ကျွန်တော် တယ်လီဖုန်း(၁)မှာ ဖေါ်ပြပြီးဖြစ်တဲ့ F.O.C အကြောင်းကို နည်းနည်းတော့ ရွှီးပါဦးမယ်ခင်ဗျာ။ MG သယ်ရင်းများ ရေ(1 Liter) လောက်တော့ ကွန်ပျူတာဘေးမှာ ချထားပြီးတော့မှ စပြီးဖတ်ကြပါလို့ မေတ္တာရပ်ခံပါရစေခင်ဗျာ။ ကျွန်တော်စရွှီးပြီးနော် နည်းနည်းတော့ သည်းညဉ်းခံကြပါဦး။ ဟိုစကားပုံ ကြားဖူးတယ်မဟုတ်လား။ “ဘာ”စိတ်ချမ်းသာရင်ဆိုဘဲ ကျွန်တော်ပြော ပြတော့ဘူးနော်…………

F.O.C အကြောင်းလေး မပြောခင် ဖြစ်ပေါ်လာပုံကို နည်းနည်းတော့ ပွားလိုက်ချင်သေးတယ်။ ဟဲ ဟဲ မိကျောင်းသားလုပ်လိုက်ဦးမယ်။ မိကျောင်းသားလို့ သုံးနှုန်းမိတဲ့အတွက် မွေးသမိခင်၊ ကျွေးဖခင်ကိုလည်း ရိုသေ ဦးညွတ် တောင်းပန်ကန်တော့လိုက်ပါတယ်။

သြော် တော်ကီတွေများနေတာနဲ့ လိုရင်းကိုမရောက်တော့ဘူး။ တောင်းပန်ပါတယ်ဗျာ။ F.O.C မဖြစ်ပေါ်မှီက ၁၈၂၀ ခုနှစ်မှာ အင်္ဂလန်လူမျိုး Mr Tyndall က ရေစီးကြောင်းအတွင်းမှာ အလင်းပို့လွှတ်စီးဆင်းနိုင်ပုံကို စမ်းသပ်ပြသခဲ့ပြီး Mr Graham bell က အလင်းရောင် အသုံးပြုသည့် တယ်လီဖုန်းကို ထုတ်လုပ်ခဲ့သော်လည်း သင့်တော်တဲ့ အလင်းရောင်ထုတ်လွှင့်မှု ရရှိရန်ခက်ခဲ့သောကြောင့် အလင်းရောင်ထုတ်လွှင့်မှုစနစ်ကို ၁၉၈၀ခုနှစ်ရောက်မှ အတည်ပြု သုံးစွဲခဲ့ကြပါတယ်……………

အလင်းရဲ့ ဂုဏ်သတ္တိများကို နည်းနည်းတော့ရွှီးပါရစေဦး။ ကျွန်တော်ရွှီးတဲ့ အထဲမှာ ရိုက်လင်းတန်း၊ ပြန်လင်းတန်းတို့ ပြောပြောနေတဲ့ ဟိုကျောင်းသူားများမပါ ပါ။ အလင်းက လှိုင်းပုံသဏ္ဍာန် ရွှေ့လျားပြီး အလင်းလှိုင်းလျား(wave length)၊ အလင်းတုန်းနှုန်း(frequency in Hz)၊ လျှပ်စစ်သံလိုက် သံစဉ်(electron magnetic spectrum) တွင် တွေ့မြင်နိုင်ပါတယ်။

ဖန်မျှင်ကေဘယ်လ်များအတွင်းသို့ အလင်းပို့လွှတ်ရာမှာ အလင်းပြန့်ခြင်း နိယာမကိုအသုံးပြုပို့လွှတ်ကြပါတယ်။ အလင်းကယိုင်ညွှန်းကိန်း (Refractive Index) မတူတဲ့ အလင်းပေါက်နယ်နှစ်ခုကိုဖြတ်သန်းသွားပြီး မူလလမ်းကြောင်းအတိုင်း တည့်မတ်စွာမသွားဘဲ ယိုင်သွားတဲ့အတွက် အလင်းရိုက်ထောင့်(Incident angle) ယိုင်သွားလျင် ယိုင်ထေင့်ကြီးမားလာပြီး တချိန်တည်းမှာ ဆက်တိုက်ဖြစ်ပေါ်လာပြီး အတွင်းသို့အလင်းပြန့်ခြင်းကို ပို့လွှတ်ခြင်းဖြစ်ပါတယ်။

foc

F.O.C တည်ဆောက်ပုံကို အခြေခံအားဖြင့် 1။ step index fiber, 2။ graded index fiber ဟု ၂ မျိုး ခွဲထားကြောင်းတွေ့ရှိရပါတယ်။ F.O.C အသုံးပြုခြင်းဖြင့် ဆူညံမှုနည်းပါပြီး အသုံးပြုနိုင်မှု band width ကျယ်ပြန့်ခြင်း၊ အရွယ်အစားသေးငယ်ပြီး အလေးချိန်ပေါ့ပါးခြင်း၊ တယ်လီဖုန်းလိုင်းများစွာ ဆက်သွယ်အသုံးပြုနိုင်ခြင်း၊ ကြားဖြတ်နားထောင်လို့မရခြင်းများကြောင့် သတင်းလုံခြုံမှုများ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ခေတ်မီဖွံ့ဖြိုးပြီးဖြစ်တဲ့ အမေရိကန်လို နိုင်ငံကြီးတွေကတောင် line ကွန်ယက်ဖြင့် ဒီကနေ့ထိ သုံးစွဲနေပါသေးတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်မက ကမ္ဘာ့နိုင်ငံ တော်တော်များများမှာပါ F.O.C ကြိုးများဖြင့် သုံးစွဲနေကြခြင်းဖြစ်ပါတယ်။ ဒီနေတော့ သွားစရာလေး တစ်ခုရှိလို့ ဒီနားလေးမှာ ခဏတော့ရပ်ထားပါရစေဦး။ ဒုတ်ခ ခံ၊ မျက်စိအညောင်းခံပြီး သည်းခံခြင်းများစွာနဲ့ အားပေးသူများအား အထူးပင် ကျေးဇူးကမ္ဘာပါ။

About thaung htutsoe

thaung htutsoe has written 3 post in this Website..