ထုံးဘိုမြို့ ကိုတော့ ရန်ကုန်ပြည် လမ်းမ အတိုင်း မောင်နှင်လာပြီး ပြည်မြို့မှ တောင်ဂုတ်လမ်းခွဲ အတိုင်း နဝဒေး တံတား ကိုဖြတ်ကာ ဆက်လက်မောင်းနှင်ပြီး ထုံးဘို လမ်းခွဲ အရောက်မှာတော့ ထုံဘို မြို့ သို့ ဆက်လက်မောင်းနှင်လျှင်ဖြင့် သခင်မြရဲ့ မွေးရပ်မြေ ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

 

သခင်မြ မွေးရပ်မြေ ဆိုတဲ့ ဆိုင်းဘုတ်ကို ထင်ထင်ရှားရှား တွေ့မြင်ရပြီး ထုံးဘို ဈေးမှာတော့ ဒေသထွက်ကုန်တွေ အလွန်ပေါများလှပါတယ်။

မြစ်ဆိပ်မှာ သင်္ဘောစီးပြီး အကောက်တောင် ကို သွားတဲ့ လမ်းတထောက်နား မြို့ဖြစ်ပါတယ်။

အကောက်တောင် သွားတဲ့ လမ်းက ရှုခင်းပုံတွေ ကိုတော့ နောက်ပိုစ်တခုမှ ရေးပေးပါမယ်။

 

ထုံးဘိုမြို့ မြစ်ဆိပ်မှာ ထုံးဘို ဈေးရှိပါတယ်။ မနက်ခင်း ဈေးချိန်ရောက်တဲ့ အတွက် တော်တော် စည်ကားလှပါတယ်။ အသီးအနှံတွေလည်း အရမ်းပေါများလှပါတယ်။ ခရမ်းချဉ်သီး ဈေးမေးလိုက်တဲ့ အခါ တော်တော် စိတ်မကောင်းဖြစ်သွားတယ်။

တခြား မဟုတ်ပါဘူး.. ရန်ကုန်မှာ တပိသာ ၈၀ဝ ၁၀၀ဝ လောက် ရှိနေတာ.. ၁၀ဝ တည်းနဲ့ ရနေလို့ပါ..

စိတ်မကောင်းဖြစ်တာကတော့ သက်သာ လွန်းလို့ အများကြီး ဝယ်မိရင် သယ်ရတော့မှာပဲ ဆိုတဲ့ အတွေးပါပဲ.. ဈေးသည်ကြီးက ပြောတယ်.. တပိသာ ၁၀ဝကျပ်.. ထုတ်ပြီးသား ဆိုတော့.. ၁ထုတ် ၁၀ဝ ၅ထုတ် ဝယ်ရင် ၁ထုတ် အဆစ်ပေးမယ်တဲ့.. သယ်ရမှာ စိုးလို့ လွန်ဆွဲနေတဲ့ စိတ်ကလေး ကတော့… အတွေးစိတ်ကူး မျက်လုံးကလေး ဝင်းကနဲ ဖြစ်သွားတယ်..

အတွေးက သယ်ရမှာ လေးတယ် ဆိုပြီး မဝယ်ဘူး အားတင်းထားတဲ့ စိတ်တွေ ရှုံးနိမ်သွားပြီး အတွေးပြောင်းသွားပုံကတော့ ဝယ်လည်း ဘယ်လောက်မှ သယ်ရတာ မဟုတ်ပါဘူး တလမ်းလုံး ကား သယ်ရတာ.. လူသယ်ရတာ မဟုတ်ဘူး.. ဟဲဟဲ.. တန်တယ် ဝယ်မယ် ဆိုပြီး ဝယ်လာခဲ့တယ်.. ဘာပဲ ဖြစ်ဖြစ် ရန်ကုန်ရောက်ရင် ဘုန်းကြီး ဆွမ်းချက်လောင်းမယ် ဆိုပြိး ဝယ်သွားပြီး ကား ရှေ့ခန်း မှာ အထုတ်တွေ ထားတဲ့ နေရာမှာ ထားခဲ့တာ.. လတ်ဆတ်ပြီး စိမ်းနေတဲ့ အသီးလေးတွေ အိမ်ရောက်တော့ နေ အပူရှိန် ကား အပူရှိန် ပေါင်းပြီးတော့ မှည့်ဝင်းနေပါတော့တယ်.. မှည့်ဝင်းနေတော့ အိမ်ရောက်တော့ ချက်ပြီး ဆွမ်းလောင်းရန် အသင့် ဆိုပြီး အမေ အတွက် အိမ်ပြန် လက်ဆောင်ပေးလိုက်ပါတယ်။ ပိုက်ဆံ တော်တော် ကုန်သွားတယ်။ ဘာပဲ ဖြစ်ဖြစ် မလိုင်လုံး ထက် စာရင်တော့ ဆွမ်းလောင်းဖို့ လက်ဆောင်ပေးတာ အမေ သဘောကျသွားတယ်။

နောက်ပိုစ်တခုမှာတော့ မြန်မာပြည်မှာ ထူးခြားစွာ တည်ရှိနေတဲ့ ကျောက်တောင် ထွင်းထားတဲ့ ဘုရားပုံတွေနဲ့ ရှုခင်း ပုံတွေ ပြပါမယ်။

 

 

About ဆူး

has written 398 post in this Website..