Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နောက်ကြည့်မှန်လို မကြာ ခဏ ထိတွေ့ မိသော ဘဝ ပုံရိပ်များ

အာဂDecember 22, 20121min45515

ဖြစ်စဉ်(၁)

တိုက်နေတဲ့ ဆောင်းလေကပဲ
လွမ်းတတ်စေသလား
လွမ်းစေတတ်တဲ့ သဘောကပဲ
ဆောင်းလေလို အေးခဲနေသလား
ဝေဝေ ဝါးဝါးပဲ။

ငယ်စဉ်ကာလ အတိတ်များက
ဒီလိုမနက်ဆိုရင် ခပ်လွမ်းလွမ်းနဲ့
ဘာကို ဖော်ပြ၊လွမ်းရမှန်းမသိအောင် လွမ်းမိ။

-အရုပ်ကို ခေါင်ထိအောင် ပစ်ဖို့ ကြိုးစားရင်း ရပ်တည်နေတဲ့ ဘဝများလား။

-ကျောက်ဒိုးချင်း ထိကပ်အောင် ရိုက်ရင်း ၊ တစ်ထွာပြည့် မပြည့် တိုင်းထွားကြည့်နေတဲ့ ဘဝများလား။

-အပေါင်းသင်းတွေနဲ့ လမ်းမ အလယ် ဂီတာတီးရင်း ရီဝေနေတဲ့ ဘဝများလား။

-ထမင်းစားချိန် အိမ်ပြန်မမှီ လို့ အမေ့ကြိမ်လုံး ဒဏ်ဘေး ကင်းစေဖို့ ခဲလုံး နောက်ပစ်ပြီးပြန်တဲ့ ဘဝများလား။

-ဆေးလိပ်ခိုးသောက် လို့ အနံ့မထွက်အောင် ပီကေဝါးသွားတဲ့ နေ့ရက်များလား….။

-ဘာ..ဘာ…ဘာ..မှန်းမသိအောင် ကို ဆောင်းက အလွမ်းတွေနဲ့ ရစ်ပတ်နိုင်လွန်းလှတယ်။

ဖြစ်စဉ်(၂)

-အာဂ မင်းဘာကောင်လဲ လို့ အကြိမ်ကြိမ် မေးကြည့်မိတယ်။

-လက်ရေးလှလှ မရေးချင်တဲ့ အချိန်မှာ ရည်းစားစာရေးတော့ လက်ရေးလှချင်မိခဲ့..။

-ပညာဒါန သင်တန်းတက်ပြီတော့လည်း မိဘ ပိုက်ဆံကို ၊ ကိုယ့်အိပ်ကပ်ထဲ ထည့်ဖို့ လိမ်တောင်းတတ်လာခဲ့။

-ပုဆိုးချက်ပြုတ်ဝတ်၊ ကျောင်းစိမ်း အကျင်္ ီလှလှဝတ်၊ အုန်းဆီအရွဲသားနဲ့ ကောင်မလေးတွေကို စိတ်ဝင်စားရင်ခုန်လာခဲ့။

-အချစ်ဝတ္တုထဲက စာသားတွေကြိုက်ခဲ့။ ဂီတာတီတတ်ချင်လာခဲ့။ စက်ဘီးစီးတတ်ချင်လာခဲ့။ ကဗျာဆရာဖြစ်ချင်လာခဲ့။

-အရမ်းတစ်ဖက်သတ် ခိုးကြိုက်တဲ့ မိန်းကလေးအတွက် အသက်ပင်ပေးချင်လာခဲ့။

-စီနီယာတွေပြောတဲ့ လူပျိုစကားများ နားထောင်ချင်လာခဲ့။

-ရန်များများဖြစ်မှ နာမည်ကြီးတဲ့ခေတ်မို့လား မသိ ရန်များများဖြစ်ချင်လာခဲ့။

-အပေါင်းသင်းကို မိသားစု ထက် ချစ်ခင်လာခဲ့..။

-ဆေးလိပ်သောက်တတ်ချင်လာခဲံ။

-TV ကြော်ငြာ ၊ မြန်မာကားတွေ ကြိုက်လာခဲ့။

ဖြစ်စဉ်(၃)

-ကျောက်ဒိုးမရိုက်တော့ဘူး။
-အရုပ်မပစ်တော့ဘူး။
-သနပ်ခါး မလိမ်းချင်တော့ဘူး။
-မုန့်ဖိုး ၂ဝ နဲ့မလောက်တော့ဘူး။
-ကျောင်းစာမလုပ်ချင်တော့ဘူး။
-မိဘ စကားနားမထောင်ချင်တော့ဘူး။
-ကျူရှင်မတတ်ချင်တော့ဘူး။
-အချိန်မှန် အိမ်မပြန်ချင်တော့ဘူး။
-ကလေး ကာတွန်းတွေ မဖတ်ချင်တော့ဘူး။
-ဆံပင်မညှပ်ချင်တော့ဘူး။
-ပီကေ၊သကြားလုံးတွေ မကြိုက်တော့ဘူး။

-မကောင်းဘူးလို့ လူကြီးတွေ ပြောသမျှ စမ်းသပ်ချင်လာခဲ့။
– ကမ္ဘာကျော် သိဖြစ်စေ ၊မကျော်သည်ဖြစ်စေ စိတ်ကူးတွေ ခဏခဏယှဉ်ခဲ့။
-ကျောင်းပြေးတက်လာခဲ့။ ဆေးလိပ်သောက်တက်လာခဲ့။ ကွမ်းစားတက်လာခဲ့။ အရက်သောက်တတ်လာခဲ့။
-ကောင်မလေးတွေ ကို စတတ်၊နောက်တတ်ရင် ရင်ခုန်တတ်လာခဲ့။
-ခွင့်စာအတု တိုင်လာတတ်ခဲ့၊ ရီပို့ကဒ်မှာ မိဘလက်မှတ်အတုထိုးတက်လာခဲ့။ သူငယ်ချင်းအကိုကြီးကို ဦးလေးလို့ပြောပြီး အတန်းပိုင်နဲ့သွားတွေ့တတ်လာခဲ့။
-ကျူရှင်မတက်ဘဲ ကျူရှင်ဖိုးကို မုန့်ဖိုး လုပ်တတ်လာခဲ့။
-လက်ဖက်ရည်ဆိုင် ထိုင်ပြီး အချစ်သီချင်းတွေနားထောင်လာတက်ခဲ့။

-ချစ်တတ်ခဲ့…လွမ်း တတ်ခဲ့…။ ပေးသမျှ မုန့်ဖိုး မလောက်ငှခဲ့..။ ရည်းစား လိုချင်လာခဲ့…။ အဝတ်အစားသစ် လိုချင်ခဲ့..။ မိဘခိုင်းရင် မလုပ်ချင်ခဲ့..။

ကုတ်ကမြင်း..။ ပေါ်တင်ကမြင်း..။ ကမြင်းနည်းပေါင်းစုံနဲ့ ရပ်ကွက်ရုံးမရောက်အောင် ရှောင်ခဲ့၊ရှားခဲ့..။

ဖြစ်စဉ်(၄)

သားကိုမေးကြည့်မိတယ်…။

မင်းဘာကောင်လဲလို့လေ…။

ပြန်ပြောလိုက်ပုံများ….။ အဖေလို ကောင်ပါတဲ့…။

15 comments

  • ဦးကြောင်ကြီး

    December 22, 2012 at 9:44 pm

    နောက်ကျိမှန်
    အောက်ကြည့်သန်
    ကောက်မိဟန်
    လျောက်ဖိကန်
    တောက်သိနာမ်
    ပျောက်၏ဒဏ်
    ဂေါက်ရှိညဏ်
    ရောက်ရှိစံ…။

  • ဂိမ်းဆော့မယ်
    ချက်တင်ကကြူမယ်
    ဖုန်းနဲ့ မတ်စိပို့မယ်
    အဖေတို့ခေတ်ကလူို လူမြင်သူမြင်ဘာမှမလုပ်ဘူးတဲ့

    မြေးလေးကပြောတာ

    • အာဂမောင်

      December 23, 2012 at 3:51 pm

      လေးလေးပေါက် မြေးကလေးက ကယ်ပဲ ဒီပြောသလား…အဟိ…။

  • padonmar

    December 23, 2012 at 12:14 am

    ဂဂတော့ ဝဋ်လိုက်မှာ ကြောက်နေပြီထင်တယ်။
    ဟေဟေ့ သားကိုမေးကြည့်မိတယ်တဲ့(နွယ်ပင်ရေ)

    • အာဂမောင်

      December 23, 2012 at 3:57 pm

      အန်တီ ကလည်း ။ တားတားက ဘာမှ တားတားမရသေးဘာဝူး..။ ဝဋ်လည်မှာဆိုးလို့ ကို မယူရဲသေးတာ အဟိ…။

  • အရမ်းကောင်းတယ် တခါတလေအဲ့လိုစာလေးတွေဖတ်လိုက်ရတာ စိတ်ဖိစီးမှုတွေကိုချေချလိုက်သလိုပေါ့သွားစေတယ်
    တနည်းဆိုသော်..စိတ်ပေါ့ဆေးလေးပါရှင်။
    နောက်လဲအားပေးနေမယ်။

    • အာဂမောင်

      December 24, 2012 at 4:17 pm

      ပထမအနေနဲ့ ကျွန်တော့် ကဗျာလေးကြောင့် တစ်ယောက်ယောက် စိတ်ဖိစီးမှု တွေအနည်းငယ်လောက်ပြေပျောက်သွားတာသိလိုက်ရလို့ ပီတိ ဖြစ်မိပါတယ်။အစ်မလား ညီမလားတော့မသိဘူး နန်းတော်ရာသူကလည်း နောက် လည်း အားပေးမယ်ဆိုတဲ့အတွက်ကြောင့် ကျေးဇူးတင်မိပါတယ်။ …။

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    December 24, 2012 at 7:53 am

    တစ်ချို့အရာတွေက ငြင်းတိုင်းမရဘူးဆိုတာ သိစေချင်ပါတယ်ကွယ်

    ခင်မင်လျက်
    ကြောင်ဝတုတ်

    • အာဂမောင်

      December 24, 2012 at 4:20 pm

      မှန်ပ…ဗျာ..။ ငြင်းဆိုတိုင်းလည်း ဘဝမှာ မရခဲ့ပါဘူး။… ဒါပေမဲ့…မရချင်တာတွေ ဘဝမှာ ရတိုင်းလည်း မငြင်းဆန်နိုင်ခဲ့တာတော့ သေချာခဲ့ပါတယ်။ ဆြာ ဝတုတ်ရေ…။

  • mobile (mandalay)

    December 24, 2012 at 8:59 am

    -အရမ်းတစ်ဖက်သတ် ခိုးကြိုက်တဲ့ မိန်းကလေးအတွက် အသက်ပင်ပေးချင်လာခဲ့။
    -မကောင်းဘူးလို့ လူကြီးတွေ ပြောသမျှ စမ်းသပ်ချင်လာခဲ့။
    – ကမ္ဘာကျော် သည်ဖြစ်စေ ၊မကျော်သည်ဖြစ်စေ စိတ်ကူးတွေ ခဏခဏယှဉ်ခဲ့။
    အဲ့ဒီအချက်သုံးချက်ကို လက်ခံပါကြောင်းးးးးး
    အားပေးသွားပါကြောင်းးးးးးးးးးးးးးးးး

    • အာဂမောင်

      December 24, 2012 at 4:22 pm

      ိုကိုရင် မိုဘိုင်းရေ…..။ သေသေချာချာစေ့စေ့ငှငှ ဖတ်ရှုပြီး…။ ငယ်စဉ်ဘဝတိုက်ဆိုင်မှုအချို့ကို ရှာဖွေတွေ့ရှိသွားတဲ့အတွက် ကျေးဇူးတင်မိပါတယ်။

  • ရဲစည်

    December 24, 2012 at 12:35 pm

    ဖြစ်စဉ်(၅)
    -ကျောက်ဒိုးပြန်ရိုက်ချင်တယ်
    -အရုပ်ပြန်ပစ်ချင်တယ်
    -သနပ်ခါး ဘဲကြားလေး ပြန်လိမ်းချင်တယ်
    -မုန့်ဖိုး ၂ဝ လောက်နဲ့ မုန့်တွေ တဝကြီး ပြန်စားချင်တယ်
    -ကျောင်းစာတွေ ပြန်လုပ်ချင်တယ်
    -မိဘ စကားနားထောင်ချင်တယ်
    -အချိန်မှန် အိမ်ပြန်ချင်တယ်
    -ကာတွန်းတွေ ပြန်ဖတ်ချင်တယ်
    -ပီကေ၊သကြားလုံးတွေ ဂျယ်လီတွေ ပြန်စားချင်တယ်
    -မကောင်းဘူးလို့ လူကြီးတွေ ပြောသမျှ ရှောင်ကြဉ်ချင်တယ်
    -ဆေးလိပ်ဖြတ်ချင်ခဲ့။ ကွမ်းစားဖြတ်ချင်ခဲ့။ အရက်ဖြတ်ခဲ့။
    -ကောင်မလေးတွေကို အပိုင်လိုချင်လာခဲ့။
    …………………………………………………………….
    မြေးလေးကို မေးမိတယ်
    ဘိုးဘိုးက ဘာကောင်တုန်း ဆိုတော့
    သူငယ်ပြန်ချင်နေတာတဲ့လေ
    အော် အနိစ္စ … အနိစ္စ … အနိစ္စ
    :harr:

  • အာဂမောင်

    December 24, 2012 at 4:27 pm

    ကျေးဇူးပါ ကိုရဲစည်ရေ..။ ဘာပဲဖြစ်ဖြစ် မြေးရတဲ့ အဖိုးတစ်ယောက်တော့ဖြစ်စေချင်မိတာအမှန်ပါပဲ..။

  • alinsett (gazette)

    March 22, 2014 at 3:06 pm

    ဒီကဗျာ

    ရေးထားတဲ့ ရေးဟန်လေးရော
    တွေးဟန်လေးကိုပါသဘောကျသွားလို့. . .

    • အာဂ

      March 22, 2014 at 4:45 pm

      ကျေးဇူးပဲ ငါ့ညီ…ရေ…ငါ့ညီကြောင့် ကိုယ့်ကဗျာအဟောင်းလေးပြန်ဖတ်မိသွားပြီး ငယ်ဘဝကို သွားသတိရမိတယ်။

Leave a Reply