1 ခရစ်စမတ်နေ့နံနက်ခင်းက တောင်သမန်အင်း(မြောက်ဘက်ခြမ်း)

1 ခရစ်စမတ်နေ့နံနက်ခင်းက တောင်သမန်အင်း(မြောက်ဘက်ခြမ်း)

 

2အာရုဏ်မှာတစ်မျိုးလှတာ ---ဆိုတဲ့ရှေးသီချင်းလေးကို သတိရမိပါတယ်

2အာရုဏ်မှာတစ်မျိုးလှတာ —ဆိုတဲ့ရှေးသီချင်းလေးကို သတိရမိပါတယ်

 

3ဆောင်းနှင်းတွေကြောင့်အရောင်တွေပိုလှနေတဲ့တောင်သမန်

3ဆောင်းနှင်းတွေကြောင့်အရောင်တွေပိုလှနေတဲ့တောင်သမန်

 

 

7ရေပြင်ကွက်ကွက် နှင်းငွေ့သက်သက်

4ရေပြင်ကွက်ကွက် နှင်းငွေ့သက်သက်

5 အနောက်ဘက်ချမ်းက စေတီ

5 အနောက်ဘက်ခြမ်း က စေတီ

6 ငေးမော..................

6 ငေးမော………………

 

7 စိမ်းမြ ပြာလွင်

7 စိမ်းမြ ပြာလွင်

8 သစ်ပင်ရိပ်က တောင်သမန်

8 သစ်ပင်ရိပ်က တောင်သမန်

 

 

(ခရစ်စမတ်နေ့ 2012) နေ့ဆောင်းနံနက်ခင်း တောင်သမန်အင်း

 

 

မနေ့ညက ရွာထဲက မိတ်ဆွေတစ်ယောက်ရောက်လာပါတယ်။

သူကလဲမိသားစုနဲ့လာတာဆိုတော့အချိန်သိပ်မပေးနိုင်။

အေးအေးဆေးဆေး တွေ့နိုင်မယ့်အချိန်ကို ခေါင်းပူအောင်စဥ်းစားရပါတယ်။

ခက်တာက ကိုယ်အလုပ်က ခ၇စ်စမတ်လဲမပိတ်။

သူဘယ်မှာတည်းလဲမေးတော့ တောင်သမန်အင်းနံဘေးက တံခွန်တိုင်ရေကူးကန်နားမှာတဲ့။

ကျနော်နေတာက ကန်တော်ကြီး။

ခေါင်းထဲမှတစ်ချက်လက်သွားပါတယ်။

မနက်စောစောအိပ်ယာထလားလို့မေးတော့ ထတယ်တဲ့။

ဒါနဲ့ဘဲ ဒီဇင်ဘာဆောင်းမနက် ခရစ်စမတ်နေ့ မနက်ခြောက်နာရီကိုလက်ဖက်ရည်သောက်

လာခေါ်မယ်လို့ချိန်းလိုက်ပါတယ်။

ကဲ ဒီထက် အေးဆေးတာ ဘယ်မှာရှိလို့လဲနော်။

အဲဒါနဲ့အိမ်က ခြောက်နာရီမတ်တင်းထွက်လာ။

သူ့ဆီသွား ကျွဲဆည်ကန်ကိုလက်ဖက်ရည်သွားသောက်။

ဟန်ကိုကျနေတာပါဘဲ။

7နာရီထိုးခါနီးတော့ပြန်လာပါတယ်။

အဲဒီမယ် တောင်သမန်အင်းနားလဲရောက်ရော ထုံးစံအတိုင်း လက်ဆော့တော့ ဒီပုံတွေရလာသပေါ့။

ကဲကျနော်နဲ့လက်ဖက်ရည်အသောက်ထွက်တဲ့ ရွာသားကြီးက ဘယ်သူများပါလိမ့်နော်။

 

 

ကိုပေါက်လမ်းသလားနေသည်

(25-12-2012)

 

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1609 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။