+++++++++++++++++++++++++++++++

ရွက်ဟောင်းတွေ ကြွေလေပြီ

ရွက်ဟောင်းတွေ ကြွေလေပြီ

+++++++++++++++++++++++++++++++

 

ရွက်ဟောင်းတို့ ကြွေနေလေပြီ …….။

အပင်ထက်ဆီကို မော့ကြည့်မိတော့ ကြွေလုဆဲ ရွက်ဝါအချို့ရယ်၊ ထွက်ကာစ ရွက်နုလေးတို့ရယ်၊ ပြီးတော့ ရိုးတံညှာတွေရယ် …….။

ပင်အောက်မှာလည်း ရော်ရွက်ဝါတွေက အစီအရီ …။

ဒီမြင်ကွင်းက …..

 

လွမ်းတတ်သူ တစ်ယောက်အတွက် အလွမ်းတေးတစ်ပုဒ်လို ….

ကဗျာဆရာ တစ်ယောက်အတွက် ကဗျာတစ်ပုဒ်လို …

သန့်ရှင်းရေးသမား တစ်ယောက် အတွက် စိတ်ပျက်ဖွယ်ရာလို ….

ရဟန်း တစ်ပါး အတွက် တရား ရစရာလို ……

လို ….. လို ….. လို …. လို ………

 

ဘာပဲဖြစ်ဖြစ်ပါ …….

အသစ်တွေ လာဖို့အတွက် အဟောင်းတွေ ကြွေလွင့် ပေးရခြင်း သဘောတရားပါပဲ …

ဒါ ….. သဘာဝ တရား တစ်ခုပါပဲ …..

ဒီသဘောတရားကို လွန်ဆန်မယ် ဆိုရင်တော့ …….

အင်းးးးးး မကောင်းဘူးပေါ့ …….

ထိုင်ပြီးရင် မထချင်ဘူး ဆိုပေမယ့်လို့လည်း …

ကြာကြာထိုင်ရင် ဖင်ပူတယ် ….. အညောင်းမိမယ် …..

ဆိုးကျိုးတွေက အားကြီးပဲ ……။

 

အဟမ်းး ဟမ်းး

ဆိုလိုချင်တာကတော့ ……

နောက်လူတွေ လာပြီ …. ရှေ့လူတွေ ဖယ်ပေးဂျဘာ .. ငွင်းး ငွင်းးး

နောက်တာပါ .. အတည်ပါ .. မဟုတ်ပါဘူး .. တကယ်ပါ …

(ခရက်ဒစ်တူ .. အရီးလတ်ပါ)

 

ဘာပဲဖြစ်ဖြစ်ပါလေ ….

ဒီလို ရော်ရွက်ဝါတွေ ကြွေလွင့်၊ ရိုးတံသာ ကျန်တော့တဲ့ အပင်တစ်ပင် …

ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ အခါ … တွေးလိုက်မိတယ် …

ငြင်းမရဘူး .. တစ်နေ့တော့ ကြွေလွင့်မှာပဲ ……

ဒါ … လောက ဓမ္မတာပဲ …….

 

ပြီးတော့ .. ဒါ တရားပြနေတာပဲ …….

အသေ မဦးခင် ဥာဏ်ဦးအောင် လုပ်မှ တော်ရော့မယ် …

ကျုပ်လည်း တောထွက်တော့မယ် ……

ဒါမယ့် .. သရဲ ကြောက်တယ် …

“” ကိုကိုအံ ကို တစ္ဆေ ကိုက်လိမ့်မယ်ကွယ် …

ချစ်ခလေး ..

မင်း လိုက်ခဲ့ဦးကွယ် ……. “”  :mrgreen: :mrgreen:

+++++++++++++++++++++++++++++++

{

ပျင်းပျင်းနဲ့ ……

ရေးမိ ရေးရာ လျောက်ရေးလိုက်တာ ဖြစ်ပါကြောင်း ….။

}

 

+++++++++++++++++++++++++++++++

by – မဟာရာဇာ အံစာတုံး

+++++++++++++++++++++++++++++++

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။