နန်းခင်ဇေယျာ ရေကူးဝတ်စုံနဲ့ပြိုင်ပွဲဝင်တဲ့ပုံကိုတွေ့တော့ ဖေ့စ်ဘုတ်မှာ ရှယ်မိပါတယ်…အမျိုးသမီးတစ်ယောက်က ကောမန့်ဘာလာရေးသလဲဆိုတော့ … နန်းခင်ဇေယျာ ပြိုင်တာက တစ်ခါထဲပါ…ဒီလိုပုံတွေ မရှယ်ပါနဲ့တဲ့…မြန်မာအမျိုးသမီးတွေ စိတ်ဓာတ်ပျက်ပြားစေနိုင်ပါတယ်တဲ့ဗျား…ကြည့်..ဘယ်လောက်စိတ်တိုဖို့ကောင်းလဲ..လေသံကလဲ ဆရာမကြီးလေသံနဲ့…အဲ့ဒါနဲ့ ပြန်ရန်တွေ့ပေးလိုက်တယ်…ခင်ဗျား..အင်တာနက်မသုံးဖူးဘူးလားလို့…ကျွန်တော်တို့ရှယ်တယ်ဆိုတာက ကိုယ့်မြန်မာအမျိုးသမီးတစ်ယောက် နိုင်ငံတကာစင်မြင့်မှာ ၀င့်ဝင့်ကြွားကြွားယှဉ်ပြိုင်နေတာကို ဂုဏ်ယူလို့ရယ်…အဝေဖန်ခံရမယ်..အကဲ့ရဲ့ခံရမယ်ဆိုတာ သိရက်နဲ့ တိုင်းပြည်အတွက်… မြန်မာဆိုတာအတွက် …သွားပြီးယှဉ်ပြိုင်ရဲတဲ့ အမျိုးသမီးငယ်တစ်ယောက်ရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုချင်တာရယ် အတွက်ကြောင့် ရှယ်ရတာ…တဏှာရူးချင်ရင် နှာဗူးထချင်ရင် အင်တာနက်ထဲ ကြိုက်တဲ့နေရာ ကြိုက်တဲ့ဆိုက်ဒ် ကြိုက်သလိုကြည့်လို့ရတယ်လို့…ရေးကူးဝတ်စုံ ဘီကီနီဝတ်တာလောက်နဲ့ ယောက်ကျားတစ်ယောက် မုဒိန်းမှုမဖြစ်နိုင်သလို..အမျိုးသမီးတစ်ယောက်လဲ အတုယူမှားပြီး ပျက်စီးမသွားနိုင်ဘူးလို့…အတွေးကိုနက်နက်တွေး…အမြင်ကို ကျယ်ကျယ်ထား…မြို့မငြိမ်းသီချင်းထဲကလို ခေတ်မီမီက မ္ဘာကြည့်ကြည့်မြင်တတ်စမ်းပါ..လို့ ကောင်းကောင်းရန်တွေ့လွှတ်လိုက်တယ်…ခဏနေတော့ အဲ့ဒီကောမန့်သူ့ဘာသာသူဖြုတ်ချသွားတယ်…အခုလဲ လာပြန်ပြီ…လွှတ်တော်မှာ စန္ဒာမင်းတင်မယ့် ပြည့်တန်ဆာဥပဒေကို ကောင်းကောင်းဝေဖန်နေကြပြန်ပြီ…ဒီပြည့်တန်ဆာ ဥပဒေနဲ့..လောင်းကစားဥပဒေ ဒီနှစ်ခုကမလုပ်မနေ လုပ်ကိုလုပ်ရမယ့်ဟာတွေ…ကဲ..စဉ်းစားကြည့်..အခုကော ဒီပြည့်တန်ဆာကမရှိဖူးလား…ဖမ်းလို့ကော ပျောက်သွားလား…ဘယ်လိုနှိမ်နင်းနှိမ်နင်း…ရကောရခဲ့ဖူးလား…ကူးစက်ရောဂါတွေ စည်းလွတ်ဘောင်လွတ်ပြန့်ပွားတာရယ်…မကင်းရာမကင်းကြောင်း ၀န်ထမ်းတွေ အကျင့်စာရိတ္တ ပျက်ပြားတာသာ အဖတ်တင်တယ်…အဲ့တော့ တလမ်းပဲရှိတယ်…ဥပဒေထုတ်…သေသေချာချာစီစစ်..ရောဂါတွေ စစ်ဆေး…သေချာ အခွန်ဆောင်ခိုင်း…ဒါပဲ ရှိတော့တယ်…လောင်းကစားလဲ ထို့အတူပဲ…အခုလဲ ပေါ်တင်ကော…ခိုးလုပ်တာကော…လိုင်းကြေးပေးလုပ်တာကော..စုံနေအောင်လုပ်နေတာပဲ…၀ါသနာပါတဲ့သူတွေကလဲ ဘယ်လောက်ဖမ်းဖမ်း လုပ်နေတာပဲ…အစိုးရကိုယ်တိုင်တောင် ထီဆိုတာကြီးဖွင့်ပြီး အမြတ်ကြီးစားနေသေးတာပဲ…အခုလဲ လိုင်းကြေးယူ..မသိချင်ယောင်ဆောင်…တခါတလေ အဖမ်းပြ…သံသရာလည်ပြီး ကိုယ့်ပေါင်ကို လှန်လိမ်နေတာပဲ…အဲ့ဒီလို ဖြစ်မယ့် အတူတူတော့ နိုင်ငံလည်း အခွန်ရအောင် စည်းကမ်းစံနစ်တကျလဲ ဖြစ်သွားအောင် ၀န်ထမ်းတွေလဲအကျင့်စာရိတ္တ မပျက်ပြားရလေအောင် သေသေချာချာ ဥပဒေ ပြဌာန်းသင့်တယ်…စာရေးဆရာတစ်ယောက် ရေးထားတဲ့ ကိုယ့်သမီးလေး အရွယ်ရောက်လာရင် လိင်ကိစ္စဗဟုသုတတွေ ဘာမှမသိအောင် ချုပ်ချယ်ထားပြီး မလိုလားအပ်တဲ့ ကိုယ်ဝန်တွေရ…သတ်သေ..ကူးစက်ရောဂါပိုးတွေရ…အသေဆိုးနဲ့သေ…အဲ့ဒီလမ်းကို ရွေးမလား…မိဘနဲ့ သားသမီး ပွင့်ပွင့်လင်းလင်းပြောပြ..ဆုံးမ…ဗဟုသုတတွေပြောပြ…မလိုလားအပ်တဲ့ကိုယ်ဝန်တွေမရအောင်..ကူးစက်ရောဂါတွေ မရလေအောင် သေသေချာချာ ရှင်းပြတဲ့ လမ်း ဒီနှစ်ခု ဘယ်ဟာရွေးမလဲ ဆိုရင် ကျွန်တော်တော့ ဒုတိယလမ်းပဲ ရဲရဲရွေးရမှာပဲ…အချစ်ဆိုတာတွေ..တဏှာရာဂဆိုတာတွေ…လိင်ဆက်ဆံတဲ့ဟာတွေဘယ်သူကမလုပ်ပဲ ရှောင်နိုင်ခဲ့ကြလို့တုန်း…တားဆီးလို့လဲ ဘယ်မှာရခဲ့ဖူးလို့လဲ…မရှောင်နိုင်မဲ့အတူတူ…မဖြစ်မနေလျှောက်ရမယ့်အတူတူတော့ ကျွန်တော်တို့ ဘယ်လမ်းကို ရွေးလျှောက်ကြမလဲ…ကဲ…မိတ်ဆွေတို့ကော…???

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...