော့ ပုထုဇဉ်တိုင်း လာဘ်လာဘ နာမည်ကျော်ကြားမှုကို မက်မောတတ်တာကိုး။ ရအောင်ကြိုးစားတာတော့ မမှားသေးပါဘူး။

ထူးခြားတာက ရှင်ဒေဝဒတ်ရဲ့ အပြုအမူတွေဟာ ဒီနေ့ခေတ်လူတွေ အထိ လုပ်နေဆဲ ပြောနေဆဲ အပြုအမူတွေ ဆိုတာပဲ။ စဉ်းစားကြည့်လေ။ သူ့ရဲ့ အဇာတသတ် မင်းသားလေးကို ဖျားယောင်း သွေးဆောင်တဲ့ အခန်းမှာတင်  personal  professional  transparency နဲ့ privacy ဆိုတဲ့ ဟာတွေကို တွေ့နေရတယ်။ ပထမဆုံး သူပိုင်ဆိုင်တဲ့ သူ့ရဲ့ တန်ခိုးတွေဆိုတာ သူ့ရဲ့ ပါစင်နယ် ပိုင်ဆိုင်မှုတွေပါ။ သူ့လို ရှိသူလည်းရှိ မရှိသူလည်းရှိပေါ့။ အဲဒါကို အဲဒီအချိန်မှာ မြတ်စွာဘုရားကလည်း ချစ်သားတို့ ဒီတန်ခိုးတွေကို ထုတ်မပြကြနဲ့လို့ သိက္ခာပုဒ် ပညတ်ပြီးသား။ ဆိုလိုတာကို personal ကို privacy လုပ်ဖို့ပြောတာ။ အဲဒါကို သူက အဇာတသတ ်မင်းသားလေးကို သွေးဆောင်တဲ့ နေရာကျတော့ မင်းသားလေးက သူ့ကိုယုံအောင် ပွင့်လင်းမြင်သာမှု(transparency) လို့ခေါင်းစဉ်တပ်ပြီး ထုတ်ပြလိုက်ရော။ နောက်တော့မှ မင်းသားလေး ဆီကနေ အလှူခံမှာကိုး ။ တကယ်က သူရဲ့ အဓိကအလုပ်က ရဟန်းဘဝနဲ့ ရဟန်းတရားကို အားထုတ်ဖို့။ အဲဒါက သူရဲ့ professional ပဲ။ မင်းသားက ဘယ်သူလဲလို့ မေးတော့မှ ငါ ရှင်ဒေဝဒတ်ပါဆိုပြီး သူ့ရဲ့ ပရော်ဖက်ရှင်နယ် အသွင်ဖြစ်တဲ့ ရဟန်းအသွင်ကို ပြန်ယူလိုက်ရော။ အဲဒီတော့ ရှင်ဒေဝဒတ်လည်း စကတည်းက သူ့ဘာသာသူ ပါစင်နယ် ပရော်ဖက်ရှင်နယ် ထရန်ပဲရန်စီနဲ့ ပရိုက်ဗိတ်စီတွေကို ရောထွေးနေပါလေရော။ စဉ်းစားကြည့် မိတ်ဆွေတို့ အဲဒီအတိုင်း တကယ်ဖြစ်ခဲ့တာ။ ရှင်ဒေဝဒတ်ကား ပါစင်နယ်နဲ့ ပရော်ဖက်ရှင်နယ်ကို ထရန်ပဲရန်စီဆိုသော စည်းဖြင့် ရောထွေးခဲ့သူပေ)

အဲဒီလို ရဟန်းအသွင်ကို ပြန်ယူတော့မှ အဇာတသတ်မင်းသားလေးက စဉ်းစားပါလေရော။ အထင်လဲ ကြီးသွားပြီလေ ရာဇဂြိုဟ်ပြည်ရဲ့ သူကြီးလောင်း အဲလေ မင်းကြီးလောင်း ကလေးကပေါ့။ သူက ဒီလို စဉ်းစားတယ်တဲ့။ “ရှင်ဒေဝဒတ်ကား ကြီးမားသော တန်ခိုးအာနုဘော် ရှိသည်။ နာနာဘာဝ ရူပကာယ ကိုလည်း ပြခြင်းဌာ စွမ်းနိုင်သည်။ ခမည်းတော် ကိုးကွယ်သော ဘုရားသော်မှ ဤကဲ့သို့ မပြနိုင်” ဖြစ်ပုံ ဖြစ်ပုံ ဘုရားရှင်နဲ့ ရဟန္တာတွေကပဲ သူ့ရှေ့မှာ သူပျော်အောင် ခဏခဏ တန်ခိုးပြရမလို ဖြစ်နေတယ်။ သူကလည်း အဲဒီအချိန်ကတော့ အလိမ္မာတုံးလေးပေါ့။

(ဒီစကားကို ထောက်တာနဲ့ အဇာတသတ် မင်းသားလေးဟာ ဘုရားရှင်ကို ကောင်းကောင်း မြင်ဖူးတွေ့ဖူးကြောင်း သိသာတယ်။ ဗိမ္မိသာရမင်းကြီးကလည်း ကျောင်းတော်ကို ခေါ်သွားပုံရတယ်။ ဒါပေမယ့် သူကိုယ်တိုင်က ဘုရားရှင် အနားကိုလာပြီး တရားနာတာတွေ ဘာတွေ လုပ်ခဲ့ပုံ မရဘူး။ အဲဒီတုန်းက ဘယ်ချောင် ပုန်းနေမှန်း မသိပေါ့။

အဲဒီလို ဘုရားရှင်က သူ့ကို တန်ခိုးမပြခဲ့တော့လည်း သူ့စိတ်ထဲမှာ စဉ်းစားကောင်း စဉ်းစားနိုင်တယ် ပရိသတ်ကြီးရေ။ ဘာလို့လည်း ဆိုတော့ ဒီလိုစဉ်းစားခဲ့တာလည်း သူ့စကားမှာ ပေါ်တယ်။ ခမည်းတော် ကိုးကွယ်တဲ့ ဂေါတမဗုဒ္ဓဆိုတဲ့ ဘုရားရှင်လည်း လမ်းပဲလျှောက်ရတာပဲတို့ ငါမြေပုံထဲ ထောက်ကြည့်တော့လည်း မိုင်ငါးဆယ် လောက်ပဲတွေ့တယ်တို့ ဝီကီပီးဒီးယားထဲမှာလည်း ဈာန်ပျံတယ်လို့ ရေးထားတာ မတွေ့ပါဖူးတို့ပေါ့။ အောင်ခြင်း ၈ပါးတဲ့ ဘာညာပေါ့။)

အဇာတသတ် မင်းသားလေးမှာ ငယ်စဉ်ကတည်းကပင် ထူးဆန်းသော စိတ်ထားရှိသူဟု ဆိုနိုင်သည်။ ဇောတိက သူဌေးကြီး၏ အိမ်တတ်မင်္ဂလာသို့ ဗိမ္မိသာရမင်းကြီး သွားသောအခါ မင်းကြီးကလည်း သားတော်လေးကို လက်ဆွဲပြီး သွားသည်။ ထိုစဉ်က မင်းသားလေးမှာ ရ နှစ်သား အရွယ်သာ ရှိပါသေးသည်တဲ့။ ထိုစဉ်က ဇောတိက သူဌေးကြီး၏ စည်းစိမ်များကို မြင်ပြီး သူက ဒီလိုတွေးခဲ့သည်တဲ့။ “ငါ၏ ဖခင်မင်းကြီးသည် အလွန်မိုက်လေစွတကား။ မိမိ၏ ကျေးကျွန်ဖြစ်သော သူဌေးသည် ရတနာခုနှစ်ပါး အတိပြီးသော ပြသာဒ်ဖြင့်နေလျက် မိမိမှာ သစ်သားဖြင့် ပြီးသော နန်းတော်မှာ နေရှာသည်။ ငါသာ မင်းဖြစ်လျှင် ဤဇောတိကကို သတ်ပြီး ပြသာဒ်ကို ယူမယ်” လို့ကြံတယ်တဲ့။

(ခေတ်စကားနဲ့ ပြောရရင် “အော် ငါ့ဖားသားကြီးဟာ တော်တော့်ကို ဒိတ်အောက်နေပါလား။ တကယ်ဆို ကိုယ်က ဘုရင်ပဲ။ ဇောတိက ပစ္စည်းတွေ ပြည်သူပိုင်ပစ္စည်း ငါ့ပစ္စည်းဆိုပြီး သိမ်းလိုက်ရင် ရတာပဲ။ အဲဒီလိုလည်း မလုပ်ရဲဘူး ကိုယ့်ကိုကိုယ်လည်း မယုံဘူး ထင်ပါတယ်။ ကြည့်ရတာ ငါ့ခမည်းတော်ဟာ အငုံ့စိတ် သိမ်ငယ်စိတ် မိမိကိုယ်ကို မယုံကြည်စိတ်တွေ ရှိတယ်ထင်တယ်။ တို့ရာဇဂြိုဟ်ပြည် သိပ်မတိုးတတ်ဘူးလို့ ထင်တာ လက်စသတ်တော့ ငါ့ဘိုးတော်ကြီးရဲ့ ငါးပါးသီလကို နိုင်တီးဂွမ်တီးက အမြင်တွေနဲ့ အဓိပ္ပါယ်ဖွင့်နေတဲ့ ရှေးရိုးစွဲဝါဒကြောင့်ကိုး။ တကယ်ဆို ဇောတိက ပစ္စည်းတွေကို ပြည်သူပိုင် ပစ္စည်းဆိုပြီး သိမ်းလိုက်ရင် ပြည်သူပိုင်ပစ္စည်းကို ခိုးရင် ခိုးမှုမမြောက်ဘူးဆိုတဲ့ ဝါဒအရ ဘာမှမဖြစ်နိုင်ပါဘူး။ ငါတတ်လာမှပဲ ဒါတွေကို ပြောင်းရတော့မှာပဲ။ အင်း ဘာသာရေး အနှစ် ၂၀၀၀ဝ ကျိန်စာ ကြာစိမ် အနိစ္စ ဘာညာပေါ့ဗျာ။)     

အဲဒါနဲ့ အဇာတသတ် မင်းသားလေးဟာ ရှင်ဒေဝဒတ်ကို ဆရာတင်ပြီး ရထားငါးရာနဲ့ နံနက်ခင်း ညနေခင်း အချိန်မှန်မှန် သွားရောက် ဆည်းကပ်ပါသတဲ့။ နေ့တိုင်း ဆွမ်းအိုးငါးရာကိုလည်း လှူပါလေရော။ ဆွမ်းအိုးတအိုး တအိုးဟာ လူဆယ်ယောက်လောက် စားလို့လောက်ပါသတဲ့။ မင်းချင်းတို့လည်း အသီးသီး ချီးမြှောက ်ပူဇော်ကြလေသည်ပေါ့။

(ရှင်ဒေဝဒတ် တွက်သလိုပဲ ဖြစ်လာပါတယ်။ အဇာတသတ်မင်းသားက ကိုးကွယ်မှတော့ သူ့နောက်က အမှူထမ်းရတဲ့ မင်းချင်း မင်းမှုထမ်းတွေပါ အလိုလို ကိုးကွယ်ရတာကိုး။ စိတ်ပါတာလဲရှိ မင်းသားကို ဖားချင်တာလဲ ရှိမှာပေါ့။ ဟုတ်တယ်လေ မိတ်ဆွေတို့။ ပဒေသရာဇ်ခေတ်က အဇာတသတ်လို စိတ်ခက်ထန်တဲ့ မင်းသားက ဒီဝါဒကို ယုံကြည်ပါတယ်လို့ ပြောမှတော့ ဘယ်သူကလည်း သူ့ကိုဆန့်ကျင်ပြီး လုပ်ဝံ့တော့မှာလဲ။ သူ့နောက်လိုက်ရတာပေါ့။ နည်းနည်းပါးပါး အင်တင်တင် လုပ်ချင်တဲ့ အမတ်ကြီးတွေ ဆိုရင်တော့ မင်းသားက သူ့အိမ်တော်မှာပဲ ဖြစ်ဖြစ် ညီလာခံလို နေရာမှာပဲဖြစ်ဖြစ် သူ့ဆရာ ရှင်ဒေဝဒတ်ရဲ့ တရားတခုခုလောက်ကို ညွန်းပြီး “ကဲ တူးဖော်ကြ ဆွေးနွေးကြ ပျော်ပျော်ပါးပါးပေါ့ ငါ့ဆရာ အရှင်ဒေဝဒတ်ရဲ့ ဝါဒ awareness တွေတပုံကြီးရ” လို့ ပြောလိုက်တာနဲ့ မင်းမှုထမ်းတွေကလည်း “ထောင်ပါတယ် ကိုယ်တော်လေးဘုရား ထောင်လိုက်ပါပြီ ဘုရား။ လက်မ လက်မပါဘုရား။ လက်မ အမြင့်ကြီးနဲ့ အကြီးကြီး ထောင်ပါတယ် ဘုရား” ပေါ့။

မင်းသားက အတင်းအကျပ် ကိုးကွယ်ခိုင်းတာလည်း ရှိနိုင်တာပေါ့လေ။

ဒီထက်ပိုပြီး ဂျစ်ကန်ကန် လုပ်ချင်တဲ့ အသက်ခပ်ကြီးကြီး အမတ်တွေ ဆိုရင်တော့ မင်းသားက ခပ်တည်တည်နဲ့ “ကျုပ်ဆီမှာ အမှုထမ်းရင် ကျုပ်ထုတ့်တဲ့ စည်းကမ်းကို လိုက်နာရမယ်။ ဒါအဇာတသတ်ရဲ့ ချာတာပဲ။ ထပ်ပြောရရင် ခင်ဗျားတို့ကို အခကြေးငွေ ပေးထားတယ်။ Virtual life မှာပေးထားတာ မဟုတ်ဖူး real life မှာပေးထားတာ။ ကျုပ်စည်းကမ်းကို ကျန်တဲ့လူတွေ ဘာမှမပြောပဲ ခင်ဗျားတို့ လိုက်နာဖို့ အဆင်မပြေဖူးဆိုရင် အဆင်ပြေမယ့် နေရာရှာသင့်တယ်။ အခုလောလောဆယ် ကျုပ်စည်းကမ်းတွေကို အမြဲမလိုက်နာဖူး ဆိုပြီး ညီလာခံတိုင်း ကျုပ်ကို အတိုက်အခံလုပ်တဲ့ ကျုပ်အဘိုးကြီးရဲ့ ဘော်ဘော် ဟိုစံဝဏ္ဏမဟာ ဆိုတဲ့ အမတ်ကြီးကို အရင်ဖမ်းချုပ်ရမယ်။ ဆိုတော့ ဟဲ ဟဲ ဟဲ ဟဲ” ဆိုပြီး ပြောလိုက်တာနဲ့ ကျန်တဲ့ အမတ်တွေလည်း ထောင်ပါပြီ ဘုရား။ ထောင်ပါပြီ။ လက်မ လက်မပါပေါ့။ အမြင့်ကြီးနဲ့ အကြီးကြီး ထောင်လိုက်ပါတယ်ပေါ့။)

အဲဒီလို လာဘ်ပူဇော်သက္ကာတွေကို ရတဲ့အထိ အရှင်ဒေဝဒတ် ဘာမှမဖြစ်သေးပါဘူး။ အဲဒီမှာ သူဖြစ်လာတကာက ငါဘုရားရှင်ကို သတ်ပြီး သံဃာတွေကို သင်းခွဲမယ်လို့ စဉ်းစားလိုက်တာနဲ့ သူ့ရဲ့ လောကီဈာန်တန်ခိုးတွေ ပျောက်သွားပါတော့တယ်။

အဲဒါကို ရှင်မဟာမောဂ္ဂလ္လာန် မထေရ်ရဲ့ အလုပ်အကျွေးဖြစ်တဲ့ နတ်သားက ရှင်မောဂ္ဂလ္လာန် မထေရ်ထံ လာပြီး လျှောက်ပါတယ်။ ဒါနဲ့ မထေရ်ကြီးက ဘုရားကို လျှောက်တော့ မြတ်စွာဘုရားက “ချစ်သား နတ်လျှောက်တိုင်း မှန်သည်သာတည်း။ သင်ချစ်သားကော အဘိညာဉ်တန်ခိုးဖြင့် သိသလောလို့ မေးတော့ မထေရ်မြတ်က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား တပည့်တော်လည်း အဘိညာဉ်၏ တန်ခိုးဖြင့် သိပါသည်လို့” လျှောက်တယ်တဲ့။

အဲဒါနဲ့ မြတ်စွာဘုရားရှင်က “ချစ်သား မောဂ္ဂလ္လာန် ဤစကားကို စောင့်စည်းလော့။ ဤစကားကို စောင့်စည်းလော့။ ထို ဒေဝဒတ်သည် မိမိကိုယ်ကို ကိုယ်တိုင်ပင် ထင်စွာပြုလိမ့်မည်” လို့ ပြန်မိန့်တော်မူပါတယ်။ ဆိုလိုတာက ရှင်ဒေဝဒတ် ဒီလို တန်ခိုးအစွမ်းတွေ ကင်းမဲ့သွားတာကို ကိုယ်ကတော့ ထုတ်မပြောဖို့နဲ့ နောက်ပိုင်း တဖြည်းဖြည့် သူ့ဘာသာသူ သိသာလာလိမ့်မယ်ပေါ့။

နောက်တော့ မြတ်စွာဘုရားရှင်ဟာ ကောသမ္ဗီပြည်ကနေ ရာဇဂြိုဟ်ပြည်ကို ကြွလာတော့ ရဟန်းတော်တွေက “ဘုန်းတော်ကြီးသော မြတ်စွာဘုရား ယခုအခါ အဇာတသတ် မင်းသားသည် ရှင်ဒေဝဒတ်ထံသို့ ရထားငါးရာဖြင့် နေ့တိုင်း ဆည်းကပ်ပါသည်။ ဆွမ်းချက်အိုး ငါးရာ(ဆွမ်းအုပ်ငါးရာ) တို့ကိုလည်း နေ့စဉ်ပို့ပါ၏” လို့လျှောက်ကြပါတယ်။

မြတ်စွာဘုရားရှင်ကလည်း “ငါ၏ ချစ်သား ရဟန်းများတို့ ဤမျှလောက်သော လာဘ်ပူဇော်သက္ကာတို့ များလာသည်ကား ဒေဝဒတ်အား ကောင်းကျိုးစီးပွား များစေခြင်းဌာ ဖြစ်လာသည်မဟုတ်။ ဆုတ်ယုတ်ခြင်း ဖြစ်ရန်အတွက်သာ။ ဥဏ်အမြင်နည်းသော ပုဂ္ဂိုလ်တို့ထံ ရောက်သော လာဘ်ပူဇော်သက္ကာသည် မွန်မြတ်သော အကျင့်သီလကို ဖျက်ဆီးခြင်းဌာ တရားဆုတ်ယုတ်ခြင်းဌာ အကုသိုလ် ပွားများစေရန် အတွက်သာဖြစ်၏” လို့ရဟန်းတွေကို လာဘ်များတိုင်း အားမကျဖို့ မိန့်ကြားပါသတဲ့။

ဒီနောက်တော့ ရှင်ဒေဝဒတ်က ဘုရားရှင်ထံ လာပြီး “ဘုန်းတော်ကြီးသော မြတ်စွာဘုရား ကိုယ်တော်ကား အသက်ကြီးပါပြီ။ မျက်မှောက်ချမ်းသာ ခံစားကာဖြင့် ကြောင့်ကြမဲ့ စံနေတော်မူပါ။ ဘိက္ခူ ဘိက္ခူနီ ဥပါသကာ ဥပါသိကာမဖြစ်သော တပည့် ဒကာ ဒကာမ သာဝက အပေါင်းတို့အား ကျွန်ုပ်ကို လွှဲထား အပ်နှင်းတော်မူပါ” လို့လျှောက်ပါတယ်။ တရားဝင် ဘုရားရာထူး လွှဲပေးရန် တောင်းခြင်းပါပေ။

မြတ်စွာဘုရားကလည်း “ချစ်သား ဒေဝဒတ် ဤအခွင့်ကား မသင့်ချေသေး။ သင်၏ ကိုယ်ရေးကိုသာ အားထုတ်ဦးလော့။(ရဟန်းတရားကို ရဟန်းကိစ္စပြီးအောင် အားထုတ်ရန်) ဤကိစ္စကို သင်အလိုမရှိနှင့်” ဆိုပြီး ပယ်တော်မူပါတယ်။

(ပရိသတ်ကြီးရေ ဒီမှာ ပြောချင်တာက ဘုရားရှင်တောင် ရှင်ဒေဝဒတ်ကို သူ့ရဲ့ ကိုယ်ရေး အဓိကအလုပ်ဖြစ်တဲ့ ရဟန်းတရားကိုပဲ အားထုတ်ဖို့ပြောတယ်။ ခေတ်စကားနဲ့ ပြောရရင် သူ့ရဲ့ professional(အဓိကအလုပ်) ကိုလုပ်ခိုင်းတာပဲ။ ဘာလို့လဲဆိုတော့ ရှင်ဒေဝဒတ်က ပါစင်နယ်တွေကို ပရိုက်ဗိတ်ဆီ မလုပ်ပဲ ထရန်ပဲရန်စီဆိုပြီး ချပြကာ ပရော်ဖက်ရှင်နယ်နဲ့ ရောထွေးနေတာကိုး။)

ရှင်ဒေဝဒတ်ကလည်း သုံးကြိမ်တိုင်အောင် တားတဲ့ကြားကပဲ ထပ်လျှောက်ပါတယ်။ အဲဒီတော့မှ ဘုရားရှင်က တင်းတင်းပြောမှ ရမှာဖြစ်လို့ “ ချစ်သား ဒေဝဒတ် အယုတ် အလတ် အမြတ်အားဖြင့် သုံးပါးရှိကုန်သော သတ္တဝါတို့သည် ငါဘုရားကို ရည်မှန်း၍ ရဟန်းပြုသည်သာ ဖြစ်ရကား သူတပါးအား လွှဲထားခြင်းဌာ မသင့်။ သာရိပုတ္တရာ မောဂ္ဂလ္လာန် တို့ကိုတောင် သာဝကသံဃာကို ငါဘုရား မအပ်သေး။ သူတထူး ပစ်ထွေးသော တံထွေးနှင့်တူသည့် ပစ္စည်းများကို စားသုံးသော(မစင်ကြယ်သော ပစ္စည်းများကို စားသုံးသူ) သင့်အား အများသံဃာကို အဘယ်ကြောင့် လွှဲအပ်ရမည်နည်း” လို့မိန့်ကြားပါတယ်။

အဲဒီအချိန်က စပြီး ရှင်ဒေဝဒတ်ဟာ ပိုပြီး ဆိုးလာပါတယ်။ အဲဒီနောက်တော့ အဇာတသတ် မင်းသားအိမ်သွားပြီး မင်းသားကို ဘယ်လို ဆုံးမဩဝါဒ ပေးသလဲဆိုတော့ “ရှေးသောအခါ လူများသည် အသက်ရှည်ကြ၏။ ယခုအခါ အသက်တိုကြ၏။ မင်းသား၏ ခမည်းတော်သည် အသက်အရွယ် နုနယ်ပျိုမြစ်သေး၏။ ဖခမည်းတော် ကံကုန်မှ မင်းလုပ်ရလျှင် အိုမင်းရင့်ရော်သောအခါမှ မင်းဖြစ်လိမ့်မည်။ အိုမှ ဘုရင်ဖြစ်ရင်တော့ အရသာ မရှိတဲ့ သိုးနေတဲ့ ထမင်းတွေ မုန့်တွေကို စားရတာနဲ့ ဘာမှမထူးဘူး။ ဒါကြောင့် ငယ်ငယ်ကတည်းက ဘုရင်ဖြစ်အောင် ဖခမည်းတော်ကို လုပ်ကြံပြီး နန်းတတ်ပေတော့။ ငါလည်း ယောက်ဖတော် ဂေါတမကို သတ်ပြီး ဘုရားလုပ်အံ့” လို့ပြောပါတယ်။

(အံမယ် ပရိသတ်ကြီးရေ။ ရှင်ဒေဝဒတ် ခေါ်ပုံလေးတွေ့လား ဂေါတမကိုသတ်ပြီး ဘုရားလုပ်အံ့တဲ့။ သူက ရန်သူလုပ်တော့မှာကိုး။ မြတ်စွာဘုရားလို့ မခေါ်တော့ပဲ နာမည်ကို ခေါ်လိုက်တာ။ နောက်ပြီး သူပြောပုံကို စာထဲမှာ တွေ့တဲ့အတိုင်းဆို အဇာတသတ်မင်းသားလေးကို နောက်မှ ရောက်လာမည့် စည်းစိမ်ချမ်းသာ ဆိုတာ မသေချာဘူး။ အရသာ မရှိဘူး။ အခုလက်ငင်း ရအောင်လုပ်လို့ ပြောတာ။ ဒီလူ့ ကြည့်ရတာ ပစ္စုပ္ပန်ဝါဒီတယောက်လို့တောင် ပြောလို့ရတယ်။ အသေးစိတ် တွေးကြည့်ရတာတော့ သူလည်း စာတတ်ဘုန်းကြီး ဖြစ်ခဲ့တာဆိုတော့ ပါဠိတွေ ညှပ်ပြီးပြောချင်လည်း ပြောမှာပေါ့။ ဥတ္တိရိမနုဿတို့ ပါပရေပါပတို့ ဘာညာပေါ့။ နောက်ပြီး သူပြောပုံ အတိုင်းဆို နောက်ဘဝဆိုတာ မသေချာဘူး မင်းသား။ အသက်ကြီးမှ ရမယ့်ဟာတောင် မသေချာတာ။ နောင်ဘဝဆိုတာ မြင်ရလို့လား မင်းသား။ ဒီဘဝမှာ လုပ်ရမယ့်ဟာကို နောက်ဘဝကို မလွှဲချနဲ့ မင်းသား။ သုံးကိုယ်မခွဲပါနဲ့လို့ ဒါကြောင့်ပြောတာတို့ ဘာတို့တွေကလည်း ပါမယ်ထင်တယ်။

နောက်ပြီး ဆေးပေါ့လိပ်နဲ့တူတဲ့ အယူအဆတွေကို စွဲလမ်းမနေနဲ့ မင်းသား။ မင်းသားရဲ့ အဘိုးကြီးက ငယ်တုန်းရွယ်တုန်းမှာ ဘုရားသွား ကျောင်းတတ် လုပ်နေတာတွေဟာ ဆေးပေါ့လိပ် စွဲသလိုဖြစ်ပြီး လူ့လောကကြီး မတည်ငြိမ်ဖို့ လမ်းစပဲတို့ ဘာတို့ပေါ့။)

အဲဒါနဲ့ မင်းသားလေးလည်း ပေါင်မှာ သံလျက်ကိုဖွက်ပြီး ခမည်းတော်နေတဲ့ နန်းတော်ကို သွားတော့ အစောင့်တွေက မသင်္ကာတာနဲ့ ဖမ်းပြီးစစ်တော့ မိပါလေရော။ စစ်တော့ ဘယ်သူခိုင်းတာလဲ ဆိုတော့ ရှင်ဒေဝဒတ်ပါပေါ့။ အဲဒီမှာ တချို့အမတ်တွေကလည်း မင်းသားကိုရော ဆရာဒေဝဒတ်ကိုရော သတ်သင့်တယ်ပေါ့။ အချို့ကတော့ မလုပ်ကြနဲ့အုံး။ မင်းကြီးက သူ့သားတော် သူ့ကို လုပ်ကြံမယ်ဆိုတာ သိပြီးသားပဲ။ မင်းကြီးကို အရင်လျှောက်ပေါ့။ ဒါနဲ့ ဗိမ္မိသာရမင်းကြီးဆီကို ရောက်တော့ သားတော် ဘာလို့ ဖခမည်းတော်ကို လုပ်ကြံချင်တာလဲ ဆိုတော့ ရွှေထီးရွှေနန်းကို လိုချင်လို့ပါဘုရား လျှောက်တော့ ထီးနန်းကို လိုချင်တာများ သားရယ် တကယ်ဆို ဒီထီးနန်းက ငါ့သားကို ပေးဖို့ပဲ ကဲယူပေတော့ဗျား ဆိုပြီး ချက်ချင်းကို ဘုရင်အဖြစ် ဘိသိက်သွန်းပါလေရော။

(မင်းမြှောက်တာတောင် ရိုးရိုးမဟုတ်ဘူး ပရိသတ်ကြီးရေ။ သူ့သားကို ရန်လုပ်နိုင်တဲ့ သူ့ကို သစ္စာရှိတဲ့ မှူးမတ်တွေကိုပါ ရာထူးကနုတ်ပြီး မင်းမြှောက်တာ။ ဒီကောင်တွေ ငါ့သား အလိမ္မာတုံးလေးကို ငါ့ကိုပဲ သစ္စာရှိမယ်ဆိုပြီး လုပ်ကြံရင် ဒုက္ခဆိုပြီးပေါ့။ စပယ်ရှယ်ကို သူ့သားအတွက် လုပ်ပေးတာ။ အဲဒီမှာ အမတ်ကြီး စံဝဏ္ဏမဟာတို့ ပါသွားပါလေရော။ သူက အမြဲတမ်း အိမ်ရှေ့မင်းသားကို ဆန့်ကျင်ဘက် လုပ်ခဲ့တာကိုး ဟဲ ဟဲ။

အဲဒီတော့ အဇာတသတ်မင်းကြီး ဘေးနားမှာလည်း ခမည်းတော် သစ္စာခံတွေ မရှိတော့ဘူး။ ပြောလိုက်တာနဲ့ ဘောင်းတော်ညိတ် စိတ်တော်သိပြီး ကိုယ်တော်ကြီး ကျေးဇူးတွေ ကုန်ပြီဘုရား။ အခု ကိုယ်တော်ကြီးကျေးဇူးတွေ မရှိတော့ဘူး။ အခုဟာက ကိုယ်တော်လေး ကျေးဇူးတွေပဲ ရှိတော့တယ်လို့ ပြောမယ့်အမတ်နဲ့ ထောင်လိုက်ပါပြီ ဘုရား။ ထောင်လိုက်ပါပြီ။ လက်မ လက်မလို့ ပြောတဲ့ အမတ်တွေပဲ ရှိတော့တာပဲ။)

အဲဒါနဲ့ ရာဇဂြိုလ်ပြည်ရဲ့ သူကြီးအသစ် အဲလေ မင်းကြီးအသစ်လေးလဲ ပျော်ပြီး သူ့ဆရာဆီလာပြီး “အရှင်ဘုရား ကျွန်ုပ်ကိစ္စကား ပြီးပါပြီ။ အရှင်ဘုရားကိစ္စသာ ကျန်ပါတော့သည်” ပေါ့။ အဲဒီတော့ ရှင်ဒေဝဒတ်က “ဘယ်လို လုပ်တာလဲ မင်းသား။ မြွေပွေးမြွေဟောက်ကို ခါးပိုက်ပိုက် ထားသလို ပါပဲလား။ သင့်ခမည်းတော်က သက်သက် ဟန်ဆောင်နေတာ။ နောက် နည်းနည်းကြာတာနဲ့ သူနန်းပြန်တတ်မှာ။ ရန်ကြွင်းရန်စကို မထားကောင်းဘူးပေါ့။” ဒါနဲ့ မင်းသားလည်း ခမည်တော်ကို ဓားနဲ့တော့ မသတ်သင့်ဘူး မဟုတ်လားလို့ ပြောတော့ ရှင်ဒေဝဒတ်က ထောင်ထဲမှာ ထားပြီး အစာအာဟာရ ဖြတ်ပြီး သူ့ဘာသာသူ သေရင် အပြစ်မရှိလို့ ပြောပါလေရော။ ကောင်းလိုက်တဲ့အကြံ အဝီစိရောက်ဖို့။

ဒါနဲ့ မင်းသားလည်း ခမည်းတော်ကို ထောင်သွင်း အကျဉ်းချပြီး အစာရေစာ ဖြတ်ပါလေရော။ အစတုန်းကတော့ မယ်တော် ဝေဒေဟီ မိဖုရားကြီးက နည်းအမျိုးနဲ့ ယူပြီးပို့တယ်။ နောက်တော့ မယ်တော်ပါ မဝင်ရဘူးဆိုတော့ ဗိမ္မိသာရမင်းကြီးက သောတာပန်ဆိုတော့ သူရထားတဲ့ တရားကို ဆင်ခြင်ရင်း စင်္ကြကြွပြီးနေတော့ အသားအရေတွေက ရှေးကထက်တောင် စိုပြေလာသတဲ့။ ဒါနဲ့ အဇာတသတ်မင်းကြီးက ခမည်တော် နတ်ရွာစံပြီလား မေးတော့ မစံသေးဘူး။ အသားအရေတွေက ဟိုတုန်းကထက်တောင် စိုပြေနေသလိုပဲလို့ လျှောက်တော့ ဘာအာဟာရကြောင့်လဲလို့ မေးတော့ စင်္ကြကြွနေတာကြောင့် ဖြစ်မယ်လို့ ပြောတာနဲ့ ခြေဖဝါးကို ဓားခွဲပြီး မီးကင်ခိုင်းတော့တာပဲ။ ဒါကတော့ အားလုံးသိတဲ့အတိုင်းပဲ။ အဲဒါနဲ့ မင်းကြီးလည်း နတ်ရွာစံတော့ စတုမဟာရာဇ်နတ်ပြည်မှာ ဇနဝသဘဆိုတဲ့ နတ်သား သွားဖြစ်သတဲ့။

(စကားချပ် ဗိမ္မိသာရမင်းကြီး၏ ဇတ်လမ်းမှာ အေဝမ်းဦးတင်မောင် ရိုက်သော ဗိမ္မိသာရဇတ်လမ်းတွင် ကြည့်ရှုနိုင်ပါသည်။ ရှိလျှင် ရှာပြီးကြည့်ကြပေတော့။ ဖခင်မေတ္တာဘွဲ့ အနေနဲ့တော့ အလွန်ကောင်းပါသည်။ အိမ်က အဖေနဲ့ မတည့်သူများ အနန္တငါးပါးဆိုတာ တမင်ဇတ်ခွဲထားတာလို့ အယူရှိသူများ မကြည့်ကြပါရန်။ စေတနာဖြင့် ပြောခြင်း ဖြစ်ပါသည်။)

အဲဒီမှာ ရှင်ဒေဝဒတ်လည်း ဘုရားရှင်ကို သတ်ဖို့ကြံစည်တယ်။ ပထမဆုံး လေးသမားတွေ လွှတ်ပြီး ဘုရားရှင်ရှိတဲ့ နေရာကိုသွားပြီး ပစ်ခိုင်းတယ်။ မအောင်မြင်ဘူး။ ပစ်လိုက်တဲ့ မြှားတွေ ပျောက်ကုန်လို့။ အဲဒါနဲ့ တောင်ပေါ်မှာ ကျောက်မောင်းကြီးဆင်ပြီး လှိမ့်ချတယ်။ ဒါလဲ မအောင်မြင်ဘူး။ ကျောက်တုံးကြီးက ကျလာတော့ မြတ်စွာဘုရားရှင်နားလဲ ရောက်ရော ကျောက်တုံးကြီးနှစ်ခုက မြေကြီးကထွက်ပြီး ခံလိုက်လို့။ ကျောက်တုံးချင်း တိုက်မိလို့ ကျောက်ချပ်တခုကွာပြီး ဘုရားရှင် ခြေမတော်ပေါ်ကျတာ ခြေမတော် ဖြန်းဖြန်းကွဲပါလေရော။ အဲဒီမှာတင် အရှင်ဒေဝဒတ်လဲ အဝီစိငရဲသွားဖို့ တခါတည်း ပါမစ်ရသွားတော့တာပဲ။ နောက်တော့ နာဠာဂီရိဆင်နဲ့ တိုက်တယ်။ ဒါလဲ မရဘူး။ ဒါတွေကတော့ အားလုံး သိပြီးသားပါ။

အဲ အဲဒီလို ဘုရားရှင်ကို လုပ်ကြံပြီးမှ ရှင်ဒေဝဒတ်က သံဃာကို သင်းခွဲဖို့ ဘုရားရှင်ရှိရာကို တခါပြန်လာသေးတယ်။ အဲဒီမှာ အချက်ငါးချက်ကို တောင်းတယ်။ တခုမှ ဘုရားရှင်က ခွင့်ပြုတော် မမူဘူး။ ပထမလေးချက်ကတော့ သိပ်ကောင်းလို့ မြတ်စွာဘုရားရှင်က ဓုတင်အကျင့် အနေနဲ့ ခွင့်ပြုခဲ့တယ်။ ဆိုလိုတာက လုပ်နိုင်သူတွေ လုပ်ဖို့နဲ့ မလုပ်မနေရ စည်းကမ်းအဖြစ် မသတ်မှတ်ထားလို့ပဲ။ အဲဒီ အကျင့်တွေက ကောင်းပေမယ့် ပြင်းထန်လွန်းလို့ အများစု မလုပ်နိုင်ဘူး။ အများစု မလုပ်နိုင်အောင် ကောင်းတဲ့ အချက်က ကောင်းကျိုးထက် ဆိုးကျိုးပေးနိုင်လို့ပဲ။ အမှန်တော့ ရှင်ဒေဝဒတ်ကလည်း ဒါတွေကို လိုချင်တာ မဟုတ်ပါ။ ဒါတွေကို ပြောပြီး ရန်တိုက်ပေးဖို့နဲ့ သင်းခွဲဖို့ ရောက်လာတာပါ။

(အဲဒီမှာတင် ဘုရားငြင်းလိုက်တာနဲ့ ရှင်ဒေဝဒတ်က သံဃာငယ်တွေဆီသွားပြီး မြတ်စွာဘုရားရှင်က ဒီအကျင့်ကောင်းတွေကို ခွင့်မပြုဘူးဆိုပြီး သင်းခွဲတော့တာပဲ။ မျက်စိဖွင့်ပြီး လေ့လာကြပါတို့ ဘာတို့ကလည်း ပါမှာပေါ့လေ။ ငါဟာ လောလောဆယ် သာကီဝင်ဖြစ်ချင်စိတ် ကုန်ခန်းနေတဲ့ သာကီဝင် တယောက်ပါတွေ ဘာတွေလည်း ပြောချင်ပြောမှာပေါ့။ ရှစ်စပ်က ဂျင်ခြေလည်တဲ့ ရှင်ဒေဝဒတ်ပေကိုး။ ဝေသာလီပြည်သား သံဃာငါးရာကို ဖျားယောင်းပြီး သင်းခွဲသွားတယ်။)

နေရာကား ဂယာသီသတည်း။ ရှင်ဒေဝဒတ်သည် သူဖျားယောင်း သွေးဆောင်လာသော ရဟန်းငါးရာတို့နှင့်အတူ ငါးပါးသောကျင့်ဝတ်ကို ဆောက်တည်သော ကာလဖြစ်သည်။ ရာဇဂြိုဟ်ပြည်မှ ထွက်လာသည်မှာ နှစ်လခန့် ရှိပြီ။ သံဃာငယ်တို့သည် အကျင့်ငါးပါးကို မခံနိုင်တော့သဖြင့် လူထွက်ရန် စဉ်းစားနေကြပြီ။

ဇေတဝန်ကျောင်းတော်မှ မြတ်စွာဘုရားရှင်သည် ထိုအကြောင်းကို မြင်သဖြင့် အဂ္ဂသာဝက နှစ်ပါးကို ခေါ်ပြီး မလိမ္မာသော အပေါင်းအသင်းကို ရသဖြင့် ပျက်စီးရှာတော့မည့် သံဃာငယ်တို့အား လိုက်ပြီး ခေါ်ကြ ချစ်သားတို့ဟု စေတော်မူသည်။

အဂ္ဂသာဝက နှစ်ပါးလည်း မြတ်စွာဘုရားရှင်၏ အမိန့်တော်အတိုင်း ဂယာသီသလို့ လာကြလေသည်။ အဂ္ဂသာဝက နှစ်ပါးကိုမြင်လျှင် မိမိအနီးရှိသော ကောကာလိကကို ဤသို့ပြောကြား၏။ “ကောကာလိက ယောက်ဖတော် ဂေါတမ၏ သာဝကကြီးတို့သည် ငါထံသို့ လာကြပြီ။ ငါ၏ တရားကို သူတို့နှစ်သက်၏။” ကောကာလိကလည်း ပြန်ပြောပါ၏။ “ဆရာ သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့ကို လက်မခံနှင့် သူတို့သည် မယုံရပေ။” ရှင်ဒေဝဒတ်ကလည်း မလျော့ပေ။ “ကောကာလိက ရှေးတုန်းကဆိုလျှင် ဟုတ်ပါလိမ့်မည်။ အခုတော့ ကောင်းသောလာခြင်းပါ။”

အဂ္ဂသာဝကနှစ်ပါးကို နေရာပေးလေပြီ။ အဂ္ဂသာဝက နှစ်ပါးကမူ ရှင်ဒေဝဒတ်ပေးသော နေရာသို့ မလာကြပေ။ မည်သို့မျှလည်း မပြော ဆိတ်ဆိတ်နေကြ၏။ ထို့နောက်တွင် ရှင်ဒေဝဒတ်သည် “ငါ့ရှင် သာရိပုတ္တရာ ငါကား ညောင်းညာပြီ။ သင်သာလျှင် သံဃာတို့အား တရားဟောရစ်လော့” ဆိုပြီး အိပ်လေသည်။

အဂ္ဂသာဝကနှစ်ပါးလည်း မြတ်စွာဘုရား၏ တရားတော်ကို အဆန်းတကြယ် ဟောသောအခါ ရဟန်းငယ်ငါးရာ သောတာပန် တည်လေတော့သည်။ ထို့နောက်တွင် အဂ္ဂသာဝကနှစ်ပါးနှင့်အတူ ကောင်းကင်မှ ရာဇဂြိုဟ်ပြည်သို့ ပြန်လိုက်လေတော့၏။

ထိုအချိန်တွင် ရှင်ဒေဝဒတ်၏ ဘော်ဒါကြီး ကောကာလိကသည် သူအိပ်နေရာသို့ သွားပြီး “ငါ့ရှင် ဒေဝဒတ် သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့ကို အရောမဝင်နှင့်ဟု သင့်ကို ငါသတိပေးခဲ့သည် မဟုတ်လောဟု” ပြောကာ ဒေဝဒတ်၏ ရင်ဝကို ဒူးဖြင့်တိုက်ပြီး ရှင်ဒေဝဒတ်ကို နှိုးပါတော့သည်။ ထိုအချိန်မှစပြီး ရှင်ဒေဝဒတ်သည် သွေးအန်သောရောဂါကို ရတော့သည်။

(စကားချပ် ရှင်ဒေဝဒတ်ရဲ့ ဘော်ဘော်ကြီး ကောကာလိကရဲ့ ပုံစံကို ကြည့်ရတာ စရိုက်ခပ်ကြမ်းကြမ်း လူတယောက် ဖြစ်မယ်လို့ ထင်မိတယ်။)

ကိုးလတိုင်တိုင် ထိုဝေဒနာကို ခံစားရရှာသည့် ဒေဝဒတ်ကား သူ့တပည့်တို့ကို မြတ်စွာဘုရားရှင်ကို တောင်းပန်လိုသဖြင့် ပို့ပေးကြပါဟု တောင်းပန်ရှာလေသည်။ တပည့်များကလည်း နောက်ဆုံး သနားကြသဖြင့် ထမ်းစင်ပြုလုပ်ပြီး ဇေတဝန်ကျောင်းတော်သို့ လိုက်ပို့ကြရှာသည်။ ရဟန်းတော်တို့က ဘုရားရှင်အား ဘုန်းတော်ကြီးသော မြတ်စွာဘုရား ရှင်ဒေဝဒတ်သည် နောင်တရကာ တောင်းပန်ကန်တော့ရန် လာနေပါပြီ ဘုရားဟု လျှောက်ထားသည့်အခါ မြတ်စွာဘုရားသည် ဒေဝဒတ်သည် ယခုဘဝတွင် ငါဘုရားကို ဖူးမြင်ခွင့် မရှိတော့ပြီဟု မိန့်ကြားတော် မူလေသည်။

ထို့နောက်တွင် ရှင်ဒေဝဒတ်နှင့် သူ့တပည့်များသည် ဇေတဝန်ကျောင်းတော်၏ တံခါးဝနားသို့ ရောက်လာလေပြီ။ တပည့်များလည်း ထမ်းစင်ကို ထမ်းရသဖြင့် မောကြပြီ။ ရောဂါဖောက်နေသော ရှင်ဒေဝဒတ်လည်း မောလှပြီ။ နေပူထဲမှ လာသူများ၏ ထုံးစံအတိုင်း ရေကန်ကို တွေ့သော် ထမ်းစင်ကို ခဏချပြီး တပည့်များကား ရေကန်ထဲဆင်းကာ ရေသောက် ရေချိုး ခဏအပန်းဖြေကြသည်။

ထမ်းစင်ပေါ်တွင် လိုက်ပါလာသော ရှင်ဒေဝဒတ်လည်း ထမ်းစင်ပေါ်မှ ထပြီး မြေကြီးပေါ် ခြေနှစ်ဖက်ချကာ ထိုင်မိရှာလေသည်။ သူလည်း ပင်ပန်းလှပြီ မဟုတ်လား။

သူ၏ ခြေများ မြေကြီးပေါ် ချလိုက်သည် ဆိုသည်နှင့်ပင်………………………………။

(ရယ်စရာ နည်းနည်း ထည့်ထားပေမယ့် အတည်ဆွေးနွေးချင်သူက ဆွေးနွေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော့်ဟာသက ကြိတ်ရယ်လို့ပဲ ကောင်းပြီး ဆွေးနွေးဖို့ အခက်အခဲ ရှိလို့ပါ။)

137 comments

  • surmi

    December 9, 2012 at 12:08 am

    အဟမ်း ….
    စောင် ့ဖတ်နေပါမည်ခင်ဗျာ …။
    သဂျီးလည်း ပျင်းနေတယ်ဆိုတော့ ကွင်းကောင်းလေးပါ ့ …။
    အထူးတန်းက ကြည် ့ရှုအားပေးနေပါ ့မယ်ဗျာ …။
    ဒီတစ်ခါချန်ပီယံလိဂ်ကတော့ ကိုစံလှကြီးရဲ ့ အိမ်ကွင်းပေါ ့နော ….
    :harr:

    • San Hla Gyi

      December 9, 2012 at 6:18 am

      ကိုဆာမိရေ
      လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ ဖတ်ချင်တဲ့လူတွေ ဗုဒ္ဓဝင်ကို ဖတ်ပြီး အပျင်းလဲပြေ ဗဟုသုတလဲရ ရယ်ချင်တဲ့လူလဲ ဖတ်ပြီး ကြိတ်ရယ်နိုင်အောင် ရေးထားပါတယ်။ နောက်ပိုင်းပွဲတွေ ကျနော် အိမ်ကွင်းမှာပဲ အများဆုံးကန်မယ်။ အရမ်းရင်းနှီးတဲ့ အမြဲလာလေ့ရှိသူတွေ ရဲ့ပို့စ်တွေက ချွင်းချက်ပေါ့။ ဒါပေမယ့် ကျနော်အတွက်တော့ တဝက် ချန်ထားတယ်။ သိပ်ပြောချင်တဲ့ပို့စ်ရယ် ကျုပ်မိတ်ဆွေ မိုးပြာဆရာတွေရဲ့ ပို့စ်တွေကတော့ လာချင်ရင် အချိန်မရွေးလာမယ်။ ဘာလို့လဲဆိုတော့ ကျုပ်မိတ်ဆွေ မိုးပြာဆရာတွေက တရားရှာတဲ့ ဒဿနဆရာတွေပဲ။

  • ဦးကြောင်ကြီး

    December 9, 2012 at 1:06 am

    နောင်တများစွာ ရလျက်ရှိသော လူမိုက်ကြီး ဂေဝဇက်ဦးခိုင်သည် သမက်လောင်းကြောင်ကြီး ဂုတ်ခွစီး၍ တောလမ်းတလျောက် အပြင်းခရီးနှင်လာရာ ဝိပဿနာကမ္မဌာန်းရိပ်သာထဲ မဝင်ခင် တံခါးဝအနီး ရေကန်တွင် ကိုယ်လက်သန့်စင်ရန် သူ့ခြေအစုံ မြေကြီးပေါ်အချ….. ဂျိမ်းတုပ်တုပ် ဂျိမ်းတုပ် ဂျိမ်းတုပ်… မဟာပထဝီမြေကြီး ထက်ခြမ်းကွဲလျက် သွက်သွက်ခါ မြည်ဟီးလေသည်….. :baye:
    သွားပေတော့ သဂျီးရေ… တလမ်းလုံး ကျုပ်ဂုတ်သွေးစုတ်ခံ ဆပ်လာရတဲ့ ဝဋ်ကြွေးကြေပြီ။ သမီးဒေါ်ဂလေးကို ကြောင်ကြီးနဲ့ စိတ်ချလက်ချ ထားခဲ့ပါတော့… ဒက်ကလုပ် ဒက်ကလုပ်…။ :harr:

    ကိုစံလှကြီးပြောတဲ့ ဗိမ္မသာရမင်းကြီး စတုမဟာရာဇ်နတ် ဖြစ်တယ်ဆိုတာ အရင်က မသိဘူး။ သာသနာ့သမိုင်းဝင် ဒိတ်ဒိတ်ကြဲ သောတာပန် ဥပသကာဖြစ်ပြီး အောက်နတ်ဘုံမှာပဲ စံရတာ အကြောင်းတခုခု ချို့ယွင်းသွားခဲ့လို့များလား.. အခွင့်ရှိ သိပါရစေ။

    • ဆူး

      December 9, 2012 at 11:22 am

      စတုမဟာရာဇ်နတ်ဖြစ်တဲ့ အကြောင်း ဝင်ဆွေးနွေးရင် ဒီ ပိုစ်က တော်တော် ရှုပ်သွားလိမ့်မယ်။
      စိတ်အကြောင်း အခန်းဆက် အပိုင်းတွေ လာ လိမ့်မယ်။
      သေခါနီး နတ်ပြည် ၆ထပ် လုံးက ရထားတွေ လာ စိုက်ပြီး ဒီ လှည်း ကို တက်ပါ… ဟို လှည်း ကို တက်ပါ လုပ်နေကြတာ.. သူ့ ထက်သူ အပြိုင်အဆိုင် ခေါ်နေပေမဲ့.. အတိတ် ဘဝ ပေါင်းများစွာ ကျင်လည်ခဲ့ဖူးတဲ့ နေရာလည်း ဖြစ်.. မိတ်ဟောင်းဆွေဟောင်းတွေလည်း တွေ့တော့.. ငါ ဒီလှည်း မှာပဲ လိုက်မယ် ဆိုပြီး လိုက်သွားတာ.. အမြင့်ဆုံး ဘုံ ကို ရောက်နိုင်တဲ့ အခွင့်အရေး လက်လွတ်ခဲ့ရတာကတော့.. ခင်မင်တွယ်တာတဲ့ စိတ်အစွဲ တခုကြောင့်လို့ ပြောလို့ ရတာပေါ့ကွယ်။

  • San Hla Gyi

    December 9, 2012 at 6:19 am

    ကိုကြောင်ကြီးရေ
    မေးတဲ့ မေးခွန်းကတော့ တကယ်ကို ကောင်းပါရဲ့ဗျာ။ အမှန်တော့ ဗိမ္မိသာရမင်းကြီးဟာ အထက်နတ်ဘုံတွေမှာ ဖြစ်ဖို့ ကံရှိပြီးသား။ ဒါပေမယ့် သူက အရင်တုန်းက ခုနှစ်ဘဝဆက်တိုက် စတုမဟာရာဇ်နတ်ဘုံမှာ ဖြစ်ခဲ့တော့ အဲဒီနတ်ဘုံကို စွဲလမ်းတဲ့အတွက် သူကိုယ်တိုင် စိတ်ညွှတ်ခဲ့လို့ပဲ။ ထေရဝါဒအရပါ။ ဒုတိယကမ္ဘာစစ်တုန်းက မြန်မာပြည် စစ်မြေပြင်မှာ ကျတဲ့ အင်္ဂလိပ်စစ်သားတွေနဲ့ ဂျပန်စစ်သားတွေ လူဝင်စားဇတ်လမ်းတွေ ကြားဖူးမှာပေါ့။ သူတို့က မြန်မာပြည်မှာ တာဝန်ကျတာ အချိန်ကာလ တခုကြာခဲ့တော့ သံယောဇဉ်ဖြစ်တဲ့ ရေမြေတို့ မိတ်ဆွေတို့ ရှိခဲ့လို့ပဲ။ ခဏလေး စစ်ဆုတ်တုန်းက တာဝန်ကျတဲ့ တရုတ်စစ်သားတွေကျတော့ အဲဒီလို သံယောဇဉ် မရှိလို့ အဲဒီလို ဇတ်လမ်းမျိုး မရှိတာလို့ ပြောကြတယ်ဗျ။ ယုံတာ မယုံတာ အပထား စိတ်ဝင်စားဖို့ ကောင်းလို့ ပြောပြတာပါ။

  • Ba Yint Naung

    December 9, 2012 at 8:57 am

    ကိုSan Hla Gyi ခင်ဗျာ ရေးချင်လွန်းလို့ စာကို တစ်လုံးစီ အကြာကြီး ရိုက်ရပါတယ် ကျွန်တော် ဖတ်နေတာ ပို့စ်တွေကော ကွန်မန့်တွေကော ကြာလှပါပြီ အရမ်းကောင်းပါတယ် သာမန်လူက ဒီကွန်မန့်တွေ ပို့စ်တွေကို ပြန်ရှင်းဖို့ ခက်ပါတယ် အခု ဖတ်ရတာလဲ တန်ပါတယ် ရေးတာကလဲ အရှည်ကြီးပဲ နောက် ရီစရာတွေ ဗဟုသုတတွေ အများကြီးပါ။ ကလောင်စွမ်းအား ထက်သလို ဗဟုသုတ စုံပါတယ်ဗျာ ကွန်မန့်တွေကိုပြန်မရှင်းနိုင်သူတွေကတော့ မုန်းမှာပါ

    • San Hla Gyi

      December 9, 2012 at 1:21 pm

      ကို Ba Yint Naung ရေ
      အမယ်လေး ခင်ဗျား နာမည်ကြီးကလဲ ခေါ်ရတာ လန့်သလိုပဲ။ လူသစ်ဖြစ်လို့ အလည် ရောက်တဲ့အတွက် ဝမ်းသာကျေးဇူးတင်ကြောင်း ပြောပါရစေ။ စာရိုက်ရတာတော့ ဒီလိုပဲ။ ကျနော်လဲ စရေးတုန်းက စာရိုက်ရတာ ဖောင့်စာရွက်ကို ကြည့်ပြီး တလုံးချင်း ရိုက်ရတယ်။ သိပ်ပင်ပန်းတယ်။ နောက်ပြီး မိတ်ဆွေတိုင်းကို ပြန်မဖြေနိုင်ခဲ့ဘူး။ အခုတော့ တော်တော့်ကို မြန်နေပြီလို့တောင် ပြောလို့ရတယ်။ နောက်ပြီး ပြောစရာစကားကလဲ အဆင်သင့် ရှိပြီးသား။ အဲဒါကြောင့် အားလုံးကို ပြန်ဖြေနိုင်တယ်။
      နောက်လဲ ကြုံရင်လာပေါ့ဗျာ။ ဒီလိုပဲ လူတွေကတော့ ပေါ်လိုက် ပျောက်လိုက်နဲ့။

    • kai

      December 9, 2012 at 2:32 pm

      ကိုSan Hla Gyi ခင်ဗျာ .. အဲ.. အဲ.. ကိုဘုရင့်နောင်ခင်ဗျာ..
      ရွာထဲရောက်တာ.. ကြိုဆိုကြောင်းပြောချင်ပါတယ်လို့..

      ပထမဆုံးကော်မန့်မှာ.. မပြောလိုက်ရလို့..
      နောင်ဆိုလည်း.. အခုလို..ရှေ့နောက်၁-၂ရိုက်.. အဲ..အဲ..
      .. တခြားသူပို့စ်တွေမှာလည်း.. ကော်မန့်ချီးမြှင့်ပါဦးလို့.. :kwi:

      • San Hla Gyi

        December 9, 2012 at 3:30 pm

        ခင်ဗျားဘာသာ ခင်ဗျား ပြောချင်ရာပြော ကိုယ့်ဆရာ အဲ သူကြီးရေ။ ခင်ဗျားလဲ သံသယ များနေတယ်ထင်တယ်။ ခင်ဗျား ပြောသလို ခင်ဗျားလဲ အငုံ့စိတ် မယုံကြည်စိတ် သံသယစိတ်တွေ များတယ်ထင်တယ်။ အဲဒီကွန့်မန့်ကို တင်တာ ကျုပ်မဟုတ်ဘူး ကိုယ့်လူရဲ့။ ကျုပ်ဘာသာ ကျုပ်ပဲ သိတယ်။ တင်တဲ့လူက ဘယ်နေရာက တင်မှန်းလဲ ကျုပ်မသိဘူး။ ဒါပေမယ့် ခင်ဗျားကတော့ Admin ဆိုတော့ လူတွေက ခင်ဗျားပြောရင် ယုံနိုင်တာပေါ့။ အရင်တုန်းကလည်း ခင်ဗျားတို့ ကျုပ်ကို ကောင်မလေးတယောက်နဲ့ မှားတာ ကျုပ်သိတယ်။ ဒါပေမယ့် အဲဒီကောင်မလေးက တယောက် ကျုပ်က တယောက ်လုံးဝ မတူဘူးဗျ။ အဲဒီတုန်းကလည်း အဲဒီ ကောင်မလေး စကားစစ်ထိုးနေတာကို ကျုပ်တချိန်လုံး ထိုင်ဖတ်ပြီး ညမှောင်ကြီးထဲမှာ ရယ်နေရတယ်။ အခု သူပျောက်နေတယ်။ ကျုပ်က စကားပစ်တာတောင် မတွေ့တော့ဘူး။ အဲဒါလဲ တကယ်ပြောတာပဲ။
        ခင်ဗျား ဘာသာ ပြောချင်ရာပြော ယုံချင်တဲ့လူက ယုံလိမ့်မယ်။ အဲဒီကွန်မန့်ကို ကျနော် လုံးဝမတင်ဘူး။ တင်တော့လဲ ဘာဖြစ်သေးလဲဗျာ။ ဒါက သူများတွေလဲ လုပ်နေတာပဲ။ ဒါပေမယ့် ကျုပ်သိတယ်။ အဲဒီကွန်မန့်ကို ကျုပ်မတင်ဘူး။
        နောက်ပြီး ခင်ဗျားကို ကျုပ်တခုပြောမယ်။ ခင်ဗျားဟာ အယ်ဒီတာ ဆိုပြီး အရင်ပို့စ်တုန်းကလည်း ကျုပ်ကိုသိတယ် ဆိုတဲ့ သဘောမျိုး လာပြီးပြောတာ ရှိသေးတယ်။ မှတ်မိလား။ မွန်ဂိုပို့စ်တုန်းကလေ။ ကျုပ် စာထဲမှာ ထည့်မရေးတဲ့ ကိုယ်ရေးကိုယ်တာကို ထည့်ပြောတယ်ဆိုတာ ခင်ဗျားတို့ လူယာဉ်ကျေးတွေရဲ့ အလုပ်လား။ စာထဲမှာ ရေးရင်တော့ သရော်လို့လဲ ရတယ် လှောင်လို့လဲရတယ် ဝေဖန်လို့လဲရတယ် ဆရာရဲ့။ ခင်ဗျားပြောတော့ အယ်ဒီတာ ကျင့်ဝတ်ကို စောင့်ထိန်းတယ်ဆို။
        ဒါပေမယ့် ထပ်ပြောမယ်။ အဲဒီကွန်မန့်ကတော့ ကျုပ်မရေးဘူး။ တင်လည်း မတင်ဘူး။

        • San Hla Gyi

          December 9, 2012 at 5:08 pm

          ကဲ သူကြီးရေ ပြောစရာလေး မေ့ကျန်ခဲ့လို့။ ပြတ်အောင် ပြောအုံးမယ်။ အမှားပါရင်လဲ ခွင့်လွှတ်ပါ။ သဂျီးဟာ အယ်ဒီတာဆိုတော့ အယ်ဒီတာ ကျင့်ဝတ်ကို သိတယ် မဟုတ်လား။ ပညာရှိ သတိဖြစ်ခဲ ဖြစ်မှာစိုးလို့ပါ။ ကျနော် လုံးစေ့ပတ်စေ့ ပြန်ပြောရမှာ ရှက်တာရယ် မပြောချင်လို့ရယ် အကြမ်းဖျင်းပြောမယ်။ သူကြီးဟာ ကျနော်ရေးတဲ့ မွန်ဂိုစစ်ပွဲများပို့စ် အပိုင်း ၃ မှာ ကျနော့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ပြောချင်နေတာ သတိထားမိပါတယ်။ ဒီက လူတွေ သိသွားမှာစိုးလို့ စကားအသေးစိတ်ကို မပြောတော့ဘူး။ ဘာစကား ပြောခဲ့သလဲ သူကြီး မေ့နေရင် ကျနော်ရေးတဲ့ မွန်ဂို မြန်မာစစ်ပွဲများပို့စ်မှာ သူကြီး ရေးခဲ့ဖူးတဲ့ ကွန့်မန့်တခုကို သွားပြန်ကြည့်ပါ။ အပိုင်း ၃ ထင်တယ်။ ကျနော် ပြန်မကြည့်တော့ဘူး။ မမှားနိုင်ပါဘူး။
          ကျနော်ရေးတဲ့ စည်းကမ်းချက် ၁၃ ပို့စ်မှာရေးထားသလို ကျနော့်ခံယူချက်က ကျုပ်ရဲ့ စာဖတ်မိတ်ဆွေတွေဟာ ကျုပ်ကို လူချင်း သိစရာ မလိုဘူး။ ကျုပ်ရေးတဲ့ စာတွေဟာ သူတို့အတွက် တစုံတရာရတယ် သူတို့ ကြိုက်တယ်ဆိုရင် လာဖတ်လိမ့်မယ်။ ကျုပ်ကလည်း ဘယ်သူ့ကိုမှ မရေးပြဘူး။ သူတို့နဲ့လည်း မဆိုင်ဘူး။ ကျုပ်လဲ အပြင်မှာ တကယ်ပဲ ဘယ်သူ့ကိုမှ မသိဘူး။ အဲဒီတော့ ဘယ်သူမှလည်း ပြောခွင့် ဝေဖန်ခွင့် မရှိဘူး။ ကျုပ်ရေးတဲ့ စာတွေနဲ့လည်း မဆိုင်ဘူး။ အဲဒါကို သူများ ကိုယ်ရေးကိုယ်တာကို စုံစမ်းပြီး ပြောတယ ်ဆိုတာ မြင့်မြတ်တဲ့ အလုပ်လား ယုတ်နိမ့်တဲ့ အလုပ်လား သဂျီး ဆုံးဖြတ်ပေတော့။ တကယ်တော့ ပါစင်နယ်နဲ့ ပရော်ဖက်ရှင်နယ် အော်ပြီး ရောနေတာ ဘယ်သူလဲ စဉ်းစားပေတော့။
          အဲဒီတုန်းက သူကြီးမသိလို့ သူကြီးပြောတဲ့ ကွန်မန့်အတွက် ကျနော်တော်တော် သူကြီးကိုယ်စား ရှက်ခဲ့ရတယ်။ ကျနော်ဘာသာ တောင်ပုလုမြို့မှာ နေပြီး ပါမောက္ခလုပ်လုပ် နထို့ပလို့မြို့မှာ နေပြီး ကထိကလုပ်လုပ် အဲဒါ သူကြီးနဲ့ ဘာမှ မဆိုင်ဘူး။ ကျုပ်က စာထဲမှာ မရေးရင် မေးခွင့်လဲ မရှိဘူး။ ပညာတတ် လူယာဉ်ကျေး ဆိုတာ ဒါကိုမှ ခေါ်ပါတယ်(repeat ဟီး ဟီး)။ စည်းကမ်းချက် ၁၃ ကနဲ့ ဘယ်သူက ငြိသလဲ စဉ်းစားပါ သူကြီး။
          အခုလဲ သူကြီး လူပုံအလည်မှာ လုပ်တာ ကျနော် တော်တော် ကြောင်သွားတယ်။ ဘာတွေ လာပြောနေတာလဲ သူကြီးမင်းရဲ့။ ကိုမိုးတိမ် ပြောတာ ဟုတ်တယ် သူကြီး။ ကိုကြောင်ကြီးပို့စ်မှာ သူက ကျုပ်တို့ သုံးကိုယ်လဲ မခွဲဘူး လူချင်းလည်း မသိဘူးလို့ ပြောတယ ်မဟုတ်လား။ ကျနော် အာမခံလို့ရရင်တောင် ခံဝံ့တယ်။ သူအမှန်ပြောတာပဲ။
          အခု ကျနော် ပြောတာတွေဟာ ဟုတ် မဟုတ် ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်။ ပြီးတော့ ကျနော် မေတ္တာရပ်ခံပါတယ်။ အခု ပြောတာတွေကို ချေပမယ်ဆိုရင် အားလုံး မေးပြီး ကွန်မန့်ပေးပြီးမှ လာပါလား။ Request လုပ်တာပါ။ Command မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျုပ်မိတ်ဆွေတွေက ဒီပို့စ်နဲ့ ပက်သက်ပြီး ပေးတဲ့ ကွန်မန့်တွေကို ပြန်ပြီး ဖြေချင် ဆွေးနွေးချင်လို့ပါ။ အမှန်တော့ သူကြီးနဲ့ ကျုပ် ကွန်ပလိန်း လုပ်နေရင် တော်ရုံလူက သူကြီးကိုကြောက်လို့ မလာရဲဘူး ဆိုတာ ကျနော်သိတယ်။ သူကြီး ဘာပြောပြော ထောက်ခံရတာလည်း သိပါတယ်။

        • kai

          December 10, 2012 at 1:40 pm

          အဟမ်း..
          ကိုရင်စံလှကြီးရေ..
          တကယ်တော့.. ကျုပ်မှာ.. ဒီဝက်ဘ်ဆိုက်ကို.. လုံခြုံရေးကာကွယ်စောင့်ရှောက်ရသူ.. Admin တယောက်အနေနဲ့ရော.. အယ်ဒီတာတယောက်အနေနဲ့ပါ.. တဦးတယောက်က.. နာမယ်၂ခုနဲ့..အပြန်အလှန်ထောက်ပို့လုပ်ပြီး.. တဦးတယောက်ကိုဦးတည်တိုက်ခိုက်လာရင်.. ထောက်ပြဖွင့်ပြောခွင့်.. Rightsရှိပါတယ်.
          အက်ဒ်မင်အနေနဲ့က.. ဆိုင်ရာသူရဲ့ဘာကွန်ပြူတာအမျိုးအစား..။ ဘာ OS၊ ဘယ်ဘရောက်ဆာသုံးတယ်အထိ.. သိနိုင်တယ်ဆိုတာ.. အက်ဒ်မင်လုပ်ဖူးသူတိုင်းသိပါတယ်..

          ထားပါတော့..
          အခုက.. စည်းကမ်းဖြစ်တဲ့..
          – Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ….
          ကို.. ရှင်းပြလိုရင်းပါ…။
          စည်းကမ်းကြည့်ပြီး.. ကိုရင်က.. ကျုပ်ကို.. Member လို့များ.. ထင်ထင်သွားနေမိတယ်…ထင်ပါတယ်..။
          ကျုပ်က.. ဒီရွာအုပ်ချုပ်ရသူမို့.. ရွာသူားအနေနဲ့.. ကျုပ်ကို ဝေဖန်ခွင့်ပေးတာ.. Rights ရှိနေတာကို.. တခြားသူ(Member)တွေကိုပါဝေဖန်ခွင့်ရှိတယ်ထင်သွားပုံလည်း…ရပါတယ်..။
          မကွဲသေးဘူး… ဒီထက်ရှင်းချင်ရင်.. ကိုရင်ဒီဝက်ဘ်ဆိုက်ထဲ.. သူတပါးကိုရေးတာမှာ.. ပါစင်နယ်ဘယ်လောက်ဆန်သွားတာတွေရှိသလည်း.. တခုချင်းကိုးကားပြရပါလိမ့်မယ်..။
          ဒီဝက်ဘ်ဆိုက်ထဲက.. စာ..စကားတွေကိုးကားပြောမယ်ဆိုရင်.. ဒီရွာထဲက..စာတွေကို.. ကျုပ်ထက်ပိုဖတ်ထားတဲ့သူ.. ဒီရွာထဲ.. ရှိနေဦးမယ်ထင်လို့လား.. ဟင်င်င်…
          တခုချင်းစီ.. တပိုဒ်ချင်း.. ကိုရင်သူများပရိုက်ဗေစီတွေထိခိုက်ထားတာတွေ.. ဆွဲထုတ်ပြရဦးမှာလား….

          အယ်ဒီတာအလုပ်ဆိုတာ…
          အယ်ဒီတာဖြစ်တဲ့ကျုပ်.. လုပ်နေတဲ့အလုပ်ကို ခေါ်ပါတယ်ကိုရင်ရာ..

          အယ်ဒီတာဆိုတာ.. သူ့စာအုပ်..စာစောင်ထဲ..လာရေးသူတွေကို.. ကာကွယ်စောင့်ရှောက်ရပါတယ်..။ စောင့်ရှောက်တယ်ဆိုတာနဲ့.. အဲဒီစာရေးနေသူတွေတဦးချင်းစီအကြောင်း.. မသိရတော့ဘူး..သိခွင့်မရှိတော့ဘူးတော့.. မဟုတ်ပြန်ပေဘူးဗျ…။ ပုံမှန်အားဖြင့်.. စာအုပ်..စာစောင်မှာစာရေးသူ..စာရေးဆရာတွေဟာ..ဆိုင်ရာ.. အယ်ဒီတာကို.. ကိုယ်တိုင်ခံဝန်ချက်ရော.. ကိုယ်ရေးကိုယ်တာတွေရော..ရေးတင်ရတယ်ခင်ဗျ…။ အယ်ဒီတာက.. ဖြတ်တောက်စိစစ်တာလည်း.. လက်ခံရပါတယ်..။

          အယ်ဒီတာဟာ.. ဆိုင်ရာ..စာစောင်ဂျာနယ်..မဂ္ဂဇင်း.. ဝက်ဘ်ဆိုက်ရဲ့.. ကောင်းကျိုးဆိုးမွေကို.. တာဝန်ခံ..တာဝန်ယူရပါတယ်..။
          အယ်ဒီတာအလုပ်ပေါ်မူတည်ပြီး.. အဲဒီ စာစောင်ဂျာနယ်..မဂ္ဂဇင်း.. ဝက်ဘ်ဆိုက်ရဲ့.. အနိမ့်အမြင့်..တည်တန့်မှု.. စတာတွေက..သွားတာပါပဲ..။

          ထပ်ပြောရရင်… ကျုပ်အနေနဲ့က.. ကိုရင့်စာတွေဖတ်နေတဲ့စာဖတ်မိတ်ဆွေ.. တနေရာထဲကနေ.. အလုပ်လုပ်နေရတာလည်း.. မဟုတ်ပေဘူးဗျ..
          ကိုယ်ရင့်စာတွေရဲ့စာဖတ်သူဖြစ်နေသလို..ကိုရင်ဝေဖန်နေတဲ့..တခြားရွာသူားတွေရဲ့စာဖတ်သူလည်းဖြစ်တာမို့.. စာရေးနေသူအားလုံးကို.. သူတို့ဆိုင်ရာအနေအထားအလိုက်.. တပြေးညီဆက်ဆံရတယ်ဗျ..။ ကာကွယ်သမှုလည်းပြုရတယ်..။ တပြိုင်ထဲ.. ဆိုင်ရာအယ်ဒီတာလုပ်နေတဲ့.. စာစောင်ဂျာနယ်..မဂ္ဂဇင်း.. ဝက်ဘ်ဆိုက်ကိုလည်း.. ကာကွယ်သမှုပြုရတယ်..။

          Respect ဆိုတဲ့.. အပြန်အလှန်ထိုက်သင့်တဲ့.. လေးစားသမှုဆိုတာ… ကျုပ်က.. အကြိမ်တရာလောက်ထပ်ခါပြောနေခဲ့တာပါ…
          ကျုပ်ကို Respect မပေးတဲ့သူ… ကျုပ်ကပေးစရာမလိုပေဘူး.. ထိုက်သင့်တဲ့အပြန်အလှန်တုံ့ပြန်မှုလုပ်ပါတယ်..။

          ဒါပေမယ့်.. စိတ်မပူပါနဲ့..
          ကိုရင်စံလှကြီးကို.. တယောက်ယောက်က.. ပါစင်နယ်တိုက်ခိုက်လာတယ်(ယူဆ)ရင်လည်း.. ကျုပ်က.. အကာအကွယ်ပေးမှာပါ..။
          ပရိုက်ဗေစီအချက်အလက်လှမ်းတောင်းလဲ.. မပေးပဲ.. အယ်ဒီတာ့ဘောင်ထဲ.. အက်ဒ်မင်လုပ်ပိုင်ခွင့်ထဲကအပြည့်အကာအကွယ်ပေးမှာပါ..။
          ဒီဝက်ဘ်ဆိုက်စလုပ်တော့.. မြန်မာပြည်မှာ.. စစ်အစိုးရကအုပ်ချုပ်နေဆဲဖြစ်ပြီး.. မြန်မာပြည်ထဲကရေးသူတွေကို.. ဘာညာဥပဒေကြီးတွေနဲ့.. ထောင်ချလို့ရတဲ့အခြေအနေပါ..။
          ဒီလိုအခြေအနေမှာတောင်.. ရွာသူားတွေ..တယောက်မှပြဿနာမရှိ..အေးဆေးဖြတ်လာနိုင်ခဲ့တာကြည့်ရင်.. ကျုပ်ရဲ့.. အယ်ဒီတာ့အကျင့်သိက္ခာ.. ကျင့်ဝတ်ဘယ်လောက်စောင့်ထိန်းခဲ့တယ်.. မှန်းဆသိနိုင်မယ်ထင်ပါတယ်..။

          ဆိုတော့..
          အခုအပေါ်ကကိုရင်ရေးထားတဲ့ ပို့စ်လည်း..
          အချက်အလက်အရ.. ဗုဒ္ဓဘုရားအဆင့်လောက်လှမ်းတို့ထိပြီး.. Satire ရေး.. အတွေးအခေါ်ကလည်း.. ကွန်ဆာဗေးတစ်ဖြစ်လွန်းတယ်ထင်တာမို့.. ပြန်ရေးရှင်းမယ်မဟုတ်ပါ..။
          ဒါပေမယ့်.. ကိုရင်ဒီလိုရေးတာတွေကြိုက်ပါတယ်..
          ကိုရင်နဲ့.. ကိုရင့်လို..ထောက်ပြတတ်သူတွေကြောင့်ပဲ.. ဒီရွာမှာ.. ကျုပ်အနေနဲ့.. စာတွေကိုစိစစ်ဖြတ်တောက်ရမယ့် မော့ဒရိပ်တာတွေလိုတယ်ထင်လာတာမို့.. အခု.. မော့ဒ် ရယောက်ထားပါတယ်..
          မင်န်ဘာ(ရွာသူား)တွေ.. အဆင့်တွေခွဲရမယ်ထင်မိသွားတာမို့.. အဲဒါတွေ.. တိတိကျကျလုပ်လာရပါတယ်..

          ကျေးကျေးတင်ရင်းနဲ့..
          ဒီလောက်ပဲနော.. ဒီနေ့တော့.. :kwi:

        • San Hla Gyi

          December 10, 2012 at 6:20 pm

          အဟမ်း
          သူကြီးရေ ကျုပ်ပြောတာ ယုံချင်ယုံ မယုံချင်နေ ကျုပ်လဲ Admin မလုပ်ဖူးဘူး။ အဲဒီတော့ ခင်ဗျား ပြောတဲ့ နည်းပညာဆိုင်ရာတွေ ကျနော် မသိဘူး။ ဟုတ်ချင်လဲ ဟုတ်လိမ့်မယ်။ ကျုပ်ထပ်ပြောမယ်။ ခင်ဗျား ကွန်ပျူတာအထိ သိနိုင်တယ် ဆိုတာလဲ ဟုတ်လိမ့်မယ်။ “သို့သော် အဲဒီကွန်မန့်ကို ကျုပ် နောက် အကောင့်တခု ဖွင့်ပြီး ရေးတာတော့ လုံးဝ မဟုတ်ဘူး။ ကျုပ်လုပ်ရင် ကျုပ်သိတယ် သူကြီးရဲ့။ ကျုပ်ရေးတဲ့ နာမည်ကလဲ ဒီတခုတည်းပဲ။ ကျုပ် Login in ဝင်ရင်လဲ ဒီနာမည်နဲ့ပဲ ဝင်တယ်။ အဲဒီတော့ အဲဒီကွန်မန့်ကို ရိုက်ပြီး တင်လိုက်တာ ကျုပ်လုံးဝ မဟုတ်ဖူး။ ဒါတော့ သေချာတယ်။ နောက်ပြီး အဲဒီတင်တဲ့ လူက ဘယ်နေရာမှာ နေတယ် ဘယ်နေရာကနေပြီး တင်လိုက်တယ် ဆိုတာလဲ ကျုပ်မသိဘူး။” သူကြီး သိရင်လဲ သူ့အကြောင်း မပြောပြနဲ့ ကျနော် သူများ မရေးတဲ့အကြောင်းကို မသိချင်ဘူး။ ဒါတော့ ကျုပ်အမှန်ပြောတာပဲ။ ခင်ဗျား နည်းပညာကို မသိဘူး။ ကျုပ်ကွင်းခတ်ထားတဲ့ စကားတွေဟာ အမှန် သူကြီး။
          တကယ်လို့ တင်တယ်ပဲ ထားပါအုံး ဒါက ဘာဖြစ်လဲဗျာ။ တချို့လဲ ရေးနေကြတာပဲ။ ဒါပေမယ့် သူကြီး ကျုပ်ထပ်ပြောမယ်။ အပေါ်က ကွင်းခတ်တာတွေက အမှန်ပဲ။ ကျုပ် နောက်အကောင့် တခုနဲ့ Login လုပ်ပြီး ရေးတာမဟုတ်ဖူး။ သူများ အကောင့်ပဲ။
          ခင်ဗျား တခုချင်း ကိုးကားသလို ကျုပ်လဲ မြင်လိုက်တာတွေ ရှိတယ် သူကြီး။ ဒါပေမယ့် နာမည် တပ်မထားဘူး။ ဒါကြောင့် ကျုပ် မသိချင်ယောင် ဆောင်တာတွေလဲ ရှိတယ်။ သူများတွေလဲ ဒီလိုပဲ နာမည် မတပ်ပဲ ရေးထားတဲ့စာကို ကြည့်ပြီး ဝေဖန်တာရှိတယ်။
          မဟုတ်ဖူး သူကြီး စည်းကမ်းချက် ၁၃ ကိုပြောတဲ့ နေရာမှာ ခင်ဗျားဟာ အယ်ဒီတာ ဖြစ်လို့ စာရေးတဲ့သူရဲ့ အချက်အလက်တွေကို သိခွင့်မရှိဘူးလို့ မပြောသေးဘူး။ ခင်ဗျားပြောတဲ့ အယ်ဒီတာကို ကိုယ်ရေးအချက်အလက်တွေ ပေးတင်ရတယ် ဆိုတာက ပုံနှိပ်ထုတ်ဝေတဲ့ မဂ္ဂဇင်းတွေလေဗျာ။ အဲဒီမှာ စာမူပို့သူက လူကိုယ်တိုင် လာရတယ်လေ။ ခင်ဗျားဟာက အွန်လိုင်းမှာ ရေးတာမဟုတ်လား။ ထားပါတော့။ ခင်ဗျား သိတယ်ပဲ ထားလိုက်ပါ။ ခင်ဗျား သိထားလဲ အဲဒီအချက်အလက်ကို အွန်လိုင်းက ရေးတဲ့နေရာမှာ ခြိမ်းခြောက်တဲ့ သဘောမျိုး ထည့်ရေးခွင့် မရှိဘူး။ ဘာလို့လဲဆိုတော့ ကာယကံရှင်က မရေးခဲ့လို့။ ကျုပ်မသိဘူး ထင်သလား သူကြီး။ ခင်ဗျား ကျုပ်ရေးတဲ့ မွန်ဂိုစစ်ပွဲတုန်းက ဘာပြောခဲ့သလဲ သိလား။ ကျုပ်ကပြောရင် ရှက်လို့။ “ကိုရင်ဘာသာ ကိုရင်…….မှာပါမောက္ခလုပ်လဲ US မှာ ပညာလာသင်လို့ မရဘူး မထင်နဲ့” ဆိုတဲ့ သဘောမျိုး ရေးခဲ့တာလေ။ အဲဒီနောက်ပိုင်းမှာ ခင်ဗျား ပြောလိုက်တဲ့ အဲဒီစကားလေးကိုပဲ အခြေခံပြီး ရေးတဲ့စာတွေတောင် ထွက်လာသေးတယ်။ အဲဒါကို ပြောတာ သူကြီး။ အဲဒါက သူများ မပြောတဲ့ ကိုယ်ရေးကိုယ်တာ စာနဲ့ မဆိုင်တဲ့ ကိုယ်ရေးကိုယ်တာကို မှတ်ချက်ပေးတာ သူကြီး။ အဲဒါ စည်းကမ်းနဲ့ကို တည့်တည့်ငြိတာ။
          အမယ်လေး ကျုပ်က သူများကို ရေးရာမှာ ပါစင်နယ် ဆန်တယ်လို့ ခင်ဗျားတို့ ပြောရင် ကျုပ်ကလဲ ပြောစရာတွေ တပုံကြီးပါဗျာ။ တခုချင်း ပြန်ရှာနေရအုံးမယ်။ နောက်တော့ ဆက်ကြတာပေါ့။ သူများ privacy ဆိုတာ သူများ မရေးရင် ကျုပ်က ဘယ်သူ့ကိုမှ စုံစမ်းပြီး မသိနိုင်ဘူး သူကြီး။ ရေးလိုက်ရင်လဲ အဲဒါ privacy မဟုတ်တော့ဘူး။ ထူးဆန်းတာက မရေးတဲ့ privacy ကိုထည့်ပြောတာမှ ထူးဆန်းတာ သူကြီး။
          Satire ကိစ္စကတော့ ကျုပ်အောက်မှာ ဆက်ပြောမယ် သူကြီး။ ဗုဒ္ဓဘုရားလောက် လှမ်းတို့ထိပြီး ရေးတယ်လို့ တံဆိပ်မကပ်နဲ့ သူကြီး။ ကျုပ်က ဗုဒ္ဓကို သုံးတဲ့နေရာမှာ စော်ကားတဲ့ စကားလုံး မပါပဲ တတ်နိုင်သမျှ ကြည်ညိုဖွယ် ဖြစ်အောင် ရေးသွားတာ။ ကိုယ့်လူ ရေးတဲ့ စကားလုံး ကိုယ့်လူသိမှာပေါ့။ ခင်ဗျားကို ကြောက်လို့ မပြောဝံ့တာ ခင်ဗျားနေရာမှာ သူများဆိုရင် သေပြီပဲ။ အတွေးအခေါ် မတူတာကတော့ ခင်ဗျားနဲ့ ကျုပ်အတွေးအခေါ်မှ မတူပဲကိုးဗျ။
          နောက်ပြီး သူကြီး ခင်ဗျားနဲ့ ကျုပ် ဒီကိစ္စကို နောက်မှ ပြောမယ်ဆိုပြီး သူများတွေ ကွန်မန့်ပေးတာ ပြီးအောင် ခဏစောင့်ပါ ဆိုပြီး request လုပ်တာ မရဘူးလား။ အဲဒီကတည်းက ခင်ဗျားက ကဲကဲဆတ် ဖြစ်နေတာ။ မကျေနပ်ရင် ခင်ဗျားလဲ ကျုပ်ကို ဆောင်းပါးပြန်ရေးပေါ့။ ဘယ်လိုဖြစ်လို့ request လုပ်တာတောင် မရတာလဲ။
          ကျေးကျေး တင်ပါတယ်နော်။ အရမ်းကို တင်ပါတယ်။

      • Mobile

        December 9, 2012 at 10:16 pm

        Ba Yint Naung says:
        ကို San Hla Gyi ခင်ဗျာ ရေးချင်လွန်းလို့ စာကို တစ်လုံးစီ အကြာကြီး ရိုက်ရပါတယ် ကျွန်တော် ဖတ်နေတာ ပို့စ်တွေကော ကွန်မန့်တွေကော ကြာလှပါပြီ အရမ်းကောင်းပါတယ် သာမန်လူက ဒီကွန်မန့်တွေ ပို့စ်တွေကို ပြန်ရှင်းဖို့ ခက်ပါတယ် အခု ဖတ်ရတာလဲ တန်ပါတယ် ရေးတာကလဲ အရှည်ကြီးပဲ နောက် ရီစရာတွေ ဗဟုသုတတွေ အများကြီးပါ။ ကလောင်စွမ်းအား ထက်သလို ဗဟုသုတ စုံပါတယ်ဗျာ ကွန်မန့်တွေကိုပြန်မရှင်းနိုင်သူတွေကတော့ မုန်းမှာပါ
        ——————————————————————————
        San Hla Gyi says:
        ကို Ba Yint Naung ရေ
        အမယ်လေး ခင်ဗျား နာမည်ကြီးကလဲ ခေါ်ရတာ လန့်သလိုပဲ။ လူသစ်ဖြစ်လို့ အလည် ရောက်တဲ့အတွက် ဝမ်းသာကျေးဇူးတင်ကြောင်း ပြောပါရစေ။ စာရိုက်ရတာတော့ ဒီလိုပဲ။ ကျနော်လဲ စရေးတုန်းက စာရိုက်ရတာ ဖောင့်စာရွက်ကို ကြည့်ပြီး တလုံးချင်း ရိုက်ရတယ်။ သိပ်ပင်ပန်းတယ်။ နောက်ပြီး မိတ်ဆွေတိုင်းကို ပြန်မဖြေနိုင်ခဲ့ဘူး။ အခုတော့ တော်တော့်ကို မြန်နေပြီလို့တောင် ပြောလို့ရတယ်။ နောက်ပြီး ပြောစရာစကားကလဲ အဆင်သင့် ရှိပြီးသား။ အဲဒါကြောင့် အားလုံးကို ပြန်ဖြေနိုင်တယ်။
        နောက်လဲ ကြုံရင်လာပေါ့ဗျာ။ ဒီလိုပဲ လူတွေကတော့ ပေါ်လိုက် ပျောက်လိုက်နဲ့။
        ———————————————————
        ဝင်ပြီး ကမြင်းကြည့်လိုက်ပါ့ဦးမယ်
        ြ = ရိုက်တာလက်ရာ တူညီကြောင်း
        ြ = ရိုက်ထားတဲ့ လက်ရာတူညီကြောင်း
        ှရိုက်= ရိုက်ထားသည်များ တူညီကြောင်း
        ကွန်မန်းနှစ်ခု၏ ရေးသားထားသော စာသားများကို တဖြည်းဖြည်း ဖတ်ရှု့ကြည့်ခြင်းအား
        ဖြင့်၎င်း ————–။
        တိုက်ဆိုင်မှု ဟုယူဆသည်—————————
        ပုံ / ငံပြာရည်ပုလင် Mobile

        • San Hla Gyi

          December 10, 2012 at 6:24 pm

          ကို Mobile ရေ
          ကျုပ်အပေါ်မှာ ပြောပြီးလို့ ပြန်မပြောတော့ဘူး။ ခင်ဗျား ပြောသလို ထူးဆန်းတဲ့ တိုက်ဆိုင်မှု ဖြစ်လိမ့်မယ်။ ကျုပ် သဂျီးကို ပြောတဲ့ ကွင်းခတ်ထားတာတွေက အမှန်ပဲ။ ကျနော် ရှင်းမပြတတ်ဘူး။ ဒါပေမယ့် အဲဒါကတော့ အမှန်ပဲ။

      • weiwei

        December 10, 2012 at 6:27 pm

        သိချင်တာလေးတစ်ခုရှိလို့ ဒီပို့စ်ကနေပဲ သူကြီးကို မေးချင်တယ် ..
        ကျွန်မသုံးနေတဲ့ အင်တာနက်လိုင်းက red link ပါ … အိမ်ယာကော်မတီက အားလုံးသုံးဖို့ စီစဉ်ပေးထားတာမို့လို့ အိမ်ခန်းပေါင်း ၅ဝ လောက်က ဝိုင်းသုံးပါတယ် .. အဲဒါဆိုရင် IP တူနေမလား?? ရုံးမှာဆိုရင် ကွန်ပျူတာအာလုံးအတူတူ … OS လဲ အတူတူ ..
        အဲဒီလို အခြေအနေမှာ တော်တော်များများက ဂဇက်ကိုသုံးမယ်ဆိုရင် တစ်ယောက်ထဲနဲ့ ကိုယ်ခွဲတွေ အများကြီးလိုများ ဖြစ်နေမလားလို့ …

        • Mလုလင်

          December 10, 2012 at 8:39 pm

          ဖြစ်နေတာ ပေါ့ … တီတီ ရေ .. .. . . …..

        • San Hla Gyi

          December 10, 2012 at 9:19 pm

          မ wei wei နဲ့ ကို M လုလင်ရေ
          အဲလို မေးခွန်းတွေတော့ ခင်ဗျားတို့ပဲ မေးပါ။ ကျနော် အဲဒါတွေ နားမလည်ဘူး။ ကွန်ပြူတာကို ကောက်သုံးလိုက်တာပဲ ရှိတယ်။ ကျုပ် သုံးနေတဲ့ အင်တာနက် လိုင်းကို ကျုပ်ဘာ link မှန်းမသိဘူး။ စိတ်မဝင်စားတာလဲ ပါတယ်။ နောက်နေ့မှ သူမျာတွေကို လိုက်မေးအုံးမယ်။
          တခုတော့ ပြောအုံးမယ်။ မယုံတာတော့ မတတ်နိုင်ဘူး။ အဲဒီကွန်မန့်ကတော့ ကျနော်က နောက်အကောင့် အသစ်နဲ့ ဝင်ပြီးတင်တာ မဟုတ်ပါဘူး။ ကျုပ်လုပ်ရင် ကျုပ်သိပါတယ်။ ဘယ်နေရာက တင်လိုက်မှန်းကို မသိဘူး။

        • kai

          December 11, 2012 at 2:22 am

          http://www.jafsoft.com/searchengines/log_sample.html
          အဲဒီမှာ ဆာဗာရဲ့ လော့ဂ်မှတ်တမ်းအကြောင်းနည်းနည်းရေးပြထားတယ်..။ ဆာဗာက.. ဝင်လာသူရဲ့အကြောင်း.. တော်တော်လေး(တော်တော်လေး) သိအောင်လုပ်ယူလို့ရပါတယ်..။
          အပေါ်ကအခြေအနေနဲ့.. ဂဇက်ကိုသုံးမယ်ဆိုရင် တစ်ယောက်ထဲနဲ့ ကိုယ်ခွဲတွေ အများကြီးလိုမဖြစ်ပါဘူး..
          ဆိုင်ရာအိုင်ပီလိပ်စာတူပေမယ့်.. လာတဲ့နေရာ(Referrer URL) .. အချိန်.. သွားတဲ့နေရာတွေမှမတူတာပဲ..
          ===
          ဗဟုသုတရအောင်ပါ…။
          ဥပမာဆိုပါတော့..
          FBI အဆင့်..
          အင်း..
          အလယ်တန်းဟက်ကာလောက်ဆိုရင်.. red link ရဲ့ဆာဗာထဲဝင်ပြီး.. ဘယ်ရုံးကိုဘယ်လိုကယ်အိုင်ပီလိပ်စာ ပေးထားသလည်း ဖတ်လို့ရပါတယ်..။ အဲဒီကတဆင့်.. အဲဒီရုံးက.. DHCP Server မှာ.. ဘယ်ကွန်ပျူတာ(MAC Address)ကို.. ဘယ် Dynamic IP လိပ်စာပေးထားသလည်း ထပ်ဖတ်နိုင်ပါတယ်..။ အဲဒီကနေ.. ဘယ်ကွန်ပျူတာကနေ ဘာလုပ်သလည်း အကုန်သိနိုင်တာမျိုးပါ..။

          ဒီအတိုင်းစနစ်တကျလိုက်ရင်.. ဘယ်လိုပရော့စီသုံးသုံး.. MAC Address ဘယ်လိုပြောင်းပြောင်း.. မလွတ်ပါဘူး..။
          ==
          စကားအတင်းစပ်…
          ကိုရင်ဘုရင့်နောင်နဲ့..ကိုရင်စံလှကြီး.. တယောက်ထဲပါလို့.. ကျုပ်မပြောမိပါလားဗျာ..။
          အော်.. ဘာတဲ့..
          အနုပညာ… :kwi:

        • San Hla Gyi

          December 11, 2012 at 5:16 am

          သူကြီး ခင်ဗျားဘာသာ ခင်ဗျား စကားပဲ အတင်းစပ်စပ် မစပ်စပ် ခင်ဗျားပြောတာက အဲဒီသဘောပဲလေဗျာ။ တကယ်တော့ နှစ်ကိုယ်ခွဲလဲ ဘာဖြစ်သေးလဲ။ လူတယောက်က နှစ်ကိုယ်ခွဲပြီး ရေးဟန်ကလည်း ခေတ်စားတာပဲ။ ဒါပေမယ့် ကျနော် သေချာသိတယ်။ အဲဒီကွန်မန့်ဟာ ကျုပ်ဘာသာကျုပ် နောက်အကောင့်နဲ့ Login ဝင်ပြီး ရေးတာမဟုတ်ဘူး။ ခင်ဗျား နည်းပညာတွေတော့ မသိဘူး။ ခင်ဗျား ပြောသလို ဖြစ်တယ်ပဲ ထားလိုက်ပါတော့။ အဲဒါကရော ဘယ်လောက်ကြီးတဲ့ အပြစ်လဲ။ တကယ်တော့ အဲဒီလိုတော့ လုံးဝမဟုတ်ဘူး။
          ခင်ဗျား ရန်လာမဖြစ်ပါနဲ့အုံး။ ကျနော် ကိုကြောင်ဝတုတ်ကို ပြောတဲ့ကွန်မန့်ကို ဖတ်ပြီး ခဏနေပါအုံး။ နောက်မှ ပြောစရာ ရှိရင်လည်း ပြောကြတာပေါ့။
          ခင်ဗျား ပြောသလို ဖြစ်လည်း ဘာအပြစ်လည်းဗျာ။ ပို့စ်ကို ဘာထိခိုက်လို့လဲ။ တကယ်တော့ ကျုပ်သိပါတယ်။ ခင်ဗျား ပြောသလို လုံးလုံးမဟုတ်ဘူး။

        • ဆူး

          December 11, 2012 at 9:31 am

          ကွန်ပြူတာ အပိုင်း အိုင်ပီ ကိစ္စ နဲ့ပတ်သတ်လို့ သိပ်တော့ မသိဘူး..
          ဒါပေမဲ့ စာရေးဆရာ အပိုင်းနဲ့ ကြည့်မယ် ဆိုရင် စာရေး ဆရာတွေမှာ ကလောင် နာမည် ၁ခုတည်း ရှိတဲ့ စာရေး ဆရာတွေ ရှိသလို ကလောင် ၁ခု ထက်မက များပြားတဲ့ စာရေးဆရာတွေ ရှိနေတာ.. ခေတ်အဆက်ဆက်မို့.. ကိုယ်ခွဲတိုင်း ပြောရမယ် ဆိုရင်.. ဆရာ့ ဆရာကြီးတွေ အထိ တိုင်ပတ် သွားအုန်းမယ်။

          အရင်ကတည်းက ရန်ဖြစ်ပြီး စကားများပေမဲ့ စိတ်ထဲမှာတော့ ခင်မင်လေးစား အထင်ကြီးတဲ့ စိတ် အပြည့်ပါပဲ.. (ပုဂ္ဂိုလ်ရေးရာ အပိုင်း)

          ဒီ ကိစ္စ ဟုတ်သော်ရှိ မဟုတ်သော်ရှိ.. တခါမှ ဂေဇက် ဖတ်ဖူးတဲ့ ရာဇဝင်မှာ သဂျီး နဲ့ ပတ်သတ်ပြီး ဒါမျိုး မမြင်ဖူးတော့ စိတ်ထဲမှာတော့ တမျိုးကြီးပဲ..

        • surmi

          December 11, 2012 at 10:54 am

          ကျနော ့မှာလည်း အများကြီးပဲ
          ဟိုတစ်လောက မန်ဘာအဟောင်းတွေဈေးကောင်းပေးဝယ်ထားတာ
          ပြန်အပ်ပေးရမလားခင်ဗျ ။ ပြန်အပ်ရမယ်ဆိုရင် နံမည်တွေ မေး နဲ ့
          ပို ့ပေးပါ ့မယ်ခင်ဗျ ။
          ကျနော်ကတော ့လက်ရှိအကောင် ့ကိုပဲ သုံးမှာပါခင်ဗျ
          (ပွိုင် ့တွေနှမျောလို ့)
          :harr: :hee:

        • San Hla Gyi

          December 11, 2012 at 9:10 pm

          ဟုတ်တယ် ဆူးရေ
          စာရေးဆရာမှာ ကလောင် နာမည်အမျိုးမျိုးရှိတာ ခေတ်အဆက်ဆက်ပါပဲ။ ယုံချင်မှယုံ မယုံလည်း ဘာမှမဖြစ်ပါဘူး။ ဒီမှာ ကျနော်ရေးရင်တော့ ကလောင်နာမည် တခုကိုပဲ ကိုင်ရေးတယ်။ တိုက်ဆိုင်လို့ ထည့်ပြောမယ်။ ဟိုတုန်းကလည်း ကျုပ်ကို မသဲနှင်းအိမ်ဆိုတဲ့ မိန်းကလေး တယောက်နဲ့ မှားပြီး အဲဒါ ကျုပ်ကလောင်ခွဲလို့ ထင်တာရှိသေးတယ်။ ကျုပ်ကိုယ် ကျုပ်သိပါတယ်။ မဟုတ်ပါဘူး။ အဲဒီ မိန်းကလေးကို ကျုပ်စသိတာက ကျနော်ရေးတဲ့ အလောင်းမင်းတရားကြီးအကြောင်း ပို့စ်မှာပါ။ အဲဒီမှာ မိုက်ကယ်ဂျော်နီအောင်ဘုက ကျုပ်ပို့စ်မှာ ဝင်ဆဲတယ်။ ကျုပ်ကလဲ ပြန်ပြောပါတယ်။ အဲဒီတုန်းက စရေးခါစမို့ နောက်တနေ့ မနက်အထိ ဒေါသမပြေသေးလို့ မိုက်ကယ်ဂျော်နီအောင်ဘုကို ပြန်ဆဲမယ် ဆိုပြီး တခေါက်ပြန်ဖတ်တော့ အဲဒီ ကောင်မလေးက ကျုပ်တောင် မသိလိုက်ပဲ မိုက်ကယ်ဂျော်နီအောင်ဘုကို “ဘိုမကျ ခွေးမကျ နာမည်နဲ့ ကိုအောင်ဘု ခွေးလိုအော်မနေနဲ့” ဆိုပြီး ပြောသွားတာတွေ့တယ်။ အမှန်ကို ပြောရဲတဲ့ ကောင်မလေးပဲလို့ ထင်တယ်။ နောက်ပြီး ကိုအောင်ဘုကို အရှက်မရှိတဲ့လူ ဆိုတဲ့ သဘောမျိုးလဲ ကဲ့ရဲ့သွားတာတွေ့တယ်။ ကျနော် တမနက်လုံး အဲဒီကွန်မန့်ကလေးတွေ ဖတ်ပြီး တော်တော်လေး ပီတိဖြစ်တယ်။ ဘာလို့လည်းဆိုတော့ ကျုပ်တောင် မသိလိုက်ပဲ အပြင်လူ တယောက်က ကိုယ်စားပြောပေးသွားလို့ပဲ။ တကယ်ပဲ စိတ်ထဲမှာ အပြင်မှာသာ ဆိုရင် ငါ့နှမလေးသာ ဖြစ်လိုက်ပါတော့လို့တောင် ထင်တယ်။
          ခက်တာက သူက လုံးဝမရေးတော့ဘူး။ ကျနော်က အပြင်မှာ အဆက်အသွယ်လုပ်ပြီး ရေးခိုင်းလို့ ရရင်တောင် ရေးခိုင်းချင်တယ်။ အဲဒီလိုမှ လုပ်လို့မရပဲ။ ရေးရင် ကျုပ်ကိုယ်တိုင် သွားအားပေးမယ်လို့တောင် စဉ်းစားထားတယ်။ လာမယ်တော့ မထင်ပါဘူး။ အမှန်တော့ အရမ်း လာရေးစေချင်တယ်။
          ဆူးရေ ကျုပ်လဲ အိုင်တီကိစ္စ မသိဘူး။ ဘာပရော့စီမှလည်း မသုံးပါဘူး။ အဲဒါ သဂျီးရဲ့ စက်ကြီးက ကျုပ်လို့ ပြတယ်ဆိုရင်တော့ သေချာတယ်။ သူ့စက်က အစုတ်ပလုတ်ကြီး။ မြောင်းထဲကို လွှင့်ပစ်ရမယ့် ဟာကြီး။
          ဟုတ်လိမ့်မယ် ဆူး။ ဆူးကတော့ တော်တော့်ကို ကြာနေပါပြီ။ အဲဒီလူပုံစံ ကြည့်ရတာ ဟိုဒင်းကို ကင်းမြီးကောက် ကိုက်လိုက်သလို တမျိုးကြီး ဖြစ်နေသလိုပဲ။
          နောက်ပြီး တချို့တွေ အဲဒီလို နာမည်နှစ်ခုခွဲတယ်လို့ အစွပ်စွဲ ခံရပြီးရင် ငိုကြီးချက်မနဲ့ နောက်မလာတော့ပဲ ပျောက်ကုန်တာ ဆူး သတိထားမိလား။ ကျုပ်က အဲဒီလို လူမျိုး မဟုတ်ဘူး။ ကျုပ်လဲ နောက်အကောင့်တခုနဲ့ ဝင်ပြီးလုပ်တာလဲ မဟုတ်ဘူး။ စာကတော့ ဒီဖောင့်ကို ရိုက်တာပဲ။ တူချင်လဲ တူမှာပေါ့။ သေသေချာချာတော့ မသိဘူး။ သေသေချာချာ သိတာက ကျုပ်အဲဒီကွန်မန့်ကို နှစ်ကိုယ်ခွဲပြီး တင်တာ မဟုတ်ဘူး။ သူ့စက်က ပြောတယ်ဆိုရင် သူ့စက်က အစုတ်ကြီးမို့လို့ပါ။

  • မင်းနန္ဓာ

    December 9, 2012 at 10:59 am

    အဟိ.. ေွိ ေွိ.. (ကြိတ်ရယ်သံ)
    မေးခွန်း= အောက်ပါကွက်လပ်များကို ဖြည့်ပါ။
    ဇာတ်ပေါင်းသော် ၂၁ ရာစုတွင် ရှင်ဒေဝဒတ်သည် …… ဖြစ်လာပြီး
    အဇာတသတ်မင်းသည်……. ဖြစ်လာလေသည်။
    ..
    ကွန်မင့်လေးတွေ စောင့်ဖတ်ပါဦးမည်။

    • San Hla Gyi

      December 9, 2012 at 1:34 pm

      ကိုရွာစားကျော် (ဝါ) ကို မင်းနန္ဓာရေ
      အမြဲတမ်း လာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုရွာစားကျော်ရဲ့ ကွန်မန့်က ဇတ်တော်ပေါင်းတဲ့ ကွက်လပ်ကလေးတွေကိုတော့ ကျနော် မဖြည့်တော့ပါဘူး။ ရယ်တော့ ရယ်ရမှာပဲလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်က ရယ်စရာရေးရင် ကျနော်ကိုယ်တိုင် ရယ်ချင်တဲ့ ပြက်လုံးမျိုးတွေးပြီး ရေးတတ်လို့ပါ။ ဒီတော့ ကိုရွာစားကျော် စိတ်ကြိုက်သာ ဇတ်ကိုပေါင်းလိုက်ပါ။ မှန်ပါလိမ့်မယ်။
      ကျနော် ရယ်စရာအနေနဲ့ ရေးတာတွေကို အများစုကို ကွင်းခတ်ထားပါတယ်။ ရယ်စရာလို့သာ ပြောတာ အဲဒီအချက်တွေဟာ စာအုပ်ထဲမှာ မပါပေမယ့် တကယ် အဲဒီလို ဖြစ်ခဲ့မယ်လို့ ကျနော် ထင်ပါတယ်။ ကျန်တာတွေကတော့ ဗုဒ္ဓဝင်နဲ့ ဆရာတော်ကြီးတွေရဲ့ စာအုပ်တွေထဲက ကောက်နုတ်ချက်တွေပါ။ အဓိပ္ပါယ်ကို မထိခိုက်စေပဲ ရှေးသုံး ပေါရာဏစကားလုံး အချို့ကို ကျနော် စကားပြေ ပြန်ပြင်ထားပါတယ်။
      တကယ်တော့ ရှင်ဒေဝဒတ်နဲ့ အဇာတသတ်မင်းကြီးတို့ ဆရာတပည့် နှစ်ယောက်စလုံးက အခုငရဲမှာပါ။ ရှင်ဒေဝဒတ်က မဟာအဝီစိငရဲမှာ ဖြစ်ပြီး အဇာတသတ်က လောဟကု မ္ဘီလို့ ခေါ်တဲ့ ကြေးနီအိုး ငရဲမှာလို့ သိရပါတယ်။ နှစ်ယောက်စလုံးက ပါရမီတော့ ပါရမီရှင်တွေလို့ ဆိုပါတယ်။ လမ်းမှားကို လျှောက်ခဲ့တာက လွဲရင်ပေါ့။ နှစ်ယောက်စလုံးက ငရဲက လွတ်ရင် ပစ္စေကဗုဒ္ဓါ ဖြစ်မယ်လို့ ဆိုပါတယ်။ ထေရဝါဒ အရပါ။

  • Mobile

    December 9, 2012 at 11:09 am

    သူ၏ ခြေများ မြေကြီးပေါ် ချလိုက်သည် ဆိုသည်နှင့်ပင်………………………………။
    အဲ့ဒါရဲ့နောက်ဆက်တွဲကဒီလိုဗျ ဒေဝဒတ် ဟာမြေလျှိုးလို့ မိုးပျံနိုင်တဲ့ အစွမ်းရှိသူပါ
    ဒါကြောင့် ဘုရားရှင်ကိုလဲ မဖူးတွေ့ရတော့ဘူးဆိုတာနဲ့ သူတပည့်တွေရှေ့မှာရှက်ပြီး
    မြေလျှိုးသွားတာ။ မြေလျှိုးသွားရင်က ငရဲ့ပြည်မှာ အိမ်ထောင်ကျ နေလေသတဲ့။

    • San Hla Gyi

      December 9, 2012 at 1:57 pm

      ကို Mobile ရေ
      လာရောက်လို့ ကျေးဇူးပါ။ ကျနော် ရေးခဲ့သလိုပဲ ရှင်ဒေဝဒတ်ဟာ ဇေတဝန်ကျောင်းတော်ရှေ့မှာ မြေမျိုခံရပါတယ်။ မြေမျိုတယ် ဆိုပေမယ့် ဖတ်ဖူးသလောက် အများထင်သလို ချက်ချင်း မြေထဲကို ဝင်သွားတာမျိုး မဟုတ်ပါဘူးတဲ့။ ကျနော်လဲ ကိုယ်တွေ့ မမြင်ဖူးပါဘူး။ ဒါပေမယ့် ရှေးဆရာတော်ကြီးတွေနဲ့ လူကြီးတွေ ရေးထားတဲ့ စာထဲမှာ ပါတဲ့အတိုင်းပေါ့။ ကိုယ်တွေ့ မဟုတ်လို့ မယုံနိုင်ဘူး ဆိုသူတွေလဲ စမ်းကြည့်ချင်ရင်တော့ သဘောပေါ့။ ကျုပ်တို့တော့ မလုပ်ဝံ့ပါဘူး။ ဒီတော့ ကိုယ်တိုင် စမ်းကြည့်လို့(ဆိုလိုတာက မြေမျိုနိုင်တဲ့ ကိစ္စတွေကို လုပ်ကြည့်ပြီး) ဖြစ်လာရင်လဲ ကျန်တဲ့သူတွေ ဗဟုသုတ ရတာပေါ့။ ဟီး အလကားနောက်ထှာ။
      ရှင်ဒေဝဒတ်ဟာ မြေမျိုတော့ ပထမဆုံး ခြေမျက်စိ နောက်ကနေ ခြေဖမိုး နောက် ခြေသလုံး ဒူးခေါင်း ပေါင် ခါး အဲဒီကနေ ရင်ဝ နောက်ပြီး လည်ပင်း တဆင့်ချင်း မျိုတာပါ။ ရက်အတော်ကြာတယ်လို့ သိရပါတယ်။ နောက်ဆုံး မေးစေ့လောက်ပဲ ကျန်တော့တဲ့ အချိန်မှာ “သေချိန်နီးကပ် ကျွန်ုပ် ဒေဝဒတ်သည် ဤအရိုးတို့ဖြင့်လည်းကောင်း ကျန်ရှိနေသေးသော အသက်တို့ဖြင့်လည်းကောင်း လောကသုံးပါးဝယ် အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူသော မြတ်စွာဘုရားရှင်ကို ရှိခိုးပါ၏” ဆိုပြီး ရှိခိုးရှာပါတယ်တဲ့။ ဇေတဝန်ကျောင်းတော်ကို ကြည့်ပြီးပေါ့။ လက်တွေကလည်း မြေထဲဝင်သွားရှာပြီ။ ပါးစပ်နဲ့ပဲ ရှိခိုးနိုင်တော့တယ်။ နှောင်းနောင်တပေါ့။ အဲဒီကုသိုလ်လေးကြောင့်ပဲ ငရဲက လွတ်လာပြီးနောက်မှာ ပစ္စေကဗုဒ္ဓါ ဖြစ်မယ်လို့ ဆိုပါတယ်။ ဒါလဲ ထေရဝါဒအရပါ။
      မြတ်စွာဘုရားရှင်လဲ ဒါကိုသိလို့ သူ့ကို ရဟန်းပြုခွင့် ပေးခဲ့တာပါတဲ့။ လူဘဝနဲ့ သူဒါမျိုးလုပ်ရင် ဒီကုသိုလ်လေးတောင် မရမှာ စိုးလို့ပါ။ အဆိုးထဲက အကောင်းရှာတဲ့ အနေနဲ့ပေါ့။

  • ဆူး

    December 9, 2012 at 11:25 am

    မစ္စတာ စံလှကြီး.. လက်မ အကြီးကြီး ထောင်တယ်လို့ ပြောချင်သော်လည်း မပြောဘူးလို့ သဘောထားလိုက်ပါ.. အထက်ပါ ဇတ်လမ်းထဲက အမတ်တွေလို ဖြစ်မှာ စိုးလို့..

    တိုက်ဆိုင်စွာ နဲ့ ဂေဇက် ကို လာကြည့်တာ.. မစ္စတာစံ ရဲ့ ပိုစ် နဲ့ တည့်တည့် တိုးလို့ ဝင်ဖတ်သွားပါတယ်။

    • San Hla Gyi

      December 9, 2012 at 2:03 pm

      ဆူးရေ မင်္ဂလာပါနဲ့ လာရောက်လို့ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ဇတ်လမ်းထဲက အမတ်တွေလိုတော့ မဖြစ်ပါဘူး။ ဇတ်လမ်းထဲက အမတ်တွေကတော့ အခွင့်အာဏာ ရှိတဲ့ မင်းကြီးနဲ့ ပေါင်းပြီး မင်းလိုလိုက် မင်းကြိုက်တင် နေကြတာပါ။ ကျနော်ကလဲ ရယ်စရာ ထည့်ရေးတာပါ။ ခေတ်တိုင်းမှာ ရှိမှာကတော့ သေချာပါတယ်။ ကျနော်ကလဲ ရိုးရိုးစာရေးသူ ဆူးကလဲ စာဖတ်သူ ဘာမှမပိုပါဘူး။
      ဇတ်လမ်းထဲက အမတ်တွေကတော့ ဟိုက မင်းသားက ဘာမှမပြောရသေးဘူး နည်းနည်း အသံပစ်လိုက်တာနဲ့ “ကိုယ်တော်လေး ရွှေဘောတော်မြတ် အတိုင်းပါဘုရား” ဆိုပြီး လျှောက်ကြတာပေါ့။ မှားလို့ ရွှေသဘောတော်မြတ်လို့ ပြောတာပါ။

  • Mr. MarGa

    December 9, 2012 at 11:26 am

    မူရင်း ဇာတ်လမ်းကို အခါခါ ဖတ်ခဲ့ဖူးပါတယ်
    အခုတော့ မူရင်းကလဲကောင်း ကိုစံလှကြီး ဖြည့်ပေးထားတာတွေကလဲ ကောင်း ဆိုတော့
    ပြောစရာတော့ မရှိပါဘူးဗျာ

    • San Hla Gyi

      December 9, 2012 at 2:06 pm

      ကို Mr.MarGa ရေ
      ပထမဆုံးအကြိမ် လာရောက်လို့ ကျေးဇူးတင်ပါတယ်။ ဟုတ်ပါတယ်။ ဒီဇတ်လမ်းရဲ့ မူရင်းဇတ်လမ်းက မြန်မာလူမျိုးတွေ ဖန်တရာတေအောင် ကြားဖူးပြီးသား ဖြစ်ပါတယ်။ အဲဒါကို ကျနော်က ဇတ်လမ်းကို ပြေပြစ်အောင် အဆက်အစပ် ပြန်လုပ်ပြီး မူရင်း အဓိပ္ပါယ်နဲ့ ဇတ်လမ်းသွားကို မထိခိုက်အောင် ပြန်ချောလိုက်တာပါ။

  • မောင်ပေ

    December 9, 2012 at 12:40 pm

    ကိုစံလှကြီးရေ
    လက်မ ခရုဇ်ဒုံးပျံလောက်ထောင်ပြီး ချီးကျူးအားပေးပါတယ်ဗျို ့
    ဒီပို ့စ်ကို တော်တော်ကြိုက်မိပါတယ်
    ကျန်တာတော့ ပြောဖို ့ဆွေးနွေးဖို ့ရန် ၊ မပြည့်စုံပါကြောင်း

  • San Hla Gyi

    December 9, 2012 at 2:08 pm

    အမတ်ကြီးပေ မင်းကြီးဆီက အခစားဝင်ပြီး ပြန်လာပြီလား ဟဲ ဟဲ။ အလကား နောက်တာပါ ကိုပေရေ။ အမြဲတမ်း လာရောက်ပြီး ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။

  • ကိုရင်စည်သူ

    December 9, 2012 at 2:27 pm

    ှကိုရင်တို့ သုံးလောကထွတ်ထားဗုဒ္ဓမြတ်စွာဘုရား ၄၅ ဝါ သီတင်းသုံးတဲ့အချိန်
    နေရာလုရဲတာတော့ မှတ်မှတ်ရရ.. မာရ်နတ်နဲ့ ဒေဝဒတ်ပဲဗျာ…
    ဒေဝဒတ်ကတော့ မြေမျိုလို့ ငရဲရောက်သွားပြီး.. မာရ်နတ်ဆိုတာကကော
    အခု ဘာလို့ ရှိနေသေးတာလဲ။ ဘယ်ဘဝက ကံတွေကြောင့် ဘုန်းတော်အနန္တကံတော်အနန္တ
    ဗုဒ္ဓမြတ်စွာဘုရားကိုတောင် နေရာဖယ်ခိုင်း၊ ရန်ပြုနိုင်၊ ပရိနိဗာန်စံဖို့ကို တွန်းအားပေးနိုင်တာလဲ
    စိတ်ထဲမရှင်းမရှင်းဖြစ်လို့ ကိုစံလှကြီးကို ဆရာအရာထားပီး မေးပါတယ်ခင်ညာ…။

    • ဆူး

      December 9, 2012 at 4:37 pm

      ဒေဝဒတ် မြေမြိုတယ် ဆိုတာ ဟုတ်ပါပြီ..
      မာရ်နတ် က အခု ရှိနေပေမဲ့ ဒုက္ခ မပေးတော့ဘူး။
      ရှင်ဥပ္ပဂုတ္တ ရာဇဝင် ဖတ်ကြည့်လိုက် သိပါလိမ့်မယ်။

      ဒေဝဒတ် ကျောက်တုံးကြီး တွန်းချ လို့ ခြေမတော် သွေးစိမ်းထွက်ပြီး ဒဏ်ရာ ရသွားတာ အတိတ်ဘဝ တခုက အကျိုးပေးကြောင့်.. အကျိုးပေး မရှိပဲ ဘာမှ ဖြစ်မလာဘူး..

  • San Hla Gyi

    December 9, 2012 at 4:15 pm

    ကိုရင်စည်သူရေ
    ရန်ဖြစ်ပြီးမှ ဘုရားရှင်အကြောင်း ပြောရတာ အားနာလိုက်တာဗျာ။ ကျုပ်ကလဲ လောဘ ဒေါသ မောဟ ရှိတဲ့ လူဆိုတော့ ဒီလိုပဲဗျ။ ကဲ ထားလိုက်တော့။
    ဒီလိုဗျ။ မာရ်နတ်မင်းက ဘုရားကို ရန်ပြုတယ ်ဆိုပေမယ့် မြတ်စွာဘုရားရှင် သွေးစိမ်းတည်အောင် အထိမဖြစ်ခဲ့ဘူး။ ဗောဓိပလ္လင်မှာ လာတိုက်တော့လဲ ဘုရားက ဘာမှမဖြစ်ခဲ့ဘူး။ နောက်ပိုင်းကျတော့ သူက နှောင့်ယှက်တယ် ဆိုတာက ကိုယ်ထိလက်ရောက် မဟုတ်တော့ဘူး။ ဘုရားရှင် ဆွမ်းမရရုံ အနှောင့်အယှက် ဖြစ်ရုံလောက်ပဲ လုပ်တော့တယ်။ အထက်နတ်တွေက သူတို့မှာ ဒေဝတာဓမ္မ ရှိတယ်ဗျ။ တော်ရုံတန်ရုံနဲ့ ကိုယ်ထိလက်ရောက် မလုပ်ဖူး။
    မြေမျိုလောက်အောင် အပြစ်ကြီးတယ် ဆိုတာ ဘုရားကို သွေးစိမ်းတည်အောင် လုပ်တာတို့ ရဟန္တာကို သတ်တာတို့မှ ဖြစ်တာဗျ။ သာမန် နှောင့်ယှက်ရုံကတော့ အပြစ်ဖြစ်တယ်။ ချက်ချင်း အကျိုးမပေးသေးဘူး။
    တကယ်တမ်း အဲဒီလို နှောင့်ယှက်ရင် မာရ်နတ်မင်းလဲ မရပါဘူး။ ဘာလို့လဲ ဆိုတော့ တနေ့မှာ ရှင်မောဂ္ဂလ္လာန ်မထေရ်ကြီးဟာ ဆွမ်းစားပြီး ဗိုက်လေးလို့ ဆင်ခြင်လိုက်တော့ မာရ်နတ်က ဝမ်းထဲမှာ ဝင်နေတာ တွေ့သတဲ့။ ဒါနဲ့ မထေရ်က မာရ်နတ်မင်း လူတွေရဲ့ အစာအိမ်ဟာ အင်မတန်ကို ညစ်ပတ်ပါတယ်။ ငါ့ကို နှောင့်ယှက်ချင်တာနဲ့ ဝင်မနေနဲ့လို့ ပြောတော့ မာရ်နတ်မင်းက မထွက်ပဲ ပေနေသတဲ့။ အဲဒါနဲ့ ရှင်မောဂ္ဂလ္လာန်က မာရ်နတ်မင်း ဘုရားသားတော် ရဟန္တာတွေကို ပြစ်မှားရင် အပြစ်ကြီးတယ် ငါဟာ ပြီးတော့ တခြားလူလဲ မဟုတ်ဘူး။ သင့်ဦးလေး အရင်းပဲလို့ ပြောတယ်တဲ့။ အဲဒီမှာတင် မာရ်နတ်မင်း ထွက်လာတော့မှ မထေရ်မြတ်က မာရ်နတ်မင်း သေသေချာချာ နားထောင် ငါဟာ ကကုသန်ဘုရားရှင် လက်ထက်မှာ ဒုဿီမာရ်နတ် ဖြစ်ခဲ့တယ်။ အဲဒီတုန်းက ငါဟာ နှောင့်ယှက်ချင်တာနဲ့ ဘုရားဆွမ်းကြွတဲ့ လမ်းမှာ ရွာသားတယောက်ကို ဝင်ပူးပြီး ကျောက်ခဲတွေနဲ့ ပစ်တာ ဘုရားနောက်က လိုက်လာတဲ့ လက်ယာတော်ရံ ရဟန္တာမထေရ်ကို သွားမှန်လို့ သွေးတွေစီးကျလာတယ်။ အဲဒါ ကကုသန် ဘုရားရှင်က “ဒုဿီမာရ်နတ်မင်း ငရဲရွာကို ကြာတောဟု ထင်သလော” လို့ကြည့်ပြီး မေးလိုက်တာနဲ့ တကိုယ်လုံး ပူလောင်လာပြီး နတ်ပြည်ကို ပြန်ပြေးရတယ်။ နတ်ပြည်ရောက်တာနဲ့ နတ်သက်ကြွေပြီး ငရဲမှာ အနှစ်တသိန်း ခံခဲ့ရတယ်။ အဲဒီတုန်းက ငါ့နှမ ကာလီ နတ်သမီးရဲ့ သားဟာ သင်ပဲ။ ဒါကြောင့် သင်ဟာ ငါ့တူအရင်းပဲ။ မာရ်နတ်မင်း အဲဒီတုန်းက ဘုရားနဲ့ ရဟန္တာတွေကို ပြစ်မှားလို့ သင့်ဦးရီး ငါဟာ ငရဲမှာ ခံခဲ့ရတယ်။ အဲဒါကို သင်ခန်းစာယူလို့ ပြောတော့ မာရ်နတ်မင်းလဲ တချိုးတည်း လစ်ရောပဲတဲ့။
    မာရ်နတ်မင်း ဖြစ်ဖို့ မလွယ်ဘူးဗျ။ တော်တော်လေး ကုသိုလ်ကောင်းမှု ရှိမှရတယ်။ သူကလည်း တန်ခိုးကြီး နတ်တပါးပဲ။ မထေရ်ကြီးက အဲဒီဘဝက လွတ်လာပြီးမှ ကျွတ်တမ်းဝင်ရတာ။ ဒါကြောင့် တချို့က ရှင်မောဂ္ဂလ္လာန် မထေရ်ကြီး တန်ခိုးကြီးတာ ဟိုဘက်ဘဝကလည်း တန်ခိုးကြီးနတ် ဖြစ်ခဲ့လို့ ပါရမီပါတာ လို့တောင် ပြောကြတယ်။ ဒါတွေကတော့ ကျုပ်က ဆရာတော်ကြီးတွေရဲ့ စာအုပ်ထဲမှာ ဖတ်ဖူးတဲ့အတိုင်း ပြန်ပြောတာ။ ရုပ်ဝါဒီအလိုကတော့ ရယ်စရာ ဖြစ်မှာပေါ့။ မယုံလဲ ဗဟုသုတ အနေနဲ့ မှတ်ထားပေါ့ဗျာ။

  • weiwei

    December 9, 2012 at 9:10 pm

    ဒီပို့စ်ကို တစ်ခါထဲ ဖတ်ဖို့အချိန်မရတာနဲ့ နေ့တစ်ဝက်ကြာအောင် ဖွင့်ထားပြီး တစ်ပိုဒ်ဖတ်လိုက် အလုပ်ထလုပ်လိုက်နဲ့ အချိန်တော်တော်ယူလိုက်ရပါတယ် …
    ဗဟုသုတလဲရသလို ရယ်ရလို့ (တကယ်တော့ ကြိတ်ရယ်) ….

    • San Hla Gyi

      December 10, 2012 at 6:28 pm

      မ Wei Wei
      ကျနော်နဲ့ သိပ်မခင်ပေမယ့် လာရောက် အားပေးတဲ့အတွက် ကျေးဇူး ဥပကာရ တင်ရှိပါကြောင်းဗျာ။ မဝေဝေရယ်နေ ကျုပ်ကတော့ ဖိုက်ရတော့မယ် ထင်တယ်။

  • pooch

    December 9, 2012 at 10:32 pm

    ကိုစံလှကြီးရေ ကျမခပ်ငယ်ငယ်က တီဗွီက လွှင့်တဲ့ ဗိမ္မိသာရဇတ်လမ်းကို ကြည့်ဖူးပါတယ်။ ကျောင်းပိတ်ရက် စနေ တနင်္ဂနွေ နေ့လည်တွေမှာ လွှင့်ပေးတတ်တယ်။ သိပ်သဘောကျတာပါ။ ဗိမ္မိသာရမင်းကြီးကို သူ့မိဖုရားက ကိုယ်ရော ဆံပင်မှာပါ ပျားရည်တွေ သုတ်ပြီး လာကျွေးတဲ့အခန်းမှာဆို ဆံပင်တွေကို စုပ်ပြီး အားယူစားရတဲ့အခန်းကို ကောင်းကောင်းကြီးမှတ်မိနေပါတယ်။ သူ့ကိုယ်မှာ သုတ်ထားတဲ့ ပျားရည်တွေ ကိုလည်း ဒုတ်ကလေးနဲ့ ခြစ်ပီး စုပြီး ကျွေးတဲ့အခန်းလည်း ပါတယ် ။

    ရှေးတုန်းက ဒီလို ကားတွေက စလို့ ဖိုးပါကြီး ဗိုလ်အောင်ဒင် ဝင်းဦးစတဲ့ ဇာတ်ကားတွေက ကြည့်ရတာ သိပ်အရသာ ရှိပါတယ်။ စကားပြောရင်လည်း လေးလေးပင်ပင် အနှစ်သာရ အပြည့်နဲ့ သိပ်ကြည့်လို့ ကောင်းပါတယ်။ ကိုယ်ရယ် တိုးတိုးရယ် စိုးစိုးရယ် နောက် အမွှာနှစ်ယောက်ဇာတ်ကားဆိုလည်း သိပ်ကြိုက်တာပါ။

    ခုခေတ်မြန်မာကားများကတော့ အရည်မရအဖတ်မရ နဲ့ စိတ်ကုန်လို့ မကြည့်ဖြစ်တာ ကြာပါပြီ။

    ဗိမ္မိသာရမင်းကြီးရဲ့ လားရာကို သေချာသိလိုက်ရတဲ့အတွက် ရော မာရ်နတ်အကြောင်းကိုပါ သိလိုက်ရတဲ့ အတွက် ဗဟုသုတရပါတယ်။

    နောက်ပြီး ခရစ်ယာန်တွေမှာလည်း မာရ်နတ်လိုမျိုး နတ်ဆိုး ( စေတန် ) အကြောင်း ရိုက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားတကား ရှိပါတယ်။

    The Rite ဆိုတဲ့ ဇာတ်ကားပါ ။ ကြည့်လို့ အလွန်ကောင်းပါတယ်။ သူတို့ ရဲ့ နတ်ဆိုးဟာလည်း ခုထိရှိနေပြီး လူတွေကို လိုက်ပြီး ဒုက္ခပေးနေတုန်းပါ။ အတော်လေး ကြောက်စရာ ကောင်းပါတယ်။

    နောက်လည်း သမိုင်းနောက်ခံ ဇာတ်လမ်းလေးတွေ ရေးပါအုန်း ။

    • San Hla Gyi

      December 10, 2012 at 9:46 pm

      မ pooch ရေ
      လာရောက်တဲ့အတွက် ကျေးဇူးပါ။ ဟုတ်တယ် မ pooch ရေ။ အဲဒီကားကို ကြည့်လိုက်တာနဲ့ ဒါရိုက်တာ လုပ်တဲ့ အေဝမ်း ဦးတင်မောင်ဟာ ဘယ်လောက် စာဖတ်တယ်ဆိုတာ ပြလိုက်တာပဲ။ တကယ့် အဖြစ်မှန်မှာလဲ နောက်ဆုံးမှာ ဝေဒေဟီ မိဖုရားကြီးဟာ လင်ဖြစ်တဲ့ ဗိမ္မိသာရမင်းကြီးကို လာတွေ့တော့ သားတော်က ဘာမှ မယူရဘူးဆိုလို့ တကိုယ်လုံးကို သန့်စင်အောင် ရေချိုးပြီး ကိုယ်မှာ စတုမဓူတွေ သုတ်လိမ်းပြီး လင်ကိုခြစ်ခြစ်ပြီး ပေးရပါတယ်တဲ့။ အချုပ်ခန်းစောင့်တွေ ကြည့်ပြီး ငိုရတယ်လို့ ဆိုတယ်။ ရုပ်ရှင်မှာလဲ အဲဒီလိုပဲ။
      နောက်ပြီး မင်းသားနေရာမှာ ဝင်းဦးကို ရွေးထားကတည်းက သေသေချာချာ စဉ်းစားထားတာကို ပြတာပဲ။ အဇာတသတ်ဟာ ဆင်ပြောင် ဆယ်စီး အားမာန်ကြီးတော့ ဗလကောင်းတဲ့ ရုပ်ရှင်မင်းသားကို ထည့်မှ စာထဲကဟာနဲ့ သရုပ်ညီတော့မှာကိုး။ သာမန် မင်းသားကို ထည့်လဲ စာမဖတ်တဲ့ ပရိသတ်က မသိပေမယ့် သိတဲ့လူနဲ့ တွေ့ရင် တခါတည်း ဇတ်လမ်းက အဲဒီတချက်တည်းနဲ့ လမိုင်းပျက်တော့မှာကိုး။
      နောက်ပြီး အဲဒီရုပ်ရှင်မှာ ကောင်းတဲ့ အကွက်တွေလည်း ရှိသေးတယ်။ ပထမဆုံး ဝေဒေဟီ မိဖုရားကြီးက ရွှေခွက်နဲ့ ပို့ခွင့်ရတယ်။ ဒါပေမယ့် တနေ့ကို တခါပဲ။ တကယ့် ဇတ်လမ်းလဲ အဲဒီအတိုင်းပဲ။ စပြီး အစားအစာကို ဖြတ်နေပြီကိုး။ အဲဒီမှာ အေဝမ်းဦးတင်မောင်(ဗိမ္မိသာရ)က ဝေဒေဟီ မိဖုရားကြီး(ဒေါ်ကြည်ကြည်ဌေး) ကို အစားအစာတွေ များလှချည်လား ထိပ်ခေါင်တင်ရယ်လို့ မေးတော့ ဝေဒေဟီက မှန်ပါ တနေ့မှ တခါသာ တွေ့ရမယ်ဆိုတဲ့ သားမိုက်ကြောင့် များများယူလာရပါတယ် မောင်တော်ဘုရားလို့ လျှောက်တော့ အေဝမ်းဦးတင်မောင်(ဗိမ္မိသာရ) မျက်နှာတချက်ပျက်သွားပြီးမှ(သားက သတ်ချင်နေပြီ ဆိုတာသိလို့) ချက်ချင်း ဘာမှ မဖြစ်သလို ဟန်ဆောင်လိုက်ပြီး ဟား ဟား သားတော်က ဖခမည်းတော်ကို ဥပုသ်တော် ပြုစေလိုတဲ့ စေတနာ ထင်ပါရဲ့လို့ ရယ်ပြီးပြောလိုက်တဲ့ အကွက်ကို မျက်စိထဲကကို မထွက်ဘူး။
      သမိုင်းနောက်ခံကတော့ ရေးချင်တယ်။ စဉ်းစားထားတာလဲ ရှိတယ်။ ဒါပေမယ့် အဲဒီအပိုင်းကို ဖတ်ဖူးတာကိုပဲ အခြေခံပြီး ရေးရင် အရမ်းမှားနိုင်လို့။ စာအုပ်တွေ ထပ်ရှာရအုံးမယ်ဆိုပြီး မရေးဖြစ်တာ။ တတ်နိုင်သလောက် လုပ်တာတောင် အားနည်းမှာတွေကတော့ အများကြီးပါ။

  • ဦးစံလှကြီး ခင်ဗျာ ..

    ကျုပ်ကတော့ ကျန်တာတွေအကြောင်း သိပ်မသိဘူး ..
    ဘာမှကို မသိဘူးပဲ ဆိုပါတော့ဗျာ …

    ကျနော် သိထားတာကတော့ ..
    ဒေဝဒတ် မြေမြိုခံရပြီး အဝီစိ ငရဲကို ရောက်သွားရပေမယ့် …
    ကျုပ်တို့ထက် သာတယ်လို့ ပြောလို့ ရနိုင်လေမလားပဲဗျ ..

    ဘာလို့လဲဆိုတော့ …
    ဒေဝဒတ်က မြေမြိုခံရ၊ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပေမယ့်လို့လည်း
    သူက ပစ္စေကဗုဒ္ဓလောင်းလျာကိုးဗျ ….။
    ကျုပ်တို့ကတော့ ဘာမှ ဟုတ်သေးတာ မဟုတ်ဘူး …
    အဝီစိ ငရဲကို ဘယ်နှစ်ခါ ထပ်ပြီး လားရမယ်မှန်း မသိဘူး …..။
    ဒါကြောင့်ပါ ….။

    အဟဲ … ကျွန်တော်လည်း ပြောဖူးတယ်ရှိအောင်
    နည်းနည်း ဝင်ပြောကြည့်တာပါ … :mrgreen:

    • San Hla Gyi

      December 10, 2012 at 10:16 pm

      ကိုအံစာတုံးရေ
      သူတို့နဲ့ ခင်ဗျား ဘယ်သူ သာသလဲဆိုတာ ဘုရားမှပဲ သိမယ်။ ဘာလို့လဲဆိုတော့ ဘုရား အလောင်းတော်တွေတောင် သက်တော်ထင်ရှား ဘုရားနဲ့ တွေ့ပြီး ဗျာဒိတ်ရတဲ့ ဘဝမှသာ ကိုယ့်ကိုကိုယ် ဘုရားအလောင်းတော်မှန်း သိတယ်တဲ့။ နောက်တော့ ချဲ့တာပေါ့ဗျာ။ ခင်ဗျားက သာတာလဲ ဖြစ်ချင်ဖြစ်မယ်။ ပါရမီ ဖြည့်စဉ်တုန်းကတော့ မသိစိတ် အနေနဲ့ ရှိနေမှာပေါ့။ ဒါကတော့ သိပ်ခက်တဲ့ ပရမတ်သဘောပဲ။
      နောက်ပြီး ရှင်ဒေဝဒတ်နဲ့ အဇာတသတ် မင်းကြီးက ပစ္စေကဗုဒ္ဓါ မဖြစ်သေးပါဘူး။ ဥပမာ ဆယ်တန်းအောင်ပြီး ဆေးကျောင်း ဝင်ခွင့်ရထားတဲ့ ကျောင်းသားကို ဆရာဝန်ကြီးလို့ ခေါ်လို့ မရသေးဘူး။ အဲဒီလို ခေါ်ဖို့ အရိုအသေပေးဖို့ စောင့်ရအုံးမယ်။ ရှင်ဒေဝဒတ်က ငရဲက လွတ်လာပြီး နောက်ကမ္ဘာတသိန်း မြောက်ကျမှ ဖြစ်မှာပါ။ မယုံလဲ ဗဟုသုတပေါ့ဗျာ။ ကြည့်လုပ် ကျုပ်ရဲ့ ရှေးရိုးစွဲဝါဒတွေ ခင်ဗျားတို့ မိနေအုံးမယ်။
      ကျန်တဲ့ လူတွေ နောက်မှ ဆက်မယ်။ မောပြီ။ ရန်ဖြစ်ချင်တဲ့လူတွေ ခဏစောင့်ကြပါ။ request ပါ။

      • မဟာရာဇာ အံစာတုံး

        December 12, 2012 at 11:17 am

        ဦးစံလှကြီးရေ

        ကျုပ်ကတော့ ရှေးရိုးစွဲရော နောက်ရိုးစွဲရော
        ဘာမှ မသိသလို၊ သိလည်း မသိချင်ဘူး ….
        ကျုပ်က ဗုဒ္ဓဘာသာဝင် တစ်ယောက် …
        မြတ်ဗုဒ္ဓ ဟောကြားတဲ့ ဒေသနာတွေကို ယုံကြည်တယ် …
        အရာရာ မဟုတ်တောင် အများစုကတော့ …
        မြတ်စွာဘုရား ဟောကြားတော်မူတဲ့ တရားတော်တွေနဲ့
        ချိန်ထိုးပြီး အကဲဖြတ်လိုက်တာပဲ ခင်ဗျ …

        ဥပမာအားဖြင့် လောလောဆယ် ကမ္ဘာကြီး ပျက်မယ် ဆိုတဲ့ အကြောင်းကို ပြောမယ် ဆိုပါစို့ ..
        ကျုပ်က တစ်ထစ်ချ အာမခံတယ် ..
        ကမ္ဘာကြီး မပျက်သေးဘူး …
        ကမ္ဘာကြီးက နောက်ပွင့်တော်မူမယ့် အရိမေတ္တယျ မြတ်စွာဘုရား ပွင့်တောင်မူပြီး သာသနာတော် ကုန်ဆုံးပြီး နောက်ပိုင်းမှသာ ပျက်မယ်လို့ ဟောကြားတော် မူထားတာကိုး …
        အဲ … ဒါပေမယ့် ဆုတ်ကပ်ဖြစ်တဲ့ အတွက် ဆိုးရွားတဲ့ ဖောက်ပြန်မှုတွေတော့ တစ်စထက် တစ်စ ဖြစ်လာမှာ အမှန်ပဲ …

        ဆိုလိုချင်တာကတော့ ကျုပ်က ရှေးရိုးစွဲ နောက်ရိုးစွဲ မဟုတ်ဘူး ဆိုတာလေးပါပဲ ခင်ဗျာ …

        • San Hla Gyi

          December 13, 2012 at 5:09 pm

          ကိုမဟာရာဇာ အံစာတုံးရေ
          ကမ္ဘာကြီးပျက်မယ် ဆိုတာ ကျုပ်လဲ မယုံဘူးဗျ။ တော်ကြာ ဆရာဖေမြင့် ရေးသလို ဖြစ်နေအုံးမယ်။ သူငယ်ငယ် တက္ကသိုလ်ကျောင်းသားဘဝက အနုမြူစစ်ပွဲကြီး ဖြစ်မယ်ဆိုပြီး စစ်ကြီးဖြစ်ရင် ငါလည်း သေတော့မှာပဲ။ ဒီတော့ စာတွေကျက်နေလဲ မထူးဘူးဆိုပြီး လုပ်ခဲ့တာ နောင်မှ နောင်တရတယ်တဲ့။ ကမ္ဘာကြီးကလည်း ဘာမှမဖြစ် ဘာအနုမြူဗုံးမှလဲ မပေါက်ပဲ ခုသူပဲ အဘိုးကြီး ဖြစ်လာပြီ ဆိုသလိုပေါ့။ အရမ်းသက်တမ်းရှည်တဲ့ ကမ္ဘာကြီး ကိုယ့်လက်ထက်ကျမှ ပျက်ပေတော့ ဆိုတဲ့ ကိုယ့်ကိုကိုယ် အထင်ကြီးသလို ဖြစ်နေခဲ့သလား မသိဘူးပေါ့။ သူက အဲဒီလိုရေးတယ်။
          တကယ်တော့ ကျုပ်သိသလောက်လဲ ကမ္ဘာကြီးက အရိမေတ္တေယျ ဘုရားရှင် ပွင့်ပြီးလို့ သာသနာ ကုန်ဆုံးပြီးရင်လည်း မပျက်သေးဘူး ကိုအံစာတုံး။ ကမ္ဘာတခုရဲ့ သက်တမ်းဟာ အန္တရကပ် ၆၄ ကပ်သက်တမ်းရှည်တယ် ကိုအံစာတုံး။
          အန္တရကပ် တကပ်ဟာ လူ့သက်တမ်း တတ်ပြီး ဆုတ်ပြီး(ဆိုလိုတာက လူ့သက်တမ်းတွေ အများကြီး တတ်သွားပြီး အဲဒီကမှ တခါ တရားပျက်လို့ ပြန်ဆုတ်ပြီး ၁ဝ နှစ်တန်းလောက် အထိရောက်သွားချိန်) ဟာ အန္တရကပ် တကပ်ပဲ ကိုအံစာတုံး။ အဲဒီတကပ်ဟာ ရှည်လွန်းလို့ နတ်သက်ထက်တောင် အများကြီးရှည်တယ်။ နှစ်ကာလ ပြောဖို့မလွယ်ဘူး။ အနီးစပ်ဆုံး ခန့်မှန်းပြောရရင် တစ်နောက်မှာ သုညပေါင်း အခု ၁၄ဝ လိုက်တဲ့ ကိန်းဂဏန်းတခုပဲ ကိုအံစာတုံး။ ဒါအနီးစပ်ဆုံးပြောတာ။
          အရိမေတ္တေယျ ဘုရားရှင် ပွင့်ပြီးရင် အန္တရကပ် ၁၃ ကပ်လောက်ပဲ ရှိအုံးမယ် ကိုအံစာတုံး။ ၁၃ လား ၁၄ လား ကျုပ်သိပ်မသေချာဘူး ဒါပေမယ့် ကျုပ်မှတ်မိတာက ၁၃ ကပ်ကိုအံစာတုံး။ ဒီတော့ ပျက်ဖို့ဟာက ဘယ်လောက်လိုသေးလဲ စဉ်းစားသာ ကြည့်ပေတော့။ အရိမေတ္တေယျ ဘုရားရှင်ဟာ သူ့သာသနာကို နတ်လူတို့ ကူးစိမ့်သောဌာ အနှစ် သုံးကုဋေ ခြောက်သန်း သာသနာ ထားခဲ့မယ်လို့ ပြောတယ် ကိုအံစာတုံး။
          အရိမေတ္တေယျ ဘုရားရှင် ပွင့်ပြီးလို့ ကမ္ဘာပျက်ပြီးရင် ဘုရားမပွင့်တဲ့ သုညကမ္ဘာတွေ အများကြီး လာလိမ့်မယ် ကိုအံစာတုံး။ ဘာလို့လည်းဆိုတော့ နောက်ပွင့်မယ့် ဘုရားအလောင်းတော်တွေ ပါရမီဖြည့်ဆဲ ကာလဖြစ်လို့တဲ့။
          အခုပြောနေတာတွေက ညောင်လွန့်ဆရာတော်ကြီးရဲ့ အနာဂတံဝင်ကျမ်းထဲက ကျုပ်ဖတ်ထားပြီး မှတ်မိတာတွေကို ပြန်ပြောပြတာ ကိုအံစာတုံး။ မယုံလဲ ဗဟုသုတအနေနဲ့ မှတ်ထားပေါ့ဗျာ။

  • ကို စံလှကြီးရေ

    ဒေဝဒတ်အကြောင်း ကို ဖတ်ရတဲ့အခါ ငယ်ကတည်းက စိတ်ထဲစွဲနေတဲ့အကြောင်းတစ်ခုရှိပါတယ်။
    အများလိုက်နာရန်ခက်ခဲတဲ့ ပညတ်ချက်တွေထုတ်တော့ ဘုရားက ပယ်ချခဲ့တဲ့အကြောင်းမှာ။
    လက်ရှိလူ့လောကကြီးမှာ လိုက်နာဘို့ မလွယ်ကူတဲ့ ကိုယ့်ကျင့်တရားတွေကို ဂုဏ်လုပ်ပြီးအလွန်အကျွံပြောကြ
    ထောက်ခံကြ လုပ်နေသူများမြင်လျှင် ဒေဝဒတ်ဆိုတဲ့စကားလုံးကြီး က ခေါင်းထဲရောက်ရောက်လာပါတယ်။
    အခုခေတ်က ပြောသလောက် လဲ မလုပ်နိုင်။.
    လုပ်သလောက်လဲမပြော။
    မလုပ်နိုင်တာ ကိုလုပ်နိုင်သယောင် ရွှီးနေကြတဲ့ခေတ်ကြီဖြစ်နေတာကတော့ အသေအချာပါဘဲ။.
    ကျနော်မှန်ကြည့်ပြီးမှ ဒီကော်မင်းကိုရေးတာပါ။

    ပိုစ်နဲ့ မဆိုင်တဲ့အကြောင်းရေးတယ်ဆိုပြီး အချက်(13)နဲ့တော့ကိုင်မပြောနဲ့နော် ကော်မင်းထဲမှာ ဒေဝဒတ်လို့နာမယ်ပါတယ်။

    • San Hla Gyi

      December 10, 2012 at 9:58 pm

      ဒီလို ကိုကြီးပေါက်ရေ အဲဒါက ကျနော် နားလည်တဲ့ ပါစင်နယ် နဲ့ ပရော်ဖက်ရှင်နယ်တွေက တမျိုး။ စာရေးဆရာဟာ သူရေးတဲ့ စာနဲ့ပဲ ဆိုင်တယ်။ ပရိသတ်က သူ့စာကိုပဲ ဖတ်မှာ။ ဥပမာ သူဟာ အပြင်မှာ ဘုရားဒကာလုပ်ပြီး ရေးတော့ အညှီအဟောက်တွေ ရေးရင် ပရိသတ်က ဘုရားဒကာရဲ့ အတွေးအခေါ်ကို မသိဘူး။ အညှီအဟောက်ကိုပဲ သိမှာ။ အဲဒါဆို သူ့ကို ကန့်ကွက်ရမယ်။(သူ့ကို အပြင်မှာသိမယ့် ပရိသတ် အနည်းစု ရှိနိုင်ပေမဲ့ အများစုက စာထဲကဟာကို ယူမှာပဲ)
      သူက အပြင်မှာ တကယ့် ဂျပိုးတေလေ ရေးတာတော့ တကယ့် အကျင့်စာရိတ္တကောင်း ရှိဖို့တွေ ဗဟုသုတတွေ ရေးရင် ကျုပ်ကတော့ သူ့ကို ချီးကျူးမှာပဲ။ အပြင်က life ကိုမပြောနဲ့ ကျုပ်နဲ့ မဆိုင်ဘူး။ ဒါပေမယ့် အပြင်မှရော အတွင်းမှာပါ ညီရင်တော့ အတိုင်းထက် အလွန်ပါ။ အဲဒါ ကျုပ်နားလည်တဲ့ ပရော်ဖက်ရှင်နယ်နဲ့ ပါစင်နယ်ပဲ။ စာရေးသူအတွက်ပေါ့။
      နောက်ပြီး ကျနော် ရေးတာ အများစုပေါ့လေ။ အဲဒါတွေက ကျနော် တကယ် ယုံကြည်လို့ ရေးတာများပါတယ်။ ဥပမာ ကျနော် ဒီပို့စ်မှာ မြတ်စွာဘုရားရှင်ကို ရဟန်းတွေက ဘုန်းတော်ကြီးသော မြတ်စွာဘုရားလို့ လျှောက်တာ ထည့်ရေးသလို ကျနော်ကိုယ်တိုင်လည်း ဘုရားရှိခိုးရင် သက်တော်ထင်ရှားကို မှန်းပြီး အဲဒီလိုပဲ ရှိခိုးတယ်။(ရှေးရိုးစွဲ ဆိုပါစေပေါ့။) တခြား ဘာသာဝင်တွေကို မဆွယ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေ ကြည်ညိုသဒ္ဓါဖြစ်ရင် ကျနော်လည်း ကုသိုလ် ရမလားလို့ပါ။

      • San Hla Gyi

        December 10, 2012 at 10:08 pm

        ကိုကြီးပေါက်ရေ
        ကျနော် စည်းကမ်းချက် ၁၃ ကိုလုံးဝ ထည့်မပြောပါဘူး။ ကျနော် ရေးသမျှဟာ ယုံတဲ့အတိုင်း ရေးတာပါ။ ကန့်လန့်တိုက်ဖို့ မဟုတ်ဘူး။ ကျနော့်အတွက်တော့ စည်းကမ်းချက် ၁၃ ဟာ ကျနော်လုံးဝ ထည့်မရေးတဲ့ ကျနော့် ကိုယ်ရေးကိုယ်တာကို ခြိမ်းခြောက်တဲ့ အနေနဲ့ ဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ် စုံစမ်းပြီး ရေးတဲ့လူကိုပဲ ပြောမှာပါ။ အဲဒါကတော့ စည်းကမ်းချက်နဲ့ တည့်တည့်ကို ငြိပါတယ်။

        • ကျနော်ကိုလဲ တစ်ယောက်က စည်းကမ်းချက် 13 နဲ့ သွယ်ဝိုက်ရေးသွားလို့
          ဟာသ လုပ်တာပါ ကိုစံလှကြီးရေ
          ကျနော်ကတော့ ကျနော်ရေးထားတဲ့ပိုစ်မှာ ပိုစ်နဲု့မဆိုင်တာ ဝင်ရေးလဲရပါတယ်။
          ကျနော်စိတ်ထဲမှာ ဘာမှ မဖြစ်ဘူး။
          အတွေးဆိုတာ ဆက်စပ်ယှက်နွယ်နေတာကိုးဗျ။
          ကျနော်ရေးတာကို ကျနော်တာဝန်ယူတယ်။
          သူရေးတာသူတာဝန်ယူရုံပါဘဲ။

    • San Hla Gyi

      December 11, 2012 at 5:45 pm

      ကိုကြီးပေါက်ရေ
      ကိုကြီးပေါက် ဟာသလုပ်တာ ရပါတယ်။ ကျနော် အမှန်ပြောမယ်။ ကျနော် အစကတည်းက သဘောကျလို့ လုံးဝ ကတောက်ကဆ မဖြစ်ချင်တဲ့ လူတွေထဲမှာ ကိုပေါက်ပါတယ်။ စာရေးနေတော့ ဒီကောင် ရေးလဲ ဟုတ် မဟုတ် ငါမှမသိပဲလို့ ပြောလို့ရတယ်။ ဒါပေမယ့် ကျနော်ကိုယ်ကျနော် သိတယ်။ အပြင်မှာ လူကိုယ်တိုင်ပြောလဲ ကျနော် ဒီလိုပဲ ပြောမှာပဲ။ နောက်ပြီး ကိုပေါက်ကို ဘယ်သူရေးသလဲတော့ မသိပါဘူး။ ကျနော်ကတော့ ကိုပေါက်ကို ဒေဝဒတ်လို့ တင်စားပြီး လုံးဝရေးမှာ မဟုတ်ပါဘူး။ ပို့စ်နဲ့ မဆိုင်တာကို မေးတာမှာ မေးချင်တဲ့ သဘောမဟုတ်ပဲ ကျနော် ဘယ်မြို့မှာနေတယ် ဘာလုပ်တယ် မေးတာမျိုးကို ပြောတာပါ။ ကျနော်က အဲဒါမျိုးလည်း မရေးခဲ့ဘူး။ ကျနော် ရေးတဲ့စာတွေနဲ့လဲ မဆိုင်ဘူးလို့ ယူဆတယ်။ ကျနော်ကတော့ ပရော်ဖက်ရှင်နယ် နဲ့ ပါစင်နယ်ကို အဲဒီလိုပဲ မြင်တယ်။
      နောက်ပြီး ကိုပေါက် ကျနော်က မဟုတ်ဖူးလို့ ပြောရင် မဟုတ်ဖူးပဲ။ စက်ကြီးက ဟုတ်တယ်လို့ ပြောနေတယ် ဆိုရင်တော့ အဲဒီစက်ကြီး ရွှီးနေပြီ။ ရိုက်သာခွဲလိုက်ပေတော့။

  • အရီးခင်လတ်

    December 9, 2012 at 11:15 pm

    သူကြီး နဲ့ ကိုစံလှကြီး တို့အကြောင်း ကို အနားလစစ် လုပ်ကြည့်ရင်
    နှစ်ယောက်လုံး နာမည်နောက်မှာ “ကြီး” ကို သုံးထားတာခြင်းလဲတူ။
    အပေးအယူ အပင့် အခုတ် ကလဲ ညီ။
    ဒီတော့ ပြေးမကြည့်ဘဲ တွေးကြည့်တာနဲ့ တင် သိပြီ။
    သူတို့ နှစ်ယောက်မှာ အပြင်မှာ အင်မတန် ခင်မင်လှစွာသော သူငယ်ချင်း များဖြစ်မှာ အသေအချာဘဲ။
    ဘယ်သူသိတာလိုက်လို့ ။ နော်။
    :kwi:

    Post နဲ့ မဆိုင်ဘဲ သူများ အကြောင်း ထင်မြင်ချက်ပေးလို့ ဥပဒေ တစ်ဆယ့်သုံး နဲ့ ညိ သွား ရင်လဲ တောင်းပန်ပါတယ်။ အပျော်လေးပြောလိုက်တာပါ။
    ဘာမှ မရည်ရွယ်ပါဘူး။
    :hee:

    • surmi

      December 10, 2012 at 12:02 am

      ဆားပုလင်း အရီးရေ ….
      သဂျီးကရော တစ်ချို ့စကားတွေ ကိုပြောနေတာ ရင်ထဲကလို့ထင်လို့လား….
      သေချာတာက ….. သဂျီးက……..
      ……………………………

      • သေချာတာက …. သဂျီးက ….
        “ငအံစာရဲ့ ယောက်ကထီးဂျီး လေဂျာ” …
        အိုက်ဒလို လားလို့ဘဲ ….. အဟိ …
        :harr:

    • San Hla Gyi

      December 11, 2012 at 5:49 pm

      အမကြီး မခင်လတ်ရေ
      အခုလို လာရောက် အားပေးတဲ့အတွက် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း။ ဟိုတလောက မတွေ့မိသလားလို့။

  • Mလုလင်

    December 9, 2012 at 11:32 pm

    အမတ်ကြီး စံဝဏ္ဏမဟာတို့ ပါသွားပါလေရော….

    ဖြစ်နိုင်မယ် ဆိုရင် .. အဲ့ .. အမတ်ကြီး စံဝဏ္ဏမဟာ ရဲ့ .. အကြောင်းလေး သိချင်သား .. ပင်စင်စား ဖြစ်သွားတော့ … ဘာဆက်လုပ် သလဲ ဆိုတာလေး …. 🙂

    • San Hla Gyi

      December 11, 2012 at 6:05 pm

      ကို M လုလင်ရေ
      ကျုပ်သိသလောက် အဲဒီအမတ်ကြီးဟာ ပင်စင်စား ဖြစ်ပြီးတော့ တချိုးတည်း ရာဇဂြိုဟ်ကနေ သာဝတ္ထိပြည်ကို ထွက်ပြေးတော့တာပဲ။ အမတ်ကြီး ဆိုပေမယ့် ရာထူးအရပြောတာတဲ့။ အသက်က သိပ်ကြီး မကြီးသေးသလို ရုပ်ရည်ကလည်း ယောကျာင်္းချော ချောတဲ့လူတဲ့။ သူမနေရဲတာလဲ မပြောနဲ့လေ။ သူနဲ့ အဇာတသတ် မင်းသားလေးက နဂိုကတည်းက သိပ်အဆင်မပြေဘူး။ အဇာတသတ ်မင်းသားလေးက အရာရာကို လက်တွေ့မှ ယုံတတ်တဲ့လူ အမတ်ကြီးက ကွန်ဆားဗေးတစ် ဆန်သူတွေကိုး။
      အဇာတသတ် မင်းသားလေးက လက်တွေ့မှ ယုံတတ်တာတော့ သူစဉ်းစားတာပဲ ကြည့်လေ။ ဖခမည်းတော် ကိုးကွယ်သော ဘုရားရှင်သော်မှ ဒီလို တန်ခိုးမပြနိုင်ဆိုပြီး သူလက်တွေ့ မမြင်လို့ မယုံဘူးလို့ စဉ်းစားတတ်သူဆိုတော့။
      ဗိမ္မိသာရမင်းကြီး ရှိကတည်းက နန်းတွင်းညီလာခံတွေမှာ မင်းသားလေးကလည်း အိမ်ရှေ့မင်းသားဆိုတော့ သူ့ရာထူးအရ ညီလာခံ ဝင်ရရင် အမတ်ကြီး တခုခုပြောလိုက်တိုင်း မင်းသားလေးက ကန့်ကွက်ရင် သူ့လူတွေက အတင်းထောက်ခံတော့တာပဲတဲ့။ “ကိုယ်တော်လေး ပြောတာ ဟုတ်ပါတယ်ဘုရား ထောင်လိုက်ပါပြီ လက်မပါဘုရား စိမ်းပါတယ်ဘုရား အမတ်ကြီးကို နီပါတယ်ဘုရား အဲလေ ယောင်လို့” အဲဒီလို အုပ်စုနဲ့ လုပ်တတ်တယ်တဲ့။
      တခါတလေများ မင်းသားက အဟမ်းပဲ လုပ်ရသေးတယ် အောက်ကနေ ထောင်လိုက်ပါပြီဘုရားလို့ ထအော်တတ်တော့ မင်းသားကတောင် ဟေ့ကောင်တွေ နေကြအုံး ငါဘာမှ မပြောရသေးဘူးလို့ ပြောရတာတောင် ရှိတယ်တဲ့။
      အဲဒါ အမတ်ကြီးက မင်းကြီး နန်းကျတော့ သာဝတ္ထိပြည်ကို ပြေးတာပေါ့။ ဟိုမှာက ဗိမ္မိသာရမင်းကြီးရဲ့ ယောက်ဖတော် ကောသလမင်းကြီး ရှိတယ်လေ။ အဲဒီမှာပဲ အလွန်ကို ချောမောတဲ့ မင်းသမီးလေးနဲ့ အိမ်ထောင်ကျပြီး ကောသလမင်းကြီးက သူကောင်းပြုတာ ခံရတယ်တဲ့။ အမတ်ကြီးကတော် ရသွားတာကိုး။

  • Mobile

    December 10, 2012 at 10:03 am

    ရေးထာတဲ့ပို့စ် ကိုဖတ်ရင်း ဖတ်ရင်း အလွန်ဖတ်လို့ကောင်းလှပါသည်။
    မေးစရာမေးခွန်းလေးတွေ အခုမှ ပေါ်လာလို့ ထပ်ပြီးမေးပါရစေ……….
    ဒေဝဒတ်ဟာ မြေမျိုခံရတဲ့အချိန် သေအံဆဲဆဲမှာ ဘုရားရှုင်ကို ကန်တော့တဲ့အတွက်
    ငရဲကပြန်လွတ်လာတဲ့အချိန်မှာ ပစ္စေကဗုဒ္ဓါ ဖြစ်မယ်ဆိုတော့ . . . .
    ဒေဝဒတ်လို ဘုရားရှင်ကိုစော်ကားဖူး အသေသတ်ဖို့ကြံစည်ဖူးတဲ့ လူတောင်မှ ဘုရားရှင်ကို
    မှားမှန်းသိလို့ ပြန်ကန်တော့တဲ့အခါ အဲ့ဒီအကျိုးကျေးဇူးက ပစ္စေကဗုဒ္ဓါ ဖြစ်မယ်ဆိုရင်….
    ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်က တရားနာကြ ဘုရားရှင်ကို ကန်တော့ကြတဲ့သူတွေကဆိုရင်
    သူတို့ဟာ ဘုရားကို သေကြောင်းလဲ မကြံစည်ဖူး ဒေဝဒတ်လို အယူမှားတဲ့ဝါဒ လဲမရှိဘူးပေါ့ဗျာ
    ဒါဆိုရင် သူတို့အားလုံးဟာလဲ ပစ္စေကဗုဒ္ဓါ ထက်မနိမ့်တဲ့ နေရာတစ်ခုတော့ရသင့်တယ်လို့ထင်ပါတယ်။
    သူတို့အားလုံးဟာလဲ ကျနော် ယူဆသလို ဖြစ်ကြပါရဲ့လား ။။။။။။။။။။။။။။။

    • ဦးကြောင်ကြီး

      December 10, 2012 at 11:03 am

      လုပ်ရပ်ခြင်းတူနိုင်ပေမဲ့ ပြုတဲ့စေတနာခြင်း တူနိုင်ဘူးလေ ဒီတော့ အကျိုးပေးကံခြင်းလည်း ကွာသပေါ့။ ကံသုံးပါးထဲမှာ မနောကံစေတနာ အကြီးဆုံးပဲ… သူ့နယ်ပယ်က အနန္တကျယ်ဝန်းတယ်။ ဘုရားဖူးတာခြင်းအတူတူ ကြည်ညိုသဒ္ဓါပွားပုံခြင်း၊ ဆင်ခြင်သုံးသပ်ပုံခြင်း တူနိုင်ပါ့မလား။ မကောင်းမှုမှာလဲ ဒီလိုပဲပေါ့၊ ကျူးလွန်ပုံခြင်း တူကောင်းတူမယ် သို့သော စိတ်စေတနာ ထားပုံခြင်း ထပ်တူမကျနိုင်ဘူး။ ဥပမာ သာမန်အားဖြင့်သာ ပြိုင်တူပန်းဝင်တယ် သတ်မှတ်ပေမဲ့ တကယ်တမ်း နာနိုစက္ကန့် သို့မဟုတ် အဲဒီထက် အသေးစိတ်တဲ့ အချိန်ပိုင်းနဲ့ ဆုံးဖြတ်တဲ့အခါ အနိုင်အရှုံးကွာတယ်။
      ကျနော် ဖတ်ဖူးတာ ဒေဝဒတ်တို့ မာတ်နတ်တို့ ဘုရားရှင်ကို ဆန့်ကျင်တာ အတိတ်ကပါလာတဲ့ အထုံကြောင့်၊ အတိတ်ဘဝမှာ မကျေခဲ့လို ဒီဘဝမှာ ဆက်တိုက်ခိုက်တာ။ သူတို့အတိတ်မှာ မကောင်းဘူးဆိုတာကလည်း ဘုရားရှင်နဲ့တွေ့တဲ့ ဘဝအနည်းငယ်မှာသာ၊ သူတို့ချည်းအလွတ် ရှိတဲ့ဘဝတွေမှာ စွမ်းစွမ်းတမံ အကျိုးပြု ခေါင်းဆောင်ခဲ့သူတွေ ပါရမီဖြည့်ခဲ့သူတွေပဲ။ နောက်တခါ သူတို့က ဘုရားရှင်ရဲ့ ပါရမီဖြည့်ဖက်တွေ… သာမန်တွေ မဟုတ်ဘူး။ တနည်းအားဖြင့် အဲဒီလို လုပ်ခွင့်ရဖို့ လူတိုင်းမဖြစ်နိုင်ဘူး။ အခုလို အင်တာနက်ထဲကနေ ဆဲလို့ရတဲ့ခေတ်မှ မဟုတ်တာနော်… သမဒဂျီးဦးသိန်းစိန် ကြက်မပါစေ ချက်သဗာဇေ…။ :byae:

      • Mobile

        December 10, 2012 at 11:57 am

        အခုလို ကြာဖြတ် ဝင်ရောက်ဖြေကြားပေးခဲ့တဲ ဦးကြောင်ကြီး ကျေးဇူးပါ
        အခုလို မေးခွန်းမျိုးမေးရတာကလဲ ဒီအကြောင်းအရာတွေကို အခြားလူများရှေ့
        ပြောပြတဲ့အခါ ဒီလိုမေးခွန်းမျိုးထွက်ပေါ်လာပါက ပြန်လည်ဖြေကြားရန်
        အခက်အခဲရှိနိုင်ပါသဖြင့် မေးမြန်းရခြင်းဖြစ်ပါကြောင်း . . . . . . .

        • Mobile

          December 10, 2012 at 11:59 am

          နောက်မေးခွန်းတစ်ခုမေးချင်တာက သိသူများမှ ပြန်လည်ဖြေကြားပေးပါရန်
          ဘုရားရှင်ဟာ အရင်အတိတ် ဖြစ်လေရာဘဝမှာ ငရဲ သို့ကျရောက်ဖူးပါသလား?

        • surmi

          December 10, 2012 at 12:19 pm

          ဖြစ်လေရာဘဝတိုင်းတော ့မဟုတ်ဖူးလေ……. ပုထုဇဉ် ဘဝနဲ ့ပါရမီဖြည် ့ရတာဆိုတော ့
          မလွတ်ဘူးပေါ ့ ။ တေမိမင်း မတိုင်ခင်ဘဝမှာပဲ ရောက်ခဲ ့လို ့
          ဘုရင်လုပ်ရမှာစိုးလွန်းလို ့ စကားတောင်မပြောရဲဘူး
          ခုများနဲ ့ ကွာပါ ့ကွာ …….
          :harr:

        • ဆူး

          December 10, 2012 at 12:39 pm

          တေမိမင်း မဖြစ်ခင် ဘဝမှာ အပါယ်လားခဲ့တာ နှစ် ၈သောင်း ဆိုလား.. အပါယ်ကျတဲ့ ဘဝ ရောက်အောင် အကုသိုလ်တွေ ပြုခဲ့တာလည်း ဘုရင် ဘဝ နဲ့ အမိန့်အာဏာတွေ ပေးပြီး လုပ်ခဲ့တဲ့ အကုသိုလ်တွေပါ။ အဲဒါတွေ ကို တေမိမင်း ဖြစ်တဲ့ အချိန်မှာ ဘုရင်လုပ်ပြီး အကုသိုလ်တွေ ထပ်လုပ်ပြီး ငရဲ ပြန်ရောက်ရမှာ စိုးတဲ့ အတွက် စကားမပြောပဲ နေတာပါ။

    • San Hla Gyi

      December 11, 2012 at 6:51 pm

      ကို Mobile ရေ
      ခင်ဗျားရဲ့ မေးခွန်းနှစ်ခုကို ကျနော်က အိမ်ရှင်ဖြစ်လို့ ပေါင်းပြီး ဖြေပေးလိုက်ပါတယ်။ ကိုကြောင်ကြီး ပြောတာ ဟုတ်ပါတယ်။ ရှင်ဒေဝဒတ်ဟာ ဘုရားရှင်နဲ့ မတွေ့ခဲ့တဲ့ဘဝမှာ အတော်ကို ကုသိုလ်ကောင်းမှုတွေ အားထုတ်ခဲ့ပါတယ်။ သူဘုရားကို ရန်ငြိုးဖွဲ့ခဲ့တာက ဒီကမ္ဘာကနေ စရေရင် လွန်ခဲ့တဲ့ ငါးကမ္ဘာထက်က သေရိဝဇတ်လို့ ခေါ်တဲ့ ရွဲကုန်သည် ညီနောင်ဘဝကပဲ။ အဲဒီမှာ သူလောဘကြီးလို့ အသပြာတသိန်းတန် ရွှေခွက်ကို အရင်တွေ့ပြီးမှ ဆုံးခဲ့ရတယ်။ အဲဒီမှာ အရူးကြီးတယောက်လို ”ငါ့ရွှေခွက်ပေး ငါ့ရွှေခွက်ပေး ငါ့ကို respect မပေးတဲ့သူ ငါကလည်း respect ပေးစရာ မလိုပေဘူး။ အခုရပ်” လို့အော်ပြီး ပြေးလိုက်တော့ ဘုရားအလောင်းတော်က အသပြာတသိန်းတန် ရွှေခွက်ကို ပိုက်ပြီး လှေနဲ့ မြစ်ကိုကူးသွားပြီ။ သူအော်ပေမယ့် ဘယ်ပြန်လာတော့ မလဲ။ အဲဒါ ဒီကောင် ငါ့ကို ကျောသွားတယ် လှောင်သွားတယ်ဆိုပြီး မခံချင်စိတ်နဲ့ အော်ရင်း အဲဒီမြစ်ကမ်းဘေးမှာပဲ ရင်ကွဲနာကျပြီး သေခဲ့ရတယ်။ အဲဒီကတည်းက ဘဝဆက်တိုင်း သတ်နိုင်ရပါလို၏လို့ ဆုတောင်းပြီး ရန်ငြိုးဖွဲ့တော့တာပဲ။ နောက်ပိုင်း ဘဝတွေမှာ ဘုရားအလောင်းတော်က သူ့ဘာသာသူ အေးအေးနေလဲ သူကစပြီး အစရှာ ပြဿနာလုပ်တော့တာပဲ။
      မာရ်နတ်မင်းကတော့ ရှေးရန်ငြိုးကြောင့် မဟုတ်ပါဘူး။ သူက သိပ်တန်ခိုးကြီးတဲ့ နတ်ဖြစ်တော့ အသက်လည်းရှည်တယ်။ အဲဒါကြောင့် သူ့ကိုယ်သူ တည်တယ် မြဲတယ်လို့ ထင်တယ်ဆိုပဲ။ အဲဒါကြောင့် လူတွေကို ကာမဘုံထဲမှာပဲ ပျော်စေချင်လို့ ဘုရား တရားဟောတာကို နှောင့်ယှက်တာပါ။
      မြတ်စွာဘုရား အလောင်းတော်ဟာ ပါရမီဖြည့်စဉ်ကာလတွေမှာ ငရဲကျဖူးပေမယ့် ဘုရားစင်စစ် ဧကန်ဖြစ်မယ်လို့ သက်တော်ထင်ရှား ဘုရားရှင်တပါးထံက ဗျာဒိတ်ရတဲ့ ဘဝကစပြီး ဘုရားဖြစ်တဲ့တိုင်အောင် မဟာအဝီစိငရဲလို ငရဲကြီးကို မကျတော့ပါဘူး။ ငရဲငယ်တွေ ကျတာတော့ အခါအားလျော်စွာ ရှိခဲ့ပါတယ်။ မာရ်နတ်မင်း မဖြစ်တော့ပါဘူး။ အမိသတ်ကံ အဖသတ်ကံ ကျူးလွန်တဲ့လူ မဖြစ်တော့ပါဘူးလို့ ဆိုပါတယ်။ ထေရဝါဒအရပါ။ ဘာလို့လဲ ဆိုတော့ ဘုရားဖြစ်မယ်လို့ ဗျာဒိတ်ရတဲ့ ဘဝမှာကို ပါရမီတွေက အလွန်အားကောင်းနေပြီ ဖြစ်ပါတယ်။ အဲဒါမှလည်း နိယတဗျာဒိတ်ကို ရတာပါ။
      ဒေဝဒတ်တောင် ဒီလိုဖြစ်ရင် တခြားလူကောလို့ ဆိုရင်တော့ ကိုအံစာတုံးကို ပြောသလိုပဲ ကိုယ်ဘာလည်းဆိုတာ နိယတဗျာဒိတ်ရတဲ့ ဘဝတွေကလွဲပြီး မသိနိုင်တာမို့ ဗုဒ္ဓဘာသာဝင်များ အနေနဲ့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ဆုတောင်းပြီး ကြိုးစားနိုင်တယ်လို့ ဆိုပါတယ်။ ထေရဝါဒအရပါ။

      • Mobile

        December 12, 2012 at 3:02 am

        အခုလို ထပ်ဆင့်ဖြေကြားပေးတဲ့အတွက် ကိုစံလှကြီးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

  • kyeemite

    December 10, 2012 at 11:02 am

    ကိုစံလှကြီးကလည်း အမတ်တစ်ဦးအဖြစ်ဇတ်လမ်းမှာပါဝင်သရုပ်ဆောင်ထားသေးသကိုး…
    ဖတ်ဖူးပီးသား ဇတ်ထုတ်ပေမဲ့ ကိုစံလှကြီးရဲ့ အရေးသွက်တော့ ဖတ်ကောင်းကောင်းနဲ့ဖတ်သွားပါသဗျာ…
    မန်းဂဇက်မှာ လက်မလည်းမရှိတော့လို့ ထောင်မသွားနိုင်ပါဂျောင်းးးးးး :hee:

  • lynnsatyar

    December 10, 2012 at 11:05 am

    ဖန်တစ်ရာတေအောင် သိပြီးသားအကြောင်းအရာကို ဖတ်မငြီးနိုင်အောင် ရေးသားထားတဲ့ အရေးအသားကို အားကျလိုက်တာ ခင်ဗျာ…

    • San Hla Gyi

      December 11, 2012 at 8:13 pm

      ကိုကြီးမိုက်ရေ
      အကို ကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်။ နောင်လဲ အားပေးပါ။ အရင်တုန်းကလည်း အခါအားလျော်စွာ လာတတ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
      ကို lynnsatyar ရေ
      ပထမဆုံး လာရောက်သူလို့ ထင်မိပါတယ်။ ကျေးဇူးတင်ပါကြောင်းနဲ့ နောင်လဲ လာရောက်အားပေးနိုင်ပါကြောင်း။

  • မိုးတိမ်

    December 10, 2012 at 11:31 am

    ကိုစံလှကြီးရေ…
    ကောင်းလိုက်တဲ့ပို(စ့်)ဗျာ။ကြိတ်ရယ်ရတဲ့ဟာသမျိုးကို တော်ရုံလူမရေးနှိုင်ဘူးဗျ။
    ဒီဘက်ခောတ်မှာ ကျွန်တော်ကြိုက်တာ ဆရာမင်းလူနဲ့ဆရာနီကိုရဲတို့ အဲလိုရေးတာတော်တော်ပိုင်တယ်။
    အဲ ဆရာသုမောင်လဲရေးတတ်တယ်ဗျ။ဆရာအကြည်တော်လို ပုံစံကျ ဖတ်ရတာသိပ်သဘောမကျဘူးဗျ။
    ဒါကကျွန်တော့အကြိုက်ဟာသပုံစံကိုပြောတာပါ။နောက်တစ်ခုကကျွန်တော့အထင်ပါ။သိပ်လဲမပြောရဲဘူး။ကျွန်တော်တစ်ဦးတည်းအထင်နော်။ကြိုပြောထားပါရစေ။မာန်နတ်ဆိုတဲ့နေရာမှာ မိမိကိုယ်တွင်းက မိမိရဲ ့ (လောဘ၊ဒေါသ၊မောဟစသော) မကောင်းတဲ့ စိတ်ကိုများတင်စားထားတာများလားလို့ပါ။ဒီဟာက အထင်တစ်ခုပါပဲ။အဲဒီအကြောင်းနဲ့ပါတ်သက်ပြီးတော့ ဘာမှပြိုင်ငြင်းမှာလဲမဟုတ်ပါဘူးဗျာ။အခုတော့
    ကော်မန့်ကောင်းလေးတွေပဲ ထပ်စောင့်ဖတ်ပါရစေ။ကျေးဇူးတင်ပါတယ်ဗျာ ဒီလိုပို(စ့်)ကိုဖတ်ရတဲ့အတွက်……

    • San Hla Gyi

      December 10, 2012 at 10:04 pm

      ကိုမိုးတိမ်ရေ
      ဒီတခါလဲ စာရေးဆရာတွေကို ကြိုက်ရာမှာ ခင်ဗျားနဲ့ ကျုပ်အကြိုက်တူတယ်။ ထပ်တူထပ်မျှပဲ။ တကယ်ပါ ကျုပ် ခင်ဗျား အကြိုက်လိုက်ပြီး ပြောပေးတာ မဟုတ်ပါဘူး။ ခင်ဗျား ကြိုက်တယ်ဆိုလို့ ကျေးဇူးတင်ပါတယ်။ ခင်ဗျား ကျုပ်ကို ခင်ရင် ကျုပ်ကိုကြီးပေါက်ကို ရေးပေးထားတဲ့ စာရေးဆရာရဲ့ ပရော်ဖက်ရှင်နယ် နဲ့ ပါစင်နယ်ကို ကျနော်မြင်ပုံလေးနဲ့ ကိုကြောင်ဝတုတ်ကို ရေးပေးထားတဲ့ satire ဆိုတဲ့ စာပေနဲ့ အဲဒီစာပေကို ဖန်တီးသူရဲ့ သဘောထားတွေကို ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ။ ကျနော် ပြောချင်တဲ့ အဓိက အကြောင်းတွေပဲ။

  • Mobile

    December 10, 2012 at 1:01 pm

    အထက်က ဖြေပေးခဲ့ကြတဲ့ ကို ဆာမိ နှင့် ဆူးတို့ အားအထူးကျေးဇူးတင်ရှိပါကြောင်း………..

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    December 10, 2012 at 2:56 pm

    သူ့ရဲ့ အဇာတသတ် မင်းသားလေးကို ဖျားယောင်း သွေးဆောင်တဲ့ အခန်းမှာတင် personal professional transparency နဲ့ privacy ဆိုတဲ့ ဟာတွေကို တွေ့နေရတယ်။ ပထမဆုံး သူပိုင်ဆိုင်တဲ့ သူ့ရဲ့ တန်ခိုးတွေဆိုတာ သူ့ရဲ့ ပါစင်နယ် ပိုင်ဆိုင်မှုတွေပါ။ သူ့လို ရှိသူလည်းရှိ မရှိသူလည်းရှိပေါ့။ အဲဒါကို အဲဒီအချိန်မှာ မြတ်စွာဘုရားကလည်း ချစ်သားတို့ ဒီတန်ခိုးတွေကို ထုတ်မပြကြနဲ့လို့ သိက္ခာပုဒ် ပညတ်ပြီးသား။ ဆိုလိုတာကို personal ကို privacy လုပ်ဖို့ပြောတာ။ အဲဒါကို သူက အဇာတသတ ်မင်းသားလေးကို သွေးဆောင်တဲ့ နေရာကျတော့ မင်းသားလေးက သူ့ကိုယုံအောင် ပွင့်လင်းမြင်သာမှု(transparency) လို့ခေါင်းစဉ်တပ်ပြီး ထုတ်ပြလိုက်ရော။ နောက်တော့မှ မင်းသားလေး ဆီကနေ အလှူခံမှာကိုး ။ တကယ်က သူရဲ့ အဓိကအလုပ်က ရဟန်းဘဝနဲ့ ရဟန်းတရားကို အားထုတ်ဖို့။ အဲဒါက သူရဲ့ professional ပဲ။ မင်းသားက ဘယ်သူလဲလို့ မေးတော့မှ ငါ ရှင်ဒေဝဒတ်ပါဆိုပြီး သူ့ရဲ့ ပရော်ဖက်ရှင်နယ် အသွင်ဖြစ်တဲ့ ရဟန်းအသွင်ကို ပြန်ယူလိုက်ရော။ အဲဒီတော့ ရှင်ဒေဝဒတ်လည်း စကတည်းက သူ့ဘာသာသူ ပါစင်နယ် ပရော်ဖက်ရှင်နယ် ထရန်ပဲရန်စီနဲ့ ပရိုက်ဗိတ်စီတွေကို ရောထွေးနေပါလေရော။ စဉ်းစားကြည့် မိတ်ဆွေတို့ အဲဒီအတိုင်း တကယ်ဖြစ်ခဲ့တာ။ ရှင်ဒေဝဒတ်ကား ပါစင်နယ်နဲ့ ပရော်ဖက်ရှင်နယ်ကို ထရန်ပဲရန်စီဆိုသော စည်းဖြင့် ရောထွေးခဲ့သူပေ)

    တို့ရာဇဂြိုဟ်ပြည် သိပ်မတိုးတတ်ဘူးလို့ ထင်တာ လက်စသတ်တော့ ငါ့ဘိုးတော်ကြီးရဲ့ ငါးပါးသီလကို နိုင်တီးဂွမ်တီးက အမြင်တွေနဲ့ အဓိပ္ပါယ်ဖွင့်နေတဲ့ ရှေးရိုးစွဲဝါဒကြောင့်ကိုး။ တကယ်ဆို ဇောတိက ပစ္စည်းတွေကို ပြည်သူပိုင် ပစ္စည်းဆိုပြီး သိမ်းလိုက်ရင် ပြည်သူပိုင်ပစ္စည်းကို ခိုးရင် ခိုးမှုမမြောက်ဘူးဆိုတဲ့ ဝါဒအရ ဘာမှမဖြစ်နိုင်ပါဘူး။ ငါတတ်လာမှပဲ ဒါတွေကို ပြောင်းရတော့မှာပဲ။ အင်း ဘာသာရေး အနှစ် ၂၀၀၀ဝ ကျိန်စာ ကြာစိမ် အနိစ္စ ဘာညာပေါ့ဗျာ။

    မင်းသားက အတင်းအကျပ် ကိုးကွယ်ခိုင်းတာလည်း ရှိနိုင်တာပေါ့လေ။

    ဒီထက်ပိုပြီး ဂျစ်ကန်ကန် လုပ်ချင်တဲ့ အသက်ခပ်ကြီးကြီး အမတ်တွေ ဆိုရင်တော့ မင်းသားက ခပ်တည်တည်နဲ့ “ကျုပ်ဆီမှာ အမှုထမ်းရင် ကျုပ်ထုတ့်တဲ့ စည်းကမ်းကို လိုက်နာရမယ်။ ဒါအဇာတသတ်ရဲ့ ချာတာပဲ။ ထပ်ပြောရရင် ခင်ဗျားတို့ကို အခကြေးငွေ ပေးထားတယ်။ Virtual life မှာပေးထားတာ မဟုတ်ဖူး real life မှာပေးထားတာ။ ကျုပ်စည်းကမ်းကို ကျန်တဲ့လူတွေ ဘာမှမပြောပဲ ခင်ဗျားတို့ လိုက်နာဖို့ အဆင်မပြေဖူးဆိုရင် အဆင်ပြေမယ့် နေရာရှာသင့်တယ်။ အခုလောလောဆယ် ကျုပ်စည်းကမ်းတွေကို အမြဲမလိုက်နာဖူး ဆိုပြီး ညီလာခံတိုင်း ကျုပ်ကို အတိုက်အခံလုပ်တဲ့ ကျုပ်အဘိုးကြီးရဲ့ ဘော်ဘော် ဟိုစံဝဏ္ဏမဟာ ဆိုတဲ့ အမတ်ကြီးကို အရင်ဖမ်းချုပ်ရမယ်။ ဆိုတော့ ဟဲ ဟဲ ဟဲ ဟဲ”

    အဲဒါလေးတွေအတွက် ခရက်ဒစ်လေးများ မပေးချင်ဘူးလား ကိုစံလှကြီးရေ…
    အမှတ်တရလေးပေါ့ဗျာ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • San Hla Gyi

    December 10, 2012 at 9:12 pm

    ကိုကြောင်ဝတုတ်
    ခင်ဗျားကို ကျနော် ပြောရအုံးမယ်။ ကျနော် ဒီကွန်မန့် ရေးနေချိန်မှာ ခင်ဗျားအပေါ် စိတ်အေးအေးထားပြီး ရေးတာပါ။ အခုဟာက ဒေါသနဲ့ မဟုတ်ဘူး။ ကိုကြောင်ဝတုတ်လဲ စိတ်အေးအေး နားထောင်။ ဘာလို့လဲဆိုတော့ ကျုပ်စိတ်ထင် ခင်ဗျားပို့စ်တွေကို ကျုပ်နောက် လာဖြစ်ချင်မှ လာဖြစ်တော့မယ်။ ဒါကြောင့် အရင်တုန်းက ပြောချင်ပေမယ့် စိတ်လောနေလို့ မပြောဖြစ်ခဲ့တာပါ ပြောရအုံးမယ်။ ကျန်တဲ့လူတွေလဲ ပါပါတယ်။ အခုဟာက ခင်ဗျားအကြောင်း မဟုတ်ပါအုံး။ ကျုပ် အယူအဆပါ။ ဒါက အရေးကြီးတယ်။
    Satire ကိုမြန်မာလို ပြန်ကြတာ ခနဲ့ဟာသ (ဝါ) သရော်စာလို့ ဘာသာပြန် ကြတယ်ဗျ။ ကျုပ်အမြင်အရ နှစ်ခုစလုံး ဟုတ်တယ် ကိုကြောင်ဝတုတ်။ အဲဒါကို ကျုပ်သိသလောက် Learner’s Dictionary က
    Satire is a way of criticizing people or ideas in a humorous way , or a piece of writing or play which uses this style
    Her play was a “biting satire” on life in the 80s.
    Biting(Disapproving) describes words or people that are criticizing someone or something usually in a clever but unkind way
    ကိုကြောင်ဝတုတ်ရေ အဲဒါကို ကျနော် နားလည်တာတော့ “Satire ဆိုသည်မှာ လူ သို့မဟုတ် အယူအဆများကို ရယ်စရာ နည်းလမ်း အရေးအသား သရုပ်ဆောင်မှုတို့ဖြင့် ဝေဖန်ခြင်း နောက်ပြီး biting satire လို့ တွေ့တဲ့အခါကျတော့ biting ရဲ့အဓိပ္ပါယ်က တစုံတယောက် သို့ တစုံတရာကို လိမ္မာပါးနပ်သော်လည်း ရက်စက်သော နည်းလမ်းဖြင့် ဝေဖန်သော စကားလုံး သို့မဟုတ် လူ” အဲဒီလို ထွက်နေတယ်ဗျ။
    ကိုကြောင်ဝတုတ်ရေ clever but unkind way နော်။ လိမ္မာပါးနပ်သော်လည်း ရက်စက်သော နည်းဖြင့် ဝေဖန်တာဗျို့။ ကျုပ်အမြင်အရ satire ကိုရေးလိုက်တာနဲ့ ခင်ဗျားဝေဖန်နေတဲ့ လူ သို့မဟုတ် အယူအဆ တခုအတွက် ခင်ဗျားဟာ တကယ့်ကို လူကြမ်းကြီးဖြစ်ပြီး အဲဒါနဲ့ မဆိုင်တဲ့လူတွေ အတွက်တော့ ခင်ဗျားဟာ လူရွှင်တော် ဖြစ်နေပြီဗျို့။ “ခနဲ့ဟာသ” လေ ကိုကြောင်ဝတုတ်။ “ခနဲ့” နေတာတွေက ခင်ဗျားဝေဖန်နေတဲ့ လူ သို့မဟုတ် အယူအဆအတွက် ဖြစ်ပြီး “ဟာသ” ကတော့ အဲဒီ့ဟာနဲ့ မဆိုင်တဲ့ လူတွေအတွက်ပဲ။ ဒီတော့ သက်ဆိုင်သူတွေက ခင်ဗျားကို သိပ်နာပြီး မဆိုင်တဲ့ လူတွေက တ ဟီ ဟီ ရယ်နေရပြီ ဆိုရင်တော့ ခင်ဗျားဟာ တကယ့် အကယ်ဒမီ ရပြီလို့ ပြောလို့ရတယ်။
    ကိုကြောင်ဝတုတ်ရေ မမေ့နဲ့ သရော်စာက အယူအဆကိုလဲ ရေးလို့ရတယ်။ အဲဒီတော့ ကျုပ်အမြင်အရ satire သမားကို ခင်ဗျားက မရက်စက်ပါနဲ့ မတိုက်ခိုက်ပါနဲ့ “အကြင်နာတရားတွေ ထားပါအုံးကွယ်” တို့ သွားပြောလို့ မရဘူး။ သွားပြောရင် ခင်ဗျားမှားမယ်လို့ ထင်တယ်။ အဲဒါ သူ့အနုပညာပဲ။ သူက ဥပမာ ခင်ဗျားကို ဝေဖန်မယ်ဆိုရင် ခင်ဗျားအတွက် လူကြမ်းဖြစ်ပြီး ပရိသတ်အတွက်က ဇာဂနာ ဖြစ်တော့မှာ။(တကယ်တော့ ဇာဂနာလဲ satire အစစ်ပဲ။ ဒါကြောင့် သူ့ကို သက်ဆိုင်ရာက သွားတွေ ကျွတ်ထွက်အောင် ရိုက်ပြီး သူ့ပရိသတ်က တဟားဟား ရယ်ကြတာပဲ)
    အဲဒါကို ခင်ဗျားက သူ့ကို သွားပြီး respect ထားပါတို့ ပါစင်နယ် မတိုက်ခိုက်ပါနဲ့ တို့ပြောရင် ကျုပ်အမြင်အရ ခင်ဗျားဟာ အဲဒီစည်းကမ်းကို နားမလည်ဘူး။ နောက်ပြီး ခင်ဗျား သူ့ကို စိတ်ဆိုးတဲ့ လေသံနဲ့ ပြောလေ သူက အနုပညာမြောက်တယ် ဆိုတာ ပြပြီးသား ဖြစ်လေပဲ။ ဘာလို့လဲ ဆိုတော့ သက်ဆိုင်သူက အောင့်နေတာကို ပြတာကိုး။ ဆိုင်သူကို အောင့်သွားအောင် လုပ်ပြီး မဆိုင်တဲ့ လူတွေကို ရယ်ခိုင်းတာ satire ပဲ။ သီချင်းဆိုပြီး ငိုရတယ်လို့ ပြောရမှာပေါ့။ သီချင်းဆိုတာက ပရိသတ် ငိုရတာက ကာယကံရှင်တွေကိုး။
    ကိုကြောင်ဝတုတ်ရေ ကျုပ်ထင်တာတော့ စာပေမှာ အဲဒီ satire သမားကို ရယ်ပြီး အားပေးတဲ့ ပရိသတ်ကို ခင်ဗျား စိတ်ဆိုးလို့ မရသလို အနုပညာရှင်ကို ခင်ဗျားက စိတ်ဆိုးတယ်ဆိုလဲ ခင်ဗျားရဲ့ အပါးမဝပုံကို ပြတာပဲ။ ခင်ဗျားက တုန့်ပြန်ချင်ရင် ကိုယ့်ကလည်း သရော်စာ ပြန်ရေးမှရမယ်။
    Satire သမားဟာ တကယ်တော့ ပါစင်နယ် တိုက်ခိုက်လို့ ရတယ် ကိုကြောင်ဝတုတ်။ ဒါပေမယ့် သူ့မှာလည်း စည်းရှိတယ်။ အဲဒါက ဘာလဲဆိုရင် ဝေဖန်တဲ့ လူ ကို တိုက်ရိုက်ကြီး နာမည်တပ်ပြောလို့ မရဘူး။ သိသာအောင် ထည့်လို့တော့ ရတယ်။ ခင်ဗျားကို တကယ့် ပရော်ဖက်ရှင်နယ် satire သမားတယောက် ရေးဖူးတာကို ဥပမာပြမယ်။ တကယ် အဲဒီလို ရေးပြီး လူတွေ ရယ်ခဲ့ဖူးတယ်။
    ဥပမာ “အရပ်လွန်စွာပုသော ပြန်ကြားရေး ဝန်ကြီး ဦးဆော်ကြမ်းသည် ဒေါသထွက်ပြီး ဆွေ့ဆွေ့ခုန်နေလေသည်။ သူ ဆွေ့ဆွေ့ခုန်သော်လည်း ဒေါ်အောင်…..၏ ပခုံးကိုပင် မမှီပေ” “ကျုပ် ဆော်ကြမ်းကို မြေနိမ့်ရာ ဓားမြှောင်စိုက် ခိုင်းထားတယ်။ တကယ်တော့ လှံစိုက် ခိုင်းရမှာ။ ဒါပေမယ့် လှံက သူ့အရပ်ထက် ရှည်နေလို့ ဓားမြှောင်စိုက်ခိုင်းတာ” ကိုကြောင်ဝတုတ်ရေ ဒါတကယ့် ပရော်ဖက်ရှင်နယ်ရဲ့ စာတွေနော်။ အဲဒီစာတွေသာ ကာယကံရှင် ဖတ်မိလို့တော့ စိတ်မဆိုးဘူး ထင်လား။ ဒါပေမယ့် ဘေးက ပရိသတ်တော့ ရယ်နေရတယ် မဟုတ်လား။ အဲဒါ ခင်ဗျားက သွားပြီး ဒါ ဝန်ကြီး ဦးဘယ်သူကို ဝေဖန်တာ ပါစင်နယ် တိုက်ခိုက်တာတွေလို့ ပြောတာနဲ့ နာမည်ကြီး ပြောလိုက်တာနဲ့ ခင်ဗျားဟာ satire သမားရဲ့ လမိုင်းကို ဖျက်လိုက်တာပဲ။
    ကိုကြောင်ဝတုတ် ဒီမှာလည်း အမှန်တော့ satire ရေးတဲ့လူတွေ ရှိပါတယ်။ ကျုပ်တောင် အရေးခံရဖူးတယ် ထင်တယ်။ ကျုပ်ပြောလိုက်တဲ့ စကားလေး ဖြစ်ဖြစ် သဘောထားလေး ဖြစ်ဖြစ် ကိုးကားပြီးပေါ့။ ကျုပ်မြင်ခဲ့ဖူးတယ်။ ဒါပေမယ့် ကျုပ်ဘာမှ ဝင်ပြီး ရန်မဖြစ်သလို ဒါကျုပ်ကို ပြောတာဆိုပြီးလည်း မလုပ်ဖူး။ ဘာလို့လဲဆိုတော့ satire လို့ရေးကတည်းက ဒီပညာသည်ရဲ့ လမိုင်းကို ငါဖျက်လို့ မရဘူးလို့ နားလည်လို့ပဲ။
    ဒါပေမယ့် ကျုပ် သိစိတ်က အဲဒီလို နားလည်ပြီး ဘာမှ မလုပ်ပေမယ့် တခါ satire သမားတယောက်ကို သတိမေ့ပြီး ကျုပ်ကွန်မန့်နဲ့ ပြောခဲ့ဖူးတယ်။ သူ့ပို့စ်မှာ မဟုတ်ပါဘူး။ တခြားပို့စ်မှာပါ။ နောက်တော့မှ ပြန်စဉ်းစားကြည့်တော့ ဟာ သူ့ ပညာက ငါ့ မသိစိတ်ကို ထိခိုက်သွားပါလားလို့ နားလည်လိုက်တယ်။ သိစိတ်က ဒီစည်းကမ်းကို ကျုပ်သဘောပေါက်တယ်နော်။ ဒီတော့ သူလည်း မဆိုးဘူးပေါ့။ ကိုကြောင်ကြီးလည်း ရေးပါတယ်။ ဒါပေမယ့် ကျနော့် အမြင် ကိုကြောင်ကြီးဟာက ဟာသဖက်ကို အများကြီး စောင်းပေးထားတယ်။ အမုန်းခံရ သက်သာတာပေါ့။
    တကယ်တော့ satire သမားကို ခင်ဗျားမုန်းတယ် စိတ်ဆိုးတယ် ဆိုလဲ သူ့ကို ခရက်ဒစ် ပေးပြီးသားပဲ။ ရယ်နေတဲ့လူကလဲ ခရက်ဒစ် ပေးပြီးသားပဲ။ ဒါဖြင့် satire က ကောင်းသလား ဆိုရင် ကောင်းတော့ မကောင်းဘူး ကိုကြောင်ဝတုတ်။ သူ့ကို မုန်းသူ ရှိတာကိုး။ ဒါပေမယ့် ကျုပ်အမြင် အဲဒါက သူ့အနုပညာပဲ။
    ဟိုတုန်းက မြန်မာ့ရုပ်သေးမှာ ပုဏ္ဏားဦးနီ ဆိုတဲ့ ပညာရှင် တယောက် ရှိဖူးတယ်တဲ့။ ရုပ်သေး လူကြမ်းပေါ့။ ရုပ်သေးဆိုတာက ခင်ဗျား သိတဲ့အတိုင်း တကယ့်လူအစစ်မှ မဟုတ်တာ။ အရုပ်လေးတွေကို ကြိုးနဲ့ဆွဲပြီး နောက်ကနေ ပါးစပ်နဲ့ ငိုဟယ် ရယ်ဟယ် ရိုက်နှက်ဟယ် လုပ်ကြတာကိုး။ အဲဒါ သူက ဘယ်လောက်တောင် လမိုင်းကပ်သလဲ ဆိုရင် သူက စင်ပေါ်မှာ နှိပ်စက်ခန်းမှာ ပါးစပ်နဲ့ နှိပ်စက်တာကို အသံနက်ကြီးတွေ လုပ်ပြီးပေါ့ဗျာ(တကယ်က စင်နောက်မှာ ပြုံးပြုံးကြီး) အတူတူ ကနေတဲ့ သူ့နှိပ်စက်ခံရတဲ့ အရုပ်ကို ကြိုးဆွဲတဲ့ ပညာရှင်တွေဟာ မျက်ရည်ပေါက်ပေါက် ကျရတယ်တဲ့။ အတူတူ ကနေတဲ့ လူတောင် ငိုရတယ်ဆိုတော့ ပရိသတ်က ဘယ်ခံနိုင်မှာလဲ။ အရုပ်ကို တကယ်ရှိတယ် ထင်ပြီး ခဲနဲ့ ဝိုင်းပေါက်တာပဲတဲ့။ အဲဒါက သူ့အနုပညာလေ ကိုကြောင်ဝတုတ်ရေ။

    • မောင်ပေ

      December 12, 2012 at 9:36 pm

      ဒီပို ့စ်ထဲမှာ
      ဒီကွန်မင့်ကို အကြိုက်ဆုံးပဲဗျာ
      တစ်ကယ်ကို လေးစားသွားပါပြီ ကိုစံလှကြီး
      မောင်ပေ

      • San Hla Gyi

        December 13, 2012 at 5:16 pm

        ကိုပေရေ
        ကျေးဇူးတင်ပါတယ်ဗျာ။ ဒီကွန်မန့်မှ မဟုတ်ပါဘူး။ အောက်မှာ ကိုယ်ပျောက်ရွာသား ဆိုတဲ့ NAJA ဆိုသူကို ကျုပ်ပြန်ရေးထားတဲ့ ကွန်မန့်ကလေးလဲ ကောင်းပါတယ်။ ဖတ်ကြည့်ပါအုံး။ အဲဒီလူလဲ တမျိုးကြီးပဲ ကပေရယ်။ ကျုပ်ကို မလုပ်နဲ့ ပြောပြီး သူကျတော့ သူမလုပ်နဲ့ ပြောတာတွေကို ပို့စ်တောင် မကူးသေးပဲ ဒီကွန်မန့်မှာပဲ ပြောင်ပြောင်တင်းတင်း ချိုးဖျောက်ပြတာ။ ကျနော်လဲ စိတ်အေးအေးနဲ့ သူ့ကို ရှင်းပြထားပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 11, 2012 at 12:12 am

    ပြောလို့ပြောတာ သူ့ဥစ္စာ ( ပိုစ့် ) ကရှည်လမြောကြီး :mrgreen:
    ( ဟာသကလည်း မြတ်စွာဘုရားရှင်ကိုတော့ မလုပ်ဝံ့လို့ ရှင်ဒေဝဒတ်နဲ့ အဇာတသတ်မင်းသား
    အခန်းတွေမှာ ဟာသထည့်ထားပါတယ်)
    ဆိုခြင်တာက ဟာသတော့ ဟာသဘဲ ဘုရားဖြစ်နေလို့မကောင်းတတ်လို့အိုက်သလိုလား
    ( ထူးခြားတာက ရှင်ဒေဝဒတ်ရဲ့ အပြုအမူတွေဟာ ဒီနေ့ခေတ်လူတွေ အထိ လုပ်နေဆဲ ပြောနေဆဲ
    အပြုအမူတွေ ဆိုတာပဲ။ )
    သူလုပ်သလိုလိုက်လုပ်တာမဟုတ်ပါဘူး သဘောခြင်းတူနေဒယ် ဒါမှမဟုတ် ဆိမ်းစိမ်း ပေါ့ဗျာ
    (ဒီစကားကို ထောက်တာနဲ့ အဇာတသတ် မင်းသားလေးဟာ ဘုရားရှင်ကို ကောင်းကောင်း မြင်ဖူးတွေ့ဖူးကြောင်း
    သိသာတယ်။ ဗိမ္မိသာရမင်းကြီးကလည်း ကျောင်းတော်ကို ခေါ်သွားပုံရတယ်။ ဒါပေမယ့် သူကိုယ်တိုင်က ဘုရားရှင် အနားကိုလာပြီး တရားနာတာတွေ ဘာတွေ လုပ်ခဲ့ပုံ မရဘူး။ အဲဒီတုန်းက ဘယ်ချောင် ပုန်းနေမှန်း မသိပေါ့။)
    ဒီအကြောင်းလေးက တွေးခေါ်တတ်ရင် သိပ်စိတ်ဝင်စရာကောင်းတယ် စာအုပ်တစ်အုပ်လောက်ပုံကြီးချဲ့
    ရေးလို့ရနိုင်တယ် ကြပ်နေတာမဟုတ်ဘူး အတီ 😆
    အကြမ်းဖျင်းပြောရရင် ဓမ္မတရားဆိုတာ ကြားဖူးမှသိတာ သိမှ မှတ်သားရတာ
    မှတ်သားမိမှ လေ့ကျင့် ( ကြင့်ကြံ အားထုတ်) ရတာ
    နောက်တစ်ခုက အဖေက ဘုရားကိုကိုးကွယ်တယ် သားက ဒေဝဒတ်ကိုကိုးကွယ်တယ်
    ကြည့်ရတာ သားဖနှစ်ယောက် မီးတင်းလုပ်ပုံမရဘူး
    သူ့ဂွင်နဲ့သူ ပီသလိုနေပုံရတယ် ဒါကြောင့်သဂျီးပြောတာဖြစ်မယ် ဆွေးနွေးဂျဘါ ငြင်းခုန်ဂျဘါပါ ဆဲဂျဘါ :mrgreen:
    ဒီနေရာမှာ ရှင်ဒေဝဒတ်အကြောင်းကို ခပ်တီတီနဲ့ဝင်ဖေါလ်ရရင်ဒေါ့ တွေးစရာဘဲဗျ
    မြတ်စွာဘုရားမပွင့်ခင်ကတည်းက သမ္မထတရားတွေကြောင့် ဈ ာန်အဘိဉည် ( စပယ်လင်ရမ်းချ ) တွေ
    ရနေကြတဲ့သဘောစိပေမယ့်
    ရှင်ဒေဝဒတ်ကတော့ ဘာကိုအကြောင်းပြုပြီး ရဟန်းဝတ်တယ်ဆိုတာ တွေးခေါ်စရာဘဲ
    ဆိုခြင်တာက ဈ ာန်အဘိဉည် ( စပယ်လင်ရမ်းချ ) ဆိုတာ သစ္စာတရားကိုယုံကြည်လို့ ရတဲ့အကြောင်းမဟုတ်ဘဲ
    သမ္မာဒိကျင့်စဉ်ကြောင့် ရခဲ့တာဖြစ်တယ်လို့ဆိုနိုင်ပါတယ်
    ( ဒီအကြောင်းကို သမိုင်းဆရာကြီးအနေနှင့် သေခြာတွေးခေါ်ပြီး စာအုပ်တစ်အုပ်ရေးဘာလို့
    ကြပ်ပေး အေးအေး ဟုတ်ဘာဘူး တိုက်တွန်းပါတယ် )
    စာပေအရ ဗိမ္မိသာရ မင်းကြီးဟာ ဘုရားရှင်ရဲ့တရားတော်တွေကိုနာကြားအပြီး သောတပန် တည်တယ်လို့
    လာပါတယ် အဇာတသတ်မင်းသားက နန်းလိုတာနဲ့ နန်းကိုပေးပါတယ်
    အဲ့သည်ထိဟုတ်နေသေးဒယ်
    ပြဿနာလို့ပြောရမလား
    သားကိုနန်းပေးမယ်ဆိုတာနဲ့ အရိယာကြီးက ငါ့သားနဲ့မကြည်တဲ့ကောင်တွေကို ကလိန်ကကျစ်လုပ်လိုက်တယ်
    ဆိုတာကြီးကို အရိယာတစ်ဦးအနေနှင့် သား ( တဏှာ ) ကိုအကြောင်းပြု၍
    သူတပါးကို ပြဿနာလုပ်တာ ( မစ္ဆရိယ / အဂတိ ကင်းခြင်း ) လုပ်တာကို အဘိဓမ္မာနဲ့ ညိအောင်
    သမိုင်းဆရာကြီးအနေနှင့် သေခြာတွေးခေါ်ပြီး စာအုပ်တစ်အုပ်ရေးဘို့ အကြံပြုပါတယ်။
    မဟုတ်လို့ကတော့ အရိယာကြီးက သားအတွက် ပေါက်ကရလုပ်တယ်ဆိုပြီး လူပြောစရာဖြစ်သွားပါဦးမယ်
    ဟုတ်တယ်နော်။
    ကွယ်လွန်ပြီးဘာနတ်ဖြစ်သွားတယ်ဆိုလား အဲ့တာကတော့ ဆယာကြောင်ကြီးပြောတဲ့သဘောရယ်
    ဆိုခဲ့သလို သားတွက် နည်းနည်းအနုစားအကြံဖန်လေးလုပ်လိုက်တယ်ရယ်ကြောင့် ဆိုနိုင်မလားဘဲ။
    ရှင်ဒေဝဒတ် တရားရသွားပုံလေးကို မထင်မရှားရေးလိုက်တာကတော့ တော်တော်နှမြောစရာကောင်းတယ်
    အဲ့သည်အကြောင်းကို သမိုင်းဆရာကြီးအနေနှင့် အပီရေးနိုင်ရင် ဓမ္မကထိကလောက်နီးနီး
    နာမည်ကြီးသွားနိုင်ပါတယ်
    ကြားဖူးတာကတော့ ရှင်ဒေဝဒတ်ဟာ မြေမြိုခံနေရစဉ်မှာ ( ဘယ်နေရကနေဘယ်လိုမြိုတယ်တော့သိဘူးဗျ )
    တစ်ကိုယ်လုံး မကုန်သေးဘဲ ကိုယ်တစ်ပိုင်းလောက်ကျန်နေသေးတဲ့အချိန်မှာ
    ကြွင်းသောခန္ဓာကို ထိုမြတ်စွာဘုရားအားလှူဒါန်းပါ၏ လို့ ဖြစ်လာတဲ့
    သဒ္ဓါ စိတ်အကြောင်းကတော့ ကျုပ်အလွန်နှစ်သက်တဲ့ အကြောင်းလေးဘဲ
    ဆက်ရေးခြင်သေးတယ် မတော်နေ အရှည် ( ပိုစ့် ) ပြိုင်တယ်ဆိုပြီးပြောနေမှာဆိုလို့ :mrgreen:

    • San Hla Gyi

      December 11, 2012 at 8:25 pm

      ကိုမိုက်ကယ်ဂျော်နီအောင်ဘု
      ခင်ဗျားဟာက စလိုက်တာနဲ့ “ရှည်လမြောကြီး” လို့ပြောတော့ ခင်ဗျားစိတ်ထဲမှာ အဲဒီ ရှည်လမြောကြီးတွေကို တော်တော့်ကို စွဲလန်းနေပုံရတယ်။ ပို့စ်တွေကို ပြောတာပါ။ ကြောက်ရွံ့တာနဲ့ ကြည်ညိုတာဟာ တချို့နေရာမှာ ဒင်္ဂါးရဲ့ ခေါင်းနဲ့ ပန်းပဲဗျ။ ခင်ဗျား အကြံပေးတာတွေကိုတော့ ကျနော် ရေးလောက်အောင် မပြည့်စုံဘူး ထင်ပါတယ်။ အဲဒီတော့ ကျုပ်က ပြန်အကြံပေးမယ်။ ခင်ဗျားလဲ ပါဠိစာတွေ ရွတ်နေတာ တခါတခါ ဘုန်းကြီးလောက် နီးနီးပဲဗျာ။ အဲဒီတော့ ခင်ဗျားပဲ ရေးလိုက်ပါ။
      ခင်ဗျားက ကျုပ်ကို အရှည်ပြိုင်ရအောင် ခင်ဗျားမှာ တကယ်ရော ရှည်တာရှိလို့လား။ ဆိုလိုတာက ပို့စ်ပါ။ ကျုပ်က ဒီနေ့အထိ ထုတ်ပြလိုက်တဲ့ အကြိမ်တော်တော်များများမှာ တော်တော့်ကို ရှည်တယ်။ ပို့စ်တွေပေါ့။ တခါတခါ အောက်မှာတောင် အရှည်ကြီးပြမိတာ ရှိတယ်။ ကွန်မန့်တွေပါ။

  • Wow

    December 11, 2012 at 10:53 am

    အိုဘာတဲ့… လူဂျီးဒွေရန်ဖစ်တာ ကြည့်ကောင်းဒယ်တော့ :harr:

    • San Hla Gyi

      December 11, 2012 at 8:28 pm

      Wow အနေနဲ့ ပထမဆုံးအကြိမ် အလည်ရောက်တယ် ထင်လို့ ကျေးဇူးတင်ပါတယ် ဆိုတာ ပြောလိုက်ပါကြောင်း။

  • ဦးကြောင်ကြီး

    December 11, 2012 at 11:14 am

    ကျုပ်သိချင်တာ သဂျီးမှားသလား ဦးစံလှဂျီးမှန်သလား လို့….. ❓

  • Wow

    December 11, 2012 at 12:56 pm

    ဒဂျီးလဲ မမှန်ဘူး ဦးစံလှဂျီးလဲ မမှားဘူး … အဲလိုပြောချင်ဒါလား အူးကြောင် :mrgreen:

    • San Hla Gyi

      December 11, 2012 at 8:32 pm

      မဟုတ်ဘူး ကျနော်ကြားထဲက ဘာသာပြန်ပေးမယ်။ ကိုကြောင်ကြီးက စပြီး ပြောကတည်းက “သဂျီးမှားသလား ဦးစံလှဂျီး မှန်သလားလို့” ပြောလိုက်ကတည်းက သဂျီးကမှားတယ်။ ကျုပ်ကမှန်တယ်ဆိုတာ ပြောလိုက်တာပဲ။ ဟုတ်ပါတယ် အဲဒီလူ မှားကိုမှားပါတယ်။

  • Mr. MarGa

    December 11, 2012 at 6:07 pm

    ဦးမာဃ တော့
    ဒီပို့စ် ကို စတစ်ကီ လုပ်ပြီး ဆက်ငြင်းခိုင်းချင်လာပြီ
    ပညာ တော်တော် တိုးသဗျ

  • San Hla Gyi

    December 11, 2012 at 8:41 pm

    ဦးမာဃကလဲဗျာ ဒီလိုပို့စ်မျိုးက စတစ်ကီ ရမလားဗျ။ စတစ်ကီရတာမျိုးက လစ်ဘရယ်ဝါဒီတို့ ရှေးရိုးစွဲဝါဒကို ဝေဖန်တယ်တို့ စာမျိုးပါမှ ရတတ်တယ် ထင်တာပဲလေ။ အထင်ကိုပြောတာ။ ခင်ဗျားတို့ကို ယုံခိုင်းတာ မဟုတ်ဘူး။ တကယ်လဲ ကျုပ်က စတစ်ကီရတယ်တို့ ဆုရတယ်တို့ ဆိုတာထက် အရင်တုန်းက ရှိဖူးတဲ့ ဘယ်နှစ်ယောက်ဝင်ဖတ်သလဲ ဆိုတာ သိနိုင်တဲ့ စနစ်မျိုးကို ကြိုက်တာဗျ။ အခုလဲ ကျနော့် စိတ်ထဲမှာ ထင်နေတယ်။ တော်တော်များများ စောင့်ဖတ်တယ် ထင်တာပဲ။ ကျနော်လဲ နည်းနည်း ကြိုးစားပြီး ရေးထားတယ်။
    ကိုကြောင်ဝတုတ်ကို ပြောလိုက်တဲ့ Satire စာပေနဲ့ ရေးသူရဲ့ သဘောတရားဆိုရင် ကျနော် ရေးပြီးမှ တော်တော့်ကိုကြိုက်တယ်။ မယုံရင် ခင်ဗျာတို့ အဲဒီကွန်မန့်ကို ပရင့်ထုတ်ပြီး အပြင်က တကယ့် ပရော်ဖက်ရှင်နယ် စာရေးဆရာကို ပြရင်လဲ အဲဒီအတိုင်းပဲလို့ ပြောလိမ့်မယ်ဗျ။
    ကျနော်က ဘာလို့ ဒါကို ပြောသလဲဆိုတော့ ဒီမှာက ကိုယ့်လူက ရေးလိုက်ရင် ဟီ ဟီနဲ့ နေပြီး သူများက ရေးမှ ပါစင်နယ်လို့ ပြောတတ်လို့ အဲဒီရဲ့ သဘောတရားကို ပြောလိုက်တာ။

    • Mr. MarGa

      December 11, 2012 at 9:18 pm

      ကြိုးစားပမ်းစားနဲ့ လက်မ ထောင်သွားပါတယ်ဗျာ

      • San Hla Gyi

        December 12, 2012 at 7:08 pm

        Mr. MarGa ရေ
        လူသစ်ဖြစ်လို့ နှစ်ခါမြောက် ကျေးဇူးတင်ကြောင်းနဲ့ ကျနော့်ကွန်မန့်တွေကို သေသေချာချာ ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ကျနော် နှစ်ဘက်ကိုမျှပြီး ရေးထားတယ်လို့ ထင်လို့ပါ။

  • NAJA

    December 12, 2012 at 4:21 am

    ထုံးစံအတိုင်း
    ဆေးရိုးသည် တစ်ချက်လောက် ဝင်ရှုပ်ချင်တယ်ခင်ဗျ..
    ရွာဆူနေတုန်း ဖျာခင်းတဲ့အနေနဲ့ ပြောချင်တာတွေ ဝင်ပြောသွားဦးမယ်..
    ကြိုပြီးတော့ ဝန်ခံပါရစေ…
    ပုံမှန်အားဖြင့် ကျွန်တော် ဒီလို Personal ပိုင်းဆိုင်ရာတွေရောယှက်နေတဲ့ အနေအထားမှာ
    တစ်ကယ်ကို ဝင်မပါချင်ပါဘူးခင်ဗျာ.. (Personal သာပြောရတယ် အဲလို သုံးရတာကိုလဲ
    ခပ်လန့်လန့်ရယ်ပါဗျာ)

    သို့သော်ညား
    ပြောမှ ဝင်ပြောတော့လဲ တည့်တည့်တွေပဲ ဒီတစ်ခါလေးတော့ ပြောခွင့်ပြုပါခင်ဗျာ..
    မြင်သမျှကိုလျှောက်ပြောမှာဖြစ်တဲ့အတွက်..
    တစ်ချက်တစ်လေ တည့်လွန်းအားကြီးသွားရင်လဲ
    နားနဲ့မနာ ဖဝါးနဲ့နာဖို့ ကြိုတောင်းပန်ပါရစေ.. ကိုစံလှကြီးခင်ဗျား..

    ဟိုးအစကနေ ထင်သလောက်စရှင်းရရင်တော့
    ကိုစံလှကြီး Foreign Resident အပေါ်မှာတော်တော် အခဲမကြေပုံပဲထင်ပါတယ်..
    ပြသနာရဲ့အစကလဲ.. စဉ်းစားကြစေလိုပါတယ် တိုင်းရင်းသားအရေး ကို FR က ရေးတဲ့
    နေရာမှာ ကိုစံလှကြီးရဲ့ပိုစ့်ကိုမှီးပြီးရေးခဲ့တဲ့အပြင်
    ဦးတည်ချက်အားဖြင့် ဆန့်ကျင်ဘက် အသွင်ဆောင်ခဲ့တဲ့အတွက်
    ကိုစံလှကြီးမကျေမနပ်ဖြစ်ခဲ့တယ်လို့ထင်ပါတယ်..
    အဲဒီတုန်းက ကျွန်တော်ဝင်ပြောခဲ့ချင်ပါတယ်..
    FR ရဲ့အကျင့်အတိုင်းပဲ ပိုစ့်တစ်ပုဒ်သူရေးရင် ဒီတိုင်းရေးလေ့မရှိပဲ
    တစ်စုံတစ်ခုသော ကွန်းမန့် ပို့စ်ကို အခြေခံပြီးမှ ရေးလေ့ရှိတာကို သတိထားမိခဲ့တော့
    ကိုစံလှကြီး အခုတောက်လျှောက်ထင်လာခဲ့သလို ရွာထဲ “ဝင်စလူမို့ နှိပ်လိုရင်း”
    လို့မဟုတ်ကြောင်း ကျွန်တော်ကိုယ်တိုင်ယုံကြည်သလို ပြန်ရှင်းပြချင်ခဲ့ပါတယ်…
    သို့သော်လဲ အဲဒီ ပိုစ်နှစ်ပုဒ်တင်ပဲ ရှင်းမရအောင် ရှုပ်ခဲ့လို့ ဒီတိုင်းပဲ နေခဲ့တာပါ..

    ဒီနေရာမှာ တည့်တည့်ပြောမယ်လို့ ကျွန်တော်ပြောထားတဲ့အတိုင်း
    တစ်ချက်ပြောပါမယ်…
    အဲဒီပြသနာကို အခြေခံပြီး နောက်ပိုင်း
    ကိုစံလှကြီးဟာ ပေးခဲ့သမျှကွန်းမန့်တိုင်းနီးပါးမှာ FR ကို စောင်းပါးရိတ်ချည်
    အပြော ခနဲ့သဘောတွေ အမြဲပါနေတာ ဂေဇတ် ပရိတ်သတ်တိုင်းသိမယ်ထင်ပါတယ်..
    အခြားတစ်ဖက်မှာ FR ဟာ အဲဒီ ဟာတွေ အတွက် ပြန်လည်ဖြေရှင်းတာ တိုက်ခိုက်တာာမျိုး
    လုပ်တာ မတွေ ့ခဲ့ရပါဘူး..
    ုသူ့ဟာသူ အီလိုက်ဖြစ်တာ ကမ္ဘာပတ်တာ ဟာလဲ သူ့အကြောင်းသူပြောတာဖြစ်တဲ့အတွက်
    အမြင်မကြည်လျှင် မမြင်ချင်ယောင်ဆောင်နေရုံကလွဲပြီး ဘာမှထပ်ပိုလို့မရပါဘူး..

    “သူ့စာထဲ ထည့်ရေးလို့ အဲဒါကို ဝေဖန်တာ ပါစင်နယ်တိုက်ခိုက်တာမဟုတ်ဘူး”

    ဆိုပြီး ကိုစံလှကြီးရဲ့ ကိုယ်ပိုင် Concept နဲ့ ကိုယ့်ကိုယ်ကို ကာကွယ်နေပေမဲ့
    ရိုးရိုးရှင်းရှင် ကျွန်တော်မြင်တာကတော့
    ကွန်းမန့်တွေ အတော်များများမှာ တိုက်ခိုက်နေတာက တော့ ကိုစံလှကြီးပဲဆိုတာ
    ကိုစံလှကြီးကွန်းမန့်တွေ က သက်သေပြနေပါတယ်..

    “သူ့စာထဲ ထည့်ရေးလို့ အဲဒါကို ဝေဖန်တာ”
    ဆိုပြီး ပြောလို့ရတယ်ပဲထားဦး
    သူ့စာထဲ ထည့်ရေးခဲ့တဲ့ သူအီလိုက်ဖြစ်ကြောင်းဟာ သူအီလိုက်ဖြစ်ကြောင်း ဦးတည်ကြွားတာလား
    သူတို့ မိသားစုကြိုးစားခဲ့တဲ့အကြောင်းဥပမာပေးတဲ့နေရာမှာရော အဲဒါကို ပဲဦးတည်ကြွားတာလား
    သူ ကမ္ဘာပတ်တာကိုရေးတာကရော အဲဒါကို ကြွားနေတာလား
    အဲဒါတွေအတွက်ပဲဆုိုရင်တော့ တိုက်ခိုက်ခံရတာ နဲပါသေးတယ်ပြောပြီး
    ကျွန်တော်ကိုယ်တိုင်လဲ သူ့စာတွေ ဝင်တောင်ဖတ်ဖြစ်မှာမဟုတ်ဘူးဗျ
    ဆိုခဲ့သလိုပဲ
    သူခိုင်းနှိုင်းဥပမာ ပေးခဲ့တာတွေဟာ
    သူ့ကိုသူပေးခဲ့လို့ ကိုစံလှကြီးပြောခဲ့သလို ကိုယ့်ဂုဏ်ကိုယ်ဖော်မသူတော်ဖြစ်ကောင်းဖြစ်မယ်..
    အခြေအနေအချိန်အခါ လွဲကောင်းလွဲမယ်..
    သူဆွေးနွေးနေတဲ့ ပွိုင့်က အဲဒါတွေကို ဦးတည်ထားတာမဟုတ်တဲ့အတွက်..
    အဲဒါတွေကို ပြန်ဆွေးနွေးခွင့်မရှိဘူးလို့ပဲမြင်သဗျ…

    ဒါက FR နဲ့ ပတ်သက်လို့ သူ့ဘက်က အခမဲ့ရှေ့နေလိုက်ပေးတာခင်ဗျ..
    (မစားရဝခမန်း ဖားတဲ့လူလို့ အခုတော့ စွတ်စွဲထားလိုက်ဦးခင်ဗျ
    နောက်အပိုက်မှ အဲဒါအတွက်ဆက်ရှင်းပါမယ်)
    စကားလုံးအထားအသိုတွေ..
    မြန်မာစကားလုံးရဲ့တာသွားပုံတွေနဲ့ ဒီအကြောင်းအရာတွေ ရေးရတာဆိုတော့
    ခပ်လန့်လန့်ပါခင်ဗျာ.. ကျွန်တော်က ကိုစံလှကြီးလောက် မြန်မာစာရဲ့ တာသွားပုံတွေကို
    ထိထိမိမိ နားမလည်သေးဘူးခင်ဗျ..
    သို့သော်လဲ နားလည်တိုင်း ကိုယ်လိုချင်သလိုဆွဲယူနေမယ်
    ဆွဲစိနေမယ်ဆိုရင်တော့.
    အမှန်တရားကို မျက်ကွယ်ပြုပြီး အမှုတိုင်းနိုင်အောင်လျှောက်နိုင်တဲ့ ရှေ့နေလိုပဲဖြစ်လိမ့်မယ်ခင်ဗျ..
    အဲဒိအတွက် ကိစ္စအတော်များများမှာ
    ရိုးရိုးရှင်းရှင်းပဲ မြင်ပြီး ရိုးရိုးရှင်းရှင်းပဲလက်ခံပေးနိုင်ရင် ပိုအံဝင်မယ်ခင်ဗျာ
    “မာန်” ဆိုတဲ့အရာလေးကိုဖြုတ်ထားနိုင်ရင်ပိုကောင်းမယ်ခင်ဗျာ..

    စကားလျှောက်စပ်ရင်း လမ်းကြောင်းလွဲတော့မယ်.
    ပြန်ဆက်ရရင်တော့..
    ကပ္ပိတိန်ကြီး FR ကိုတော့ ဖားပြီးသွားပြီခင်ဗျ..
    တခြားလူတွေလဲ ဆက်ပြီးဖားလိုက်ဦးမယ်… မထူးမှတော့..
    ကျွန်တော် ဂေဇတ်ကို တစ်ရက်သုံးခေါက်လောက်ဝင်ပြီး ဖတ်ဖြစ်နေတာ..
    ဂေဇတ်က ပိုက်ဆံပေးလို့လဲမဟုတ်ဘူးဗျ..
    သူကြီးက အမေရိကနေလို့လဲမဟုတ်ဘူးခင်ဗျ..
    ဂေဇတ်ကို ကိုကြောင်ကြီးရဲ့ ပိုစ့်တစ်ပုဒ်ဖတ်မိရာကနေ ရောက်လာပြီး ဒီထဲမှာ
    လူမသိသူမသိသောင်တင်နေတာပါ..

    အဓိကအားဖြင့် အဲသလိုဖြစ်အောင် ဆွဲဆောင်ထားတဲ့အရာကိုပြောပြချင်ပါတယ်..
    ပိုစ်တွေကကောင်းတဲ့အခါကောင်း မကောင်းတဲ့အခါမကောင်း
    ဖြစ်လေ့ရှိပေမဲ့ သာမန်အကြောင်းအရာလေးအပေါ်မှာ
    တောင် အမြင်ကွဲမျိုးစုံနဲ့ အမြဲတမ်း ကွန်းမန့်ကောင်းတွေနဲ့
    ဆွဲဆောင်ထားတဲ့လူတွေရှိလို့ဗျ…
    သဂျီး၊ FR ၊ ဦးပါ၊ အရီးခင်လတ်..စသဖြင့်ကျန်တဲ့ ကွန်းမန့်ပေးကောင်းတဲ့လူကြီးလူငယ်တွေကိုသာ
    ရွက်ပြနေရရင် ဒီညကုန်လိ့မ်မယ်ဗျာ..
    ကျွန်တော်ဆိုလိုချင်တာပေါက်မယ်ထင်ပါတယ်..
    ဆိုလိုချင်တာက ဂေဇတ်ရဲ့ဆွဲဆောင်မှုဟာ
    ဒီဂေဇက်ကနေ စီးဆင်းလာတဲ့ Ideology၊ ဗဟုသုတ
    ဘာညာသာရကာ အကုန်ပေါ့ဗျာ
    အဲဒါတွေကို ထိတွေ့မိတဲ့လူတိုင်း ကိုယ့်ကိုယ်ကို ဂေဇတ်မန်ဘာ ဖြစ်ရတာ
    ဝမ်းသာကြလိမ့်မယ်ခင်ဗျာ… ဘာလို့ဆို အွန်လိုင်းလို ချစ်သူရည်းစားရှာဖို့အတွက်သာ
    မဲတင်းနေတဲ့ အပျော်တမ်း ဆိုက်တွေကြားမှာ ရှားရှားပါးပါး ဂေဇတ်လို ဆိုက်မျိုး
    ဒီတစ်ဆိုက်ပဲရှိတယ်ထင်ပါတယ်..
    သတင်းကြီးပဲရေးနေမယ်.ဆိုလျှင်လဲ သတင်းဝဘ်ဆိုက်စစ်စစ်ဖြစ်သွားပါလိမ့်မယ်..

    ဒါတွေကိုဘာကြောင့်ပြောနေရတာလဲဆိုတော့..
    ကိုစံလှကြီးပြောပြောနေတဲ့
    “သဂျီးမှာ သူ ့ဘက်သားတွေများတာကိုး”
    ဆိုတဲ့ စကားကို ကျွန်တော်မြင်မိတိုင်း သဘောမကျလို့ခင်ဗျ..

    မှန်ပါတယ် သဂျီးမှာ သူ့ဘက်သားတွေများမှာပါ..
    ကျွန်တော်ကိုယ်တိုင်လဲ သူ့ဘက်သားထင်ပါရဲ့..
    အခုတောင် ဘုန်းတော်ဘွဲ ့အတွက် အစချီမိနေရဲ့ထင်ပါ့..

    “သဂျီးမှာ သူ့ဘက်သားတွေများတာကိုး”
    ဆိုတဲ့စကားကို ကိုစံလှကြီးသုံးတိုင်း အုပ်လိုက်ဝိုင်းဖွဲ ့ပြီး တိုက်ခိုက်ခံရပါတယ်
    ဆိုတဲ့ အမြင်မျိုးနဲ့ရေးလေ့ရှိတာတော့ ကျွန်တော်ထောက်ပြစရာလိုမယ်မထင်ပါဘူးနော..

    ဆိုတော့ကာ..
    ဟုတ်ပါပြီ
    “သူ့ဘက်သားတွေများပါတယ်”
    ဘာလို့များလဲ.. လို့ နောက်တစ်ဆင့်တက်မေးကြည့်လိုက်ကြပါစို့..
    (မမေးပဲထားလိုက်ရင်.. ဒီမိုသဂျီး၊ သည်းခံနိုင်သူကြီး၊ အက်ဒ်မင်ပီသသူကြီး၊ ခေါင်းဆောင်စွမ်းရည်ပြည့်ဝသူကြီး.. စသဖြင့် ကျွန်တော်တို့
    သဂျီးဘက်သားတွေက မှတ်ချက်ပေးပြီး
    သူ့ရွာကြီးထဲ ပျော်ပျော်ကြီးနေကြလေတော့..
    အုပ်စုတောင့်လို့ ကပ်ဖားပြီးနေကြတဲ့လူတွေ လုံးလုံးဖြစ်မှာစိုးလို့ပါခင်ဗျ)

    ဟုတ်ပါတယ်.. သဂျီးမှာ ဘာလို့သူ့ဘက်သားတွေများကြလဲဆိုတာကတော့
    (ဘုန်းတော်ဘွဲ ့စပါမယ်)
    သဂျီးဟာ သူ့အလုပ်မှာ တော်တော် ပရိုကျတယ်လို့ မြင်ပါတယ်
    ဒီဆိုက်ကိုတော့ သူကောင်းကောင်းနှံ့စပ်ပါတယ်..
    ရွာသူားတွေလိုအပ်နေတဲ့ လင့်ခ်တွေကို ဘယ်အကြိုအကြားမှာဘယ်လိုမှတ်ထားလဲမသိ
    နှစ်ပေါက်နေလဲ.. ဆွဲဆွဲထုပ်လာတတ်တယ်ဗျ..
    နောက်တစ်ချက်..
    သည်းမခံပဲ အနိုင်ယူစိတ်မွေးကြဖို့ တိုက်တွန်းတတ်ပေမဲ့
    (အဲဒါကလဲ မြန်မာတွေရဲ့ ကံကိုပုံချတဲ့အကျင့်ကို သူ့မှာအတော်
    ပြင်ပေးချင်နေဟန်တူပါတယ်.. ပြောရင် မိုးပြာမိုးဝါပါလာရှုပ်တော့မယ်.. ထားတော့)
    သူကိုယ်တိုင်တော့ တော်တော်သည်းခံနိုင်တယ်ဆိုတာ
    ဟိုတစ်လောက
    ဟတ်ကာတွေ ရွာထဲ သောင်းကျန်းတုန်းက သိသာသဗျ
    ဖေစ့်ဘုတ်မှာ သူတို့အချင်းချင်းပြောထားတာတွေ ကျွန်တော်သာ သဂျီးဆို
    ဆိုက်တစ်ခုလုံးသွားလဲ ဘာအရေးလဲဆိုပြီး
    အစွယ်တွေထုပ် အမောက်တွေထောင်ပြမိမလားပဲခင်ဗျာ…

    ပြီးတော့ တစ်ချိန်လုံးရွာထဲလဲ သူ့ကို မထိတစ်ထိ ကလိတဲ့လူတစ်မျိုး
    စတာနောက်တာတစ်ပိုင်းပေါ့..
    အမှန်တစ်ကယ် တွယ်တဲ့လူကတစ်မျိုး..
    တော်ရုံတန်ရုံတော့
    အားလုံး အေးဆေးပဲခင်ဗျ..
    သဘောထားပြည့်ဝတယ်လို့ ဆိုချင်တာပါဗျာ..

    အခုလို ကိုစံလှကြီးလို “ဒီမယ်ကိုယ့်လူ” ဆိုပြီး ဖိုက်တာမျိုး
    “သဂျီးတော့ ဘယ်သူမှ ပြန်မပြောဝံ့ ဘူး ငါပဲ ပြောဝံ့တယ်”
    ဆိုတာမျိုးတော့ အခုမှ မြင်ဖူးတယ်ဗျ..

    ဒီနေရာမှာလဲ “သဂျီးကို အတော်များများက ပြန်မပြောဝံ့ဘူး”
    ဆိုတာကို ကိုစံလှကြီးခဏခဏ သုံးတာ မကောင်းဘူးဗျ..
    ကျွန်တော်တို့တတွေအားလုံးဟာ.. သဂျီး ကျွေးတာစား ပေးတာယူ
    သူပြောသမျှ ဟုတ်ကဲ့လုပ်နေတဲ့ လူတွေ တစ်ယောက်မှမပါဘူးခင်ဗျာ..
    သူ့ကို ပြန်မပြောဝံ့တာ မဟုတ်ပဲ
    “သူဂေဇတ်ကို ဖြစ်စေချင်တဲ့ ဂိုက်လိုင်း သူနားလည် သဘောက်ပေါက်ထားတဲ့ လူ့အခွင့်အရေး
    ဒီမိုကရေစီ စတာတွေကို ရှယ်ယာလုပ်ပေးချင်နေတဲ့လူ”
    လို့ သဘောပေါက်ထားကြလို့
    ပြန်မပြောကြတာခင်ဗျာ..
    အယူအဆ သဘောတရားတွေအားဖြင့် ကြုံလာရင်..
    သဂျီးနဲ့ ဆန့်ကျင်ဘက် ဆွေးနွေးတဲ့လူတွေမရှားတာလဲ ကိုစံလှကြီးသိပါလိ့်မ်မယ်…
    ုဆိုတော့ကာ
    စကားလုံးတွေရဲ့ အနက်ကို သဘောပေါက်ပြီးတဲ့ ကိုစံလှကြီး
    စကားလုံးတွေကို လက်လွတ်စံပါယ် မပြောသင့်ဘူးဗျ…

    ပြန်ချုပ်ရရင်
    သဂျီးမှာ သူ့အုပ်စုဘာလို့များနေတာလဲဆိုတာဟာ
    ဂေဇတ်မှာ စာရေးခွင့်ရနေလို့လဲမဟုတ်ဘူး..
    သူ စာရေးခ နှစ်ပဲတစ်ပြားအတွက်လဲမဟုတ်ဘူးဗျ
    (နှစ်ပဲတစ်ပြားဆိုပေမဲ့ မထီမဲ့မြင်တော့မပြောသင့်ဘူးဗျ..
    နှစ်ပဲတစ်ပြားပေါင်း မြောက်များစွာ ပေါင်းရင်ဘယ်လောက်ဖြစ်မလဲ
    ဆိုတာရယ် ကိုယ်ရတာ နဲလို့ မထီမဲ့မြင်ပြုမယ်ဆိုရင်
    သူ့ဘက်ကိုယ့်ဘက် မကြည့်တတ်သလိုဖြစ်ပါမယ်…
    ထို့အတူပဲ ဒီထဲမှာလဲ အဲဒိနှစ်ပဲတစ်ပြား ကိုမက်ပြီး စာရေးနေတဲ့လူတစ်ယောက်မှ
    မပါဘူးလို့ ကျွန်တော်တော့ ယုံတယ်ခင်ဗျ..
    ကိုယ်စဉ်းစားတွေးခေါ်ပြီးရေးလိုက်တဲ့ စာတစ်လုံး ကွန်းမန့်တစ်ကြောင်းက
    ့ပွိုင့်အဖြစ်ပြောင်းပြီး အမှတ်သင်္ကေတလေးလို ကျန်ခဲ့တာကိုပဲ ပီတီဖြစ်ပြီးနေကြတဲ့လူတွေပဲထင်ပါတယ်..
    ဒီအတိုင်းဆက်ပြောနေရရင်…
    နိုင်ငံတော်ဖားသီချင်းတွေ ဆိုနေရတဲ့လူလိုဖြစ်လာပြီလားတောင်မသိဘူး…)

    အခုလို အခမဲ့ သဂျီးတို့ FR တို့ဘက်က ရှေ ့နေလိုက်ပေးတာဟာလဲ..
    သူတို့တွေ ဘာကြီးတွေဖြစ်ဖြစ်.. ကျွန်တော်စားတဲ့ ထမင်းတစ်စေ့ဖိုးတောင် သူတို့ကိုကျေးဇူးမရှိဘူးဗျ
    ဒါပေမဲ့ ဘာလို့ အမိုက်ခံ ရှေ ့နေလိုက်ပေးလဲဆိုတာကတော့
    သူတို့တွေရဲ့ အကျိုးပြုလိုစိတ်.. သူတို့သိတာတွေကို
    မျှဝေပေးလိုစိတ်ကို လေးစားလို့ခင်ဗျာ…
    အဲသည်တော့..
    ဒီဂေဇတ်ထဲမှာ တစ်ခုခုဆို သဂျီးမို့လို့ သင်္ဘောကပ္ပိတိန်ကြီးမို့လို့ ဘက်ပင်းပါတယ်ဆိုတဲ့
    စွတ်စွဲမှုတွေ ခနဲ့မှုတွေနဲ့ ဆက်မစော်ကားသင့်တော့ဘူးဗျ…

    နောက်တစ်ချက်က
    ကိုစံလှကြီးအထက်မှာပြောသွားခဲ့တဲ့
    ပိုစ့်မှာ hit count ပေါ်တာကြိုက်တယ်..
    လူအတော်များများ က ဝင်ကြည့်နေမှာသေချာတယ်.. အဲဒါကိုသဘောကျတယ်
    ဆိုတာဟာလဲ ကိုစံလှကြီးရဲ့ ခံယူချက်ကို ရေးရေးကွင်းကွင်းပေါ်စေတယ်ခင်ဗျ..
    မိကျောင်းမင်းရေခင်းဗျ.. ဘုန်းကြီးစာချတော့ဖြစ်ပြီနဲ့ တူပါရဲ့..
    တတ်နိုင်ဘူး..ဆက်ကြိတ်လိုက်တော့မယ်…

    ကိုစံလှကြီးထင်သလို မှန်ပါတယ်..
    ဒီပို့်စ်မှာ ဘယ်သူကွန်းမန့်ဝင်ပေးပေး ကွန်းမန့်တစ်ကြောင်းကို တစ်ခါဖွင့်ကြည့်မိတယ်ဗျို့..
    ကျွန်တော်တစ်ယောက်ထဲပဲကို အကြိမ်နှစ်ဆယ်ထက်မနဲပဲထင်ပါ့..
    သို့သော်..
    ဗဟုသုတရလွန်းလို့.. တော့မဟုတ်ဘူးခင်ဗျ…
    လမ်းဘေးမှာ အက်စီးဒင့်ဖြစ်ရင် လူအုံသလိုမျိုးပဲမြင်မိတယ်…
    အဲသလို အနှစ်မရှိ ထေ့ရင်းစောင်းရင်း နဲ့ လူစည်တာကို
    ဂုဏ်မယူသင့်ဘူးထင်ပါ့ဗျာ..
    ဝင်ကြည့်တိုင်းလဲ စိတ်ထဲမကောင်းဘူးဗျာ..
    ဘာတစ်ခုမှ ပညာရလိုက်တာမရှိပဲ.. သဂျီးများဘယ်တော့ စိတ်မထိန်းနိုင်ပဲ
    သတိလက်လွတ်ဖြစ်ပါမယ်လိမ့်.. ဘာတွေများ ဖောင်းကြမယ်.. စိုးရိမ်တယ်ဗျ..
    ကိုယ်လေးစားပြီးသားလူကိုး…
    အခုလောက် ခပ်ပြင်းပြင်းနဲ့ တုန်ပြန်တာတောင် မမြင်ဖူးကြဘူးထင်ပါတယ်..
    အခုတော့ သဂျီးလဲ လိုအပ်ပြီထင်တယ်ထင်ပါ့…
    အထက်ကတစ်ယောက်ကပြောသလို “တစ်မျိုးကြီးပဲ” လို့တောင်ထင်ကြမယ်ထင်ပါ့..

    နောက်ပြီးတော့..
    ထင်တာကို တည့်တည့် ဘာသာပြန်ပေးရရင်တော့..
    ဒီရွာထဲက အမာခံအတော်များများ.. ကိုစံလှကြီးကို အခုလို
    လှည့်ပတ်ပြီး Aggressive ဖြစ်နေမှာထက်ကို အရင်လိုဗဟုသုတရရာ ရကြောင်းပိုစ်တွေ
    ရေးစေလိုမယ်ထင်တယ်ဗျ…
    ကိုစံလှကြီးအရေးအသား တစ်ကယ်ကောင်းတယ်..
    လက်ကောင်း..ကလောင်ကောင်း တစ်စုံဆိုတာ လူတိုင်းလက်ခံတယ်ခင်ဗျာ..
    ကျွန်တော်ကိုယ်တိုင်လဲ လှိုက်လှိုက်လှဲလှဲလက်ခံပါတယ်..
    မွန်ဂိုဗမာစစ်ပွဲတွေလိုဆိုတာကလဲ တော်တော့်ကို ဖတ်ကောင်းတာလားခင်ဗျာ..
    အရေးအသားမြိုင်မြိုင်နဲ့ ရေးနိုင်တော့..
    သမိုင်းစာအုပ်ကြီးတွေ ဖတ်ရတာထက်လဲ ပိုအရသာရှိပါတယ်…
    Satire ဆိုတာကလဲ ရေးမနေပါနဲ့ဗျာ..
    ဆယ်လီဗျစ်တီတွေ.. နိုင်ငံ့ဥသျှောင်တွေကို Satire တာတော့ သူတု့ိက Public ဆိုတာကြီးနဲ့
    တိုက်ရိုက် ထိတွေ ့နေသူတွေပါဆိုတဲ့ အတန်းအစားထဲကဖြစ်တဲ့အတွက်
    ဖတ်ကောင်း ရယ်ကောင်း ဟားကောင်းတယ်ဗျ..
    သူတို့ကိုယ်တိုင်လဲ စင်မြင့်ပေါ်တက်ပြီဆိုကတည်းက
    ဝေဖန်တာတွေကို ခံနိုင်ရည်ရှိဖို့ မွေးပြီးသားမဟုတ်လား…

    ဒီလို ဘာမှမဟုတ်တဲ့ ဂေဇတ်ရွာလူလေး နဲနဲလေးထဲမှာ လှည့်ပတ် Satire ရေးရရင်
    အကုန်ရန်ဖြစ်ပြီး မျက်စောင်းတစ်ခဲခဲ ဖြစ်ကုန်ပါ့မယ်…
    အဲသလိုမှမဟုတ်ရင်တော့..
    ပရိုတွေလို့ဆိုပြီး စာနယ်ဇင်း တွေမှာ တစ်ယောက်နဲ့တစ်ယောက် လူမြင်သူမြင် စတဲယား ကြပြီး..
    သတ်ပုတ်ကြတာတွေ ကိုစံလှကြီးမြင်ဖူးမှာပါ..
    စိတ်ပျက်စရာတော်တော်ကောင်းပြီး
    အဆင့်အတန်းတော်တော်မဲ့တဲ့ကိစ္စထင်ပါတယ်..

    ကိုစံလှကြီး ပို့စ်ကို လာကွန်းမန့်ပေးသွားလို့ သူ့ခြံကိုယ့်ခြံလဲ
    မခွဲပါနဲ့ဦးခင်ဗျာ..
    တော်ကြာသဂျီးက 10 01 တွေကို အကွက်ရိုက်နေတယ်ဆိုပြီး
    ရယ်နေမှ..

    ကဲ..
    တော်သေးပြီဗျာ..
    ပြောရင်းနဲ့
    ဘပုနဲ့ ကိုစံလှကြီးတု့ိထက် ပိုရှည်သွားပြီထင်တယ်..

    ဂေဇတ်ဟာ ကိုစံလှကြီးအတွက် “ပျော်ရွှင်ဖွယ် ပတ်ဝန်းကျင်ကောင်း” တစ်ခု
    ဖြစ်နိုင်ပါစေလို့ ..ဆုတောင်းပေးလိုက်ပါတယ်ဗျာ…

    စကားချပ်။ ။လူပြောများနေတဲ့ နံပါတ်ဆယ့်သုံးတော့ အားရပါးရ ဖောက်ထည့်လိုက်မိပြီဗျို
    အခု ပေးခဲ့တဲ့ ကွန်းမန့်တွေကြောင့်လဲ ရန်သူကြီးတစ်ယောက်လို မမြင်ပါမင့်အကြောင်း
    တောင်းပန်ပါတယ်ဗျို ့..
    သမိုင်းဆရာ ကိုစံလှကြီးရဲ့ စာဖတ်ပရိတ်သတ်အဖြစ်လဲ ဆက်လက် အခိုင်အမာ
    ရှိနေပါမင့်အကြောင်း…

    • San Hla Gyi

      December 12, 2012 at 6:50 pm

      ကို NAJA ရေ
      ခင်ဗျားကိုလဲ ကျုပ်က ပြန်ပြောစရာတွေ ရှိပါတယ်ဗျ။ ခင်ဗျား ကွန်မန့်မှာ လူတယောက်နာမည်ကို ထည့်သွားတယ်။ ကျုပ်က နာမည်တော့ ထည့်မပြောချင်ဘူး။ မတော်ရင် အဲဒီလူ ရောက်လာလိမ့်မယ်။ ကျနော် ကိုယ်တိုင်လဲ နာမည် ထည့်မထားဘူး။ ဟုတ်ပါပြီ။ ခင်ဗျား ပြောချင်တာက အဲဒီလူဟာ ပို့စ်တပုဒ်ရေးရင် သူ့အကျင့်အတိုင်း ဒီအတိုင်း ရေးလေ့မရှိပဲ တစုံတခုသော ကွန်မန့်တို့ ပို့စ်တို့ကို အခြေခံပြီး ရေးလေ့ရှိတယ်ပေါ့ဗျာ။ အဲဒါသူ့အကျင့်ပါလို့ ပြောသွားတော့ နားလည်ပေးပါလို့ ဆိုတဲ့သဘောပါ။
      ဟုတ်ပါပြီ။ အဲဒီလို ကျုပ်တို့ အကျင့်ကို သူ့အကျင့်ကို နားလည်ပေးပါလို့ ပြောရင် တဘက်ကလည်း ဟာ အဲဒါဆို ကျုပ်ကလည်း ကွန်မန့်တို့ ပို့စ်တို့ရေးရင် အခြားလူရဲ့ နာမည်ကို လုံးဝမထည့်ပဲ သူသုံးသွားတဲ့ စကားလုံးတွေ အကြောင်းအရာတွေကို အခြေခံပြီး ဟာသလုပ် ရေးတတ်ပါတယ်။ အဲဒါလဲ ကျုပ်အကျင့်ပါလို့ ဆိုရင် ခင်ဗျားတို့ကလည်း နားလည်ပေးရမှာပေါ့ဗျ။ မဟုတ်ဘူးလား။ အပြန်အလှန်လေဗျာ။ ဒါမှ Fair Go ဖြစ်တော့မှာပေါ့။ အင်္ဂလိပ်စကား မှားသုံးရင် စိတ်မဆိုးနဲ့ဗျာ။
      အဲဒီလို ကျုပ်တို့ဘက်က လူတယောက်နာမည်ကို ဆောင်းပါးထဲမှာ ထည့်ပြီး ဝေဖန်တဲ့ သဘောလည်း ရေးတတ်ပါတယ်။ အဲဒါက တိုက်ခိုက်တာ မဟုတ်ပါဘူးလို့ ပြောရင် တဘက်ကလည်း ဟာ ကျုပ်ကလည်း နာမည်တောင် မတပ်ပဲ ရယ်စရာရေးတာ aggressive ဖြစ်တာ မဟုတ်ပါဘူး။ တံဆိပ်မကပ်ပါနဲ့။ ကျုပ်အကျင့်ကိုလည်း နားလည်ပေးပါလို့ ပြောရင်တော့ ခင်ဗျားတို့ လက်ခံရမှာပေါ့။
      ကျုပ်ထင်သလို ရွာထဲ ဝင်စလူမို့ နှိပ်လိုရင်း မဟုတ်ပါကြောင်း ခင်ဗျားယုံကြည်သလို ရှင်းပြပါတယ်လို့ ပြောထားတယ်နော်။ အဲဒါ ခင်ဗျား ယုံကြည်တာလေ။ ခင်ဗျားက ရေးတဲ့ ကာယကံရှင် မဟုတ်ပဲ ဘယ်လိုဖြစ်ပြီး သူ့အတွင်းစိတ်ကို သိနေရတာလဲ။ ခင်ဗျား ယုံကြည်တယ် ထင်တယ်ဆိုတာက မှားနိုင်တာပဲလေဗျာ။ အဲဒါ ကျုပ်ကတော့ ခင်ဗျား ယုံကြည်သလို ကျုပ်မယုံပါဘူး ကျုပ်က ရေးထားတဲ့ စာတွေ စကားလုံးတွေကို ကြည့်တာနဲ့ ဒါလူသစ်ကို တိုက်ခိုက်တာလို့ ယုံကြည်ပါတယ်လို့ ပြောရင်လဲ ခင်ဗျားက မှားနေပါတယ်လို့ မပြောနဲ့လေဗျာ။ ခင်ဗျား ယုံကြည်တာမှ မှန်တယ် ကျုပ်ယုံကြည်တာကို တထစ်ချ မှားပါတယ်လို့ ဘယ်ပြောလို့ ရမှာလဲဗျာ့။ ကျုပ်ပြောတာ တရားတယ်နော်။ နှစ်ဘက်စလုံးကို ယှဉ်ပြီးပြောတာ။
      နောက်ပြီး “စဉ်းစားကြစေလိုပါတယ် တိုင်းရင်းသားအရေး” ကို သိပ်မပြောနဲ့ဗျ။ အဲဒါ ကျုပ်အမြင် တကယ့် စာပေသမားက ဖတ်မိလို့ စတစ်ကီပို့စ်ဆိုတာ သိသွားရင် တာဝန်ရှိသူတွေကိုတောင် အထင်သေးသွားနိုင်တယ်။ ကျုပ်က စိုးရိမ်လို့ ပြောတာနော်။ ကျုပ် ပြီးပြီးသား အကြောင်းကို သိပ်မပြောချင်ဘူး။ အဲဒီပို့စ်တခုလုံး အချက်အလက် လွဲနေတာတွေ သဘောထား မမှန်တာတွေ အများကြီးပဲ။ အဲဒီတုန်းက ကျုပ်ရှင်းပြခဲ့ပြီးပြီ။ အဲဒီတုန်းကလည်း ခင်ဗျား ဝင်မဆွေးနွေးဘူး။ သိပ်ကြာတဲ့ အကြောင်းတွေကို ပြောရတာ ဖီလင်မလာဘူး။
      ဒါပေမယ့် အဲဒီတုန်းက ခင်ဗျားဝင်ရှင်းပြတာ ကျုပ်မှတ်မိပါတယ်။ ဘယ်အချိန်လဲ ဆိုတော့ ခင်ဗျား ပြောတဲ့ ဆောင်းပါးရှင်ကို ကြားနေတွေကတောင် ဝိုင်းပြီး ဝေဖန်ကြတော့မှ သူလဲ ခံနေရပြီဆိုမှ ခင်ဗျားက အဘရဲ့ ပါစင်နယ်ကို မတိုက်ခိုက်ကြပါနဲ့လို့ ပြောပြီး ကျုပ်ပို့စ်လည်း လာတောင်းပန်တော့တာပဲ။ ကျုပ်ပြောတာ ဟုတ်တယ်နော်။ အဲဒီတော့မှ ခင်ဗျားကို ကျုပ်စမြင်ဖူးတာပဲ။ တကယ်က ခင်ဗျား ဖြစ်သင့်တာက လူသစ်တယောက်ရဲ့ နာမည်ကို ဆောင်းပါးထဲမှာ ထည့်ပြီး တိုက်ခိုက်ကထဲက ခင်ဗျား မလုပ်ဖို့ တားသင့်တာပေါ့ ဟုတ်လား။ ဟာ ကျုပ်က အဘစိတ်ရင်းကို နားလည်လို့ သူဝေဖန်တာကို ဘာမှ မပြောပေမယ့် တခြားသူကျတော့ ဒီလိုမဟုတ်ဘူးဆို ခင်ဗျား ဘယ်တရားမလဲဗျာ့။ တခြားလူကလဲ စိတ်ရင်းကောင်းနဲ့ ပြောတာ ဖြစ်ချင်ဖြစ်မှာပေါ့။ ကျုပ်အခု နှစ်ဘက်စလုံးကို ပြောနေတာနော်။
      ခင်ဗျား တည့်တည့်ပြောမယ်လို့ ဆိုတဲ့အတိုင်း ကျုပ်ကလည်း တည့်တည့်ပြောမယ်နော်။ မရေးတာ မဖြေရှင်းတာဟာ မဖြေရှင်းချင်လို့ ဖြစ်နိုင်သလို အဲဒီလို မရေးတတ်တာလည်း ဖြစ်နိုင်တာပဲဗျ။ ခင်ဗျားကို ကျုပ်ပြောမယ်။ ဖတ်မိတဲ့ မိတ်ဆွေတွေလဲ စမ်းကြည့်ပေါ့။ ကျုပ်ရဲ့ San Hla Gyi ဆိုတဲ့ ကလောင်နာမည်ကို ပြီးရင် ခင်ဗျား ကလစ်တချက်နှိပ်ကြည့်လိုက်။ ကျုပ်ရဲ့ recent posts တွေကျလာလိမ့်မယ်။
      အဲဒီမှာ ခင်ဗျားပြောတဲ့ မွန်ဂိုမြန်မာစစ်ပွဲများ အပိုင်းသုံးကို သွားကြည့်။ အဲဒီမှာ သူကြီးပေးထားတဲ့ ကွန်မန့်တခုတွေ့လိမ့်မယ်။ “ကိုရင့်ဘာသာ ကိုရင် စင်ကာပူမှာ ပါမောက္ခ လုပ်နေလဲ US မှာပညာလာသင်လို့ မရဘူးလို့ မထင်နဲ့” ဆိုတဲ့ သဘောမျိုး ရေးထားတယ်။ အဲဒါ ကျနော်က ခင်ဗျားကို ကျုပ်သိပါတယ်ဆိုပြီး ခြိမ်းခြောက်တဲ့ သဘောတောင် ပါတယ်လို့ထင်တယ်။
      ကျုပ်ဘယ်မှာနေတယ် ဆိုတာက ကျုပ်တခါမှ မရေးထားဘူးဗျ။ သူ့စက်ကြီးက အခု ဖြစ်နေတဲ့ ပုံအရ မှားနိုင်တယ်ဆိုတော့ သူပြောတာလည်း မှန်တယ်လို့ ပြောလို့မရဘူးပေါ့။ အားလုံး မယုံကြနဲ့အုံး။ ဆိုလိုတာက အယ်ဒီတာဟာ ရေးတဲ့လူ မပြောတဲ့ ပို့စ်နဲ့ မဆိုင်တာတွေကို အများရှေ့မှာ ထည့်ရေးတာ ရှောင်သင့်တယ်ဗျ။
      အဲဒီနောက်တော့ ထိုင်းတို့ စင်ကာပူတို့ မလေးရှားတို့ဟာ ဒီမိုကရေစီ မရှိတဲ့ နိုင်ငံတွေ အဲဒီမှာ နေတာ အလုပ်သမားတွေ အများစုဆိုတဲ့ ဆောင်းပါးတွေ ထွက်လာသလို အဲဒီသဘောမျိုး ကွန်မန့်ဝင်ပေးသူဟာလဲ တခြားလူ ဟုတ်ရိုးလားဗျာ။ အီဇော်က သာပေါ်တို့ တူဝရီးပေါ့။ ကျုပ်အမြင် သူတို့ ရေးချင်ပါတယ်ဗျ။ ဇတ်လမ်းတွေ ဘာတွေနဲ့ မရေးတတ်တာ ဖြစ်နိုင်ပါတယ်။
      နောက်ပြီး ကျုပ်ကို သူ့ပထွေးလို့ စောင်းရေးတဲ့လူလဲ ရှိပါတယ်ဗျ။ ကျုပ်ကလည်း မသိချင်ယောင် ဆောင်နေပါတယ်။ ခင်ဗျားက ဟာ ဒါကတော့ ကိုစံလှကြီး စိတ်ထင်နေတာ ဖြစ်မှာပါလို့ ပြောရင် ကျုပ်ကလည်း အခု ခင်ဗျား ကျုပ်ကို စောင်းပါးရိပ်ခြည် ရေးတယ်ဆိုတာတွေဟာ ခင်ဗျား စိတ်ထင်တာပါလို့ ပြောရင် မလွန်ပါဘူးနော်။ ဂေဇက်ရဲ့ပရိသတ်တွေ ဆိုပြီး ထည့်ပြောတာတော့ မကောင်းဘူးဗျ။ ခင်ဗျားက သူတို့ကို ခင်ဗျားပြောသလို ယုံနော်ဆိုပြီး လမ်းကြောင်းပေးသလို ဖြစ်နေတယ်။ သူတို့ဘာသာ သူတို့ဆုံးဖြတ်လိမ့်မယ်။ ကျုပ်ပြောတာ အခု နှစ်ဘက်ကို ယှဉ်ပြီး ပြောတာနော်။
      ဟုတ်ပြီ။ သူ့ဟာသူ အီလိုက်ဖြစ်တာ ကမ္ဘာပတ်တာ သူ့အကြောင်း သူပြောတာတွေက အမြင်မကြည်လျှင် မမြင်ချင်ယောင် ဆောင်နေရုံကလွဲပြီး ဘာမှထပ်ပိုလို့ မရပါဘူးလို့ ပြောနိုင်တယ်ဆိုရင် တဘက်ကလည်း ဟာ ငါ့ဟာငါ ဇတ်လမ်းထဲမှာ ဟာသလုပ်ပြီး ဇတ်လိုက်ဟာ ကြွားကြောင်း အီလိုက်ဖြစ်ကြောင်း ကမ္ဘာပတ်ကြောင်း ရေးထားတာ နာမည်မှ မတပ်ပဲ အမြင်မကြည်ရင် မဖတ်နဲ့ မမြင်ချင်ယောင် ဆောင်နေလိုက်ရုံကလွဲပြီး ဘာမှ မပိုနဲ့ပေါ့။ ဘာလို့ နင်တို့ရေးတာကျတော့ မမြင်ချင်ယောင် ဆောင်နေလိုက် ပြောပြီး သူများဟာကျတော့ ရေးတာတွေက တိုက်ခိုက်တယ်လို့ နာမည်တပ်ရတာလဲလို့ ပြောရင်ရော။ ဒါလဲ နှစ်ဘက်ကို ယှဉ်ပြီး ပြောတာနော်။
      ဟုတ်ပြီ။ နောက်တချက်က ခင်ဗျားပြောသလို ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် ဖြစ်ကောင်းဖြစ်မယ်။ သူဆွေးနွေးနေတဲ့ ပွိုင့်က အဲဒါမဟုတ်ဘူးလို့ ပြောရင်(ဒါခင်ဗျားရဲ့ ကြားအမြင်နော် မှားနိုင်တယ် ဘက်လိုက်နိုင်တယ်) အဲဒါတွေကို ဆွေးနွေးခွင့် မရှိဘူးလို့ ပြောရင် ဥပမာ ကျုပ်အခု ရေးသလို ဘာသာရေးထဲက အချက်ကို ဟာသနဲ့ သရော်စာလုပ်ပြီး ရေးတဲ့လူကလဲ ဟာ ငါကလဲ ဒီအချက်က အဓိက ပြောချင်တဲ့ပွိုင့် မဟုတ်ဖူး။ ငါအဓိက ပြောချင်တဲ့ ပွိုင့်က ဘာသာရေး ဒါဆို နင်လဲ ငါ့ကို အဓိက အချက်ပဲ ဆွေးနွေးပေါ့။ ဘာလို့ ငါ့ဘာသာငါ စိတ်ထားမကောင်းကြောင်း ပြတဲ့ အရေးအသားတွေကို လိုက်ပြီး ဝေဖန်နေတာလဲ ဆိုရင် ခင်ဗျား ဘယ်လိုဖြေမလဲ။
      တကယ်တော့ ဒီထဲမှာ ကျုပ်ဟာသလုပ် ခနဲ့တာတွေကို လုံးဝမမေးပဲ မပြောပဲ ဘာသာရေးသီးသန့် ပြောသွားတဲ့လူတွေ ရှိတယ်။ ခင်ဗျား ပြန်ဖတ်ကြည့်။ အဲဒီတော့ တဘက်ကလည်း ဟာ နင်တို့ ကြွားတာတွေက အဓိက အချက်မဟုတ်လို့ မဆွေးနွေးနဲ့လို့ ပြောရင် ငါရေးထားတဲ့ အထဲကလည်း အဓိကပါတဲ့ အချက်တွေကိုပဲ ဆွေးနွေးပေါ့။ ဘာလို့ ငါတိုက်ခိုက်တာတွေကို ထည့်ပြောနေသေးလဲ။ ခင်ဗျားတို့ရဲ့ သဘောတရားအတိုင်း ထည့်မပြောနဲ့ပေါ့ မမြင်ချင်ယောင်ဆောင်လိုက် ဆိုလဲ တရားတာပဲဗျ။ ဒါလဲ နှစ်ဘက်ယှဉ် ပြောတာနော်။
      ခင်ဗျားအခု အခမဲ့ ရှေ့နေလိုက်နေတာပဲလေဗျာ။ ခင်ဗျား ဒီကိစ္စကတော့ စကားလုံး အဓိပ္ပါယ်အတိုင်း မယူပါနဲ့။ ရိုးရိုးရှင်းရှင်းပဲ ယူပါလို့ ပြောရတော့မှာပေါ့။ မှားပြောတဲ့ စကားတွေ ရှိနေပြီကိုး။ သမိုင်းကျန်ရစ်ပါပြီ။ အဲဒီလို ခင်ဗျားက သူများကို စကားလုံးတွေကို နားလည်တိုင်း ကိုယ်လိုချင်သလို ဆွဲမယူပါနဲ့ လို့ပြောရင် သူများကလည်း ဟာ ကျုပ်က ရေးထားတာတွေကိုလဲ စကားလုံးတွေကို နားလည်တိုင်း တိုက်ခိုက်တယ်လို့ ဆွဲမယူပါနဲ့။ ရိုးရိုးရှင်းရှင်းပဲယူပါ။ ခင်ဗျားတို့ ရေးတဲ့ စကားလုံးတွေကျတော့ သူ့အဓိပ္ပါယ်အတိုင်း မယူပါနဲ့လို့ ပြောပြီး ကျုပ်ရေးတာကျတော့ အကုန်လိုက်ကြည့်ပြီး ကွန်မန့်တော်တော်များများမှာ တိုက်ခိုက်တာ ကိုစံလှကြီးပဲ ဆိုတာ ကိုစံလှကြီး ကွန်မန့်တွေက သက်သေပြနေပါတယ်လို့ ပြောလို့ တရားပါ့မလားဗျာ။ ရှင်းရှင်းလေးလေ။ ခင်ဗျားတို့ ပြောရင် စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို ဆွဲမယူပါနဲ့။ သူများကျတော့ သူရေးတဲ့ စကားလုံးတွေကို အဲဒီ အဓိပ္ပါယ်အတိုင်း ဖွင့်နေရင် မျှတပါ့မလားဗျာ။ ရွှေဥဏ်ရှင် ဆင်ခြင်ပါအုံး။ အခုလဲ နှစ်ဘက်ယှဉ် ပြောတာနော်။ ဟုတ်လား။
      ကဲ အခု ခင်ဗျားပဲ ကျုပ်စကားလုံးတွေရဲ့ အဓိပ္ပါယ်ကိုဖွင့်ပြီး ခင်ဗျား နားလည်တဲ့ ဘက်ကို ဆွဲယူပြီး ကျုပ်ကို “မာန်” ဆိုတဲ့ အရာလေးကို ဖြုတ်ထားပါလို့ ပြောလိုက်ပြီလေ။ အဲဒါဆို ဘာလို့ ကိုယ်ပြောခဲ့တာကျတော့ ကိုယ့်ဘက်ကျတော့ စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို ဆွဲမယူပါနဲ့လို့ ပြောရတာလဲ။ အခု ခင်ဗျားက ကိုယ့်ဘာသာ ဆွဲယူလိုက်ပြီလေ။ ကျုပ်ပြောတာ ဟုတ်လား။ ထုံးစံအတိုင်း နှစ်ဘက်နော်။
      ဂေဇက် အကြောင်းတော့ ထားလိုက်တော့။ ကျုပ်ပြောတဲ့ သဂျီးမှာ အုပ်စုတောင့်တာကိုး ဆိုတာက ကျုပ်ဒီမှာ မပြောပါဘူးဗျာ။ အရင်ပို့စ်ကပါ။ အခု ဒီပို့စ်မှာ ပြောတာက အဇာတသတ်မင်းသားလေးမှာ အခြွေအရံတွေများတယ်လို့ ပြောတာပါ။ သဂျီးမှာ အုပ်စုတောင့်တယ် ဆိုတာက ဘာနာစရာ ရှိလဲဗျာ။ ဝမ်းတောင် သာသင့်သေးတယ်။ ခင်ဗျား ကျုပ်ကို အုပ်စုတောင့်တယ် ပြောရင် ကျုပ် ဝမ်းတောင်သာအုံးမယ်။
      ဟော အခုပဲ ခင်ဗျားကိုယ် ခင်ဗျားပြန်ကြည့် ခင်ဗျားပဲ ကျုပ်ကို “မြန်မာစကားရဲ့ တာသွားပုံကို နားလည်တိုင်း ကိုယ်လိုချင်သလို ဆွဲယူနေမယ် ဆွဲစိနေမယ် ဆိုရင်တော့ အမှန်တရားကို မျက်ကွယ်ပြုပြီး အမှုတိုင်းနိုင်အောင် လျှောက်နိုင်တဲ့ ရှေ့နေလိုပဲ ဖြစ်လိမ့်မယ်ခင်ဗျ” လို့ပြောတယ်နော်။ ဒါခင်ဗျား ပြောတဲ့အတိုင်းပဲ။ ကဲ အဲဒီတော့ ကျုပ်က ပြန်ပြောမယ်။ ကျုပ်ကို အဲဒီလို ပြောတယ်ဆိုရင် ကျုပ်ကပြောတဲ့ “သဂျီးမှာ သူ့ဘက်သားတွေ များတာကိုး” ဆိုတဲ့ စကားကိုလဲ ဘာလို့ ငါတို့ကို ကပ်ဖားနေတဲ့လူတွေလို့ ပြောတာဆိုပြီး ကိုယ်လိုချင်သလို ဆွဲယူနေရတာလဲ။ ဘာလို့ အဲဒီလို ကျုပ်က မရေးပဲ မြန်မာစကားရဲ့ တာသွားပုံကို နားလည်တိုင်း ဆွဲစိနေရတာလဲ။ ခင်ဗျားပြောသလို ရိုးရိုးရှင်းရှင်းလေးပဲ အော် သူကြီးက အပေါင်းအသင်းများတယ်လို့ ပြောတာကိုးလို့ မယူပဲနဲ့ မပြောတဲ့ အဓိပ္ပါယ်ကို ဖွင့်ပြီး ဂေဇက်က လူတွေကိုပါ အဓိပ္ပါယ် ဖွင့်ပြနေရတာလဲ။ ခင်ဗျား ကျုပ်ကို မလုပ်နဲ့လို့ ပြောပြီး ခင်ဗျားကိုယ်တိုင် လုပ်နေပြီလေ။ နှစ်ဘက်နော် နှစ်ဘက် မမေ့နဲ့။
      ဟော အခု ကြည့် ခင်ဗျားပဲ ကျုပ်စကားတွေကို “ဒီမယ် ကိုယ့်လူ” ဆိုပြီး ဖိုက်တာတို့ “သဂျီးကို တော်တော်များများက ပြန်မပြောဝံ့ဘူး” ဆိုတာတို့ကို highlight လုပ်ပြီး စကားလုံးတွေကို လက်လွတ်စပယ် မပြောသင့်ဘူးဆိုရင် ကျုပ်ကိုလဲ ဘာလို့ စကားလုံးတွေကို နားလည်တိုင်း ကိုယ်လိုချင်သလို ဆွဲယူတယ်လို့ ပြောရတာလဲ။ ခင်ဗျားကိုယ်တိုင် ခင်ဗျားစကားကို မလိုက်နာနိုင်တော့ဘူး။ ကျုပ်က “ဒီမယ် ကိုယ့်လူ” လို့ ပြောရင်လဲ ခင်ဗျားက ဖိုက်တယ်လို့ အဓိပ္ပါယ်မဖွင့်နဲ့ပေါ့။ အော် ကိုစံလှကြီးက အပြင်မှာလဲ ဒီလိုပဲ ခေါ်တတ်တယ်ထင်တယ်ဆိုပြီး ရိုးရိုးရှင်းရှင်း နားလည်လိုက်ပေါ့။ မဟုတ်ဖူးလား။ ခင်ဗျားကိုယ်တိုင် ပြောခဲ့တာလေ။
      “ကျုပ်က သဂျီးကို တော်တော်များများက ပြန်မပြောဝံ့ဘူး” လို့ပြောရင်လဲ ခင်ဗျားက အော် ကိုစံလှကြီး နားမလည်လို့ ပြောရှာတာပဲလေ။ သနားပါတယ်ဆိုပြီး ရိုးရိုးလေး စဉ်းစားလိုက်ပေါ့။ ဘာလို့ ဒီလူက သူကြီးကို ဘယ်သူမှ မပြောဝံ့ဖူး ငါပဲပြောဝံ့တယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြောသွားတာလို့ မပြောတာကို ထည့်ပြီး အနက်ဖွင့်နေသေးလဲ။ ခင်ဗျား ပြောသလိုပဲလေ။ မဟုတ်ဘူးလားဗျာ။ နှစ်ဘက်နော် နှစ်ဘက်။ ကဲ အခုပဲ ကြည့် ခင်ဗျားက ကျုပ်ကို စကားလုံးတွေကို နားလည်တိုင်း ကိုယ်လိုသလို ဆွဲမယူနဲ့ ပြောပြီး ခင်ဗျားလဲ အဲဒီစကားလုံးတွေကို အဓိပ္ပါယ်ဖွင့်ပြီး ဆွဲယူနေပြီလေ။
      ကျုပ်ကို ပိုက်ဆံကိစ္စ လာပြောမနေနဲ့။ ကျုပ်က အဲဒီကိစ္စကို မစဉ်းစားဘူး။ ဟိုတုန်းက ကိုကြောင်ဝတုတ်ပို့စ်မှာ ပြောတာ သူက “ထပ်ပြောရရင် မန်းဂေဇက်က အခကြေးငွေ ပေးထားသည်” လို့ပြောလို့ ကျုပ်က သူ့ကို ရွဲ့ပြီး ခင်ဗျားတို့ ငွေကတော်တော် များတာကိုးလို့ ပြောတာ။ ကဲ အခု ခင်ဗျားပဲ ကျုပ်ကို နှစ်ပဲတပြားဆိုပြီး မထေမဲ့မြင် မပြုသင့်ဘူးလို့ အဓိပ္ပါယ်ဖွင့်လိုက်ပြန်ပြီ။ ကဲ ခင်ဗျားကိုယ်တိုင် ကိုယ့်စကားကိုယ် လိုက်နာသေးရဲ့လား။
      ခင်ဗျားကို ကျုပ်ပြောမယ်။ ကျုပ်ပို့စ်က ဗဟုသုတ ရလွန်းတာ မဟုတ်ရင် နောက်လည်း ခင်ဗျားမလာနဲ့ပေါ့ဗျာ။ ကျနော်ဘာမှ မဖြစ်ပါဘူး။ ခင်ဗျားလာလို့လည်း ကျနော် ဘာမှ မဖြစ်ဘူး။ ကျုပ်က ထေ့တယ် စောင်းတယ်ဆိုရင်လဲ အော် သူ့စရိုက်သူပြတာပဲလေဆိုပြီး မမြင်ချင်ယောင် ဆောင်သွားလိုက်ပေါ့။ ကိုယ်မှ အမြင်မကြည်ပဲဗျာ။ မမြင်ချင်ယောင်ဆောင်ပြီး ဘာမှမပိုနဲ့ပေါ့။ ဘာလို့ ခင်ဗျားကျတော့ ကျုပ်တို့ကြွားပြီး စာထဲရေးတာကို မကျေနပ်ရင် မမြင်ချင်ယောင်ဆောင်လို့ ပြောပြီး သူများဘက်ကျတော့ တခုချင်း ထောက်ပြနေတာလဲ။ ဘာလဲ ငါပြောသလိုလုပ် ငါလုပ်သလိုတော့ မလုပ်နဲ့ ဆိုပြီးတော့လား။
      ကျုပ်သိပါတယ် ခင်ဗျားတို့က ကျုပ်ကို သဂျီးပြောတဲ့ စကား “အောင်ခြင်း ၈ပါးတဲ့ ဂေါတမဗုဒ္ဓများ တခါမှ သီးခံ သီးခံဆိုပြီး အရှုံးမပေးဘူး။ နိုင်အောင်ကိုလုပ်တယ်။ ဆိုတော့ အောင်ခြင်းပေါ့” ဆိုတဲ့ စကားကို အဓိပ္ပါယ်ဖွင့်တဲ့ ကိစ္စနဲ့ ပက်သက်ပြီး ပြောနေကြတာ။ ကျုပ်ကိုကျတော့ အဲဒီစကားကို အဓိပ္ပါယ် မဖွင့်နဲ့ ဆိုတဲ့ သဘောမျိုးပြောပြီး ခင်ဗျားကျတော့ ဘာလို့ ကျုပ်စကားတွေကို လုံးစေ့ပတ်စေ့ အဓိပ္ပါယ်ဖွင့်ပြီး လူတွေရှေ့မှာ ရှင်းပြနေရတာလဲ။ ကိုယ်ပြောတာ ကိုယ်အရင်လိုက်နာရမှာပေါ့။ မဟုတ်ဖူးလား။
      ခင်ဗျား ကျုပ်ကို satire မရေးပါနဲ့လို့ ပြောရင် ဒီထဲက တခြားလူတွေလဲ မရေးစေနဲ့ပေါ့ဗျာ။ ဒါမှ မျှတမှာပေါ့။ မဟုတ်ဘူးလား။ အဲဒါလဲ ဟာ ကျုပ်တို့တော့ ရေးမယ် ခင်ဗျားတို့တော့ မရေးနဲ့ဆိုတဲ့ သဘောပဲဗျ။ ကျုပ်သိပါတယ်။ satire ရဲ့ သဘောတရားနဲ့ ပက်သက်ပြီး ခင်ဗျားတို့ ပြောစရာ မရှိတော့ဘူး။ အဲဒီတော့ မျှတသွားအောင် အဲဒီစာပေကို ဖြုတ်လိုက်ပေတော့။ ဒါပေမယ့် ဒါက ကွန်မန့်တွေနဲ့လဲ စောင်းနိုင်တာပဲဗျာ။ ကျနော်သိတယ်။ ပိတ်လို့မလွယ်ဖူး။ ထုံးစံအတိုင်း ကိုယ့်လူက လုပ်ရင် မသိချင်ယောင်ဆောင်ပြီး သူများလုပ်မှ အော်ကြမှာပါ။
      ရန်သူ တယောက်လိုတော့ မမြင်ပါဘူး။ ကျုပ်ကွန်မန့်လဲ တော်တော့်ကို ရှည်သွားပြီ။ ကဲ အနှစ်ချုပ်မယ်။ ခင်ဗျားဟာ ကျုပ်ကို မလုပ်ပါနဲ့ ဆိုတာတွေ ခင်ဗျားကိုယ်တိုင် အကုန်လုံး လုပ်သွားတယ်။ ငါပြောသလိုသာလုပ် ငါလုပ်သလို မလုပ်နဲ့ ဆိုတဲ့ သဘောပဲ။ ကျုပ်အခု ကွန်မန့်မှာ မရှင်းတာရှိရင် ဒီပို့စ်ကို လာမေးပြောနိုင်ပါတယ်။
      ဒါပေမယ့် request တော့လုပ်ချင်တယ်ဗျာ။ request ပါ။ command မဟုတ်ပါဘူး။ မလိုက်နာရင်လဲ ရပါတယ်။ ကျုပ်မှာ ဒီလိုလဲ အခွင့်အရေး မရှိပါဘူး။ ကျုပ်က လိုချင်တာကို request လုပ်ရင် ကျုပ်စာက ဗဟုသုတမှ မရပဲဗျာ။ စာဖတ်ပရိသတ် အဖြစ်လဲ အခိုင်အမာ ရပ်တည်မနေနဲ့။ ဒီပို့စ်ပြီးရင် နောက်ပို့စ်တွေ တင်ရင်လဲ ကွန်မန့်ပေးမနေပါနဲ့။ ခင်ဗျားကလဲ ကိုယ်ပျောက်ရွာသား ဆိုတာပဲဗျာ။ ဖတ်တော့ဖတ်ပေါ့။ မမြင်ချင်ယောင်ဆောင်သွားပါလား။ request လုပ်ကြည့်တာပါ။ ဒါပေမယ့် ကျုပ် မထင်ပါဘူး ကျုပ်သိတယ် သူကြီးကြိုက်တဲ့ လူတွေကို တိုက်ခိုက်ရင် ခင်ဗျားရောက်လာတတ်တယ်လို့ သတိထားမိတယ်။
      ကို NAJA ရေ ဆွေးနွေးရင် မျှမျှတတမှ ကောင်းတယ်ဗျ။ သူများကို မလုပ်နဲ့ ပြောရင် ကိုယ်ကလည်း မလုပ်မှကောင်းတယ်။
      မျှမျှတတ ဝေဖန်သူမျာုးကို အစဉ်လေးစားလျှက်(မသဲနှင်းအိမ် စကားကို ယူသုံးသည်)
      စံလှကြီး

      • မိုက်ကယ်ဂျော်နီအောင်ပု

        December 12, 2012 at 7:48 pm

        ဒါမှ ကျုပ်ဘစ်ဘရားသား အကိုကြီး ကိုစံလှကြီကွ

        • San Hla Gyi

          December 12, 2012 at 9:09 pm

          ဒီလို လုပ်စမ်းပါ ငါ့ညီလေး အောင်ဘုရ။ အဲဒီလို ထောက်ခံစမ်းပါ ဟဲ ဟဲ။ အဲဒါမျိုးကို မင်းနောင်တော်ကြီးက သိပ်ကြိုက်တယ်။ အခု မင်းနောင်တော်ကြီး ပြောသွားတာတွေကလည်း မျှတပါတယ်။ သူများကို သွားပြီး ငါရေးထားတာတွေဟာ ငါ့အကြောင်း ငါပြောတာ ဖြစ်လို့ မမြင်ချင်ယောင် ဆောင်နေလိုက်လို့ ပြောရင် သူများကလည်း ဟာ ဒါဆို ငါလည်း နာမည်တောင် မတပ်ပဲ ရေးထားတာ အမြင်မကြည်ရင် မင်းတို့လည်း မမြင်ချင်ယောင် ဆောင်နေလိုက်ပေါ့လို့ ပြောလိုက်ရုံပဲ။ ဘာတွေ နာနေတာလဲ ဆိုတာနဲ့ သေပြီဆရာပဲ။ မဟုတ်ဖူးလား ငါ့ညီလေးရာ ဟဲ ဟဲ။ နှစ်ဘက်မျှမှပေါ့ကွ။ ထောက်ခံစမ်းပါ ငါ့ညီရာ။
          ကိုယ့်လူ ဒုံးမဝေးတော့ဘူး။ အခု ကိုကြောင်ကြီးရဲ့ ကွန့်မန့်ကို သွားပြီး BC ပေးမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြိုက်လို့။
          မင်း နောင်တော်ကြီး သဂျော်ဂဒီးကို သေသေချာချာ ရှင်းပြလိုက်ပါတယ်ကွ။

      • NAJA

        December 12, 2012 at 9:17 pm

        ပထမဆုံး
        ကျေးဇူးတင်ပါတယ် ကိုစံလှကြီး
        ကျွန်တော်ထင်ထားသလောက် ပြင်းပြင်းထန်ထန်မတုန့်ပြန်လို့..

        ကိုစံလှကြီး စွတ်စွဲသလိုပဲ..
        ကျွန်တော်ဘက်လိုက်တယ် ဆိုတာလဲ ဝန်ခံပါတယ်..
        အဲဒိအတွက်လဲ အစကတည်းက အခမဲ့ရှေ့နေလိုက်ပေးပါတယ်လို့
        ဝန်ခံထားပြီးသားပါပဲခင်ဗျာ..

        ပြီးတော့ ကျွန်တော်ကိုယ်တိုင်ဟာလဲ ဘေးစည်းဝိုင်းကနေ ကြည့်နေတဲ့
        လူတစ်ယောက်နေရာ.. ဒါမှမဟုတ်
        အထက်က ကိုစံလှကြီးဆိုခဲ့သလို.. ပို့်စ်ပါအကြောင်းအရာကိုပဲ
        ဦးတည် မန့်သွားခဲ့ကြတဲ့ သူတွေလိုပဲ နေနိုင်ခဲ့တယ်ဆိုရင်တော့
        အခုလက်ရှိထက် တစ်ဆင့်မြင့်တဲ့ အနေအထားမှာ ရပ်တည်ကောင်းရပ်တည်နိုင်ပါလိ့်မ်မယ်..
        (စိတ်ဓါတ်ပိုင်းဆိုင်ရာ)

        သို့သော် ပထမ ကွန်းမန့်မှာ ပါတဲ့ အကြောင်းအရာတွေကို အမိုက်ခံ ပြောဖို့
        ဆုံးဖြတ်လိုက်ပြီးတဲ့ နောက်တော့..
        ကိုယ့်ကိုယ်ကို သမာဓိရှိပြီး သမာသမတ်ကျတဲ့လူလို့ခံယူရင်းမရှိတော့ပဲ
        ပြောဖို့အတွက် ဆုံးဖြတ်ပြီးပြောခဲ့တာ ဖြစ်တဲ့အတွက်
        ပဲ့နင်းဦးထောင် ဦးနင်းပဲ့ထောင် ဖြစ်ကောင်းဖြစ်ပါမယ်..

        သို့သော်..
        အကျိုးတရား ကြောင့် အကြောင်းတရား ပေါ်လာတယ်ဆိုတာကိုတော့
        သတိရစေလိုပါတယ်…

        အထက်ကွန်းမန့်ပါ ကိစ္စတွေကလဲ ကျွန်တော်တစ်ယောက်ထဲရဲ့
        ထင်တာ မြင်တာသာ ဖြစ်တဲ့အတွက်… ကိုစံလှကြီးဆိုသလို မှားတာတွေ
        ပါကောင်းပါမှာပါ..
        ကျွန်တော့်ကို ဦးတည်ပြီး “ခင်ဗျားတို့”
        လို့သုံးနှုံးရင်မှားပါလိ့်မ်မယ်..
        ကျွန်တော့်အာဘော်တွေက ကျွန်တော်ပဲတာဝန်ယူရမဲ့အပိုင်းတွေကိုး..
        ပြောရရင် ဂေဇတ်မှာ ခင်ရမင်ရတဲ့လူလို့တောင် တစ်ယောာက်မှမရှိပါဘူးဗျာ..
        သံယောဇဉ်တွေယှက်နွယ်ပြီး အပြန်အလှန် နွေးနွေးထွေးထွေးဆက်ဆံနေကြတာမြင်ရင်တောင်
        အားကျပြီးနေတာပါဗျာ..

        နောက်တစ်ချက်က FR နာမည်ပါတော့ ဘာဖြစ်လဲဗျာ
        သူနဲ့ယှက်နွယ်နေတဲ့ အကြောင်းအရာတွေပြောနေတာပဲ..
        လူတိုင်းသိနေတာကို.. နာမည်ကျမှ မသိချင်ယောင်ဆောင် ဘာကိစ္စချန်နေမတုန်း
        ပွင့်ပွင့်လင်းလင်းပေါ့..
        ရန်ဖြစ်နေကြတာမှမဟုတ်ပဲဗျာ.. အမြင်ကွဲ အမြင်လွဲကိစ္စတွေကို
        ကိုယ်ထင်ရာ ထင်ရာ ငြင်းခုန်နေကြတာပဲ..
        ကျွန်တော်ပဲ မှန်နေမှာမဟုတ်သလို
        ကိုစံလှကြီးပဲလဲ အကုန်မှားနေမှာမဟုတ်ပါဘူး..
        အားလုံးဟာ ကောင်းတာရောမကောင်းတာရော ရောနေကြပါလိ့်မ်မယ်..
        လူတွေကိုး..

        တစ်ယောက်နဲ့ တစ်ယောာက် တိုင်းတဲ့ပေတံတွေအရပဲ.. ခံစားချက်တွေ
        ဘက်လိုက်မှုတွေ… ဆုတ်ကိုင်တဲ့ အမှန်တရား ဆိုတဲ့ စံတွေ ပြောင်းလဲ ကုန်တာပါ..

        အဲဒိအတွက် အထက်ကွန်းမန့်ပါ အကြောင်းအရာတွေမှာ
        ကိုစံလှကြီး ဘာက မသင့်ဘူး၊ ဘာကတော့ဖြင့်မှားတယ်..စတဲ့အပေါက်မျိုးတွေ
        ပြောဆိုခဲ့တာလဲ ကျွန်တော်တစ်ဦးတစ်ယောက်ထဲရဲ့
        ပေတံနဲ့တိုင်းထွာခံစားပြီး ပြောတာဖြစ်တဲ့အတွက်..
        ကိုစံလှကြီးရဲ့ ပေတံဘက်မှာ မှားချင်မှမှားပါလိ့်မ်မယ်.. အမြင်ချင်းကွဲပါလိမ့်မယ်..

        ကျွန်တော့်ရဲ့ စာတစ်လုံးတစ်ကြောင်းက ကိုစံလှကြီးရဲ့ အပြုအမူ ခံယူချက်တွေကို
        ပြောင်းနိုင်စရာမရှိစကောင်းပါ…
        သို့သော်
        လူတွေဟာ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို နည်းလမ်းပေါင်းစုံနဲ
        လွှမ်းမိုးချင်နေကြတာဖြစ်တာနဲ့အညီ.
        ကိုယ်လက်ခံ ကျင့်သုံးတာကို သူများကိုလက်ခံကျင့်သုံးစေချင်တယ်..
        ကိုယ်မကြိုက်တာတွေကို သူများတွေကိုမလုပ်စေလိုဘူး..
        အဲဒီအခြေခံသဘောတရားကြောင်ပဲ
        ကျွန်တော် သဘောမကျမကြိုက်တာတွေကို ကျွန်တော်ကိုယ်တိုင်လုပ်ပြီး
        ထောက်ပြပြီးပြောဆိုခဲ့တာပါ..
        အဲဒီအတွက်လဲ စိတ်ထဲတော့ လိပ်ပြာမလုံရဘူးဗျ..

        နောက်နောင်လဲ အထက်ကလိုတိုက်ခိုက်မှုမျိုးဆန်တဲ့
        ဝေဖန်ရေးမျိုးထပ်လုပ်မိလိမ့်မယ် မဟုတ်ဘူးထင်တယ်ဗျာ..
        ကိုစံလှကြီးပြောသလိုပဲ
        ဖတ်တော့ဖတ်နေမှာပါ.. မမြင်ချင်ယောင်ပဲဆောင်သွားပါ့မယ်..

        ကိုစံလှကြီးစာက ဗဟုသုတမရဘူးလို့တော့မပြောမိဘူးဗျ..
        သမိုင်းဆိုင်ရာပိုစ့်တွေက ဗဟုသုတရတာပေါ့ဗျာ..

        သဂျီးကြိုက်တဲ့လူတွေကို တိုက်ခိုက်ရင် ကျွန်တော်ရောက်လာတတ်တယ်
        ဆိုတာကတော့ ကိုစံလှကြီးထင်လို့ဖြစ်မယ်ဗျ..ဘာမှတော့မဖြေရှင်းချင်ဘူး..

        ဆွေးနွေးရင်မျှမျှတတရှိမှ ကောင်းတယ်ဆိုတာကတော့ အထက်မှာ
        ကျွန်တော်က ရှင်းပြီးဖြစ်တဲ့အတွက် မရှင်းတော့ဘူးဗျ..
        ကနဦး ကတည်းက ကျွန်တော် ဘက်လိုက်ပြီး ရှေ့နေလိုက်ခဲ့မိတာကိုး..
        အဲဒါကြောင့်ပဲ မျှတမှုနဲ့ လွတ်ခဲ့လေသလားပဲ..
        ဒါပေမဲ့..
        ဒီနေရာမှာ “တရားမျှတမှု” ဆိုတာ ကျွန်တော်သဘောပေါက်ထားပုံပြောရရင်ရော..
        “တရားမျှတမှု” ဆိုတာ “တရားသေ” ရှိမနေဘူးလို့ ကျွန်တော်ယုံတယ်ခင်ဗျ..
        နှိုင်းရသဘော (relativity theory) လိုပဲ
        အမှန်တရားဟာ သူ့အတွက် တစ်ခု ကိုယ့်အတွက်တစ်ခု ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်..

        အဲဒီတော့ တရားမျှတမှုဆိုတဲ့အရာဆီ ကို အနီးစပ်ဆုံး ချဉ်းကပ်နိုင်မယ့်လမ်းကိုရှာကြည့်တော့
        ကျွန်တော်တို့ ရဲ့ နားလည်နိုင်စွမ်း.. တစ်ဖက်သားရဲ့ ခံစားနိုင်စွမ်းတွေကို
        နားလည်သဘောပေါက်နိုင်မှုကို မြှင့်တင်ခြင်းသည်သာ
        အမှန်တရားဆိုတာနဲ့ နီးစပ်နိုင်မယ်ထင်တယ်ဗျာ..

        “သူများကို မလုပ်နဲ့ပြောရင် ကိုယ်ကလဲ မလုပ်မှကောင်းတယ်”
        ဆိုတာကတော့ တစ်ကယ်ထိစေပါတယ်..
        မှန်ပါတယ်..
        ကြိုးစားနေပါတယ်.
        တစ်နေ့တစ်ချိန်တော့ ဖြစ်ကောင်းဖြစ်လာမလား မျှော်လင့်ရပါတယ်..

        နောက်ပိုစ့်တွေတင်ရင်လဲ ကွန်းမန့်မပေးပါနဲ့ဆိုတာကတော့ စိမ်းဆတ်ဆတ်နိုင်လွန်းသဗျ..
        တစ်နေ့ ကျွန်တော်တို့တွေ မျက်နှာခြင်းဆိုင်ထိုင်ပြီး..
        အကြောင်းအရာတစ်ခုကို အားရပါးရ ရယ်မောပြောဆိုနေကြတဲ့လူတွေ ဖြစ်မလာနိုင်ဘူးလို့
        ပြောနိုင်သလားဗျာ..
        ကမ္ဘာကြီးကမှ ကျဉ်းလာနေတာဆိုတော့…
        အခုတောင် စကားတော်တော်လေး ပေါက်ခဲ့မှပဲ..

        လူတွေပဲဗျာ.. လူပီပီသသပဲ
        ချဉ်စရာရှိ ချဉ်ကြတာပေါ့..
        မကြိုက်စရာရှိ မကြိုက်ကြတာပေါ့..
        သဘောကျစရာရှိ.. လက်ခုတ်တီးပေးကြတာပေါ့..
        အားပေးစရာရှိ အားပေးကြတာပေါ့ဗျာ…
        ဆွေးနွေးစရာ ရှိ ဆွေးနွေးကြတာပေါ့…

        တော်သေးပြီဗျာ..
        လေးစားလျှက်ပါပဲ ကိုစံလှကြီး

        • San Hla Gyi

          December 12, 2012 at 9:36 pm

          အမယ်လေး ရှည်လိုက်တာ နောက်နေ့မှ ကွန်မန့်ပေးချင် ပြန်ပေးတော့မယ်။ ကျုပ်အိပ်ချင်ပြီ။ ခင်ဗျားတို့လို့ သုံးသွားတာက ဒီလိုပါ သဂျော်ဂဒီးရဲ့ အဲ NAJA ရဲ့။ ခင်ဗျား ကွန်မန့်လေးက စိမ်းနေတာပဲဗျာ။ စိမ်းစိမ်းကို ဖြစ်နေတာ တွံတေးသိန်းတန်ရဲ့ စိမ်းသရဖူစိမ်း သီချင်းကျနေတာပဲ။ ဒီတော့ ခင်ဗျားနဲ့ ဒီကိစ္စမှာ သဘောချင်း တူညီကြတဲ့ ဘော်ဒါ ဘော်ဂျွတ်တွေကိုပါ ပြောတဲ့အနေနဲ့ ပြောတာပါ။ ဟော ကဲ အခုပဲ စကားလုံးကို အဓိပ္ပါယ် ဖွင့်နေပြန်ပြီ။ ကျုပ်ကလဲ ကျုပ်အားလုံး မှန်တယ် မပြောပေါင်ဗျာ။ ကျုပ် ပြောခဲ့တာတွေက တကယ်ပဲ ခင်ဗျားကိုယ်တိုင် ကျုပ်ကို မလုပ်နဲ့ ပြောပြီး ကိုယ်တိုင်လုပ်သွားတာတွေဗျ။ ပညာတော့ မရပေမယ့် ဖတ်တဲ့လူတွေတော့ သိလိမ့်မယ်။ အက်ဆီးဒင့် ဖြစ်တာလည်း စိတ်ဝင်စားစရာနော်။ တချို့ အဲဒါတွေကို ရှာကြည့်တာ။ ဟုတ်ပါတယ်ဗျ ခင်ဗျားတို့ရဲ့ တရားမျှတမှုဟာ ကျုပ်ဘက်ကကြည့်တော့ တမျိုးဖြစ်ပြီး ကျုပ်လည်း မှန်တယ်လေဗျာ။ ဒါကြောင့် ကျုပ်ကလည်း ပြန်ပြောတာပါ။ နှစ်ဘက်မြင်ပေါ့ဗျာ နှစ်ဘက်မြင် ဆိုတာကြီးပေါ့။
          မျှမျှတတ ဝေဖန်သူများကို အစဉ်လေးစားလျက်
          စံလှကြီး

        • San Hla Gyi

          December 13, 2012 at 5:51 pm

          ဟေ့လူ သဂျော်ဂဒီး အဲလေ NAJA
          ပြောဖို့ ကျန်ခဲ့လို့ ခင်ဗျားထင်ထားသလောက် ပြင်းပြင်းထန်ထန် တုန့်ပြန်လို့ ဘယ်ဖြစ်မလဲဗျာ့။ တုန့်ပြန်လိုက်ရင် ကျုပ်က လူဆိုးကြီးဖြစ်ပြီး အများအမြင်မှာ ဆိုးသွားမှာပေါ့။ အမိ အဲလေ ခင်ဗျားရှေ့က ပြောထားတာတွေကလဲ အဲဒီလို လူတွေကို လမ်းကြောင်းပေးသွားတာပဲလေ။
          ခင်ဗျား ဘက်လိုက်တယ် ဆိုပြီး ဝန်ခံကတည်းက ခင်ဗျား စွပ်စွဲချက်တွေ ဘယ်မှန်နိုင်မတုန်းဗျာ့။ ကိုယ်ကိုတိုင် ဘက်လိုက်တယ် ဝန်ခံထားတာကိုး။
          အဲဒါကြောင့် ခင်ဗျားပြောတာတွေ ပဲနင်းဦးထောင် ဦးနင်းပဲထောင် ဖြစ်နေတာပေါ့။ ဘက်လိုက်နေတာကိုး။ ကိုယ်က မလုပ်နဲ့လို့ ပြောတာပဲ ကိုယ်ကိုတိုင် ပြန်လုပ်နေသလိုပေါ့။
          ကဲ ခင်ဗျားပဲ ကျုပ်ကို စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို မဖွင့်နဲ့ဆိုပြီး ခင်ဗျားပဲ အဓိပ္ပါယ်လျှောက်ဖွင့်နေပြီ။ “ခင်ဗျားတို့” ဆိုတာ ဒီလိုဗျ။ ခင်ဗျားပဲ အခမဲ့ ရှေ့နေ့လိုက်ပါတယ် ဝန်ခံပြီးပြီ။ ဒီတော့ ရှေ့နေလိုက်ကတည်းက ခင်ဗျားအပြင် ခင်ဗျားကာကွယ်နေတဲ့ ခင်ဗျားအမှုသည်ပါ ရှိနေပြီ။ အဲဒီတော့ နှစ်ယောက်ဖြစ်ပြီ ဆိုတော့ ကျုပ်က တယောက်ထက်ပိုလို့ အများဆိုင်နာမ် “ခင်ဗျားတို့” လို့သုံးခွင့်ရှိတယ်လေဗျာ။ ဒါ ကျုပ်ဘာသာ လာပြောတာပါ ဆိုရင်လဲ အဲဒီ ခင်ဗျားပြောတဲ့ လူနှစ်ယောက်ဟာ ဒီဆိုက်ဒ်က စာတွေကို ဖတ်တဲ့နေရာမှာ နိုးတူးတွေလေဗျာ။ သူတို့ သိမှာသေချာပါတယ်။ သူတို့ သဘောမတူရင် တယောက်ယောက်က လာပြောနိုင်တာပဲလေ။ ငြိမ်နေကတည်းက သူတို့ သဘောတူလို့ပေါ့။ အဲဒီတော့ ကျုပ်က ခင်ဗျားတို့လို့ သုံးလိုက်တာပါ။
          ကျုပ်က ကျုပ်အထင်သေးတဲ့ လူရဲ့ နာမည်ကို ထုတ်ပြောရမှာ ရွံတယ်ဗျ။ အဲဒါကြောင့်ပါ။
          မဟုတ်ဘူးဗျ။ ကျုပ်ပို့စ်က ဘာမှ ဗဟုသုတ မရဘူးလို့ ပြောရင်လဲ ခင်ဗျားမှားတာပဲ။ ဒီပို့စ်ပေါ့။ ရယ်စရာ လုပ်ပေမယ့် ရေးထားတာတွေက ကျီးသဲလေးထပ် ဆရာတော်ကြီးတို့ မင်းကွန်းဆရာတော်ကြီးတို့ ညောင်လွန့်ဆရာတော်ကြီးတို့ရဲ့ ကျမ်းကြီးကျမ်းခန့်တွေထဲက ကောက်နုတ်ချက်တွေပါ။ ကျုပ်ကွင်းမခတ်ထားတွေပေါ့။ တချို့စာတွေက တိုက်ရိုက် မပြောင်းပဲ ရေးထားတာတောင်ပါတယ်။ သူတို့က ဒီကိစ္စမှာ ပညာရှိ ပဂေးကြီးတွေ မဟုတ်လား။
          အဲဒါတွေကိုမှ ဗဟုသုတ မရဘူးလို့ ပြောရင်တော့ တစ်အချက်က ခင်ဗျားဟာ ဗုဒ္ဓဘာသာနဲ့ ပက်သက်တဲ့ ဗဟုသုတ ချို့ငဲ့နုံချာရှာလို့ပဲ။ နှစ်အချက်က ခင်ဗျားဟာ အဲဒီဆရာတော်ကြီးတွေထက် ပိုပြီး ဒီကိစ္စမှာ နားလည်နေလို့ပဲ။ ကျုပ်က ပထမအချက် ပိုပြီး ဖြစ်နိုင်တယ်ထင်တယ်။
          အခုလဲ ခင်ဗျား အဲဒီဆရာတော်ကြီးတွေရဲ့ စာတွေကို ဗဟုသုတ မရဘူးလို့ ပြောလို့ ကျုပ်က ဒီလိုလူဟာ ငါနောက်ပိုင်းရေးလည်း ကြိုက်တယ်ဆိုတာ လိမ်နေတာ ဖြစ်မှာပါ။ အခုတောင် သူမလုပ်နဲ့ ပြောတာတွေကို သူပဲ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေပြီးတော့လို့ ထင်လို့ ခင်ဗျားကို အဲဒီလို request လုပ်လိုက်တာပါ။ စိမ်းတော့ စိမ်းတာပေါ့ဗျာ။ အမှန်လဲ ခင်ဗျားလိုပဲ ဒဲ့ပြောရင်(ခင်ဗျား ပြောသလိုပဲ နားနဲ့မနာ ဖဝါးနဲ့နာပါ) ခင်ဗျားကို ကျုပ်အစကတည်းက သဘောမကျဘူး။ ခင်ဗျားဟာ မူမမှန်ဘူး။ ကျုပ်သတိထားမိတယ်။ ဥပမာ မိုးပြာဆရာလိုလူတွေ ခံရပြီဆိုရင် ခင်ဗျား ချက်ချင်း ပေါ်လာတာပဲ။ ကျုပ်ပြောတဲ့ ကိစ္စတွေလဲ ဒီအတိုင်းပဲ။
          မတော် သဂျော်ဂဒီးတို့ သမော်ဒီးတို့ကလည်း မန်ဘာလုပ်ရေးရင် ဘယ်သူသိတာလိုက်လို့။ သူက ကိုယ့်ကို စွပ်စွဲလို့ ရပေမယ့် ကိုယ်ကမှ သူ့ကို စွပ်စွဲလို့ မရတာ။
          မျှမျှတတ ဝေဖန်သူများကို အစဉ်လေးစားလျှက်
          စံလှကြီး

  • amatmin

    December 12, 2012 at 10:41 am

    ကို NAJA ရေ..
    ဒီပို့စ်ခေါင်းစဉ်အောက်က အပြုသဘောဆောင်တဲ့
    အကြိုက်ဆုံး ကွန်မန့်အဖြစ်
    သတ်မှတ်ပီး..
    တလေးတစားဖတ်သွားလိုက်ပါတယ်..

    • San Hla Gyi

      December 15, 2012 at 7:54 am

      ဝေ့ ကိုအမတ်မင်း ဖတ်နေသေးလားတော့ မသိဘူး။ စကားအတင်းစပ် ခင်ဗျား အပြုသဘောဆောင်တဲ့ အကြိုက်ဆုံး ကွန်မန့်အဖြစ် သတ်မှတ်ထားတဲ့ ကွန်မန့်ပိုင်ရှင်ရဲ့ ကွန်မန့်လေးတွေ လေးလေးစားစား လာဖတ်ပါအုံးဗျာ။ မှတ်သားလောက်စရာပါပဲ။ ကိုယ့် ရှေ့စကားနဲ့ နောက်စကား မညီဘူးဆိုတဲ့ အချက်က သူ့အတွက် အရေးလည်း မကြီးဘူး။ ရှက်လည်း မရှက်ဘူးတဲ့။ မှတ်ထားရအုံးမယ် ဒီစကားကတော့ သမိုင်းကျန်ရစ်ပါပြီ။

      • amatmin

        December 15, 2012 at 9:03 am

        ဗျို့..ကိုရင်စံလှကြီး…
        ဖတ်နေပါသေးတယ် နော့…
        ခင်ဗျားတို့က စကားတတ်တဲ့ပုဂ္ဂိုလ်ကျော်တွေ ဆိုတော့ကာ..
        သိုင်းဝိုင်း ..ချဲ့ထွင်.တန်ဆာဆင်ပီး..
        ဖတ်ချင့်စဖွယ်.စီကာပတ်ကုံး ရေးနိုင်လွန်းတော့လည်း..
        သာမန်.အ သုံးလုံးကျေရုံ ကျနော်အဖို့တော့
        ဖတ်ရင်းနားမလည်ပဲ.ရွာလည်ရတာပေါ့ ဗျာ….. 🙂
        ဒါနဲ့ စကားအတင်းစပ် ကိုယ့်ဆြာ အခုလိုကိုယ့်စကား (တန်ဖိုးထားပီးအားပါးတ) ရ ငြင်းနေတာမြင်ရတော့ စာရေးတဲ့သူတွေနဲ့ဆက်စပ်လို့
        ဖတ်ခဲ့ဖူးတဲ့ အချိုးလေးတခုတောင် သတိရသေး ရယ်..

        “စကားရွေ့လန် မှားမေ့ကျန်၍..
        မမှန်ရွင်းချော် တိမ်းပါးသော်မူ..
        သူတော်ဒကာ သည်းခံပါ…”

        သူ့ဘာသာ နှိမ့်ချတာလား စာဖတ်သူကိုပဲ
        လေးစားတာလားမသိပါဘူး..ဗျာ.. 🙂

        • San Hla Gyi

          December 15, 2012 at 12:29 pm

          ဖတ်နေသေးရင် ပြီးတာပါပဲ ကိုအမတ်မင်းရ။ တကယ်တော့ ကျနော်က နှစ်ဘက်မျှပြီး ရေးပါတယ်ဗျနော့်။ ခင်ဗျားပဲ စဉ်းစားလေ။ သူများကို ကိုယ်က စွပ်စွဲတဲ့ အခါကျတော့ ဘယ်နေရာက ဘယ်လို ဆော်လိုက်တာ စာဖတ်သူတွေ သိပါတယ်။ အမယ် သက်သေတောင် လှမ်းတောင်းလိုက်သေး။ အဲဒါကို စွပ်စွဲခံရတဲ့လူက ဒီအချက်က ခင်ဗျား စကားတွေ ရှေ့နောက်မညီပါဘူး မမျှတပါဘူးဆိုတော့ ကျနော့်စကားတွေ ရှေ့နောက်မညီတာ ကျနော့်အတွက် အရေးမကြီးပါဘူး။ ကျနော် ရှက်လည်း မရှက်ပါဘူး ဆိုပြီး တာဝန်မယူတဲ့ သဘောမျိုးပြောတော့ အမယ် ပြောတဲ့လူကပဲ ငါ့စကားနွားရ ဖြစ်ရပြန်ပြီ။ ဘယ်သူက လုပ်တာတုန်းဗျာ။
          ခင်ဗျား ပြောတဲ့ ကဗျာကို ရေးတဲ့လူက သူ့ဘာသာ စာရေးတဲ့ နေရာမှာ သုံးတာဖြစ်လိမ့်မယ်ဗျ။ အဲဒါကြောင့် အဲဒီလို ရေးတာပါ။ သူက သူများကို စွဲချက်တင်ရင်တော့ အဲဒီလို လုပ်လို့ မရပေဘူးပေါ့။ စွဲချက်တင်ပြီ ဆိုကတည်းက ဘယ်လောက်ပဲ လေးစားတယ်ပြောပြော စကားပဲဗျာ။ နေရာကွာပါတယ်ဗျာ။ တဆိတ်လေး မျက်မှန်ချွတ်ပြီး ကြည့်တော်မူပါ။ ခင်ဗျားကို ပြောတာ မဟုတ်ပါဘူး။ သူများကို စွဲချက်တင်တဲ့ အခါမှာ ပြောတာပါ။
          ကျနော်လည်း ပြောချင်ပါတယ်ဗျ။ ရွာသူရွာသားတို့ရေ ညအချိန်ရောက်မှ ပွင့်ရတဲ့ ကုမုဒြာဆိုတဲ့ ကြာတမျိုး ရှိတယ်ကွဲ့။
          ဒီတော့ သောကရယ် ဒုက္ခရယ်က ညအမှောင်ပဲ ဆိုပါတော့။
          မင်းတို့ရဲ့ သစ္စာ မေတ္တာပါတဲ့ စာလေးတွေက ကုမုဒြာကြာပန်းကလေးတွေပဲ ဆိုပါတော့။
          ညရောက်မှသာ ဒီကြာပန်းကလေးတွေကို တွေ့ခွင့်ရမယ် ဆိုရင်လေ။
          အဘဘဝမှာ ညအသချေင်္ ဖြစ်ပါစေ။
          မင်းတို့ချစ်တဲ့ မင်းတို့ရဲ့ ဘဘ
          စံလှကြီး
          (ဟီး အလကားနောက်ထှာ ကျုပ်ထက် အသက်ကြီးသူတွေ ခွင့်လွှတ်ပါ။)

  • San Hla Gyi

    December 12, 2012 at 6:52 pm

    ဟား ဟား ဟား ကို amatmin ကလည်းဗျာ။ ကျုပ်လဲ အပြုသဘောဆောင်ပြီး နှစ်ဖက်မျှရေးထားပါတယ်။ တလေးတစား ဖတ်သွားပါအုံး။ ခင်ဗျားတို့ကလဲ နည်းနည်း လှည့်လိုက်တာနဲ့ ရွာလည်သွားပြီ။

  • Mလုလင်

    December 12, 2012 at 11:24 pm

    Comment တွေ ထပ်ကုန် ပြီမို့ ……. နောက် page ထပ်ခွဲ ပေးဖို့ Moderator များ နဲ့ Admin ကို ကြားထဲက ဝင် တောင်းဆို ပေးလိုက်ပါကြောင်း … (မြင်နိုင်ကြပါစေ ……..)

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      December 13, 2012 at 12:15 pm

      ကိုလုရေ…
      ကျွန်တော် ဖားယားဖောက်နဲ့သုံးတော့ အဲ့လိုကော်မန့်တွေထပ်ကုန်တယ်ဗျာ…
      ခရုမ်းနဲ့သုံးရင် မထပ်ပါဘူး… စမ်းကြည့်ပါဦး… သူကြီးတို့မလုပ်ပေးခင်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • uncle gyi

    December 12, 2012 at 11:57 pm

    ဒေဝဒတ်ကမြေမျိုပြီးအဝီစိရောက်သွားပြီ
    ဒါတောင်သူကနှစ်၂၀၀ဝကျော်ကလူတွေကို
    အခုထိဒုက္ခပေးနေတုန်း
    အခုနေလူ့ပြည်ပြန်ရောက်လာရင်ဘယ်လိုများနေမလဲမသိဖူးဟူး…

  • Wow

    December 13, 2012 at 11:47 am

    ဒါဒုက္ခပေးတာမဟုတ်ဘူး ဘရိန်းစတောင်းလို့ခေါ်ဒယ် :harr:

  • San Hla Gyi

    December 13, 2012 at 5:56 pm

    Uncle Gyi ဆိုတဲ့ မိတ်ဆွေ
    ဘာမှ ဒုက္ခမဟုတ်ဘူး။ ဒါနည်းနည်းလေး ပြောတာပဲ ရှိသေးတယ်။ ဘယ်လိုဖြစ်လို့ သူများကျတော့ မကြိုက်ရင် မမြင်ချင်ယောင်ဆောင်လိုက်လို့ ပြောပြီး ကိုယ့်ဘက်ကျတော့ အူနုကျွဲခတ် ဟိုဟာကြမ်းညှပ် ဖြစ်နေကြတာလဲ မသိဘူး။ မမြင်ချင်ယောင် ဆောင်နေလိုက်ပေါ့။
    မိတ်ဆွေရေ ကျေးဇူးတင်ပါတယ်။

    • NAJA

      December 13, 2012 at 8:50 pm

      အထက်မှာ ကျွန်တော့်ကို Reply ပြန်တဲ့နေရာမှာ
      Reply ပြန်လို့မရလို့ ဒီနေရာမှာပဲ ပြန်လိုက်တယ်ဗျာ..

      ကိုစံလှကြီး ဆိုသမျှရှိစေတော့ဗျာ…
      ဦးနင်းပဲ့ထောင် ပဲနင်းဦးထောင်ဖြစ်ကောင်းဖြစ်မယ်လို့ ကျွန်တော်
      ကိုယ့်ကိုယ်ကို ဝန်ခံခဲ့ခြင်းသည်.. ကျွန်တော် ရှေ့စကားနောက်စကား မညီခဲ့လို့
      ဝန်ခံခဲ့တာမဟုတ်ဘူးဗျ..
      လူဖြစ်သည်နဲ့အညီ.. စကားဆိုတာ ပြောဖန်များရင်မှားတတ်တာပဲခင်ဗျ..
      အဲသလိုမှားတဲ့အခါမှာ.. ဆီလိုရေလို အပေါက်ရှာတဲ့ ဒဏ်က တတ်နိုင်သမျှလွတ်စေတော့လို့
      ကြိုတင် ကိုယ့်ကိုယ်ကို ဝန်ခံခဲ့ခြင်းပါခင်ဗျာ..

      ကျွန်တော် ပြောတဲ့အချက်တွေ ကျွန်တော်ချိုးဖောက်တယ်ဆိုတဲ့
      ကိုစံလှကြီးဆိုလိုတဲ့ ရှေ့နောက်မညီညွတ်မှုမျိုးကို
      အဲဒိကွန်းမန့်ကိုပေးကတည်းက ကျွန်တော်လုပ်ကိုလုပ်ရမှာကိုသိတဲ့အတွက်
      ပြောချင်တာတွေ တစ်ခါတော့ တည့်တည့်ပြောပါရစေ လု့ိ ကြိုတင်
      ပြောခဲ့တယ်ခင်ဗျ…

      ကျွန်တော်တော့ စကားလုံးတွေ analysis လုပ်တာတွေ
      တော်ပြီခင်ဗျာ..
      ကျွန်တော်တို့လှည့်ပတ် အပြစ်တင်/အပြစ်ရှာနေသမျှ
      အပြစ်ဆိုတာလဲ တွေ ့နေမှာဖြစ်လေတောာ့
      ဘယ်တော့မှဆုံးမှာမဟုတ်ဘူးခင်ဗျ…

      ဆက်လဲ ဆွေးနွေးလိုစိတ်မရှိတော့ဘူးဗျ..
      ဘာလို့လဲဆိုတော့..
      တစ်အချက်အနေနဲ့ ကိုစံလှကြီးမှာ တစ်ဖက်သားကို လေးစားမှု (respect)
      ပျောက်ဆုံးနေတယ်လို့ မြင်မိပါတယ်..
      နှစ်အချက်အနေနဲ့ ကိုစံလှကြီး ဆွေးနွေးမှုဟာ “ပြေလည်မှု” ကိုဦးတည်ခြင်းထက်
      “အနိုင်ရလိုခြင်း” ကို ဦးတည်တယ်လို့ ထင်မိလို့ဗျာ..
      ..
      တော်သေးပြီဗျာ..
      အဲ
      ကျွန်တော့် ID နဲ့ပတ်သက်လို့ ပြောရရင်တော့..
      ဂေဇတ်တွေ့ဆုံပွဲ မန်းလေးမှာသာလုပ်ဖြစ်တယ်ထား
      ထိပ်ဆုံးကနေ ကျွန်တော် ပါဝင်ကူညီပေးပါမယ့်အကြောင်း..
      ကျွန်တော့်ကိုယ်ကျွန်တော်
      ဘယ်နေရာမှာမဆို ဖော်ပြဖို့ စိတ်လုံပါကြောင်း…

      အဲဒီအတွက် သဂျီးကတော် သဂျီးသမီးတွေလို့လဲ အထင်မမှားပါမင့်အကြောင်း…
      ကျွန်တော့်ကို နှိပ်ကွပ်လိုရင်းဆိုရင်တော့ ဆက်မှားနိုင်ပါကြောင်း…

      ဘာသာတရားကတော့ နောက်များမှ အခြေအနေအရ..
      ထင်ရာမြင်ရာ ပြောကြတာပေါ့ဗျာ..
      မီးခိုးကြွတ်လျှောက်မဆုံးနိုင်ပဲဖြစ်နေလိမ့်မယ်..

      တကယ် တော်သေးပြီ…

      • San Hla Gyi

        December 14, 2012 at 5:36 pm

        မစ္စတာ NAJA ရေ
        ကိုကြောင်ကြီး ပြောတာ ဟုတ်တယ်ဗျ။ မှန်တာ ပြောလို့ကတော့ ကမ္ဘာကြီး ပွင့်ထွက်သွားပလေ့စေ ပြောရမှာပဲ ဆိုတဲ့ စကားမှန်တယ်ဗျ။
        ဟော အခုပဲကြည့် ခင်ဗျားစမှားပြီ။ သူများက ခင်ဗျားစကားကို အပေါက်ရှာမှာကျတော့ “ဆီလို ရေလို အပေါက်ရှာတဲ့ ဒဏ်က လွတ်စေတော့” လို့ပြောလိုက်ပြီ။ ခင်ဗျား စကားတွေ ဦးနင်းပဲ့ထောင် ပဲ့နင်းဦးထောင် ဖြစ်နိုင်တယ်လို့ ဝန်ခံတာ ခင်ဗျား ပထမဆုံး ပေးတဲ့ ကွန့်မန်မှာ မဟုတ်ပါဘူးဗျ။ ကျနော်က ခင်ဗျား ကျုပ်ကို မလုပ်နဲ့ပြောပြီး ကိုယ်တိုင်လုပ်နေတာတွေကို ဝေဖန်တော့မှ ပေးလိုက်တဲ့ ဒုတိယကွန်မန့်မှာပါ။ ငြင်းလို့မှ မရတော့ပဲ။
        ပထမတုန်းကတော့ ခင်ဗျား ပြောတာ အမှန်တရားတွေ ဆိုပြီး ပြောလိုက်ပုံရတယ်။ အခုကျတော့ ခင်ဗျားကိုယ်တိုင် အများရှေ့မှာ လက်ဆုပ်လက်ကိုင်နဲ့ မှားနေတဲ့ အခါကျတော့ စကားလုံးတွေ analysis လုပ်တာတွေ တော်ပြီလို့ ပြောလိုက်တယ်။
        ငယ်ငယ်တုန်းက ကလေးတွေ ပြောလို့ မနိုင်ရင် “တော်ပြီ ဆက်မပြောတော့ဘူး။ နင်နဲ့ ပြောရတာ အဆင့်အတန်း မရှိဘူး” ဆိုပြီး ရေပိတ်စကား ပြောတာကျနေတာပဲ။ အဲဒါ ကျုပ်စကား မဟုတ်ဘူးနော်။ ကောင်မလေး တယောက် ပြောသွားတာ သဘောကျလွန်းလို့ မှတ်ထားတာ။ အဲဒီတုန်းကလည်း ခင်ဗျား ဝင်ပါသေးတယ် မဟုတ်လား။ ကျုပ်မှတ်မိပါတယ်။ အဲဒီတုန်းက ခင်ဗျား satire ကြိုက်တယ် ဆိုတဲ့ သဘောမျိုးတောင် ပြောလိုက်သေးတယ်လေ။ အခုကျတော့ ကျုပ်လဲ တကယ့် satire ရေးရော ဒီမှာ မရေးပါနဲ့လို ခင်ဗျား ပြောပြန်ပြီလေ။
        ပြောရအုံးမယ် ကို NAJA ရဲ့။ ကျုပ်က ငယ်ငယ်ကတည်းက စာတအုပ် ဖတ်လိုက်ရင် သိပ်မှတ်ထားရတာ မဟုတ်ပဲ အားလုံးနီးပါး မှတ်မိနေတတ်တယ်။ အဲဒီတော့ ခင်ဗျား ကျုပ်ကို ဝေဖန်သလို ကျုပ်ကလည်း ခင်ဗျားကို ဝေဖန်နိုင်တယ်။
        တကယ်တော့ စဉ်းစားကြည့်။ ကျနော်က ခင်ဗျားကို အပြစ်တင်တာလား။ ခင်ဗျားက ကျနော့်ကို အရင်စပြီး အပြစ်တင်တာလား။ ပထမကွန်မန့်မှာ စပြောတုန်းက “မြန်မာစကားရဲ့ စာရဲ့ တာသွားပုံကို ကိုယ်နားလည်တိုင်း ကိုယ်လိုချင်သလို ဆွဲယူနေမယ် ဆွဲစိနေမယ် ဆိုရင်တော့ အမှန်တရားကို မျက်ကွယ်ပြုပြီး အမှုတိုင်းနိုင်အောင် လျှောက်နိုင်တဲ့ ရှေ့နေလိုပဲ ဖြစ်လိမ့်မယ် ခင်ဗျ” လို့ပြောပြီး အဲဒီကွန်မန့်မှာက နေ့တောင် မကူးသေးဘူး။ ကျုပ်ကရေးတဲ့ “ဒီမယ် ကိုယ့်လူ” ဆိုတာ ဖိုက်တာတို့ “သဂျီးကို တော်တော်များများက ပြန်မပြောဝံ့ဘူး” လို့ ကျုပ်ပြောတာက ခင်ဗျားတို့ကို ပေးတာယူ ကျွေးတာစား ဟုတ်ကဲလုပ်နေရတဲ့လူတွေ ဆိုတဲ့ သဘောမျိုး ပြောတာတို့ ခင်ဗျားက မန်းဂေဇက်ရဲ့ ပရိသတ်တွေ သိကြပါတယ်ဆိုပြီး အနက်တောင် ဖွင့်ပြလိုက်သေးတယ်။ အမယ် တယ်ဟုတ်ပါလား။ ကျုပ်ကို အဲဒီလိုလုပ်လို့ အမှန်တရားကို မျက်ကွယ်ပြုပါတယ် ခင်ဗျားလဲ အမှန်တရားကို မျက်ကွယ်ပြုနေပြီလေ။
        နောက်ပြီး ဒီပို့စ်မှာရေးတဲ့ ဒေဝဒတ်က elite တို့ သံဃာသင်းခွဲတယ်တို့ ဆိုတာက တကယ်လဲ အမှန်ပဲလေဗျာ။ အဲဒါကို ခင်ဗျားက ဟာ ငါချစ်တဲ့ ငါ့ဘဘကလည်း elite လို့ပြောဖူးတယ်။ နောက်ပြီး သူကလည်း ပြည်ထောင်စု ဖြိုခွဲရေးဆိုလား လုပ်ဖူးတယ်။ ဒီတော့ ဒါ ငါ့ဘဘကို ဒေဝဒတ်လို့ ပြောလိုက်တာပဲ ဆိုပြီး ကျုပ်ကို အားလုံးရှေ့မှာ လာစွပ်စွဲတာ စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို ကျုပ်က ဆွဲစိတာလား။ ခင်ဗျားက ဆွဲစိတာလား။ နှစ်ဘက်နော် နှစ်ဘက်။ နောက်ပြီး ကျုပ်က ခင်ဗျားလေးစားတဲ့ ပုဂ္ဂိုလ်တွေပို့စ်မှာလည်း ပြောတာမဟုတ်ဘူး။ သူတို့ပို့စ်နဲ့ ကပ်ရက်လည်း ပြောတာ မဟုတ်ဘူး။ အဲဒီစကားလုံးတွေက ခင်ဗျား လေးစားတဲ့ ပုဂ္ဂိုလ်တွေပဲ သုံးရမယ်။ သူများ မသုံးရဘူးလို့ မူပိုင်ခွင့် တင်ထားတာတွေလည်း မဟုတ်ဘူး။ ကဲ ဘယ်သူက ဆွဲစိတာလဲ။ မျက်စိမှာ ဖုံးနေတဲ့ တိမ်သလ္လာတွေကို ဖယ်ကြည့်ပါ ဆရာရဲ့။
        ခင်ဗျား အစကတည်းက လှည့်ပတ် အပြစ်တင် အပြစ်ရှာချင်စိတ် မရှိရင် ဘာလို့ ကျုပ်ရေးတဲ့ ဘယ်စာလုံးက ဘယ်လိုဆိုပြီး လူတွေရှေ့မှာ လုံးစေ့ပတ်စေ့ ရှင်းပြသေးလဲ။ သူများကျတော့ မလုပ်နဲ့ ကိုယ်ကလုပ်တော့ ကောင်းသလား။ အဲဒီတော့ ကျုပ်က ခင်ဗျားကို နိုင်ချင်တာလား ခင်ဗျားက ကျုပ်ကို နိုင်ချင်တာလား။ ရှင်းရှင်းလေးပါဗျာ။
        အမှန်တော့ ကျုပ်က ခင်ဗျားနဲ့ အစကတည်းက ဆွေးနွေးလိုစိတ် မရှိတာပါ။ ခင်ဗျားက ပါးပါးနပ်နပ်နဲ့ ကျုပ်ကို အပြစ်တွေ ပုံနေလို့ ငြိမ်နေရင် ဟုတ်လို့ ဝန်ခံတယ် ဖြစ်မှာစိုးလို့ ပြန်ပြောရတာပါ။ စတာက ကိုယ့်လူလေ။ စကားလုံးတွေကို အဓိပ္ပါယ် မဖွင့်နဲ့နော် ခင်ဗျားပြောတဲ့အတိုင်း။
        ဒီလောက် ကိုယ့်ဘက် ကိုယ်ယက်ပြီး သူများကို အပြစ်တင်တဲ့ ခင်ဗျားကွန်မန့်တောင် အပြုသဘောဆောင်တဲ့ အကောင်းဆုံး ကွန်မန့်လို့ ချီးကျူးခံရသေးတာပဲ။ ထူးဆန်းပါပေ့ဗျာ။ အုပ်စုတို့ ဥစုပ်တို့ ပြောတော့လည်း နာကြသေးတယ်။ ဘာနာစရာ ရှိလို့လဲဗျာ။
        ခင်ဗျား စကတည်းက ပြဿနာ ပြေလည်ချင်လို့မှ မဟုတ်ပဲ။ ခင်ဗျားကိုယ်တိုင် ကျုပ်ကို အနိုင်ရချင်လို့ ပြောခဲ့တာလေ။ ကိုယ့်ကွန်မန့် ကိုယ်ပြန်ကြည့်မှပေါ့ဗျာ။ “respect” ဆိုတာကို အဘိဓါန်က admiration felt or shown for someone or something that you believe has good ideas or qualities လို့ အဓိပ္ပါယ်ဖွင့်တယ်။ ကျုပ်နားလည်တာတော့ အရည်အသွေးကောင်း အကြံဥဏ်ကောင်း ရှိသည်ဟု ကိုယ်ယုံကြည်သော တစုံတယောက် သို့မဟုတ် တစုံတရာကို ထားသော ပြသော မြတ်နိုးမှုလို့ ဘာသာပြန်လိုက်တယ်။ ဘာသာပြန် မချောပေမယ့် အဲဒီအဓိပ္ပါယ်ပါပဲဗျာ။
        ခင်ဗျား ကွန်မန့်မှာ ခင်ဗျား ဘာပြောလိုက်သလဲ။ ဒီပို့စ်ကို ကွန်မန့်တတ်တိုင်း အကြိမ်နှစ်ဆယ်လောက် ကြည့်မိတယ်။ ဗဟုသုတရလို့တော့ မဟုတ်ဘူးလို့ ပြောလိုက်တယ်။ ပြောမှ ပြောရက်ပလေ။ ကျုပ်က ရေးထားတာ သရော်စာ ဆိုပေမယ့် ကွင်းမခတ်ထားတွေ ကျုပ်အတည် ပြန်ဖြေထားတာတွေက တကယ့် ဆရာတော်ကြီးတွေရဲ့ စာတွေကို ကောက်နုတ်ထားတာ။ အဲဒါ ခင်ဗျား ကျုပ်ကို အကြီးဆုံး စော်ကားလိုက်တာပဲ။ အဘိဓါန်က ပြတဲ့ respect နဲ့လဲ အဓိပ္ပါယ် လွဲနေတယ်။ ကျုပ်သိပါတယ်ဗျာ။ ခင်ဗျားတို့ နာပေမယ့် ဒီပို့စ်က ခင်ဗျားတို့ စတစ်ကီပို့စ်တွေထက် သာမှာပါ။
        ခင်ဗျားတောင် ကျုပ်ကို စပြီး respect မရှိမှတော့ ကျုပ်ကလည်း ဘာလို့ respect ရှိရမှာလဲ။ အဲဒါ ခင်ဗျားလေးစားတဲ့ သူကြီးလဲ ဒီအတိုင်းပဲ ပြောတယ်လေ။ မသိလို့။ ခင်ဗျား လောင်တော်မင် အဲလေ သူကြီးလဲ တခါတခါ ကျုပ်အေးအေးနေတာကို သူက လာစတာ ရှိသေးတယ်။ ထုံးစံအတိုင်း ကိုယ်လုပ်ရင် ကောင်းတယ်ပေါ့ဗျာ။
        ပြောရအုံးမယ်။ မြတ်စွာဘုရားရှင်တောင် သူ့ကို ဆဲတော့ ဘာမှမပြောပဲ ပြုံးနေပေမယ့် သူ့ကို စကားနဲ့ စွပ်စွဲတဲ့အခါကျတော့ တခုချင်းကို ပြန်ရှင်းတယ်ဗျ။ အခုဟာက ခင်ဗျားက စွပ်စွဲတာ။ ကျုပ်က ငြိမ်နေရင် မှားပါပြီဆိုပြီး ထိုင်တောင်းပန်ရမယ့် အချိုး။ ဒါကြောင့် ပြန်ရှင်းရတာ။ နိုင်အောင်လဲ ပါတာပေါ့ဗျာ။ မနိုင်ရင် ခင်ဗျားတို့ကို ထိုင်ကန်တော့ ရမှာကိုး။
        ပြောစရာ ရှိရင် ဘာသာတရားလဲ ဒီမှာပဲ ပြောပါဗျာ။ ကျုပ်စောင့်နေပါ့မယ်။ နောက်တော့ မပြောချင်တော့ပါဘူး။
        ID လဲ ပြစရာ မလိုပါဘူးဗျာ။ မဟုတ်ဘူးဆိုလဲ ပြီးတာပဲ။ ကျုပ်လဲ စိတ်မဝင်စားဘူး။ ခင်ဗျား ID ကို။ ကျုပ်က စာရေးတဲ့ နေရာမှာ စာပဲ စိတ်ဝင်စားတယ်။
        တကယ့်ကို မတော်သေးပါ
        ခင်ဗျား လာပြောရင် အချိန်မရွေး ပြန်ပြောမယ့်
        မျှမျှတတ ဝေဖန်တတ်သူများကို အစဉ်လေးစားလျှက်
        စံလှကြီး

      • San Hla Gyi

        December 14, 2012 at 6:40 pm

        ဟီး ပြောဖို့မေ့ကျန်ခဲ့လို မစ္စတာ NAJA။ ကိုယ့်လူကို ပြောရတာ ပျော်ထှာ။ တကယ့်တော့ ကိုယ့်လူဟာ ကိုယ့်အချစ်တော် အချော်တစ်တွေကိုပဲ ဖင်ပိတ်ကာကွယ်ချင်ပြီး ရှေ့စကား နောက်စကား မညီတဲ့ လူလိမ်တယောက်ပါ။

        • NAJA

          December 14, 2012 at 9:25 pm

          ကဲဗျာ
          မထူးပါဘူး..ဆက်ကြိတ်ကြတာပေါ့..
          ကြုံတုန်းလေးပြောရတာကို..
          ဒီတိုင်းဆို နောက်ခါတွေကြုံဖို့မလွယ်မှတော့..
          ကျွန်တော်လဲ ကိုစံလှကြီးနဲ့ပြောရတာကောင်းပါတယ်ခင်ဗျ..
          နောက်ခါတွေတော့ ကျွန်တော်မလာရင် ပိုကောင်းတယ်ဆိုတော့..
          ဒီတစ်ခါတော့ အဝပြောကြတာပေါ့ခင်ဗျာ..

          ကိုစံလှကြီးက လူတစ်ဦးတစ်ယောက်နဲ့ ပဋိပက္ခဖြစ်တဲ့အခါတိုင်း
          စကားရှေ့နောက်မညီဘူးဆိုတဲ့ အချက်ကို ရှာပြီး ကိုင်စွဲလေ့ရှိတာ ကျွန်တော်သတိထားမိသဗျို ့..
          သို့သော်အဲဒီအချက်က ကျွန်တော့်အတွက်တော့ အထူးတလည်ရှက်စရာမရှိလှဘူးဗျ..
          အရေးလဲသိပ်မကြီးလှဘူးဗျို ့..

          ဘာလို့ဆို..
          ကျွန်တော်ရဲ့ ခံယူချက်က လူပီသမှုကို အလေးထားတယ်ဗျာ..
          အဲသည်တော့ computer software တစ်ခုလို့ ဒီဟာက ဒါမှတ်ထား
          ဒါနဲ့ ညိရင် Error ဆိုပြီး.. တရားသေမရှိဘူးဗျ..

          မှားကောင်းလဲမှားမယ်..
          မှားတဲ့အခါလဲမှားမယ်..
          သေချာတာတော့ အမှားလုပ်မိမှာတော့သေချာတယ်ဗျ..
          အဲဒိအတွက် ကျွန်တော်မှားလဲ လူပီပီမှားတာ ဖြစ်တဲ့အတွက်
          အဲဒါကို ထောက်ပြခြင်းဟာ ကျွန်တော့်ကို အရှက်မရစေဘူးခင်ဗျ..
          ကိုယ့်ကိုယ်ကိုပဲ မှားမှန်းသိသိနဲ့ ဝန်မခံတတ်တဲ့လူဖြစ်မှာကိုပဲ စိုးတယ်ခင်ဗျာ..

          “စကားလုံးတွေကို အနက်မရှာဖို့ ပြောပြီး ကိုယ်တိုင်ချိုးဖောက်နေတယ်”
          ဆိုတာတော့..
          မှန်တယ်ခင်ဗျ..
          ကျွန်တော်ကိုယ်တိုင် ပထမဆုံးကွန်းမန့်မှာ ကိုစံလှကြီးမခံနိုင်ဖြစ်မယ့်အရာတွေကို
          ထောက်ပြခဲ့တာကလဲ ဘာကြောင်လဲဆိုတော့..
          ကျွန်တော် ဂေဇတ်ဖတ်ရင်းနဲ့ ကိုစံလှကြီးရဲ့ ကွန်းမန့်တွေကိုဖတ်တိုင်း
          မြင်ရတာပေါ့နော.. နဲနဲရင့်သီးရင်တော့ ခွင့်လွှတ်ပါနော..
          “ငါ့စကားနွားရ” ဆိုတဲ့သဘောမျိုးတွေ..
          တဖက်လူကို ချိုးနှိမ်လိုလွန်းမှုတွေ မြင်တယ်ဗျာ..
          (အသစ်တစ်ခု ထပ်စွတ်စွဲလိုက်ပြန်ပြီ.. စကားဝိုင်းအမျှင်မပြတ်အောင်လို့ ဟီဟိ)
          အဲသလိုမြင်တော့ ကိုစံလှကြီး တခြားလူတွေကို ရှေ့နောက်မညီဘူးဆိုပြီး
          ထောက်ပြခဲ့သလိုတွေ.. ဘယ်စကားကတော့ ဘယ်လိုအနက်ပါ..
          ဘယ်စကားလုံးကတော့ ဘယ်လိုတာသွားတာ.. သိတယ်မလား..
          စသဖြင့် အဲသလိုတွေ တိုက်ခိုက်တာမြင်တော့..
          စဉ်းစားမိသဗျ..
          ကိုစံလှကြီးကို သာအဲသလိုလေးတွေ ပြန်ထောက်ပြောရင်
          ဘယ်လိုများနေမလဲမသိဘူးဆိုတဲ့ အတွေးကို ရလာတယ်ခင်ဗျာ..
          အဲသလိုရလာတော့ ကိုစံလှကြီး တခြားလူတွေကို ထောက်ခဲ့သလိုလေး..
          ကျွန်တော်လဲ ပြန်ထောက်ကြည့်ချင်စိတ်တော်တော်ပေါ်လာသဗျာ..
          စောင့်တော့ကြည့်ပါသေးတယ်.. ဘယ်သူများ စပါမလိမ့်လို့..
          ဒါပေမဲ့ သေချာသဗျ..
          ဂေဇတ်ကလူတွေ က အဲသလို သူများကို စိတ်ထိခိုက်စေမယ့်..
          စကားမျိုးပြောကြလိမ့်မယ်မဟုတ်ဘူးလို့ ကျွန်တော်သိနေတော့..
          ကျွန်တော်ကလဲ ကိုယ့်ချဉ်ချင်းနဲ့ ကိုယ်.. မထိန်းလဲမထိန်းနိုင်လု့ိ.. (ထိန်းချုပ်နိုင်စွမ်းကလဲ နဲနဲရယ်)
          အမိုက်ခံပြီး အဲဒီကွန်းမန့်ဝင်ရေးမိသဗျာ..
          လက်တွန့်တာကတော့ သဂျီးကိုဆဲရမှာထက် ကိုစံလှကြီး အညိုငြင်ခံရမဲ့
          အပေါက်လုပ်ရတာ ခန့်လန့်လန့်ဗျ..
          အခုတော့လဲ သုံးသပ်စရာ တွေးစရာအသစ်တွေရလို့ ကောင်းပါ့ဗျာ..
          တစ်ဖက်လူကို Respect နဲတယ်ဆိုပေမဲ့..
          ဆဲဆိုနေတဲ့ လူတွေထက်တော့ အများကြီး စကားပြောလို့ကောင်းပါတယ်ဗျာ..

          အစကတော့ ထင်နေမိသဗျ..
          ဆြာဘုန်းကျော်ကြီးလိုများ mind training လာဆင်းနေတာများလားလို့…

          respect နဲ့ပတ်သက်လို့တော့
          ကျွန်တော် အဘိဓါန်ထဲ တစ်ခါမှ ဖွင့်မကြည့်ဖူးဘူးဗျာ..

          အဲဒီ Respect အကြောင်း မဆွေးနွေးခင်
          နဲနဲသိုင်းသိုင်းဝိုင်းဝိုင်းဖြစ်သွားအောင်..
          ဘုန်းကြီးစာချ.. နဲနဲလောက် ထပ်လုပ်လိုက်ဦးမယ်ဗျာ..

          လူဆိုတာ social animal ဗျ..
          တစ်ဦးတစ်ယောက်ထဲ နေမရတာသေချာတယ်ခင်ဗျ..
          အဲသည်တော့..
          အများနဲ့စုဝေးနေတဲ့ အတွက် ပတ်ဝန်းကျင်ဆိုတာကြီးဖြစ်လာာတော့တာကိုး
          အဲဒိ ပတ်ဝန်းကျင်ဆိုတာကြီးကလဲ အဆင်သင့်အောင်နေနိုင်မှ
          ကိုယ့်အတွက်နေပျော်တာကိုး.. (အဆင့်ဆင့်ချိတ်ဆက်နေတယ်ခင်ဗျ)
          အဲသလိုနေပျော်ဖို့အတွက်ကျတော့လဲ
          အဲဒိ ပတ်ဝန်းကျင်က အလေးထားတဲ့အရာတွေကို
          ိုကိုယ်တိုင်ပါ အလေးထားရမယ်ခင်ဗျ
          အခုပြောနေတာက အာရပ်တွေရဲ့ ပတ်ဝန်းကျင်လဲမဟုတ်ဘူး.
          သဂျီးတို့ပတ်ဝန်းကျင်လဲမဟုတ်ဘူး ခင်ဗျ..
          “လူ ့ပတ်ဝန်းကျင်” အကြောင်းပြောနေတာဖြစ်တဲ့အတွက်
          လူတွေ အလေးထားတဲ့ အရာကို ကိုယ်တိုင်လဲ အလေးထားမှ
          “လူသားပီသ/လူသားဆန်” မယ်ခင်ဗျာ..
          (စွတ်စွဲနေပြန်ပါပြီလို့တော့ မမြင်နဲ့ဦးခင်ဗျ.. ကျွန်တော့်စံတွေပြောပြတာပါ)

          “လူပီသမှု/လူသားဆန်မှု” ဆိုတာဘာလဲဆိုတာတော့..
          အနက်အကျယ်ကျွန်တော်မဖွင့်နိုင်ဘူးဗျာ..န
          အဓိကပါတဲ့ အချက်တွေကိုတော့ ကျွန်တော်ကိုယ်တိုင်ခံစားမိသမျှသိတာတွေက
          ၁) ကိုယ်ခြင်းစာနိုင်စွမ်း
          ကိုယ်ခြင်းစာတယ်ဆိုကတည်းက ကိုယ့်အတွက်ကြီးပဲ ယက်မနေတော့ဘူးဗျ..
          အတ္တတော့ အနဲ့အများ လျော့သွားတယ်လို့ ခံစားမိတယ်..
          စာကြီးပေကြီးတွေနဲ့တော့ မဖတ်ဖူးလို့ ဂဂဏဏ မရှင်းတတ်ဘူး..

          ၂)အပြန်အလှန်လေးစားမှု
          ထိုက်သင့်တဲ့အပြန်အလှန်လေးစားမှုကတော့ ဒီနေရာမှာ အထက်က ကျွန်တော်တု့ိ
          ပြောခဲ့တဲ့ respect ပဲခင်ဗျာ..
          dictionary မသုံးပဲ ကျွန်တော့်ရင်ဘတ်ထဲက သိတာတွေ ပြောပြချင်ပါတယ်..
          ကို်စံလှကြီးက respect ဆိုတာကို ဘယ်လိုသဘောပေါက်လဲဆိုတာက
          “ခင်ဗျားက ကျုပ်ကို လေးစားမှုမရှိလို့ ခင်ဗျားကိုလဲ လေးစားမှုမရှိတာ”
          ဆိုတဲ့ ခံယူချက်နဲ့ပြောခဲ့တယ်ခင်ဗျာ..
          ဒီနေရာမှာ
          လေးစားမှု ရဲ့ သရုပ်သကန်ကို အမျိုးအစားခွဲကြည့်ရင်..
          နှစ်မျိုးတွေ ့သဗျ..
          တစ်က.. ရင်ဘက်နဲ့ လှိုက်လှိုက်လှဲလှဲ လေးစားတယ် ဆိုတဲ့ ဆရာတပည့်တွေကြားက လေးစားမှုမျိုး နဲ့..
          နှစ်က.. လူသားတွေ(social animal) တွေ တစ်ယောက်နဲ့တစ်ယောက်
          ဆက်ဆံရာမှာ သုံးကိုသုံးရမှာဖြစ်တဲ့ ဟန်ဆောင်လေးစားမှုမျိုးပဲဆိုပါတော့ဗျာ
          ဘာလို့ဆို.. စိတ်ထဲဒေါသထွက်နေတိုင်း အစွယ်ထုပ်ပြနေလို့မှမသင့်တော်တာကိုးနော.
          ထိန်းချုပ်နိုင်စွမ်းတော့ရှိသင့်သလောက် ရှိသင့်တာပေါ့နော
          (နောက်တစ်ချက် စွတ်စွဲလိုက်သလိုဖြစ်ပြန်ပြီဗျို ့..)

          အဲသဟာတွေကြောင့်ပဲ..
          ကျွန်တော်ပေးခဲ့တဲ့ ကွန်းမန့်မှာ ရင်ဘတ်နဲ့ လေးစားတယ်ဆိုတဲ့လေးစားမှုမရှိခဲ့သော်ညား..
          (အရေးအသား၊ ဗဟုသုတ ကို မဆိုလိုပါ.. အဲဒါတွေကို ရင်ဘတ်နဲ့ပါလေးစားပါသည်)
          ကိုစံလှကြီး ကျွန်တော့်ကို ခေါ်သလို
          “သဂျော်ဂဒီး” “သဂျီးမယား” စသဖြင့် အသုံးအနှုံးမျိုး ကျွန်တော် မသုံးနှုံးခဲ့ပါ..
          ထိုက်သင့်တဲ့ လေးစားမှု (ဒုတိယအမျိုးအစား လေးစားမှု) ကို ကျွန်တော်
          မလွတ်ကင်းခဲ့ပါ…
          ကျွန်တော်တို့တွေ ဟာ ငါးစိမ်းသည်တွေ ရန်တွေ ့နေကြတာမှမဟုတ်ပဲဗျာ..
          စကားလုံးတွေကို နားလည်ပြီးတဲ့လူပဲဗျာ.. ဘယ်စကားလုံးဟာ ဘယ်နေရာမှာ
          သုံးသင့်မသုံးသင့်သိပြီးဖြစ်မှာပဲခင်ဗျ..
          အဲသလိုမှမဟုတ်.. သုံးချင်လို့ကိုသုံးတယ်ဆိုလဲ ပြောစရာမရှိပါဘူးဗျ..
          လက်ရှိမှာ ဆွေးနွေးဖက် တစ်ယောက်အနေနဲ့ လေးစားမှုထားဖို့ တောင်းဆိုတာပါ..

          ဘာဖြစ်ဖြစ် ကျွန်တော်တော့ ကိုစံလှကြီး နဲ့ စကားပြောရတာ..
          အတွေ ့အကြုံတစ်ခုတော့ ရတာဖြစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ..

          လူတိုင်းဟာ ကိုယ့်သမိုင်းကိုယ်ရေးကြတာပဲဗျာ..
          ကိုယ်ထင်တာ ကိုယ်ပြောကြတာပေါ့..

          ကိုစံလှကြီး ဘုန်းကြီးတစ္ဆေဖြစ်နေလဲ..
          ကျွန်တော် ပရိတ်ပိုညက်တာပေါ့ဗျာ..
          ဟီဟိ.. စတာပါဗျာ..

        • San Hla Gyi

          December 14, 2012 at 10:46 pm

          မစ္စတာ NAJA
          အဲဒီအချက်က ခင်ဗျားအတွက် အရေးမကြီးပေမယ့် ကျနော့်အတွက် အရေးကြီးတယ်ဗျို့။ အဲဒါက ဝိဘဇ္ဇဝါဒပဲ။ ဘာလို့ ကျနော် ဒီဝါဒကို သုံးသလဲဆိုတော့ အဲဒါ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် သုံးခဲ့လို့ပဲ။ ခင်ဗျား အသေးစိတ် ဖတ်ချင်ရင် ဗုဒ္ဓရဲ့ ဝါဒစစ်ပွဲများမှာ ရှာဖတ်ကြည့်။ သစ္စက ပရိဗိုဇ်နဲ့ မြတ်စွာဘုရားရှင် ဝါဒပြိုင်ပွဲမှာ ဘုရားက အဲဒီပုံစံနည်းနဲ့ အမေးအဖြေလုပ်ပြီးမှ အဆင့်ဆင့် ချည်ပြီး အခြားဝါဒရဲ့ မှားပုံကို ပြတာပဲ။ အဲဒါကြောင့် အဲဒီနည်းကို ကျုပ်က သိပ်ကြိုက်တယ်။ အခြားဟာတွေလည်း ထိုနည်းလည်းကောင်းပဲ။ နောက်လည်း ဒီနည်းပဲ သုံးမှာပဲ သေချာတယ်။
          ခင်ဗျားက အရေးမကြီးဘူး ဆိုတာ ခင်ဗျား မှားနေလို့ ပြောတာ။ ကျုပ်ပြောတဲ့ အချက်တွေဟာ ငါ့စကားနွားရ မပါဘူးဗျ။ ကျုပ်က ဘယ်နေရာမှာ ဘယ်လိုမှားနေပါတယ်ဆိုတာ ပြပြီးမှ ပြောတာ။ အခု ခင်ဗျား လုပ်သလို ကျုပ်ကို စကားလုံးတွေ အနက်မကောက်ပါနဲ့ ပြောပြီး ခင်ဗျားကိုယ်တိုင် ကျုပ်စကားလုံးတွေကို အနက်ကောက်တာမှ ငါ့စကားနွားရလေဗျာ ဟဲ ဟဲ။
          ပတ်ဝန်းကျင်မှာ အဆင့်ဆင့် ချိတ်ဆက်နေတာ မှန်ပေမယ့် အဲဒီ ပတ်ဝန်းကျင်က လူတိုင်းနဲ့ အဆင်ပြေအောင် နေလို့မရဘူးဗျ။ ကြိုက်သူရှိမယ်။ မကြိုက်သူရှိမယ်။ ဟော အခုပဲ ခင်ဗျားကို သဂျော်ဂဒီးလို့ သုံးလို့ လေးစားမှု မရှိဘူးလို့ ပြောရင် ခင်ဗျားတောင် ကျုပ်ရဲ့ ရှေ့စကားနဲ့ နောက်စကား မညီတာကို ဝေဖန်တာကို အရေးမကြီးဘူးလို့ ထင်သေးတာပဲဗျာ။ ကျုပ်လဲ ခင်ဗျားလိုပေါ့ဗျ။ အဲဒီကိစ္စက ကျုပ်က အပျော်သဘော ပြောတာ။ ခင်ဗျားက ကျုပ်စံဟာ ခင်ဗျားအတွက် အရေးမကြီးသလို ကျုပ်ကလည်း ခင်ဗျားစံဟာ ကျုပ်အတွက် အရေးမကြီးဘူးပေါ့။
          ခင်ဗျားတောင် ကျုပ်စံဟာ ခင်ဗျားအတွက် အရေးမကြီးလှဘူးလို့ ဆိုနိုင်သေးရင် ကျုပ်ကလည်း အဲဒီလိုပေါ့ဗျ။ ဟုတ်လား။ အမှန်တော့ အဲဒါ ဆဲတာမဟုတ်ဘူး။ ခင်ဗျားဟာ ကိုယ်ပျောက်ရွာသား ဆိုပြီး ပေါ်လာတတ်တာရယ် သူကြီးကို ဝေဖန်ရင် ရောက်လာတတ်လို့ တကယ်ကို သဂျော်ဂဒီးလို့ ယုံကြည်လို့ပြောတာ။ ဆဲတာ မဟုတ်ဘူး။ ကျုပ် တကယ်ကို ယုံကြည်တာ။ ခင်ဗျား မဟုတ်ဘူး ဆိုတော့လဲ ပြီးတာပဲဗျာ။ နောက်မခေါ်လို့ ရတာပဲ။ ခေါ်တာကတော့ တကယ် ယုံကြည်လို့ ခေါ်တာ။
          ကျနော်တော့ ဘုန်းကြီးတစ္ဆေ မဖြစ်လောက်ပါဘူးဗျာ။ ဖြစ်နိုင်တာက ခင်ဗျား ကိုယ်ပျောက်ပြီး တပွဲစား ဖြစ်သွားရင် ကျုပ်က အရက်နဲ့ ကြက်လာတင် ပေးပါ့မယ်။ ခင်ဗျား ပြောသလို အလကားစတာ။
          ဒါပေမယ့် ခင်ဗျားပြောတာတော့ ကျုပ် မလုပ်နိုင်သလို ခင်ဗျား စွပ်စွဲချက်တွေလည်း ကျုပ်လက်မခံဘူးဗျ။ ဘာလို့လည်းဆိုတော့ ခင်ဗျား ကိုယ်တိုင် ရှေ့စကား နောက်စကား မညီတာကို အရေးမကြီးလှဘူး ဆိုတော့ ခင်ဗျားစကားတွေကလည်း အဲဒီလိုပဲ ကိုယ့်ဘက်ကိုယ်ယက်နေလို့ပါ။ ကိုယ့်စကား ရှေ့နောက် မညီတာကို အရေးမကြီးဘူး ဆိုတဲ့ လူရဲ့စကားကိုလည်း ကျုပ်က ဘယ်လို အလေးအနက် ထားမလဲဗျာ။

  • ဦးကြောင်ကြီး

    December 14, 2012 at 11:40 am

    အခုရှုပ်မှ နောင်ရှင်းတဲ့… ပြောစရာရှိ ခုထဲက ပြောကြပါ၊ ရင်ထဲသိမ်းထားရင် ပေါက်ကွဲထွက်တတ်တယ်..။ မှန်တာပြောလို့ကတော့ ကမာ္ဘကြီး ပွင့်သွားပလေ့စေ ပြောရမှာပဲ။

    • NAJA

      December 14, 2012 at 10:09 pm

      ရွာလူကြီးတွေ ကိုယ်တိုင်က
      အဆင်းဘီးတပ်နေပါတယ်ဗျို ့..
      xD

      • San Hla Gyi

        December 14, 2012 at 10:50 pm

        အခုလဲ ကိုယ့်ဆရာရဲ့ အကြောင်းတွေက ကိုယ်လည်း စကားမှားရော အဲဒီအချက်က ကျုပ်အတွက် အရေးမကြီးလှဘူး ဖြစ်တော့တာပဲ။ တာဝန်ကို ရှောင်တာဗျို့။ ကျုပ်အတွက်တော့ အရေးကြီးတယ်ဗျို့။ ကျနော်က အဲဒီအချက်ကို ကိုင်ထားအုံးမှာပဲ။

        • NAJA

          December 15, 2012 at 12:10 am

          ရှိစေတော့ဗျာ..
          ရှင်းပြီးသားဆိုတော့ ထပ်တော့ မရှင်းတော့ဘူး..
          ဘာဆက်ဆွေးနွေးရမလဲတောင်မသိတော့ဘူးဗျ..
          လမ်းက ပိတ်နေပြီ..

          အဲ
          ဂေါတမ ဘုရားရှင်က အဲဒိအချက်နဲ့ အောင်ခြင်းရှစ်ပါးထဲက တစ်ပါးအောင်ခဲ့တယ်ဆိုတော့
          အဲဒီအချက်ကို ကိုင်ထားချင်တယ်ဆိုရင်တော့ ဆက်ကိုင်ထားပေါ့ဗျာ..

          ဘုရားရှင်က ဘုရားမို့လို့ သူ့စကားတွေဟာရှေ့နောက်မညီညွတ်မှာ
          ပူစရာမလိုတော့တဲ့အတွက် အဲဒိနည်းကိုသုံးတယ်လု့ိထင်မိပါ့..

          လူသားတစ်ယောက်အနေနဲ့တော့
          ကိုယ်ကိုယ်တိုင်လဲမှားနေ/မှားဆဲ/မှားလတ္တံ လူဆိုတော့
          သူများ အမှားကို ကိုယ့်အားသာချက်အနေနဲ့ ကိုင်ထားတဲ့ဒီနည်းက
          သိပ်မနိပ်လှဘူးထင်သဗျ..

          သဘောပြောတာပါဗျာ..
          အပျော့၊ အမာ သဘောထားတွေကတော့..
          လူတစ်ကိုယ်စိတ်တစ်မျိုး… တစ်ကျောင်းတစ်ဂါဌာ ဆိုတော့
          ကိုယ့်သဘောနဲ့ကိုယ်ပဲပေါ့ဗျာ…

          သေချာတာတော့
          အနိစ္စ..
          ဟီဟိ

        • San Hla Gyi

          December 15, 2012 at 7:17 am

          ဟုတ်တယ်။ ကျုပ်လဲ ဘာဆက်ဆွေးနွေးရမလဲတောင် မသိတော့ဘူး။ လမ်းက ပိတ်နေပြီ။ ဘာလို့လည်း ကိုယ့်စကား ကိုယ်ရေးတဲ့စာကို တာဝန်ယူဖို့က ဆွေးနွေးတဲ့ နေရာမှာ တကယ့် အရေးအကြီးဆုံး အချက်ဆိုတော့ ခင်ဗျားက ရှေ့စကား နောက်စကား မညီတာဟာ ခင်ဗျားအတွက် အရေးလည်း မကြီးဘူး။ အဲဒီအတွက်လည်း မရှက်ဘူး ဆိုတော့ သွားပါလေရော။ ကိုယ်ပြောတာလည်း ကိုယ်တာဝန် မယူနိုင်ဘူး အဲဒါကိုလည်း မရှက်ဘူး ဆိုတော့ ခင်ဗျား အရင်ပြောခဲ့တာတွေရော နောက်ပြောမှာတွေရော ဘယ်လိုမှ မမှန်နိုင်ဖို့က များနေပြီ။ ဘယ်လိုလုပ်ပြီး နားထောင်ရမှန်းလည်း မသိတော့ဘူး။
          ဂေါတမ ဘုရားရှင်က အောင်ခြင်းရှစ်ပါးထဲမှာ အဲဒီအချက်နဲ့ တစ်ပါးအောင်ခဲ့တာ မဟုတ်ဘူး ကိုယ့်ဆရာ။ ဝါဒရေးရာ ဆွေးနွေးပွဲတွေ ပြိုင်ဆိုင်ပွဲတွေ အားလုံးကို အဲဒီနည်းပဲသုံးတာ။ ဆွေးနွေးပွဲကိုးဗျ။ အမြဲတမ်းလိုလို ကိုယ့်စကား ကိုယ်တာဝန် မယူတော့ဘူး ဆိုရင် မြတ်စွာဘုရားရှင် ပြောလေ့ ရှိတာက “သင် ပြောသော ရှေ့စကားနဲ့ နောက်စကား ညီညွှတ်သော် ကောင်းပေသည်။ သင်ပြောသည့် ရှေ့စကားနဲ့ နောက်စကား မညီညွှတ်ပေ” ဆိုတဲ့ သဘောမျိုး ပြောလေ့ရှိတယ်။
          အဲဒီအချက်က သူ့ရဲ့ ဝါဒစစ်ပွဲတွေမှာ သူကိုယ်တိုင် ကိုင်ထားတဲ့နည်း ဖြစ်သလို ကျနော်လည်း အင်မတန်ကို ကြိုက်တယ်။ ကျနော်လည်း တကယ်ကို ကြည်ညိုသူမို့ပါ။ စဉ်းစားကြည့်လေ။ ဘုရားရှင်က သူနဲ့ ဆွေးနွေးတဲ့ သူတွေထဲမှာ ပြောချင်ရာပြောပြီး နောက်မှ ကိုယ့်စကားကိုယ် တာဝန်မယူနိုင်ပါဘူးလို့ ဗြောင်ပြောင်တဲ့လူဆိုရင် အချိန်ကုန်ခံပြီး ဘယ်လိုလုပ် ဆွေးနွေးတော့မလဲ။
          သူပြောတာကို လူသာမန်ကလဲ ယူလို့ရပါတယ်ဗျ။ ကျုပ်ကလဲ လောဘ ဒေါသ မောဟ အပြည့်ဆိုပေမယ့် သူ့တပည့် တယောက်လို့ ခံယူလို့ပါ။ အဆင့်ချင်းတော့ ကွာတာပေါ့ဗျာ။
          ဟော အခုကြည့် ခင်ဗျားလဲမှားရော ကျုပ်ကို သူများအမှားကို ကိုယ့်အားသာချက် အနေနဲ့ ကိုင်ထားတဲ့နည်းက သိပ်မနိပ်ပါဘူးဆိုပြီး ပြောပြန်ပြီ။ ခင်ဗျား ပထမပေးတဲ့ ကွန်မန့်တုန်းကတော့ ကျုပ်ရေးတာတွေကို အားနည်းချက်အနေနဲ့ တခုချင်း အဓိပ္ပါယ်ဖွင့်ပြီး ရှင်းပြနေလိုက်တာများ။ အခုကျတော့ ကျနော့်စကား ကျနော်တာဝန် မယူပါဘူး။ ရှက်လည်း မရှက်ပါဘူးဆိုတော့ သွားပြီ။ တော်သေးတယ်။ ကျနော် ခင်ဗျားပို့စ်တွေ ကွန်မန့်မပေးမိပေလို့ပဲ။
          သေချာတာကတော့
          အနိစ္စ ဒုက္ခ အနတ္တ

        • San Hla Gyi

          December 15, 2012 at 7:20 am

          ပြောဖို့ မေ့ကျန်ခဲ့လို့။ ခင်ဗျားပို့စ်တခုတော့ ကွန်မန့်ပေးမိတယ်။ ခင်ဗျားရဲ့ ရွာသားကြီးများကို ပို့စ်တောင်းခြင်းဆိုတဲ့ ဆောင်းပါးတပုဒ်မှာ ကျုပ်နာမည်ကို ဆြာစံလှကြီးလို့ ထည့်ထားလို့ ကျုပ်ဆြာစံလှကြီး မဟုတ်ပါဘူးဆိုပြီး ပေးတဲ့ကွန်မန့်ပဲ။ ဒီပြင် အတည်ဆွေးနွေးတဲ့ ပို့စ်တွေတော့ မပေးဘူးပါဘူး။

  • San Hla Gyi

    December 14, 2012 at 5:42 pm

    That’s right! မှန်တယ် ကိုကြောင်ကြီးရေ။ တခုချင်း ပြောလိုက်တယ်။ တော်တော့်ကို မတရားတဲ့ လူတွေဗျာ။ တော်တော် တရားကျစရာ ကောင်းတယ်။ နောက်လဲ satire ရေးချင် ရေးအုံးမယ်။ ပြောလဲ ပြောရအုံးမယ်။
    နောက်လဲ သူမလာရင် အကောင်းဆုံးပါပဲဗျာ။ တရားမျှတမှု မရှိတဲ့ လူတွေကို မကြိုဆိုပါဘူး။ လာကတည်းက ဘက်လိုက်မယ် ပြောပြီး ဝင်လာတာကိုး။

Leave a Reply