ပေးစာ(၁)

ချစ်သောမ..။   ။
မ..မောင့်ကို ချစ်တယ်..။ မောင်…ကောင်းကောင်းယုံပါတယ်။

မောင့် ဆီက ဘာတစ်ခုခုကို မှ မလိုချင်ဘဲ။ အချစ်သက်သက်နဲ့ချစ်ခဲ့တာမှန်း…
ပြီးတော့ အချစ်သက်သက်နဲ့ မောင်နဲ့ လက်တွဲဖို့ ဆုံးဖြတ်ခဲ့သည်မှန်း။ ……….

မောင့်ကို တန်ဖိုးထားမှန်း။ ပြီးတော့..မောင်..စိတ်ညစ်သွားမှာစိုးလို့…မောင့် အိမ်
အကြောင်း။ မောင့်မိဘတွေ အကြောင်းတစ်စွန်းတစ်စ မှ မမေးခဲ့တာမှန်း။ …….

မောင် ဖုန်းမဆက်တဲ့ အခါ။ မောင့် မက်ဆေ့တွေ မရောက်လာတဲ့အခါ။ ………..

မောင့် ဖုန်းကို ခေါ်တဲ့ အခါ ကိုင်မယ့်သူမရှိ ဘူး ဆိုပြီး စိတ်ထဲမှာ အလွန်အမင်း

ဝမ်းနည်းသွားတတ်တဲ့ မ အကျင့်။ မောင်…သိပါတယ်။ …။ မောင်…သိပ်သိတာပေါ့။

မ..မောင့်အတွက်နဲ့ မရဲ့  မေမေ့ကို ဘယ်လောက်တောင် စည်းရုံးထားရသလဲဆိုတာ ကို မောင်သိပါတယ်။

မောင်..ကတိတွေ ပေးပြီး အဲဒီကတိတွေ အတိုင်းလိုက်လုပ်ဖို့ ကြိုးစားတဲ့မောင်.. .မအောင်မြင်တဲ့အခါ

( ဥပမာ…ရည်းစားဖြစ်ပြီး ၃ နှစ်အတွင်းလက်ထပ်မယ် ဆိုတဲ့ စကားမျိုးတွေပေါ့ )
မသိချင်ဟန်ဆောင်ပြီး….မောင့်အခြေအနေကို နားလည် ပေးတတ်တာ။ မောင် သိပါတယ်။

မောင့်ကို စိတ်မချ ပေမယ့်။ ယုံကြည်တဲ့ မ.. ။ မ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး မ ကိုထိခိုက်နာကျင်အောင်

ဘယ်တော့မှ မောင်မလုပ်ပါဘူး။ မောင် အသက်ရှင် နေသ၍ မကို မြတ်မြတ်နိုးနိုးနဲ့ ချစ်ပြီး အလိုလိုက်သွားမှာပါ။

မ..ကိုချစ်တဲ့
မောင်

ပေးစာ(၂)

ချစ်သောမ။  ။

မ…စာလေးတွေ ကြိုးစားပမ်းစားနဲ့ ရေးပို့ထားမလား ဆိုပြီး..မောင့်
အီးမေးလ် ဘောက်စ် ထဲမှာ ရှာဖွေ မိတာ နေ့စဉ်မောင် မေးလ် ဖွင့်တိုင်းပါပဲ။
မောင် .. မ..နာမည် ကို မတွေ့ဘူး ဆိုရင်.. စပန်းမ် မေးလ်
ထဲများရောက်နေလို့လား။ မောင် စပမ်းန် မေးလ် ကို ဖွင့်ကြည့်မိတယ်။ စပန်းမ်
ဆိုတဲ့အတိုင်း ဘယ်က ပို့ထားမှန်းမသိတဲ့ ကြော်ငြာ မေးလ် တွေ က တစ်လှေ
ကြီးဆိုတော့ မောင် မ..နာမည်ကို ရှာရတာ တော်တော်ခက်တယ်။ တစ်နေ့ တစ်နေ့
စပမ်းန် မေးလ် မရောက်ဖူးဆို ၂၀ နဲ့ ၅၀ ကြားမှာ ပုံမှန်ပဲ။ တစ်ခါတစ်ခါ ၁၀၀
ကျော်သွားသည် အထိရှိတယ်။ မ..နာမည်ကို အဲဒီ ရှုပ်ယှက်ခက်နေ တဲ့ မေးလ်တွေ
ထဲမှာ ရှာကြည့်တယ်။ မတွေ့ဘူးဆိုရင် မောင် မျက်ရှိ လျမ်း သွားလို့ နေမှာ
ပါ။ ဆိုပြီး မောင် နောက်တစ်ခါ ထပ်ရှာမိတယ်။ …နောက်တစ်ခါ ထပ်ရှာမိတယ်။
..ပြီးတော့ နောက်တစ်ခါ။
ဘာပဲပြောပြော မ အီးမေးလ်ကို မောင် ဖတ်ချင်မိတယ။် ဘာကြောင့်ရယ်
မဟုတ်ပါဘူး။ … ဖတ်ချင် မိတာပါ။ ဘာအကြောင်း လေးတွေကိုရေးထားတာ
ပဲဖြစ်ဖြစ် မောင်စိတ် ၀င်တစားဖတ်ပါ့မယ်။
မောင် မ..ရဲ့ ဘယ်အီးမေးလ် ကိုမဆို အနည်းဆုံး ၃ ခေါ်က် ၄ ခေါက် ဖတ်မိပါတယ်။
အခုတော့ ..မ..ဆီက မေးလ်တွေ မရောက်တာတောင်ကြာပေါ့။မ..မအားလို့  နေမှာပါ။

ပြီးတော့ မ..ရေးချင် နေရင် တောင် .. အင်တာနက် ကော်နက်ရှင်က
ကောင်းတာမဟုတ်ဘူး။ အင်တာနက်ကော် နက်ရှင် ကောင်းရင်တောင်
အလှည့်ကရောက်ဦးမှ။ ညီမတွေကို ဦးစားပေးရသေးတယ်လေ။ ပြီးတော့
မ..က မောင့်ဆီ အီးမေးလ် ပို့တဲ့အခါ သူတို့တစ်တွေကို ပေးမသိ စေချင် ဘူး။
မောင် သိတာပေါ့။

မောင် ပုံမှန် ပို့နေကျ မေးလ် တွေ တိုသွားတဲ့ အခါ။ မောင့် အီးမေးလ်တွေ
ကတိုလွန်းလို့ မ..ကို အလွမ်းမပြေ စေ ဖူးလို့ မ..ပြောတယ်နော်။
မောင် သိ တာပေါ့။ မ..ဆီက အီးမေးလ် တိုတိုလေးတွေ ကို မောင်ဖတ်မိတဲ့ အခါ
တစ်ခုခု လိုနေသလို မောင် ခံစားခဲ့ဖူးတာပဲ လေ။ မောင် ကိုယ်ချင်းစာပါတယ်။
မောင်ကိုယ်တိုင်ကလည်း အီးမေးလ် ဆိုရှည်ရှည်လေး နဲ့ စုံစုံလေးရေးထားတာကို
ဖတ်ချင်မိသားပေါ့။

ချစ်တဲ့
မောင်

ပေးစာ(၃)
မ..ရေ..။

မောင် စိတ်ထဲမှာ ရှိပေမယ့်..မ..ကို ပြောမပြဖြစ်ခဲ့တဲ့အကြောင်းတွေ ထဲမှာ …မောင်သိတဲ့..မ..အကြောင်းတွေ ပါပါတယ်။

မ..က ခပ်အေးအေးနေတတ်တယ်လေ။ အဲဒါ မောင့်ကို အဆွဲဆောင်နိုင်ဆုံး အချက်ပေါ့။ မ..လူတွေ ရှုပ်ရှုပ်ရှုပ်ရှုပ်ဆိုရင် မသွားချင်ဘူး။

ပြီးတော့ … ပွဲလမ်း သဘင် တွေ ဘာတွေလည်း သိပ်မကြိုက်တတ်ဘူး။ ဘယ်မင်းသားကို မှ မကြိုက်သလို ဘယ်မင်းသမီးကို မှလည်း မ…ကြိုက်တယ်လို့ ပြောသံမကြားမိဘူး။ အဲဒါ မောင်..သိပ်ပြီး ချစ်ရတဲ့အကြောင်းတွေ ထဲက တစ်ချက်ပေါ့မ..ရယ်။

မောင်တို့ ရုံးမှာ ရှိတယ် မ.. ။ တစ်ချို့ မိန်းကလေးတွေက… ဘယ်အဆိုတော်ရဲ့ ဘယ် ရှိုးပွဲ ဆိုရင် အလွတ်မပေးရတာနဲ့။

ဘယ် အဆိုတော်လာရင် ဘယ်နေရာပဲဖြစ်ဖြစ် မိမိ ရရသွားပြီး အော်တိုထိုးခိုင်းရတာနဲ့။ သူတို့ ကြိုက်တဲ့ သူတို့ကို ဆွဲဆောင်နိုင်တဲ့
အဆိုတော်တွေ မင်းသားတွေ ဆိုရင် အရူးအမူးဖြစ်နေတတ်ကြတယ်။ မောင့် မမ မှာ အဲဒီလို မောင်မကြိုက်တာတွေ မရှိဘူး။ နေရာတကာ ပါတတ်တဲ့ မိန်းကလေးတွေကို မောင် ကြည့်လို့မရဘူးမ..။

သူတို့က အညာလွယ်ကြတယ်။ ပြီးတော့ သူတို့က ညကြီးအချိန်မတော် ရှိုးပွဲတွေ သွားကြည့်ပြီး အပြန် ဘီယာတွေ ဘာတွေ သောက်ကြသေးတယ်။ မောင် အဲဒီ အမျိုးသမီးမျိုးတွေ နဲ့ တွေ့ရတဲ့အခါ ဒါမှမဟုတ် သူတို့အကြောင်း သူတို့ ကိုယ်တိုင် ပြောပြလို့ပဲဖြစ်ဖြစ် အခြားတစ်နေရာ က ကြားလို့ပဲဖြစ်ဖြစ် မောင် .. မ…ရဲ့ တန်ဖိုးထားစရာ အချက်တွေကိုပြေးမြင်ပြီး မ..ကို ပိုချစ်ရပါတယ်။

မ..ရေ။

မ..စာအုပ်တွေ ဖတ်တာ။ ပြီးတော့ အခြား မရင့်ကျက်သေးတဲ့ မိန်းကလေးတွေ လို အချစ်ဝတ္ထု တွေ ၊ စိတ်ကူးယဉ် ဇာတ်လမ်းတွေ ထက် ပိုပြီးလက်တွေ့ကျတဲ့ ပိုပြီး ယုတ္တိ ရှိတဲ့ ပညာပေးဇာတ်လမ်းတွေ ကို ဖတ်လို့လည်း ..မ ..ကို ပိုပြီး တန်ဖိုးထား မိပါတယ်။ မောင့်  စကားအဖြစ်နဲ့ ခင်ခင်ထူးတို့ မိုးမိုး(အင်းလျား) တို့ကို မ..ဖတ် နေတာကို စ.နောက်.တဲ့ သဘောပြောနေပေမယ့် အဲဒီစာအုပ်တွေက မှ ..မောင်တို့ မ..တို့အတွက် ဘ၀ နဲ့ ဆိုင်တဲ့ အတွေးအခေါ်တွေ အမျှော်အမြင်တွေ ကို ပေးနိုင်တာ မဟုတ်လား။ မ..ကို အဲဒါကြောင့်လည်း ပိုပြီးလေးစားရပါတယ်။ ချစ်လည်း ပိုချစ်ရပါတယ်။

မောင်..မ..ကို မောင့်အိမ်အခြေအနေကို ပြောတုန်းက မရဲ့ တုန့်ပြန်မှုလေးတွေကို ပိုပြီး လေးစားရပြန်ပါတယ်။ မောင့်ကို ချစ်တဲ့ အချစ်စိတ်တစ်ခုတည်းနဲ့ မောင့်လို့ ကျောထောက်နောက်ခံ ပြစရာ ဘာမှ နည်းပါး မရှိတဲ့ လူတစ်ယောက်ကို ဘ၀လက်တွဲဖော်အဖြစ် မ..ရွေးချယ် ရဲ တယ် ဆိုတာ။

မ..မောင့်အပေါ်ဘယ်လောက်ချစ်လဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေဆို တာ မောင်သိပါတယ်။ ဒါမို့လည်း ပိုပြီးချစ်ရတာပေါ့။ မ..ကို ဘယ်တော့မှ စိတ်မဆင်းရဲ စေရဘူးလို့ မောင် ကတိပေးပါတယ်။ ဘယ်တော့ဖြစ်ဖြစ် မောင့် ဘက်က အမှားလို့ သတ်မှတ်ပြီးတော့ အကောင်းဆုံးဖြစ်အောင် နေထိုင်သွားဖို့ မောင့်ဆုံးဖြတ်ချက်တွေ ခိုင်မာ သည် ထက် ခိုင်မာ လာတာ။ မ..ကို မောင်တစ်နေ့ထက်တစ်နေ့ ပိုပြီးချစ်ခင် မြတ်နိုးမိ သွားလို့ပါ။

မ..ရဲ့

မောင်

သုရှင် ( ၁၈-၁-၁၃)

About သုရှင်

သု ရှင် has written 44 post in this Website..

ကျွန်ုပ်ရေး၍ ကျွန်ုပ်ဆိုသံ အမှန်ဟူ၍ ကျွန်ုပ်မဆို...။ ကျွန်ုပ်စပ်၍ ကျွန်ုပ်ဖွဲ့သီမြတ်လှပြီဟု ကျွန်ုပ်မယူ..။ တိုင်းတိုင်းပြည်သူ လူဟူသမျှ ကိုယ့်မြင်ကိုယ့်တွေး..ကိုယ့်အရေးကို ကိုယ်တိုင်ဆုံးဖြတ် မှတ်ချက်ပေးစေ။ မှတ်ချက်ဟူသမျှ ကျိုးရှိလှဟုလည်း ကျွန်ုပ်မမြင်..မထင်ပါသေး။ ထိုမှတ်ချက်မျိုး ကြောင်းကျိုးမှန်ကန် ယုတ္တိတန်မှ..ကျွုန်ုပ်ကိုးစား.. တန်ဖိုးထားမည်...ကျွန်ုပ်သစ္စာတည်း။ သုရှင်