လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း- ၂) – ခင်မမမျိုး
လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း- ၂)
(၂) Institutional Approach
လူမျိုးစုရေးရာ ပဋိပက္ခဖြစ်နိုင်ချေကို ဆန်းစစ်ရာမှာ အင်စတီကျူးရှင်းတွေရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။ လူမျိုးစုများအကြား ပူးပေါင်းဆောင်ရွက်ရေးကို အားပေးခြင်း (သို့မဟုတ်) ကန့်သတ်ခြင်းများ ပြုလုပ်ပြီး လူမျိုးစုများအကြား ဆက်နွယ်ပတ်သက်မှုတွေကို ဖော်ကျူးပေးနိုင်တာက အင်စတီကျူးရှင်းများ ဖြစ်ပါတယ်။ နိုင်ငံရေးပညာရှင် Crawford ဆိုသူက အင်စတီကျူးရှင်းများအနေနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ စည်းမျဉ်းများ၊ ဓလေ့ထုံးစံများ၊ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာ ဆောင်ရွက်ရေး၊ ကိုယ်စားပြုရေး၊ တာဝန်ခံမှုရှိရေး စတာတွေကို အားပေးဖော်ဆောင်လို့ ရကြောင်း အကြံပြုထားခဲ့ပါတယ်။ identity politics မှ ပဋိပက္ခအဖြစ် မပြောင်းလဲ သွားစေရေးအတွက် နိုင်ငံတော် အင်စတီကျူးများပေါ်မှာ မူတည်ကြောင်း သူမက ဆိုထားခဲ့ပါတယ်။
identity politics ရှိနေချိန်မှာ နိုင်ငံတော်အနေနဲ့ ငြိမ်းချမ်းစွာ နိုင်ငံရေးယှဉ်ပြိုင်မှုကို အားပေးခြင်း၊ တိုင်းရင်းသားလူမျိုးစုများနဲ့ သဘောတူလက်ခံထားတဲ့ စာချုပ်စာတမ်းပါ ကတိကဝတ်များအတိုင်း ဖော်ဆောင်မှုရှိခြင်း၊ လူမျိုးစုအခြေခံ နိုင်ငံရေးဇာတ်ကောင်များအကြား ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် ကြိုးပမ်းခြင်းများ ပြုလုပ်နိုင်ပါက ပြည်တွင်းစစ်ဖြစ်ပွားမှုကို ကာကွယ်နိုင်ကြောင်းကိုလဲ မီးမောင်းထိုးဖော်ပြခဲ့ပါတယ်။
အင်စတီကျူးရှင်း ချဉ်းကပ်နည်းလမ်းကို ထောက်ခံသူများက ၁၉ ရာစုခေတ်ကာလမှာ ဆွစ်ဇလန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးစုသုံးစုအကြားက တင်းမာမှုတွေကို ယခုအချိန်မှာ consociational democracy အပေါ်မှာ အခြေခံတဲ့ နိုင်ငံရေးစနစ်အရ ethnic pluralism ကျင့်သုံးပြီး၊ အုပ်စုသုံးစုအကြား အာဏာခွဲဝေခြင်း နည်းလမ်းနဲ့ စီမံခန့်ခွဲနိုင်ခဲ့ကြောင်း ဥပမာပေး ဖော်ပြထားကြပါတယ်။
နိုင်ငံရေးပညာရှင် Enloe နဲ့ Nagel ဆိုသူတို့က နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ ဥပဒေဆိုင်ရာ အင်စတီကျူးရှင်းများဟာ အရင်းအမြစ်များကို လူမျိုးစုအပေါ်မှာ အခြေခံ ခွဲဝေပြီး၊ လူမျိုးစုများအပေါ်မှာ အခြေခံတဲ့ political mobilization ကို ပြုလုပ်လေ့ရှိကြကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ သို့ပေမယ့် ethnic identity ကို အလွန်အမင်းအာရုံစိုက်ပြီး၊ နိုင်ငံရေးအင်စတီကျူးရှင်းတွေက မြှင့်တင်တဲ့ တိုင်းပြည်တွေမှာ၊ ကွဲပြားခြားနားသော လူမျိုးစုများအကြား လူမှုရေး ပေါင်းကူးဆက်နွယ်ရေးကို မြှင့်တင်တဲ့ တိုင်းပြည်တွေထက် လူမျိုးစုရေးရာ ပဋိပက္ခပိုမိုများပြားကြောင်း သုတေသနပြုချက်များမှာ တွေ့ရှိခဲ့ကြပါတယ်။
ကိုလိုနီစနစ်နဲ့ ဒီမိုကရေစီစနစ်တို့ရဲ့ နိုင်ငံရေးအင်စတီကျူးရှင်းတွေဟာ လူမျိုးစုများအကြား ဆက်ဆံရေးကို ကြီးမားစွာ အကျိုးသက်ရောက်မှုရှိစေပါတယ်။ ကိုလိုနီစနစ်မှာ လူမျိုးစုများအလိုက် ခွဲခြားအုပ်ချုပ်ရေး မဟာဗျူဟာကို အသုံးပြုပြီး၊ ကိုလိုနီစနစ်ခိုင်မြဲအောင် ပြုလုပ်လေ့ရှိပါတယ်။ ဒါကြောင့်လဲ ကိုလိုနီစနစ်လက်အောက်က လွတ်မြောက်လာတဲ့ တိုင်းပြည်တွေမှာ ယခင်အစိုးရဟောင်းရဲ့ အုပ်ချုပ်ရေးယန္တရား လျော့နည်းလာတာနဲ့ တပြိုင်နက် လူမျိုးစုများအကြားမှာ ပြည်တွင်းစစ် ဖြစ်လာ တတ်ပါတယ်။ အခြေအနေတွေကို ငြိမ်းချမ်းစွာ မဖြေရှင်းပဲ စစ်ရေးအရ ဖြေရှင်းလိုတဲ့ ခေါင်းဆောင်များ ရှိနေခဲ့ရင် လက်နက်ကိုင်ပဋိပက္ခဖြစ်နိုင်ချေက ပိုပြီး မြင့်မားတတ်ပါတယ်။
ဒီမိုကရက်တစ်အင်စတီကျူးရှင်းမျာ
အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းတဲ့ လူမျိုးစုများ စုပေါင်းနေထိုင်တဲ့ တိုင်းပြည်တွေရဲ့ အသွင်ကူးစအချိန်မှာ စစ်ဆေးထိန်းချုပ်မှုများကို အင်အားသုံးပြုလုပ်တဲ့ စနစ်ကို စတင်ဖြေလျှော့ရလေ့ရှိပါတယ်။ ဒီလိုအခြေအနေတွေမှာ လူမျိုးစုအဖွဲ့အစည်းတွေရဲ့ စည်းရုံးရေး၊ လှုပ်ရှားဆောင်ရွက်ရေး နယ်ပယ်နဲ့ လုပ်ပိုင်ခွင့်တွေ ပိုမိုကျယ်ပြန့်လာပါတယ်။ ဒါကို အကြောင်းပြုပြီး ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ရေးကို အားပေးတဲ့ နိုင်ငံရေးဇာတ်ကောင်များ ရှိသလို၊ အာဃာတနဲ့ အမုန်းတရားများကို ပြန်လည်ဖော်ထုတ်ပြီး နိုင်ငံရေးအရ ပါဝါအခြေခံတည်ဆောက်တဲ့ နိုင်ငံရေးဇာတ်ကောင်များလဲ ရှိလာတတ်ပါတယ်။ ဒီဇာတ်ကောင်များအကြားမှာလဲ အချင်းချင်း အားပြိုင်မှုဖြစ်ပြီး၊ အားသာတဲ့ဘက်ရဲ့ နိုင်ငံရေးလမ်းစဉ်က လူထုအကြားမှာ ပျံ့နှံ့သွားတတ်ပါတယ်။
ဒီမိုကရေစီအသွင်ကူးပြောင်းစမှာ လူမျိုးစုတွေအကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြားကိစ္စတရပ်ကတော့ ရုတ်ခြည်း နိုင်ငံရေးအခြေအနေပြောင်းလဲမှု
(၃) Political Entrepreneurs Approach
ရုတ်ခြည်းနိုင်ငံရေးပြောင်းလဲမှ
နိုင်ငံရေးပညာရှင် Stuart Kaufman ဆိုသူက နိုင်ငံရေး၊ လူမျိုးရေးအစွန်းရောက်နေတဲ့ ခေါင်းဆောင် တွေက သူ့ရဲ့ လူမျိုးစုတွေအကြားမှာ တင်းမာခက်ထန်မှုတွေ ရှိလာအောင် အားပေးအားမြှောက် ပြုလုပ်ပြီး၊ လူမျိုးစုတွေကလဲ ဒီလို စစ်သွေးကြွခေါင်းဆောင်ကို ထောက်ခံအားပေးနေခဲ့မယ်ဆိုရင် ဒီခေါင်းဆောင်တွေနဲ့ လူမျိုးစုတွေက အခြားလူမျိုးစုများကို ခြိမ်းချောက်လာပြီး၊ security dilemma တခု ဖြစ်လာတတ်ကြောင်းနဲ့ ဒီလိုဖြစ်လာတဲ့အခါ အခြား လူမျိုးစုများ အတွင်းမှာလဲ တင်းမာမှုများ ထပ်မံ ပေါ်ထွက်လာပြီး စစ်ပွဲတွေ စတင်လာလေ့ရှိကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။
ကြောက်ရွံ့မှု၊ အပြစ်ဖို့မှုနဲ့ အမုန်းတရားတွေကို အချို့သော နိုင်ငံရေးစွန့်ဦးတီထွင်သူများ
political entrepreneurs approach ဟာ institutional approach နဲ့လဲ နီးကပ်စွာ ဆက်နွယ်မှု ရှိပါတယ်။ လူမျိုးစုရေးရာ ပဋိပက္ခများကို ငြိမ်းချမ်းစွာ မဖြေရှင်းပဲ အကြမ်းဖက်အနိုင်ယူသော နည်းလမ်းများနဲ့ ဖြေရှင်းလိုသော နိုင်ငံရေးခေါင်းဆောင်များသာ အစိုးရအုပ်ချုပ်ရေးယန္တရားထဲ ရောက်ရှိနေခဲ့ရင် ပဋိပက္ခဖြစ်ပွားနိုင်ချေက ပိုမိုမြင့်မားလာတတ်ပါတယ်။ နိုင်ငံရေးပညာရှင် Morris ဆိုသူကလဲ နိုင်ငံရေးဦးဆောင်မှုနဲ့ အင်စတီကျူးရှင်းများအကြားက ဆက်နွယ်မှုများကို လေ့လာခဲ့ရာမှာ အင်စတီကျူးရှင်းများကို နိုင်ငံရေးခေါင်းဆောင်များက အမုန်းတရားများ ပြန့်ပွားရေး၊ ခွဲခြားဆက်ဆံမှုများ အားပေးဖော်ဆောင်ရေး တို့အတွက် အသုံးချသွားခြင်း မရှိအောင် သတိပြုသင့်ကြောင်း ရေးသားဖော်ပြထားခဲ့ပါတယ်။
(၄) Competition over Resources Approach
ethnic identities များအပေါ် အခြေခံပြီး၊ နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်ခြင်းဟာ လူမျိုးစုရေးရာ သည်းခံနိုင်စွမ်းလျော့နည်းမှုနဲ
မြေယာပိုင်ဆိုင်မှုအခွင့်အလမ်း၊ အလုပ်အကိုင်၊ ပညာသင်ထောက်ပံ့ကြေး၊ ဘာသာစကားအခွင့်အလမ်း၊ ဖွံ့ဖြိုးရေးအသုံးစရိတ် ခွဲဝေမှု စတာတွေဟာ လူတဦးချင်းနဲ့ အဖွဲ့အစည်းများရဲ့ အကျိုးစီးပွားတွေ အပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဒီအရင်းအမြစ်နဲ့ အခွင့်အလမ်းတွေ ရှားပါးလာချိန်မှာ ပြိုင်ဆိုင်မှုတွေ ဖြစ်ပွားလာတတ်ပါတယ်။ လူမျိုးစုတွေအကြားမှာ အဓိက ပြိုင်ဆိုင်မှုဖြစ်စေတတ်တာကတော့ စီးပွားရေး အရင်းအမြစ်များပဲ ဖြစ်ပါတယ်။ အလုပ်လက်မဲ့ပြဿနာနဲ့ အနာဂတ်အတွက် အခွင့်အလမ်းနည်းပါးမှု ဖြစ်ပွားလာချိန်တွေမှာ လူမျိုးစုတခုဟာ အခြားလူမျိုးစုများကို အပြစ်ရှာမှုတွေ ဖြစ်ပွားလာတတ်ပြီး၊ လူမျိုးစုများအကြား ပြိုင်ဆိုင်မှုတွေ ရှိလာတတ်ပါတယ်။
စီးပွားရေးအခွင့်အလမ်းတွေသာမက ဘာသာစကားသုံးစွဲမှုအခွင့်အလမ်း၊ ယုံကြည်ကိုးကွယ်မှု၊ အမျိုးသားရေးလက္ခဏာ၊ နိုင်ငံရေးအခွင့်အလမ်း၊ ဒေသတွင်း လူမျိုးစုအာဏာ စတဲ့ collective goods တွေနဲ့ ပတ်သက်ပြီးတော့လဲ လူမျိုးစုများအကြား ပြိုင်ဆိုင်မှုများ ရှိတတ်ကြောင်း နိုင်ငံရေးပညာရှင် Lake နဲ့ Rothchild တို့က ဖော်ပြထားခဲ့ကြပါတယ်။ နိုင်ငံရေးပညာရှင်များစွာရဲ့ သုတေသနပြုချက်တွေမှာ လူမျိုးစုများအကြား ပြိုင်ဆိုင်မှုကို တိုးမြင့်စေတဲ့ ယန္တရားများကို ဖော်ထုတ်ထားကြရာမှာ လူမျိုးစုများအပေါ် အခြေခံပြီး ကွဲပြားနေသော အလုပ်သမားဈေးကွက်၊ အလုပ်ခွင် ခွဲခြားသတ်မှတ်မှု စတာတွေကိုလဲ ထည့်သွင်းဖော်ပြထားကြပါတယ်။
(၂၀) ရာစုနှောင်းပိုင်းကာလမှာ လူမျိုးစုရေးရာ နိုင်ငံရေး၊ စီးပွားရေး ကွဲပြားမှုများကို ရည်ညွှန်းဖော်ပြတဲ့ “internal colonialism” ဆိုတဲ့ သဘောတရားတခု ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။ ဒီသဘောတရားအရ နိုင်ငံအတွင်းမှာနေထိုင်တဲ့ လူမျိုးစုတခုဟာ လူ့အဖွဲ့အစည်းအတွင်းမှာ လွှမ်းမိုးချုပ်ကိုင်မှုရှိလာတဲ့
ဒီအခါမှာ တချိန်က လွှမ်းမိုးချုပ်ကိုင်မှုရှိနိုင်
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး (၂၀၊ ၄၊ ၂၀၁၃)
7 comments
kai
April 21, 2013 at 3:46 pm
ကိုဌေးကြွယ်တလောက ယူအက်စ်ရောက်တုံးစကားပြောဖြစ်တာမှာ.. သူက.. သံဃာဂိုဏ်းတွေကို.. အင်စတီကျုးရှင်းကြီးတခုအဖြစ်လက်ခံထားတယ်လို့.. ဆိုပါတယ်..။
ကျုပ်အနေနဲ့ကလည်း..
သံဃာဂိုဏ်းတွေဟာ.. တိုင်းပြည်ရဲ့.. တရားရေး..။ အုပ်ချုပ်ရေး..။ ဥပဒေပြုရေးမဏ္ဍိုင်တွေနဲ့အပြိုင်ဆိုရလောက်အောင်.. ကြီးမားသက်ရောက်မှုရှိနေတာ.. သတိထားမိပါတယ်..
အပေါ်က.. ဆရာမခင်မမမျိုးပြောတဲ့..အချက်နံပါတ်၂ဝမှာ..မြန်မာပြည်နဲ့ဆီလျှော်အောင်.. ထည့်ပေါင်းချင်တာလေးပါ..
khinmamamyo
April 22, 2013 at 12:49 am
ဒီဆောင်းပါးက နိုင်ငံတကာပညာရှင်များရဲ့ သဘောတရားအပေါ် တွေးခေါ်ယူဆချက်များကို ရေးသားဖော်ပြထားခြင်းသာ ဖြစ်ပါတယ်။ မြန်မာပြည်နဲ့ ပတ်သက်ပြီး အကြံပြုခြင်း၊ ဆန်းစစ်လေ့လာခြင်း လုံးဝ ပြုလုပ်ထားခြင်း မရှိပါဘူး။ အခုလို မြန်မာပြည်ရှုထောင့်ကနေ ဆီလျော်အောင် ထည့်ပေါင်းပေးတာ ကျေးဇူးတင်ပါတယ်။
အရီးခင်လတ်
April 22, 2013 at 5:09 am
သံဃာ့ဂိုဏ်း တစ်ဖွဲ့ဖွဲ့ ကများ ဒီ စစ်အစိုးရ ရဲ့ ” တရားရေး..။ အုပ်ချုပ်ရေး..။ ဥပဒေပြုရေး” တွေ ကို ဩဇာသက်ရောက်နိုင်တယ် ဆိုလို့ကတော့ သူကြီးရေ။
ကျွန်မတော့ နှစ်တစ်သောင်း ကျိန်စာဘဲ ဆိုဆို။
တကယ်ဘဲ ဖြစ်လိုက်ပါတော့ လို့တောင် ဆယ်ခါပြန် ဆုတောင်းလိုက်ဦးမယ်။
တကဲ့လက်တွေ့မတော့ ထိပ်ပိုင်းဘုန်းကြီးတွေမှာ အစိမ်းရောင် စကားနားထောင်နေရတဲ့ ဘဝ ကို သိရက်နဲ့များ။
ကျွန်မဘဲ လွဲလား၊ သူကြီးဘဲလွဲလားတော့ မသိ။
:kwi:
ဦးကြောင်ကြီး
April 22, 2013 at 4:36 am
ခင်မမမျိုး
သင်လခတိုး
ကြင်ရငါ့ခိုး
ရွှင်ပြဝဖြိုး…။
kai
September 14, 2015 at 4:08 pm
ပြန်တက်စေ… လို့..။ :k:
မြစပဲရိုး
September 14, 2015 at 5:29 pm
အဲဒီ ဆရာမ ခင်မမမျိုး ဆိုရင် တစ်ချို့ သီအိုရီတွေ ဟာ ဒီလို အနောက်တိုင်း နိုင်ငံ တွေ မှာ အသုံးတည့် တဲ့ ဆေးပေမဲ့ .မြန်မာပြည် မှာ ကျွေးလို့ မရတာတွေ ရှိနေပါတယ်။
အကောင်းဆုံးက သူတို့ နဲ့ အလိုက်အထိုက်နေပြီး လိုရာဆွဲ မှ ကောင်းတဲ့ ဘက် ကို ပြောင်းတဲ့ အပြောင်းအလဲ ဖြစ်ပါမယ်။
အများစုက ရှေးရိုးစကား တွေ သီအိုရီတွေ ကြားမှာ နစ်နေဆဲ။
အဲလို လူ တွေ က လဲ သူတို့လောက် ဘယ်သူမှ မသိ လို့ ခံယူနေဆဲ။
လက်တွေ့မှာ သူတို့ စိတ် ကို ပြောင်းနိုင်ဖို့ ကိုယ့်စကား တွေ ချည်း အတင်း နင်းသွင်း လို့ မဖြစ်ဘူး ထင်ပါတယ်။
ဟိုဘက်မှာ သူကြီးပြောသလို သူက မြန်မာပြည်ထဲ ပြန်ဝင် နေရင်တော့ အဲဒီလူ တွေ နဲ့ ထိပ်တိုက်တွေ့ပြီး ဖြစ်နေလောက်ပြီ ထင်ပါရဲ့။
ဘာဘဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် ကို ပံ့ပိုးပေးတဲ့ သူတိုင်းကို ချစ်ခင် လေးစားပြီးသားပါ။
မြစပဲရိုး
September 14, 2015 at 5:36 pm
. ပြောဖို့ ကျန်ခဲ့ လို့။ ဖွတ်ဖက် က ရဲမိုး ရေးထားတာ မနက်ကဘဲ ဖတ်ရတယ်။
အမျိုးထဲ စစ်လော်ဘီတွေ ချည်းဘဲ။ သူ Like လို့ ဖတ်ရတာ။
အဲဒါ ဒေါ်ခင်မမမျိုး ရေးထား တဲ့ အတိုင်းပါဘဲ။
သူရေးထားတာ ကို ဘဲ ခိုးချ ထားလားမသိ။
ဒါကြောင့် တစ်ချို့ အကြောင်းတွေ က တစ်ဘက် ကို အားဖြစ်စေရင် ရှောင်ပြောပါလို့။