လွန်ခဲ့ တဲ့ ရက်ပိုင်းက ဖတ်ခဲ့ရတဲ့ အမြန်လမ်းက သတင်းကိုအကြောင်းပြုရင်း ဒီပို့ စ်ကိုရေးမိတာပါ ။
မူရင်းသတင်းကိုလည်း ခွင့် တောင်းပြီး အောက်မှာကူးတင်ပေးထားပါတယ် ။ အမြန်လမ်း ကသိတဲ့အတိုင်းပဲ
ပဲခူးရိုးမတောင်ခြေနားက ကပ်ပြီး ဖေါက်ထားတာဖြစ်တဲ့ အတွက် ပုံမှန်အားဖြင့်  လူနေမြို့ ရွာများနဲ့ 
ဝေးပါတယ် ။ ဒါကြောင့်  တစ်ခုခုဖြစ်ရင် အကူအညီ မလွယ်သလို လုံခြုံရေးလည်း မကောင်းလှပါဘူး။
သိပ်မကြာခင်က ကြားမိသေးတယ် ….. ညဖက် အမြန်လမ်းပေါ်မှာ တုံး တစ်ချို့ တားပြီးလက်ဆော့ ထားတာ ။
ဒါနဲ့  တွေ့ ကာစက ဓားပြ တိုက်တာလားလို့  လန် သွားပေမဲ့  ကိုယ်တိုင် အမြန်ဆင်းဖယ်ပြီး မောင်းခဲ့ ရတယ်
လို့ ဆိုပါတယ် ။ခုလည်း ခရီးသည်တင်ကားကို ခဲ နဲ့  ပေါက်ပြန်သတဲ့  ။ ကားလေကာမှန် ကိုထိပေလို့ ပေါ့  ။
တံခါး ဖွင့် ထားစဉ်မှာ အထဲကလူကိုမှန်ရင်ဖြင့်  သေနိုင်တဲ့ အထိ ဖြစ်သွားနိုင်ပါတယ် ။ကားတွေက ကီလို
၁၀၀ နှုံးအနဲဆုံးမောင်းနေတာပါ ။ အဲဒီအရှိန်နဲ့ ဆို စဉ်းစားသာကြည့် ပါတော့  ။

မောင်ဆာမိ မောင်းတဲ့ ကားလည်း လွန်ခဲ့ တဲ့ ဆယ်စုနှစ်ကျော်ကျော်က ဇယျဝတီ မြို့ နားမှာ
ခဲနဲ့ ပေါက်တာခံခဲ့ ရဖူးပါတယ် ။ ဒါနဲ့  သက်ဆိုင်ရာ ရဲစခန်းမှာ တိုင်ချက်ဖွင့် ခဲ့ တယ်ဆိုပါတော့  ။
နောက်ခြောက်လ လောက်မှာ ဖမ်းမိပါတယ် ။ လူငယ်လေးတွေပါ ။ အရက်မူးပြီး ရည်ရွယ်ချက်မရှိ
လက်ဆော့ လိုက်တာ ကံကောင်းလို့  ကားမှန်သာကွဲခဲ့ ပါတယ် ။။ အထဲက ထိုင်နေတဲ့  သားအဖနှစ်ယောက်
ကိုမထိခိုက်လိုက်တာပဲ တော်လှပါပြီ။ ကျနော် အမှုကိုထပ်ပြီး ရေမလောင်းခဲ့ ပေမဲ့  သူတို့ 
ထောင်ကျသွားပါတယ် ။ နောက်တစ်ကြီမ်က မောင်ဆာမိတို့  ကားအုပ်စုထဲက စပယ်ယာပါ ။သူလည်း
တစ်ခါတုန်းက မူးပြီး ရထားကို ခဲနဲ့ ပေါက်ခဲ့ ပါတယ် ။ သက်ဆိုင်ရာက မရမကရှာဖွေဖေါ်ထုတ်ပြီး သူ့ ကို
ထောင် ၃ နှစ် ချပါတယ် ။

ကျနော်ဆိုလိုတာက ရထားနဲ့  မော်တော်ကားကို ခဲနဲ့ ပေါက်သူကို ဥပဒေအရ အရေးယူခဲ့ ဖူးတယ်လို့ 
ပြောချင်တာပါ။ ခုလည်း လူမနီး သူမနီး ဖြတ်သွားရတဲ့ အမြန်လမ်းမှာ လုံခြုံရေးကောင်းမွန်ဖို့ ဆောင်ရွက်သင့် 
ပါတယ် ။ အနည်းဆုံး မိုင်သုံးဆယ် တိုင်းမှာ ရဲကင်းတစ်ခုစီထားပြီး ကိုယ့်တာဝန်ယူရာဒေသကိုရှင်းလင်းထားပြီး
လုံခြုံရေးဆောင်ရွက်ရင် ခရီးသွားသူများအတွက် စိတ်ချရမယ်ထင်ပါတယ် ။ ခရီးသည်တင်ကားတွေဆိုတာ
အများစုက ညဖက်မောင်းကြရတာပါ ။ဒီလိုသာ ခြုံပုတ်စုစုမြင်တိုင်း ဘယ်နေရာက ခဲနဲ့ ပေါက်မလဲ ဒါမှမဟုတ်
လေးဂွ နဲ့ များပစ်လေမလားလို့  တွေးကြောက်နေရရင် ခရီးထွက်ဖို့ တောင် ဝန်လေးနေမိမှာပါ ။

အခုချိန်မှာ နိုင်ငံခြားသားခရီးသည်များလည်းအလုံးအရင်းလာရောက်လည်ပတ်ကြတာမို့  ဒီလို ခဲတစ်ချက်သာ
ပေါက်တာခံရရင် နဂိုကတည်းကနာမည်ကောင်းမရဖြစ်နေတာ ထပ်ပြီး အပြောအဆိုခံရနိုင်ပါတယ် ။ဒီနေရာမှာ
စည်းကမ်းမရှိတာတို့  ပညာမဲ့ တာတို့ ကိုပြုပြင်ဖို့ ကကြာပါဦးမယ် ။လတ်တလော ဥပဒေအရသာအမြန်အရေး
ယူဆောင်ရွက်ပြီး တတ်နိုင်သမျှလုံခြုံရေးဆောင်ရွက်ဖို့ ပါပဲ ။ဒီတော့  ကျနော်တို့ ရဲ့ သက်ဆိုင်ရာလူကြီးမင်းများ
အနေနဲ့ လည်း တစ်ချက်လေးစောင်းငဲ့ ကြည့် ကြပါဦး လို့  ပြောပါရစေ ။ တစ်လုပ်ရင် တစ်ကယ်ဖြစ်နိုင်ပါတယ် ။
တစ်ကယ်လုပ်ဖို့ပဲလိုတာပါ ။ တွေးမိတာလေးတစ်ခုက ကျနော်တို့ ပြောနေတဲ့ လူ့ အခွင့် ရေးဆိုတာ သာမန်
ပြည်သူတွေအတွက်မဟုတ်ပဲ တစ်ခါတစ်ရံမှာ ရာဇဝတ်မှုကျူးလွန်သူတွေဖက်ကိုများ ချိန်ခွင်လျှာ
စောင်းလေရော့ သလား ……….. လို့ 

အောက်မှာ မူရင်းသတင်းကူးတင်ပေးလိုက်ပါတယ်

ရွက်စိမ်း
ဟိုအရင်ကတော့ ရထားတွေကို ခဲနဲ့ပစ်တာ ကားဖူးပါတယ်။ြ အခု ခဲနဲ့အပစ်ခံရတဲ့ထဲမှာ အဝေးပြေး ခရီးသည်တင်ကားတွေ ပါလာပါပြီ။ ခဲပေါက်ခံရတာကို မကြာခဏ ဆိုသလို ကုံနေရတယ် လို့ အဝေးပြေး မော်တော်ယာဉ်လြို င်း တခုက ဆိုပါတယ်။ ၁၂-၂-၂၀၁၃ (ပြည်ထောင်စု)နေ့က ရန်ကုန်မြို့ကနေ နေပြည်တော်ကို သွားတဲ့ JJ Express အဆင့်မြင့် ယာဉ်လိုင်းကယာဉ်အမှတ်
၆ဂ/၄၀၈၈ ခဲပေါက်ခံရတာပါ။ နေ့လယ် ၁၂း၀၀ နာရီက ထွက်လာတာ ၂း၃၀ အချိန် မှာပါ တဲ့။ မိုင်တိုင်အမှတ် ၉၀/၆ အရောက်မှာ လမ်းဘေးကနေ လူတဦး လောက်လေးခွနဲ့ ပစ်ခတ်ခဲ့လို့ လေကာမှန်ကို ထိတယ်၊ မှန်စတွေလည်း ကားမောင်းသမားကို

ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ ခဲမှန်ခံရတဲ့ကား ကျွန်တော်တို့ ကားကို ခဏရပ်ပြီး“ ခရီးသည်တချို့နဲ့ ပစ်တဲ့လူကိုဆင်း ရှာကြသေးတယ်၊ တောထဲ ၀င်ပြေးသွားတယ်၊ ကျွန်တော်တို့လည်း ဆက်မလိုက်တော့ဘဲ ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းကလုံခြုံရေးတွေကိ အကြောင်းကြားခဲ့တယ်။ ဒီလို အပစ်ခံရတာ ကျွန်တော်တို့ယာဉ်လိုင်း တခုတည်း မဟုတ်ဘူး၊ တခြား ယာဉ်လိုင်းတွေလည်း အပစ်ခံနေရတယ်” လို့ JJ

Express တာဝန်ရှိသူတဦးက ပြောပါတယ်။ ကားပေါ်မှာလိုက်ပါတဲ့ခရီးသည်တွေကလည်း

ဒီလိုမျိုးတွေ ဆက်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။ ဒီလိုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ယာဉ်လိုင်းတချို ကအာဏာပိုင်တို့ကို အကြောင်းကြားခဲ့ကြပေမဲ့ ဒီနေ့အချိန် ထိ ထိရောက်တဲ့ အရေးယူမှုတွေ

မတွေ့ရသေးဘူးလို့ သိရပါတယ်။ ခရီးသည် တဦးကတော့ သာမန်ခရီးသွားတွေ ဘာဖြစ်ဖြစ်“ ဂရုမစိုက်တော့ဘူးလား၊ အကောင်ကြီးကြီးရ ဆွေမျိုးတွေ၊ သားသမီးတွေ ထိတော့မှပဲ့ ”အရေးယူတော့မှာလား

လို့ ဝေဖန်ပြောဆိုပါတယ်။ ရှည်လျားတဲ့ အဝေးပြေးလမ်းမကြီးတလျှောက်၊ ရထားလမ်းတလျှောက် ခဲနဲ့ပေါက်သူတွေကို ခြေရာခံဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့

မဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာရော ဒီလိုဖြစ်ရပ်တွေ

?ရှိသလား၊ ဘယ်လိုဖြေရှင်းကြသလဲ ခဲပေါက်သူ၊ လောက်လေးခွပစ်သူတွေဟာ ဘယ်လိုလူတွေလဲ။ သူတို့နဲ့ ရထား၊

ကားတွေကြားမှာ ဘာများ ရန်စ ရှိထားလို့လဲ။ မန်မာပြည် ရထားလမ်း၊ ကားလမ်းဘေြး စ်ပေါင်းများစွာ အမြစ်တွယ်သလို ဖြစ်နေတှဲ့န ဒီပြဿနာကို ဖြေရှင်းဖို့ နှစ်အတန်ကြာ

အချိန်ယူရဦးမယ်လို့ ထင်ပါတယ်။ စုံစမ်းဖော်ထုတ် အရေးယူမှုများအပြင် တခြား နည်းလမ်းတွေနဲ့လည်း ပူးပေါင့်းိ ဖြေရှင်းကြရမယ်၊ အချိန်ယူ လုပ်ဆောင်ရမယ်လု ယူဆပါတယ်။ 2013 Feb 16ACM Re-post

About မောင်ရိုး

surmi has written 111 post in this Website..