အလင်းဆက် / အသက် (၂၅)နှစ်
ခ ရေ ပွင့်တွေ ရုတ် ရုတ် သဲသဲ ထ ပွင့်သည့် မနက်ခင်းတစ်ခုမှ အစပြုသော
ပြဿနာ ဖြစ်ပါသည်။
တကယ်ဆို မ ရေ ရာခြင်း နိယာမ နှင့် ရန်ဖြစ်ပြီး အိပ်စက်ခဲ့ရာမှ
သူ နိုးထ ဖို့ မသင့်ခဲ့ ။ အိပ်စက်ခြင်း နှင့်အတူ ထပ်တူထပ်မျှ
ဆက် အိပ်နေလိုက်ဖို့သာ ကောင်းသည်။
အစစ်အမှန်သည် ရှာ ရ ဖွေ ရ ခက်ခဲ နေပြီမှန်း သိကြ သော်လည်း
ဈေးပေါသော အစစ်အမှန်များကမူ ရောင်း ကောင်း နေဆဲ မဟုတ်လား။
ပျံသန်းခြင်းနှင့် ပြုတ်ကျခြင်း အကြားတွင် ကြွကြွ ရွ ရွ ခြေလှမ်းက လေး
တစ်ချက်သာ ခြားပြီး ထို လှမ်းလျှောက် ရာ ခြေလှမ်းများသည်
လုံးဝ ( လုံးဝ) မပျံသန်းတတ်တာလည်း သေချာသည် မဟုတ်လား။
ဆုံးဖြတ် ရ ခက်သော ဆုံးဖြတ်ချက်များ နှင့် နေသားတကျ ဆုံးဖြတ် ရ
ခက်နေ သော သူ့အတွက် ဒီနေ ့ မနက်မှ ည အထိ လူ ပီသ သင့် / မပီသ သင့်
ဆုံးဖြတ် ရ ခက်နေပါသည်။
မနက်ဖြန် အ ကြောင်း တွေးလိုက်မိသည်နှင့် သူ ပုလဲ နည်းနည်း
ခ ချင် ပါသည်။ မနက်ဖြန် သည် တချို့ ပုဂိ္ဂုလ်များ ၏ မနက်ဖြန် ဖြစ်သော်လည်း
သူ့အတွက်တော့ မနက်ဖြန် သည် မနက်ဖြန် မပီသ ခဲ့ပါ။
တကယ်တော့ သူက မနက်ဖြန်ကို ထားရစ်ခဲ့တာလား
သူ့ကို မနက်ဖြန်က ထားရစ်ခဲ့တာလား
သို့မဟုတ် မနက်ဖြန်မှာ သူက နေရစ်ခဲ့တာလား
သူ့ထံမှာ မနက်ဖြန်က နေရစ်ခဲ့တာလား
သူ လည်း သေချာ မသိပါ။
သေချာတာက တော့ သူ မနက်ဖြန်တွေကို မချစ်ပါ။
———-=—–
post modern ကို သူ ချစ်သည်။
ကာရန်ကို သူ မချစ်။
ဆံပင် ရှည်ကို ဆံထုံးမြင့်မြ်င့်က လေးထုံးပြီး မြန်မာ့ ရိုးရာ ရနံ့ သင်းသော
အမျိုးသမီးတစ်ယောက်ကို သူ ချစ်သည်။
ဂျင်းဘောင်းဘီ ဝတ်သော မြန်မာ အမျိုးသားများကိုတော့ သူမချစ်။
ချစ်သုဝေ ဆိုသော ကောင် မ လေး ၏ တိမ်တွေ နေတဲ့ အရပ်ထဲ
သူ သွား နေချင် သည်။
သို့သော် အဲသည် ကောင် မ လေး နဲ့ သူ မပက်သက်ချင် ခဲ့။
အ ကြောင်းမှာ သူသည် ချစ်သုဝေဆိုသော အဆိုတော် လေးကို
ချစ်မြတ်နိုးခဲ့သော ကြေက့် ဖြစ်သည်။
သူဟိုတစ်ချိန်က အတ္တနည်းနည်း ကြီးရုံမျှ မက မာန များများနှင့်
ဒေါသ များများတို့ကို ထုတ်လုပ် ရာ စက် ရုံ တစ် ရုံ သဖွယ်
လည်ပတ် နေခဲ့ဖူးသည်။ အခုတော့ သူ့ ့လက်ဖဝါးများက အလိုလိုပြေ လျော့
လောကမှာ သူ ဘာကိုမှ ဆုပ်ကိုင် မထားရဲလောက် အောင် သတ္တိတွေ ရှိခဲ့ပြီ ။
ဆုပ်ထားသော လက်သည် အရာ အားလုံး လွတ်ကျသည်။
ဖြန့်ထားသော လက်သည် အရာ အားလုံးကို သိမ်းပိုက်သည်။
သိမ်းပိုက်ခြင်း ဖြစ်စေ စွန့်လွှတ်လိုက် ရခြင်း ဖြစ်စေ သူ မမက်မောပါ။
သူ အဖြစ်ချင် ဆုံး ကိစ္စသည်
ပြစရာ သုည သ င်္ကေတ က လေးပင် မရှိသော သုည ( တကယ့် သုည စစ်စစ်)
တစ်လုံး ဖြစ်ဖို့ ။
မ နေ ့ က ကို ရောက် ရင်တော့ သူ စကားတစ်ခွန်းတော့ အ ပြောင် အပျက်
ပြော ရပါဦးမည်။ ထိုစကားမှာ
Literature is never pure art .
ထပ်ပြောပါမည် ။
literature is never pure art .
Clive Bell နှင့် Roger Fly တို့ကိုတော့ အားနာပါသည်။
Formalism ကို မြောင်းထဲ တွန်း ချခဲ့ပြီ ဖြစ်ကြောင်း
တောတိုး နေ သော ဆင် ကန်း ကြီးများနှင်ုံ့ ဆုံတွေ ့ လျှင် သူ ပြောမှ ဖြစ်ပါလိမ့်မည်။
Absent Centre နှင့်Ontological Uncertainty ကိုတော့ လေးစား စွာ
ထို့ပြင် ထွန် ့ထွန့် လူးစွာ နာယူ ထားပြီး ဖြစ်သည်။
သိပ် မလှ ပ တော့သော ဤ ဋ္ဌာနေ ထဲတွင် ကြံကြံ ဖန် ဖန် အ တွေးကပ်ကပ် သပ်သပ် များ
သုံး၍ ရှင် သန် ပါမှ . . . . . . . . . အင်းလေ
မတရားဘူး ဆိုတာ မရှ်ိတဲ့ အချစ် နဲ့ စစ် မှာ တောင် မှနာင် တ ဆိုတာ ရှိ လာ သေး တာ ပဲ ။ကဲသူက ဘာ . . မို့လို့လဲ။
==============
ဆက် ထားသော ကြိုးထုံးလေး များကို ေြ ဖရင်း လျှော့ ရင်းဖြင့် သူကိုယ်တို
င် ကြိုးထုံးကြီး တစ်ထုံး
ာဖြစ်မှန်းသိသိ ဖြစ်ခဲ့ ဖူးပြီး မှ ဘာကို မှ ကြောက်စရာ မလိုတော့ပါ။
ရှိသော သတ္တိများကို ထုတ်မသုံးရဲ တာကိုတော့
သူ ့ရဲဝံ့မှုှုအတွက် သူ ့ကိုယ်သူ ဂုဏ်ယူ မြဲ =
=================
ပြဿနာကို လူတွေက သူ ့ဆီ ခေါ်လာခြင်း မဟုတ်ပါ ။
သူ ကိုယ် တိုင ်က ပြဿနာ ရှိရာ ကို မီးခွက် ဆွဲ ကိုင်ပြီး အ ရောက်သွား ဆွဲ ခေါ်လာခြင်းဖြစ်သည်။
ထို့နေ့က ခ ရေ ပွင့် တွေ ရုတ် ရုတ် သဲသဲ ထ ပွင့် ကြသည်။
သို့သော် ်
ထို နေ ့ကို သူ အတိအကျ မမှတ်မိ ။
အဘယ်ကြောင့်ဆိုသော်
ခ ရေ ပွင့် တွေ ရုတ် ရုတ်သဲသဲ ထ ပွင့်ခဲ့သော ထို နေ့သည်
ရောက် မလာသေးသော နေ ့တစ်နေ ့ ဖြစ်သော ကြောင့်. . . . . . . . . .
============
လေးစားစွာ့ဖြင့်
အလင်းဆက်
alinsett.art@gmail .com
19 comments
KZ
April 18, 2013 at 9:26 am
မလည်ဘူး …… နား
လည်တယ် ….. မျက်စိ
ဒါမဲ့ ကြိုးစားဖတ်သွားတယ်။
ရှပ်အဖြူလေး နဲ့ ယောပုဆိုးလေးဝတ်တတ်သော အမျိုးသားများကို ချစ်၏။
ဖော်လွန်းအားကြီးမှ ဆက်ဆီကျမယ်ထင်သော အမျိုးသမီးများကို မချစ်ပါ။
ခရေပွင့်တွေ ရုတ်ရုတ်သဲသဲထပွင့်တယ်ဆိုတော့ ရင်ခုန်သွားတယ်။
ဘဝမှာ စိတ်အလှုပ်ရှားဆုံး၊ အပျော်ဆုံး အလုပ်ထဲမှာ ခရေပွင့်ကောက်ရတာ ပါတယ်။
ဒါနဲ့ ညည်း ခေါင်းစဉ်က လန့်စရာကြီးအေ။
S@i S@i Fin K@i
April 18, 2013 at 10:15 am
ဘာပုဒယ်… ဂျင်းဘောင်းဘီ ဝတ်ရင် မခြစ်ဘု ဟုတ်စ..
အသည်းနှလုံးမရှိတဲ့ မိန်းမဂျီးပဲ…
:byae:
ဂျင်းပင်န် နဲ့ ဂီတာကို ကုလက ကမာ္ဘပိုင်ပစ္စည်းအဖြစ် ကြေငြာထားတာဆို..
အဲ့ဒီမိန်းမ ဂလိုဘယ်လိုက်ဇေးရှင်း မသိသလို ဒစ်ပလိုမေစီ နဲ့ ကော့စမိုပေါ်လစ်တင်န်လည်း
နားလည်မယ် မထင်ဘာဘု…။
တော်ဘာဘီလေ ..ပိုစ့်မော်ဒန်-လစ်ဘရယ်-ဝါရင့်-အခြစ်ကျောင်းသူယီး ကိုပဲ ခြစ်ပါဒေါ့မယ်..
(P.S တူဂ လစ်ဘရယ်ကျလွန်းတာများပျောဘာဒယ်. ဟိုမင်းသားလေးကိုတောင် အခြစ်မပြယ်နိုင်ဘု ဆိုတော့)
အာဟိ
ဒက်ဂလောက်..ဒက်ဂလောက်..
:harr:
ဦးကြောင်ကြီး
April 18, 2013 at 10:30 am
နှစ်ဆဲ့ငါးနှစ်
တမတ်သားစစ်
အရှက်ကျားခေတ်
ဖလက်နွားညစ်
လဖက်စားရစ်
မနက်အားဖြစ်
ငဝက်တားမြစ်
ခါးပတ်ယားခြစ်..။
Mr. MarGa
April 18, 2013 at 11:32 am
အလင်းဆက် / အသက် ၂၅ နှစ်
အဲဒါဖတ်ပြီးတော့ တွေးမိလိုက်တာ
အလက်ဆင်းကလေးတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သွားရှာပြီလို့
သေချာဖတ်ကြည့်တော့မှပဲ
စာတွေရေးထားတာမှန်းသိတော့တယ် :kwi:
ဗုံ ဗုံ
April 18, 2013 at 11:58 am
မုန့်ဟင်းခါး စားရပြီဟဲ့ ဆိုပြီး ဝမ်းသာသွားတာ တစ်ကယ်လည်းမဟုတ်ဘဲနဲ့ ဝမ်းနည်းသွားပြီ :kwi:
ဦး ကျောက်ခဲ
April 18, 2013 at 1:24 pm
သိပ်မြင့်တယ် ၂၅နှစ်သားလေး အလက်ဆင်းရယ်…
ဦးကျောက်က ပေါက်ကရပဲရေးတတ်တာမို့…
အသက် ၅၂နှစ်ရောက်ရင်တောင် နားလည်ပါ့မလားမသိ… ဟီ ဟိ
:harr:
မဟာရာဇာ အံစာတုံး
April 18, 2013 at 1:40 pm
ဖျောက် !!!
အစက ခေါင်းစဉ်ကျိပီး လက်ဖျောက် တီးလိုက်တာ …
ငါတော့ ဝါးဒီး ကျိတ်ရတော့မယ် ဆိုပီးး
ဟုတ်မှ ဟုတ်ဘဲနဲ့ …
ခရေပွင့်နဲ့ စ ….
ခရေပွင့်နဲ့ ဆုံး …. ပေါ့ …..။
ဖတ်ရှု အားပေးသွားပါတယ်ဗျာ …
မယ်ဘုတ်
April 18, 2013 at 1:50 pm
” အလင်းဆက် / အသက် (၂၅)နှစ် ”
ဟမရေး အတွေးချော်တော့မလို့ .. :kwi:
အလင်းဆက်
April 18, 2013 at 2:55 pm
အမှန်တော့ ခေါင်းစဉ် ဘယ်လို ပေးရမှန်း ကို မသိ လို့
ကိုယ့် နာမည်နဲ့ ကိုယ့် အသက် ပဲ ရေး ချ လိုက်ထှာ
အဟိ။
ပိုစ့်မော်ဒန် တေ ွ မော်ဒန်တွေ ဖတ်ပြီး
စိတ် မထိန်းနိုင် လို့ ရေးလိုက်တဲ့ စာပါ
ဖတ် ရှု ကြသူ အ ပေါင်း
ကိုယ် စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြ ပါစေဗျ
စာ ရူး ပေရူး တ ယောက် ရဲ့
စာ ကို ဖတ်ပြီး
ခေါင်းမူး သွား ကြပြီ ပေါါ့
:kwi:
ကိုရင်စည်သူ
April 18, 2013 at 5:20 pm
အစ်ကိုကြီး အလင်းချက်ကို ကျနော်ထက် ငယ်တဲ့လူမှတ်နေတာ
လတ်စသတ်တော့ ရ နှစ်လောက် အသက်ကြီးနေပါ့လားဗျာ..
ပြောမှာ ဆိုမှားချိရင် နှစ်သစ်မင်္ဂလာမှာ ခွေ့လွှတ်ပေးပါလို့
တောင်းဘန်ဘာတယ်.. :kwi: :kwi:
P chogyi
April 18, 2013 at 5:45 pm
မနက်ဖြန်တွေကိုမချစ်တဲ့အတူတူ
မနက်ဖြန်ဆိုတာကိုမတွေ့ရအောင်
ဆက်အိပ်နေမယ့်အတူတူ
ထာဝရအိပ်လိုက်ပါတော့ ညီလေးရယ်…………
မှတ်ပြီလား ခေါင်းစဉ်နဲ့ ကိုက်ပြီလား
အလင်းဆက်
April 18, 2013 at 7:59 pm
ဖတ် ရှု ခံစား ကြ သော
ချစ် သော ရွာ သူ ရွာ သား များ အား
ခင် မင် လေး စား စွာ
ကျေး ဇူး တင် ရှိ ပါ ကြောင်း
အချိန် မ ရ သေးလို့ အ ပြေး အလွှား
ကျေး ဇူး တင် စကား ကို တို တို တုတ် တုတ်သာ
ပြော ခဲ့ ခြင်း အား ဗွေ မယူ ပါနှင့် ခညာ
ပြေး ပြီ
🙂
TNA
April 18, 2013 at 10:04 pm
ဦးကျော်တူတော့ အလုပ်များဘီမှတ်တာ။ မဟုတ်ဘူးဘဲဂိုး။ နာဖတ်လဲပီးရော မတောက်ဘဲမူးတွားဒယ်။ စာလုံးဒွေဘဲမြင်ရဒယ်။
အရိပ်စစ်
April 19, 2013 at 10:03 am
25 နှစ် ဆိုတော့ နာ့လို မှာတမ်းတွေ ချွေတာပဲ အောက်မေ့တာပေါ့..
နာလည်း ရှပ်အဖြုလေးနဲ့ ယောပုဆိုးလေးတွေ ဝတ်သော အမျိုးသားများကို ချစ်ပါ၏
Shwe Ei
April 19, 2013 at 10:25 am
ဆရာတော်ဖျား အရေးအသားလေးတေကောင်းလိုက်တာ…
ဘယ်ကျောင်းမှာ ပဇင်းတက်မှန်းမသိလို့ … အချိုရည်လေးဘာလေးတောင် မကပ်လိုက်ရဝူးးးး :kwi:
mobile
April 19, 2013 at 2:50 pm
ခေါင်းစဉ်ကမိုက်သဗျာ……
မဖြစ်မနေဝင်ဖတ်ချင်စိတ်ပေါက်သွားတာပဲ…………..
အလင်းဆက်
April 19, 2013 at 6:08 pm
:kwi:
ရင် နင့် အောင်
April 21, 2013 at 7:03 pm
လုပ် ပါ။ ခင် ဗျား မှာ ရှိ နေ ပြီ။
အလင်းဆက်
April 21, 2013 at 8:32 pm
ကိုရင်နင့်အောင် မလာသေးလို ့မျှော်နေတာဗျ ။
ပိုစ်မော်ဒန် နဲ ့ ရင်းနှီ း ကျွမ်းဝင်သူတစ်ယောက်ကို…
ဒီ ပိုစ်က အလိုရှိတယ်…။
အရောက်လာခဲ့တဲ ့အတွက်…
Thank you.
လေးစားစွာဖြင့်
အလက်ဆင်း