ချစ်သူသို့ တမ်းချင်း (တြိချိုး)

ဟိုဝေးမှာ
ပိုဆွေးကာ အနေခက်ပါလို့
ပွေရတက် ဖြေမလွယ်
လွမ်းလွန်းလှတယ်။

ချစ်သူရယ်
ခုချိန်မယ် တစ်မြေခြား။

နှေးမကြာ
တွေးကာသာ ကြိုးစားရ
နောင်ကာလ နီးမှာမို့ကွယ်
အားတင်းလို့ထား။။

တောက ကိုရင်
၃၁.၀၃.၂၀၁၃

About koyin

တောက ကိုရင် has written 59 post in this Website..

ပျံသန်းနေတဲ့ ငှက်တစ်ကောင်ပေါ့… ခရောင်းတောမှာ လမ်းကောင်းကောင်းလျှောက်တတ်ဖို့ ကြိုးစားဆဲ…

   Send article as PDF