လမ်းမှာ တွေ့ခဲ့တာလေး သာမန် အခြေအနေ တစ်ခုလို့ မယူဆ လို့ ရွာသူားတွေကို ပြောပြချင်ပါတယ် အဲ နဲနဲ ဖွ ချင်ပါတယ် ဖွ ခွင့်ပြုပါနော… ဒီရက်ထဲ ရန်ကုန်မြို့က ပြည်လမ်းမကြီးဘေး ဆက်သွယ်ရေးက ကြိုးလိုင်းတွေ မြုပ်ဘို့ မြောင်းတွေ တူးနေတာ တွေ့တယ် ၊ တူးတာက ယောကျာင်္၊မိန်းမတွေ အပြင် ၈/၉ နှစ်အရွယ် ကလေး ငယ်တွေပါ ပါနေလို့ စိတ်မကောင်းဖြစ်မိသေး ဒီအချိန် ဒီအရွယ်ကလေးငယ် တွေ စာသင်ကျောင်းတွေမှာ စာမေးပွဲ ဖြေနေရမဲ့ အချိန် မသင်မနေရ မူလတန်းပညာရေးဆိုတာ သူတို့နဲ့ မဆိုင်လို့လား ကလေးအလုပ်သမား မခိုင်းရဘူးဆိုတာ ဘယ်သူတွေကိုလဲ ငေးမိ တွေးမိ ပေမဲ့ တခြားလူတွေ သွားပြောမိရင် ငါတို့ ဆီ ဒိထက်တောင် ပိုသေးလို့ အပြောခံရကိန်း မြင်လို့ မပြောဖြစ်တော့ဘူး… ဒီနေ့ မနက်တော့ ကားလမ်းဘေး မနက်စောစော ပိုင်းလိုင်း ကိစ္စ အလုပ် လုပ်နေတဲ့ အလုပ်သမားနှစ်ယောက်တွေ့လို့ ကားရပ်ရင်း ဘာတွေလုပ်နေတာလဲ သိအောင် စပ်စုကြည့်မိတော့ ငါ့စကားသူ မသိ သူ့စကား ငါ မသိ တဲ့ ကိုယ်ရွှေတရုတ်တွေ ဖြစ်နေလို့ တော်တော်လေး အံသြသွားပါတယ်… လုပ်နေတာက ပန်းရံ အလုပ်ပါ ဆက်သွယ်ရေးပိုင်း ဆိုင်ရာ ပညာရှင် ရာထူးတွေ မဟုတ်ပါဘူး လုပ်ငန်းခွင်က ဆက်သွယ်ရေးက တိုက်ရိုက်ခိုင်းတာလား ၊ တခြား အပြင် ကုမ္ပဏီခွဲ တစ်ခုက ခိုင်းတာလားတော့ မသိရဘူး ၊ ဒီလို ကိစ္စမျိုး ကျောက်ဖြူ ပိုက်လိုင်းကိစ္စမှာ ကြာဖူးလိုက်တယ် အခြေခံ အလုပ်သမားတွေက တရုတ်တွေတဲ့ ၊ အခု တော့ ရခိုင်တင် မဟုတ် ရန်ကုန်မြို့ထဲထိပါ အောက်ခြေ အလုပ်သမားအဖြစ် လာလုပ်နေကြတော့ မြန်မာနိုင်ငံသား အခြေခံ အလုပ်သမားတွေက ဘာလုပ်ကြရတော့မှာလဲ.. 1

2

3 ရင်းနှီးမြုပ်နှံမူ ဥပဒေမှာတောင် မြန်မာတွေ မလုပ်နိုင်တဲ့ ကျွမ်းကျင်လုပ်ငန်းတွေမှာသာ နိုင်ငံခြားသား ပညာရှင် ခန့်ရမယ် ရာခိုင်နှုန်းဘယ်လောက်ပဲ ရှိရမယ် နှစ်ဘယ်လောက် ကြာရင် မြန်မာပညာရှင် ဘယ်လောက်ရာခိုင်နှုန်းဖြစ်အောင် လေ့ကျင့်ခန့်ထားရမယ်လို့ အတိအကျပြောထားတာပဲ…

အခု လုပ်ငန်းမှာ တရုတ်တွေကို (မြန်မာအလုပ်သမားတွေ လုပ်နိုင်တဲ့)အခြေခံလုပ်ငန်း အလုပ်ကြမ်း ခိုင်းခွင့် ရှိ/မရှိ ( ပန်းရံ လက်ရာကတော့ သာမန်လက်ရာပဲ)

သူတို့ မြန်မာစကားတော့ မပြောတတ်ဘူး မြန်မာ မှတ်ပုံတင်ကိုင်ထားသလား/ပတ်ပို့စ် နဲ့ ၀င်လာတယ်ဆို ဘယ်လို ဗီဇာပေးထားသလဲ ၊ သက်တမ်း ဘယ်လောက်ရလဲ ၊သူတို့ ဘယ်မှာ နေထိုင်ကြသလဲ

ဆက်သွယ်ရေးလိုင်းတွေမှာ ကျင်းတွေတူး သူတို့ချည်းပဲ လုပ်နေတာ လုံခြုံရေးအရ စိတ်ချရမှုရှိသလား….

လက်ရှိ အခြေအနေမှာတောင် လူကုန်ကူးခံရတဲ့ ကိစ္စ အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းက တရုတ်ကို တရုတ်မယားအလုပ်ခံရဘို့ ရောင်းစားခံနေရတယ်တဲ့ ၊ ဟိုကို ခေါ်လာတဲ့ အထိ မစောင့်နိုင်တော့လို့ ဒီ ထိ များရောက်လာကြတာလား….

ဘာရယ် မဟုတ် .နဲနဲ ဖွ ကြည့် မိတာပါ နော..ရွာသူားတွေရဲ့ ပတ်ဝန်းကျင်မှာရော ဒါမျိုး ဘယ်လောက်တောင် မြင်တွေ့နေရပြီလဲ …

( တရုတ်မုန်းတဲ့ စိတ်နဲ့ ရေးတာ မဟုတ်သလို အဲဒီစိတ်လဲ လုံးဝ မရှိပါဘူး ၊ ဟိုး အရင်ကတဲ နေလာခဲ့ တဲ့ မြန်မာတရုတ်တွေ ၊ တရားဝင် ၀င်လာပြီး စီးပွားလုပ်ကိုင်နေကြတဲ့ တရုတ်တွေကို ဘာမှ ပြောစရာ မရှိပေမဲ့ ဒီ ကိစ္စကတော့ ဆက်တွေးကြည့်ရင် စိုးရိမ်စရာ အခြေအနေတွေ ရှိတာမို့ ပို့စ် တင်ကြည့်ခြင်းပါ)

မောင်ဆန်း

About မောင်ဆန်း

has written 64 post in this Website..

မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ