၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်း…

ကျွန်တော်တို့အတွက် အရေးကြီးတဲ့ သူငယ်ချင်းလဲဖြစ်… နှစ်ပေါင်းများစွာ ရင်းနီးခဲ့တဲ့မိတ်ဆွေဟောင်းလဲဖြစ်ခဲ့တဲ့… Website တစ်ခုက

Hackulo.us

 

 

 

 

 

 

 

 

အခုလို အမှတ်တမဲ့နှုတ်ဆက်ထွက်ခွာသွားပါတော့တယ်…

ဒီဆိုဒ်ကို တော်တော်များများ သိချင်မှလဲ သိပါမယ်… သူကတော့ Apple ရဲ့ iPhone တွေ… iPod Touch တွေ… iPad တွေ အပေါ်မှာ Crack Application တွေ… Games တွေ တင်သုံးနိုင်အောင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ပေးခဲ့တဲ့ ဆိုဒ်တစ်ခုဖြစ်လို့ပါပဲ…

နဲနဲလေး ထဲထဲဝင်ဝင် Technically ရေးပါ့မယ်…

Apple ရဲ့ iDevice တွေကို ဘာလို့ Jailbreak လုပ်တာပါလဲ…

အရှင်းဆုံးအဖြေပေးရရင်… Admin Right လိုချင်လို့ပါ…(Jailbreak အကြောင်းတော့မရေးတော့ဘူးနော်…)

ပြောရရင် Apple က iTune Store မှာ တင်ရောင်းထားသမျှ Application တွေ… Games တွေအတွက် Install လုပ်ခွင့် Right ကို iTune မှာပဲရှိတယ်လို့ ဆိုရမှာပေါ့… တကယ်လို့များ iTune က ၀ယ်ထားတာမဟုတ်တဲ့ ခိုးကူးတွေ (Cracked Application) တွေကို Jailbreak လုပ်ထားတဲ့ iDevice တစ်ခုဖြစ်ရင်တောင် Install လုပ်ပေးမှာမဟုတ်ပါဘူး…

အဲဒီတော့ iDevice တွေမှာ Cracked Application လေးတွေ Install လုပ်ချင်တယ်ဆိုရင်… အပေါ်က Hackulo.us ကနေထုတ်ပေးတဲ့ Appsync ဆိုတဲ့ဟာလေးကို Install လုပ်ပြီး iTune ကနေတဆင့် Cracked Application တွေကို install လုပ်ခွင့်ရမှာပါ…

appsync-for-ios-5

 

 

 

 

 

 

 

 

 

 

 

 

Appsync ဆိုတဲ့ ဟာလေးမရှိရင် Cracked Application တွေကို Install လုပ်ခွင့်ဆုံးရှုံးတော့မှာပါ…

အဲဒါဆိုရင် iDevice သုံးသူတွေအနေနဲ့ Hackulo.us ရဲ့ ဖျက်သိမ်းလိုက်မှုက ဘယ်လောက်အထိအကျိုးသက်ရောက်မှုရှိလဲဆိုတာကို စာဖတ်နေသူများသိနိုင်ပြီလို့ထင်ပါတယ်…

ဒီနေရာမှာ Jailbreaker တွေအတွက် Cydia ဆိုတဲ့ Application ကို ၂၀၀၈ ခုနှစ်မှာ စတင်ဖန်တီးပေးခဲ့သော Jay Freeman ဆိုတဲ့ ပုဂ္ဂိုဟ်ကြီးကို ချန်လှပ်ထားခဲ့လို့မရပါဘူး…

Saurik

 

 

 

 

 

 

 

 

သူဟာဆိုရင် iTune Store မှာမရနိုင်တဲ့ Jailbreak လုပ်ပြီးမှ အသုံးပြုခွင့်ရှိတဲ့ Function တစ်ချို့နဲ့ Application တွေကို အင်တာနက်မှတဆင့် iDevice တစ်ခုအတွင်းကို Install လုပ်နိုင်ဖို့ ဖန်တီးပေးခဲ့သူပါ… သူထုတ်လုပ်ခဲ့တဲ့ Application လေးကို Cydia လို့ခေါ်ခဲ့ပါတယ်…

Best-Cydia-Tweaks-300x300

 

 

 

 

 

 

 

Hackulo.us ဖျက်သိမ်းလိုက်ပေမယ်… Jay Freeman ရဲ့ Cydia ကတော့ Jailbreak လုပ်လို့ရတဲ့ iDevice တွေအပေါ်မှာ ဆက်လက်ရှိနေဦးမှာပါပဲ…

နောက်တစ်ခုက Hackulo.us ရဲ့နောက်ဆက်တွဲ Cracked Application လေးတွေ Download ရနိုင်တဲ့ အကြီးဆုံးနဲ့ အများဆုံး ဆိုဒ်တစ်ခုဖြစ်တဲ့ apptrackr.org (သို့) apptrackr.cd ပါ…

သူဟာလဲ Hackulo.us နဲ့အပြိုင် ဖျက်သိမ်းလိုက်ပါပြီ… အဲဒီအတွက် အရင်လောက် iDevice အတွက် Crack Application တွေ အလွယ်တကူ ရနိုင်မယ်လို့ မထင်တော့ပါဘူး…

5987807156_49a9981640_z

 

 

 

 

 

 

 

 

 

 

 

 

 

 

အခုအချိန်မှာတော့ Cracked Application တွေကို နေရာပေါင်းစုံကနေ နည်းမျိုးစုံနဲ့တော့ ထပ်ပြီးထွက်လာပေမယ့်… Apptrackr ရှိတုန်းက လိုမျိုးတော့ အားမကောင်းတော့ပါဘူး…

အခု iPhone 5 နဲ့ iPad Mini တို့အတွက် Apple က iOS 6.0.2 ထုတ်ပေးလိုက်သလို… လက်ရှိကျန်နေတဲ့ iPhone 3Gs, iPhone 4, iPhone 4S အတွက် iOS 6.0.1 ကိုလဲ Hacker တွေအနေနဲ့ iPhone 4 နဲ့အထက်ကို Jailbreak မလုပ်နိုင်သေးပါဘူး…

အဲဒီတော့ နောက်ပိုင်းမှာ iDevice User တွေအနေနဲ့ iApplication တွေနဲ့ iGames တွေကို iTune Store ကနေ ပိုက်ဆံပေးဝယ်ရမယ့် အနေအထားဘက်ကို ဦးတည်နေပါပြီ… အဲဒီအတွက် ကျွန်တော်တို့ နိုင်ငံမှာ iPhone ရောင်းအားကျသွားနိုင်ပေမယ့် အရင်ကတည်းက ၀ယ်သုံးနေကြတဲ့ Copy Right သက်ရောက်ပြီးသား နိုင်ငံတကာမှာတော့ ရောင်းအားက သိပ်ထူးထူးခြားခြားဖြစ်မသွားဘူးလို့ထင်ပါတယ်…

Myanmar Mobile Application မှာတော့

<blockquote>

နိုဝင်ဘာ ၂၅ ရက်တွင် ပြီးဆုံးသည့် ရက်သတ္တပတ် ၁၂ ပတ်ကြာ ဈေးကွက်စစ်တမ်း ကာလတွင်း အမေရိကန် စမတ်ဖုန်း ဈေးကွက်တွင် iPhone ရောင်းချရမှုမှာ ၅၃.၃ ရာခိုင်နှုန်း ဖြစ်လာကြောင်း Kantar Worldpanel ComTech ၏ ဈေးကွက်သုတေသနပြုမှုအရ သိရှိရသည်။

အမေရိကန်တွင် iPhone ၏ ဈေးကွက်ဝေစု ၅၀ ရာခိုင်နှုန်းကျော်သို့ ရောက်ရှိလာခြင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ ဈေးကွက်စစ်တမ်းကာလ ၁၂ ပတ်အတွင်း Android က ဈေးကွက်ဝေစု ၄၁.၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပြီး Microsoft ၏ Windows Phone မှာ ၂.၇ ရာခိုင်နှုန်းဖြစ်ကြောင်း Forbes မဂ္ဂဇင်းတွင် ဖော်ပြသည်။ ထို့အပြင် အမေရိကန်ရှိ မိုဘိုင်းဝန်ဆောင်မှု ကုမ္ပဏီတို့၏ ဈေးကွက်ဝေစု ရရှိမှုကိုလည်း စစ်တမ်းပြုစုခဲ့ရာ AT&T က ၃၅.၄ ရာခိုင်နှုန်းဖြင့် ပထမဆုံးနေရာတွင် ဆက်လက် ရပ်တည်ခဲ့သည်။ Verizon Wireless က ၃၁.၉ ရာခိုင်နှုန်းနှင့် Sprint က ၁၄.၅ ရာခိုင်နှုန်း မိုဘိုင်းဝန်ဆောင်မှု ဈေးကွက်ဝေစု အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

Ref & Credit to Planet Myanmar

</blockquote>

ဆိုပြီးတွေ့ရပါတယ်…

နောက်ပိုင်းမှာ… Jailbreak လုပ်လို့မရတော့ရင် iPhone ကနေ မြန်မာစာသုံးဖို့အခွင့်အလန်းနည်းသွားတာကိုတော့ စိတ်မကောင်းစွာ စဉ်းစားမိပါတယ်… ဒါပေမယ့်နည်းလမ်းတွေရှိလာဦးမှာပါ…

အနှစ်ချုပ်ဆိုရရင်….

Jailbreaker တွေအတွက်… ဒီသတင်းဟာ သတင်းကောင်းမဖြစ်ပေမယ့်…

Mobile Application Developer တွေအတွက်တော့ သတင်းကောင်းတစ်ခုဖြစ်မှာပါ…

 

ခင်မင်လျက်…

ကြောင်ဝတုတ်

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...