++++++++++++++++++++++++++++++

Gmail ကိုတော့ အများစု သုံးကြမှာပါ …..။

ကျနော် အခု ပြောပြချင်တာကတော့ အဲ့ဒီ Gmail ထဲမှာ Group Mail တစ်ခု တည်ဆောက်ပုံလေးပါပဲ။

မသိသေးသူများ အတွက် ရည်ရွယ်ပါတယ် ခင်ဗျာ။

ပြီးတော့လည်း ….

ကျနော် ကလိမိထားတာကို ဒီနေရာမှာ မှတ်စု တစ်ခု အနေနဲ့ ထားရှိခြင်း သဘောလည်း ဖြစ်ပါတယ် ….။

မေ့သွားရင် ပြန်ကြည့်လို့ ရအောင်ပေါ့နော …. :mrgreen:

တစ်ကိုယ်ရေ Gmail သုံးသူများ အနေနဲ့ကတော့ဖြင့် Group Mail ဟာ သိပ်ပြီး မလိုအပ်လှပေမယ့်လို့လည်း …

သူငယ်ချင်း အုပ်စု တစ်ခုဖြစ်ဖြစ်၊ အဖွဲ့ တစ်ခုခု ဖြစ်စေ ချိတ်ဆက်ပြီး သုံးနေသူများ အနေနဲ့ကတော့ …

ဒီ Group Mail တည်ဆောက်ပြီး သုံးစွဲတာဟာ ပိုပြီး မြန်ဆန် လွယ်ကူစေနိုင်ပါတယ် ….။

ဥပမာ အားဖြင့် …….

မောင်ဖြူ၊ မောင်နီ၊ မောင်ပြာ၊ မဝါ၊ မစိမ်း …. ဆိုတဲ့ သူငယ်ချင်း တစ်စု ရှိတယ် ဆိုပါစို့ ….။

သူတို့က နေရာ တစ်ခုစီမှာ နေကြတယ် ….။

အချင်းချင်း ဆက်သွယ်ပြီး ပြောကြတဲ့အခါ မျိုးမှာလည်း Gmail ကို အသုံးပြုပြီး ပြောဆိုကြတယ် ….။

ဒီတော့ကာ … သူတို့ထဲက တစ်ဦး တစ်ယောက်က နေပြီးတော့ အကြောင်းကိစ္စ တစ်ခုခုကို ကျန်တဲ့ သူငယ်ချင်းတွေဆီ စာပို့တော့မယ် ဆိုပါစို့ ….။

ကျန်တဲ့ လေးယောက်ရဲ့ မေးလ်တွေကို လိပ်မူပြီးတော့ ပို့ရမှာပေါ့နော် ….။

ဒီအခါမျိုးမှာ … အဲ့ဒီ လေးယောက်ရဲ့ မေးလ်တွေကို တစ်ခုချင်းစီ လိုက်ထည့်နေရတာထက် စာရင် ဒီလေးယောက်စလုံးရဲ့ မေးလ်လိပ်စာတွေ ပါတဲ့ Group Mail တစ်ခု တည်ဆောက်ပြီး ပို့တာက ပိုပြီး မြန်ဆန် လွယ်ကူ စေပါတယ် …။

အကယ်၍များ သူငယ်ချင်း တစ်ယောက်နဲ့ ဆင်တူ မေးလ်လိပ်စာများ ရှိခဲ့ရင်လည်း မမှားနိုင်တော့ဘူးပေါ့ ….။

အထက်က ဥပမာ ထဲမှာ လူငါးယောက်ပဲ ပါပါတယ် ….။

ဒီထက် ဦးရေ များနေရင်တော့ဖြင့် မေးလ်ပို့တဲ့အခါ မေးလ် လိပ်စာတွေ တစ်ခုချင်း ရိုက်နေရတာ အတော်လည်း ဂရုထားရသလို၊ ကြာလည်း ကြာစေပါတယ် …..။

ဒါကတော့ Gruop Mail တစ်ခု ထားရှိခြင်းရဲ့ အကျိုးကျေးဇူး အချို့ပါပဲ ….။

ကိုင်းဗျာ …. ထားပါတော့ ….။

အောက်မှာ Gmail ထဲ Group Mail တစ်ခု ဘယ်လို တည်ဆောက်ပြီး၊ သုံးရမယ် ဆိုတာတွေကို ပုံတွေနဲ့ ပြထားပါတယ် ….။

ပုံတွေရဲ့ အောက်မှာလည်း သက်ဆိုင်တဲ့ ရှင်းလင်းချက် အချို့ကို ရေးပေးထားပါတယ် ….။

( ဝန်ခံချက် ။     ။ ဒီဂရုမေးလ် ဖွင့်မယ့် နည်းလမ်းဟာ ကျုပ်အကိုကြီးလို့ ဆိုရမယ့် လူတစ်ယောက်ဆီက ဆင်းသက်လာခြင်း ဖြစ်ပါကြောင်း ….။ )

ဖတ်ရှု အားပေးသူ အပေါင်းကိုလည်း ကျေးဇူး အထူး တင်ရှိပါကြောင်း ……..။

++++++++++++++++++++++++++++++

Gmail ကို အရင်ဆုံး Login ဝင်ပါ။ ပြီးရင် ဘယ်ဘက် အပေါ်နားမှာ ရှိတဲ့  Gmail  ဆိုတာလေးကို နှိပ်လိုက်ပါ။ ပြီးသွားရင် ပေါ်လာတဲ့ ထဲက Contacts ကို နှိပ်လိုက်ပါ။

Gmail ကို အရင်ဆုံး Login ဝင်ပါ။ ပြီးရင် ဘယ်ဘက် အပေါ်နားမှာ ရှိတဲ့ Gmail ဆိုတာလေးကို နှိပ်လိုက်ပါ။ ပြီးသွားရင် ပေါ်လာတဲ့ ထဲက Contacts ကို နှိပ်လိုက်ပါ။

ဒါကတော့ဖြင့် Contacts ထဲ ရောက်လာတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။

ဒါကတော့ဖြင့် Contacts ထဲ ရောက်လာတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။

Contacts ရဲ့ ဘယ်ဘက် အခြမ်းမှာ ပေါ်နေတဲ့ စာတွေပေါ် မြှားလေး တင်လိုက်ရင် အောက်က ဟာတွေ ထပ်ပေါ်လာပါလိမ့်မယ်။ အဲ့ဒီထဲကမှ New Group ဆိုတာလေးကို နှိပ်လိုက်ပါ။

Contacts ရဲ့ ဘယ်ဘက် အခြမ်းမှာ ပေါ်နေတဲ့ စာတွေပေါ် မြှားလေး တင်လိုက်ရင် အောက်က ဟာတွေ ထပ်ပေါ်လာပါလိမ့်မယ်။ အဲ့ဒီထဲကမှ New Group ဆိုတာလေးကို နှိပ်လိုက်ပါ။

BOX တစ်ခု ပေါ်လာပါလိမ့်မယ်။ ဒီထဲမှာ Group အတွက် နာမည်ကို ထည့်ပေးပါ။ (ကျနော်ကတော့ဖြင့် နမူနာ အနေနဲ့ "မဟာရာဇာ အံစာတုံး" ဆိုပြီး ပေးလိုက်ပါတယ်။)

BOX တစ်ခု ပေါ်လာပါလိမ့်မယ်။ ဒီထဲမှာ Group အတွက် နာမည်ကို ထည့်ပေးပါ။ (ကျနော်ကတော့ဖြင့် နမူနာ အနေနဲ့ “မဟာရာဇာ အံစာတုံး” ဆိုပြီး ပေးလိုက်ပါတယ်။)

ဒါကတော့ဖြင့် ကျနော် တည်ဆောက်လိုက်တဲ့ Group ပါပဲ။

ဒါကတော့ဖြင့် ကျနော် တည်ဆောက်လိုက်တဲ့ Group ပါပဲ။

ဒီနှစ်ခု ထဲမှာ ကိုယ့်ထဲမှာ ရှိတဲ့ မေးလ် လိပ်စာတွေ ပါပါတယ်။ အထက်က အကြောင်းကတော့ ကိုယ်နဲ့ အထိအတွေ့ အများဆုံး မေးလ်တွေပေါ့ဗျာ။ ဒီထဲမှာမှ ကိုယ် Group ဖွဲ့ချင်တဲ့ မေးလ် လိပ်စာတွေ ပါတဲ့ တစ်ခုကို ဖွင့်လိုက်ပါ။

ဒါကတော့ ဖွင့်လိုက်ရင် မြင်ရမယ့် နမူနာ မြင်ကွင်းပါပဲ။

ဒါကတော့ ဖွင့်လိုက်ရင် မြင်ရမယ့် နမူနာ မြင်ကွင်းပါပဲ။

ဒီထဲမှာမှ ကိုယ်က Group ဖွဲ့ချင်တဲ့ မေးလ်တွေကို ခေါက်ကလေး ခြစ်ပေးပါ။ ပြီးရင် ခေါင်းသုံးလုံး ပုံစံလေးကို နှိပ်ပါ။ ပေါ်လာတဲ့ ထဲက ကိုယ့်ရဲ့ Group နာမည်ကို နှိပ်ပေးလိုက်ပါ။

ဒီထဲမှာမှ ကိုယ်က Group ဖွဲ့ချင်တဲ့ မေးလ်တွေကို ခေါက်ကလေး ခြစ်ပေးပါ။ ပြီးရင် ခေါင်းသုံးလုံး ပုံစံလေးကို နှိပ်ပါ။ ပေါ်လာတဲ့ ထဲက ကိုယ့်ရဲ့ Group နာမည်ကို နှိပ်ပေးလိုက်ပါ။

ဒါကတော့ ကိုယ့် Group ထဲကို ရောက်သွားတဲ့ မြင်ကွင်းပါပဲ။

ဒါကတော့ ကိုယ့် Group ထဲကို ရောက်သွားတဲ့ မြင်ကွင်းပါပဲ။

ပြီးသွားရင် နမူနာ တစ်ခု ပို့ကြည့်ဖို့အတွက် Gmail ကို ပြန်သွားလိုက်ပါ။

ပြီးသွားရင် နမူနာ တစ်ခု ပို့ကြည့်ဖို့အတွက် Gmail ကို ပြန်သွားလိုက်ပါ။

Gmail ကို ရောက်ရင် Group Mail တစ်ခု အစမ်း ပို့ကြည့်ဖို့အတွက် မေးလ်ပို့တဲ့ Compose ကို နှိပ်လိုက်ပါ။ ကိုယ် ပို့မယ့် မေးလ်လိပ်စာ ထည့်ရတဲ့ To ဆိုတဲ့ နေရာမှာတော့ ကိုယ့်ရဲ့ Group နာမည်လေးကို ရေးပေးလိုက်ပါ။ ဒီအခါ Gmail ကနေပြီး ကိုယ့် Group နာမည်လေးကို အောက်မှာ ပြပေးပါလိမ့်မယ်။ နှိပ်လိုက်ပါ။

ဒါကတော့ Group နာမည်ကို နှိပ်ပြီးသွားတဲ့အခါ Group ထဲမှာပါတဲ့ မေးလ်လိပ်စာတွေ ဝင်သွားတဲ့ မြင်ကွင်းပါပဲ။ လိုတိုး ပိုလျော့ လုပ်ချင်ရင်လည်း ကိုယ့်သဘောပေါ့နော့။

ဒါကတော့ Group နာမည်ကို နှိပ်ပြီးသွားတဲ့အခါ Group ထဲမှာပါတဲ့ မေးလ်လိပ်စာတွေ ဝင်သွားတဲ့ မြင်ကွင်းပါပဲ။ လိုတိုး ပိုလျော့ လုပ်ချင်ရင်လည်း ကိုယ့်သဘောပေါ့နော့။

အကယ်၍များ သူငယ်ချင်း တစ်ယောက် တည်ဆောက်ထားတဲ့ Group တစ်ခုကို ထည့်ချင်တယ်ဆိုရင်တော့ဖြင့် စောစောက အတိုင်းပါပဲ။ Contacts ကို သွား၊ အဲ့ဒီမှာ More ဆိုတာလေးကို နှိပ်၊ Import ဆိုတာလေးကို နှိပ်လိုက်ပါ။

အကယ်၍များ သူငယ်ချင်း တစ်ယောက် တည်ဆောက်ထားတဲ့ Group တစ်ခုကို ထည့်ချင်တယ်ဆိုရင်တော့ဖြင့် စောစောက အတိုင်းပါပဲ။ Contacts ကို သွား၊ အဲ့ဒီမှာ More ဆိုတာလေးကို နှိပ်၊ Import ဆိုတာလေးကို နှိပ်လိုက်ပါ။

ဒီလိုမျိုး ပေါ်လာတဲ့အခါ သူငယ်ချင်း ဆီက ရယူထားရမယ့် Group Mail ဖိုင်လေးကို ရွေးပေးပြီး Import ဆိုတာကို နှိပ်လိုက်ပါ။ ဒီအခါ Group Mail တစ်ခု ကိုယ့်ထဲကို ရောက်လာပါလိမ့်မယ်။

ဒီလိုမျိုး ပေါ်လာတဲ့အခါ သူငယ်ချင်း ဆီက ရယူထားရမယ့် Group Mail ဖိုင်လေးကို ရွေးပေးပြီး Import ဆိုတာကို နှိပ်လိုက်ပါ။ ဒီအခါ Group Mail တစ်ခု ကိုယ့်ထဲကို ရောက်လာပါလိမ့်မယ်။

အကယ်၍များ Group Mail ထဲက မလိုအပ်တော့တဲ့ လူများကို ပြန်ဖျက်ပစ်ချင်တယ် ဆိုရင်တော့ Group Mail ကို သွား၊ အဲ့ဒီထဲကမှ ကိုယ် ဖျက်ချင်တဲ့ မေးလ်လိပ်စာကို ခေါက်ကလေး ခြစ်၊ ပြီးရင် More ထဲကနေပြီး Delete Contact ကိုသာ နှိပ်လိုက်ပါ။

အကယ်၍များ Group Mail ထဲက မလိုအပ်တော့တဲ့ လူများကို ပြန်ဖျက်ပစ်ချင်တယ် ဆိုရင်တော့ Group Mail ကို သွား၊ အဲ့ဒီထဲကမှ ကိုယ် ဖျက်ချင်တဲ့ မေးလ်လိပ်စာကို ခေါက်ကလေး ခြစ်၊ ပြီးရင် More ထဲကနေပြီး Delete Contact ကိုသာ နှိပ်လိုက်ပါ။

++++++++++++++++++++++++++++++

ဒီလောက်ပါပဲ ခင်ဗျာ …..။

မရှင်းလင်းသည်များအား ကွန်မန့် ထဲမှနေ၍ မေးမြန်းနိုင်ပါကြောင်း ……..။

++++++++++++++++++++++++++++++

by – မဟာရာဇာ အံစာတုံး

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။