ဘယ်သူများလဲကွယ်…
ဒီလိုပါဗျာ…
သူငယ်ချင်းတွေ စကားပြောဖြစ်တဲ့အချိန်ခဏလေးအတွင်းမှာ…
စကားပြောနေကြတဲ့အထဲက တစ်ယောက်က ကဗျာလေးတွေကို လက်တန်းစပ်ပေးတယ်…
အကုန်လုံးအံ့ဩခဲ့ရပါတယ်…
အဲဒီတော့ ရွာသူားများအားလုံးလဲ ဖတ်ရအောင်… သွားရည်ကျရအောင်… အားလုံးလဲ ပဟေဠိလေးနဲ့ အပျင်းပြေရအောင်…
အောက်က ကဗျာတွေရေးတဲ့သူက ဘယ်သူလဲလို့ အဖြေညှိကြရအောင်လေ…
သိပြီးသားလူတွေမပါနော်…
ဘဲကင်သို့ တမ်းချင်း (ရှစ်လုံးဖွဲ့)
ဗိုက်မှာဖောင်းကား၊ ပေါင်ထွားထွားနဲ့
အသားကနီ၊ အဆီ ရွှဲရွှဲ
အိတွဲချိုအီ၊ ဘာယီနဲ့ဆွဲ
သွားရည်ရွှဲ ၊ ငါဆွဲမယ့်ဘဲကင်။
ငါ၏အော်ဒါ၊ မုချလာသော်
ဒီစားပွဲထက်၊ တလက်လက်နဲ့
တောက်ပဖိတ်ကြွား၊ ဘော်ငွေရောင်ဓား
ငါအားသုံးပြီး၊ လှီးဖြတ်မကြာ
ချိုမြိန်စွာ၊ ငါးစားသုံးလို့သာ။
တယောက်တည်းစား၊ ဗိုက်ကားလာပြီ
ဘာယီတကျိုက်၊ ဘဲကင်ကိုက်နှင့်
လောကစည်းဇိမ်၊ ခပ်မြိန်မြိန်သာ
သုံးဆောင်ရင်း၊ ခင့်လွမ်းရပ်ဝေးမှီ။
ကြာခဲ့ပါပြီ၊ မျှော်ကိုးကာလေ
သည်ဟာဒွေကို၊ မျိုဖို့ စို့ဖို့
မောင်လေကြိုးစား၊ ပျိုအားမှာစေ
ကြိုမှာပေး၊ ပိုဆွေးမောင့်သက်သေ…
————————————————————————————————————————-
ဒါသည်ကား တစ်ပုဒ်…
ငါးကင်သို့ တမ်းချင်း (တြိချိုး)
ဆယ်လမ်းမှာ
ဂယ်လွမ်းကာ အနေခက်ပါလို့
ငါးကောင်ကင် မာလာဟင်း
ဗျင်းချင်လှတယ်။
ငါးကင်ရယ်
ခုချိန်မယ် တစ်မြေခြား
ဆွေးကသာ
ဝေးကာသာ နေနေရ
နောင်ကာလ နီးမှာမို့ကွယ်
အားတင်းလို့ဆွဲ…
————————————————————————————————————————-
အိုဘယ့်… ကဗျာဆရာရယ်…
ပေါက်ပေါက်ရှာရှာမင်းနှယ်…
ရောက်ရောက်ရာရာ
အစားအသောက်သောင်းကျန်းပါလို့
မျက်စိထဲလဲမြင်အောင်…
ပါးစပ်ကသွားရည်ဆွဲထုတ်ကာပြပါတဲ့…
ဖွဲ့နွဲ့ကာအတည်…
အိုဘယ့်… အစားအသောက်ရယ်အပီပါမို့…
ခန့်မှန်းကာအဖြေညှိမယ်…
ဘယ်သူ့လက်ချက်တုန်း….
(တိုက်ဆိုင်မှုများရှိရင်ခွင့်လွှတ်စေချင်ပါတယ်… အပျော်သဘောနဲ့ရေးတာမို့လို့ပါ…)
ခင်မင်လျက်-
ဖက်ဖက်ကက်
25 comments
KZ
April 2, 2013 at 3:20 pm
သိရင်
အဲဒါတွေ လိုက်ကျွေးမလား။
:528:
:kwi:
တကယ် အံ့ဩပါတယ်အေ။
တော်ပါတယ်ဟဲ့။
ကူးပြီး သိမ်းထားလိုက်ပြီ။
weiwei
April 2, 2013 at 3:24 pm
ဦးကျောက်ခဲ …..
နွယ်ပင်
April 2, 2013 at 3:45 pm
အဲလိုပေါက်ရတွေပြောတက်တာ သိနေတယ် အဲတာ သူပေါ့ ……. (မိုးဟေကို လေသံနှင့် ဖတ်ရန်) ဟိဟိ …. :harr:
Ma Ei
April 2, 2013 at 3:53 pm
သေချာပါတယ်…သူပါပဲ…
မဟာရာဇာ အံစာတုံး
April 2, 2013 at 4:23 pm
ဘူဒုံးးး ဘူဒုံး ဘူဒုံး .. 🙄
သိဝူးးး သိဝူးး သိဝူးးး
သိဒယ် .. သိဒယ် .. သိဒယ် …
မြင်ဒယ် .. မြင်ဒယ် .. မြင်ဒယ် …
အပေါ်က ဟာဂျီးလည်း စားချင်ဒယ် ..
အောက်က ဟာဂျီးလည်း စားချင်ဒယ် …
MaMa
April 2, 2013 at 5:19 pm
ခလောက်ခနဲတောင် ကြားလိုက်ရသလို ကျောက်ခဲအတုတော့ မဖြစ်လောက်ဘူး။ :kwi:
ပဟေဠိတော့ ဖြေပြီးပြီ။
ဘာဆုရမှာတုန်းးးးးးးးးးးး
GaviaGirl
April 2, 2013 at 10:19 pm
ကိုကမ်းကြီးလား.. ဟိဟိ… မှန်းကြည့်တာ.. မှန်ရင် ဘဲကင်ရော..ငါးကင်ရော..ဝယ်ကျွေးဘာ… မှားရင်တော့ မှားတယ်လို့ပဲ မှတ်လိုက်ဘာ… ဟိဟိ
အရီးခင်လတ်
April 2, 2013 at 11:35 pm
သိဘူး။
ဘဲကင် နဲ့ ငါးကြော် ကို သာ မြင်၏။
😆
kai
April 3, 2013 at 4:31 am
ရဲရဲနီဘဲကင်
ထီမထင်ငကင်
ပြီတီတီ ပြောင်ကာပြပါလို့
ဗစ်ဇူဝယ်ဘဝ ဖြစ်ကြတော့ရယ်
ဗိုက်ထဲနေပိုးမျိုးတထောင်က
ဖင်ထောင်ကာ လှန်ပြတယ်
(စိတ်နာနာနဲ့)
တီးဟဲ့.. ဘာဂါအလုံး။ ။
ဗစ်ဇူဝယ် = Visual
ဘာဂါ = Burger
ကြောင်ဝတုတ်
April 3, 2013 at 8:42 am
တော်တော်များများကတော့… ဦးကျောက်ခဲတဲ့…
အဲ… ကိုကမ်းကြီးလို့ ဆိုသူလဲရှိလာပြန်သကော…
အဖြေညှိကြည့်ရရင်… ဘဲကင်သည်လည်းကောင်း… ငါးကင်သည်လည်းကောင်း…
အရက်သမားတို့အဖော်… ကစော်အမြည်းများဖြစ်သောကြောင့်…
အရက်သမားအပေါင်းကို မျက်စောင်းထိုးကြသည်လဲဖြစ်လတ္တံ…
သို့သော်လည်း…
နဲနဲလေးတော့လွဲနေတယ်…
လွဲလွဲလေးပဲကောင်းပါတယ်…
အဖြေမှန်သူတစ်ယောက်မှမရှိသေးပါခင်ဗျာ…
ခင်မင်လျက်-
ဖက်ဖက်ကက်
တိမ်မည်း
April 3, 2013 at 9:05 am
ဂလု…..
စားချင်လာပီ…… :harr:
Moe Z
April 3, 2013 at 9:14 am
ဒီအသုံးအနှုန်း ဒီရေးပေါက်ကတော့
ဘုန်းကြီးဝတ်ရင်တောင် ဘာယီဖျော်ရည်ဆိုပြီး ကပ်ခိုင်းမယ့်လူဂျီးပဲ
အရှေ့ကျွန်းကနေ ဒီကအစားအသောက်တွေ လှမ်းပြီးငတ်ကြီးကျနေတာ 😆
မဟုတ်ရင်ဘူးဆိုရင်တော့ ကန်တော့နော် အူးလေး
Mon Kit
April 3, 2013 at 10:43 am
အင်!!!!
မိဂီလားဟင်??????
အားလုံးကတော့ ရှယ်ဘဲ.. ကဗျာ စာသားရော.. ဘဲကင်ရော.. ငါးကင်ရော…
ရှလွတ်!!!!
:harr:
kyeemite
April 3, 2013 at 1:45 pm
မဟာရာဇာ အံစာတုံး says:
အောက်က ဟာဂျီးလည်း စားချင်ဒယ် …
မောင်အံစာ…ဇကားကျွံရင်နှုတ်မရဘူးနော်.. :harr:
ငါးကင်သို့ တမ်းချင်း (တြိချိုး)..ကတော့ မာမီဂီဖစ်နိုင်တယ်။
ဘဲကင်သို့ တမ်းချင်း (ရှစ်လုံးဖွဲ့)..ဒါကတော့ အာဂလက်ရာပဲ။ ရမ်းတုပ်ခဲ့ပါ၏။ :kwi:
ကြောင်ဝတုတ်
April 3, 2013 at 3:03 pm
တချို့မဖြေက မှားနေတယ်…
တစ်ချို့မဖြေက မမှန်တမှန်…
စဉ်းစားကြည့်လေ…
ကော်မန့်မပေးဘဲ ပုန်းနေတာဘယ်သူလဲလို့…
အဲ့လူပေါ့….
ခင်မင်လျက်-
ဖက်ဖက်ကက်
garuda
April 3, 2013 at 3:18 pm
အင်း..ဘဲကင်ဘဲကင်..မောင့်အကြိုက်ဘဲကင်။
ဘာဖြစ်ဖြစ် ဘဲအကြောင်း တမ်းချင်းဖြစ်တဲ့အတွက်..ရေးသူဟာ ကဗျာဆရာမ ပဲဖြစ်ရမယ်။ :hee:
ကြောင်ဝတုတ်
April 3, 2013 at 3:21 pm
ကဗျာဆရာမတဲ့ကွယ်… ဟုတ်ပါ့…ခိခိ
ဖားသက်ပြင်း
April 3, 2013 at 3:48 pm
:byae: :byae: :byae: :byae: :byae: :byae: :byae: :byae: :byae:
:byae: :byae: :byae: :byae: :byae: :byae: :byae: :byae:
:byae: :byae: :byae: :byae: :byae: :byae: :byae:
:byae: :byae: :byae: :byae: :byae: :byae:
:byae: :byae: :byae: :byae: :byae:
:byae: :byae: :byae: :byae:
:byae: :byae: :byae:
:byae: :byae:
:byae:
ကီလိုဇူးလူးဝီစကီ
April 3, 2013 at 3:51 pm
ဟယ်။
မိဂီ ငိုတာ လှ, လှ သေး တော့။
:harr: :harr: :harr:
:harr: :harr:
:harr:
ယန်းကီးစပဲရိုး
April 3, 2013 at 4:04 pm
အဲ့ဒါ … အဲ့ဒါ
ကျုပ်ဘဲ ကျုပ်ဘဲ
ဟီဟိ … ဘာရယ် မဟုတ်ဘူး
အိုင်တွေ့တုန်း ခြေဝင်ဆေးတာ။
:harr:
အဲ့ကဗျာရေးသူကို ပြောပေးပါ
ဖားကင် အကြောင်း စပ်ပေးပါလို့ ….. နော်
Mr. MarGa
April 3, 2013 at 6:08 pm
မှန်းမယ်ကွယ်
ဘဲကင်နဲ့ ငါးကင်
မောင်မတ် သို့မဟုတ် ကယွဲစီ
တစ်ယောက်ယောက်ပဲ ဖြစ်ရမယ်။
etone
April 3, 2013 at 7:32 pm
ဘဲကင်တော့
ရှလွတ်ရှလွတ် ….. လွမ်းထှာ :byae:
TNA
April 6, 2013 at 6:22 pm
အောက်စဖွတ်မှာ လေးနှစ်ထုံးသုတ်လာတဲ့ ဘွပုများလား။
Alinsett @ Maung Thura
May 7, 2015 at 3:22 pm
အရသာ မြောက်ပါပေ့… အဲလေ… ရသမြောက်ပါပေ့…
:k:
အောင် မိုးသူ
May 7, 2015 at 3:40 pm
ဗျဲးးးးးးးးးးးးးးးးးး ဘဲကင်စားချင်သယ်…