မှောင်မိုက်မိန်းမော မုန်းမေ့မည်…
(ပုလဲတစ်တန့် သန္တာတစ်တန့်)

စိမ်းစိုစွင့်စွင့်၊ သည်းပန်းပွင့်လျှင်၊

ရွှေရင်ရှိန်းရှ၊ နူးညံ့လှဆို၊

သိုသိပ်သံသာ၊ ရင်သည်းညှာမျက်၊

ရိုးရှည်ရွက်ရင့်၊ သည်းအိုလွင့်ကြွေ၊

ချူခူးခြွေချ၊ နင်းချေမှသာ၊

ရည်ရွယ်ရာရေး၊ ရင်ဖိုဆွေးထိတ်၊

စိုးစိတ်စွေစဉ်၊ သူကြဉ်ရှောင်ဖယ်၊

ပစ်ပယ်ပြေးပုန်း၊ ရင်မှရုန်းထွက်၊

နုံးနံနက်နေ၊ ရတက်ပွေကာ၊

နှောင်းနွေနှယ်နွမ်း၊ လှိုက်ဖိုကျွမ်းပြန်၊

ရှောင်ရှားရန်ရည်၊ လွတ်နိုင်မည်လား၊

ဝေဝါးဝိုးဝင့်၊ ပူလှိုင်းဆင့်ပျိုး၊

ခွဲခွာချိုးချင်၊ မောင့်ရင်ခွင်နွေး၊

ဆည်းဆာဆွေးဆဲ၊ လပျောက်မြဲည၊

တမ်းတတွေတွေ၊ ရင်သည်းဖြေလျှော­့၊

ပြေပြစ်ပျော့ပြောင်း၊ ညင်သာထောင်းဘိ၊

မူးမေ့မိမည်၊ နိုးချိသည်ဆူး၊

ရွှေရင်ရူးရုံ၊ ရာသီကုန်မှ၊

မြေမှုန်မြူမှိုင်း၊ နာကျင်လှိုင်းဒဏ်၊

စိုးစံစေစား၊ သည်နွေခါးချင်၊

ရင်ရဲ့ရိုးရာ၊ နှလုံးနာသင့်၊

ခွဲခွာချစ်ခြင်း၊ အိပ်မက်ရင်းဖွေ၊

ကျွမ်းကာကြေကွဲ၊ ဖြေနိုင်ခဲမီး၊

ညှာညှိုးညည်းညူ၊ သည်းဝေဆူခိုက်၊

မှောင်မိုက်မိန်းမော မုန်းမေ့မည်…။။

တောက ကိုရင်
၁၇.၀၄.၂၀၁၃

About koyin

တောက ကိုရင် has written 59 post in this Website..

ပျံသန်းနေတဲ့ ငှက်တစ်ကောင်ပေါ့… ခရောင်းတောမှာ လမ်းကောင်းကောင်းလျှောက်တတ်ဖို့ ကြိုးစားဆဲ…