ဒီနှစ် သင်္ကြန်မှာ တော့ ဆြာအုပ်တစ်ယောက်တော့ လောကုတ် အလုပ်မလုပ်ဖြစ်ပဲ အပျော်ကျူးလိုက်ဦးမယ် ဆိုပြီးသကာလ. လေဒီအုပ် သင်တန်းတွေနဲ့ မအားလပ်တာ ကို အခွင့် ကောင်းယူပြီး သကာလ  မြန်မာနိုင်ငံရဲ့ အနောက်တံခါး လို့ သမုတ်ကြတဲ့ ဒွာရာဝတီ သံတွဲပြည် က ကမ်းခြေညီညီ ငပလီကို တစ်ပွေတည်း ခြေဆန့်ခဲ့သည် တမုံ့..

ခရီးစဉ်ကတော့ မာတာမိခင်ကို ပုဂံကိုလိုက်ပို့ပြီး ညောင်ဦးကနေ အဲပုဂံ လေယာဉ်နဲ့ သံတွဲကို ထွက်ခဲ့ပါတယ်.. ညောင်ဦးကနေ အရင်ဆုံး ဟဲဟိုးကို ၀င်ပြီးမှ သံတွဲကို ခရီးထက်ဆက်ပါတယ်.. စုစုပေါင်း ၂ နာရီ လောက် အကြာမှာ သံတွဲကိုရောက်ပါတယ်.. သံတွဲလေဆိပ်ဟာ ငပလီကမ်းခြေ အစ လောက်မှာ တည်ရှိပါတယ်..

သံတွဲလေဆိပ်(18.455765,94.297967)

သံတွဲလေဆိပ်(18.455765,94.297967)

ငပလီကမ်း ခြေကတော့  ၁၅ မိုင် ရှည် ပြီး  ငွေဆောင်တို့၊ ချောင်းသာတို့နဲ့မတူတာက ကမ်းခြေဟာ (အော်) တွေအနေနဲ့ တည်ရှိပါတယ်..  တစ်အော်နဲ့ တစ်အော် ဆက်ပြီး သွားလို့မရတာကြောင့် ကမ်းခြေ တစ်လျှောက် အစအဆုံး တိုက်ရိုက် သွားလို့မရပါဘူး.. အော် တစ်ခုဆုံးရင် ရွာထဲကို ပြန်တက် လမ်းပေါ်ကနေ နောက် တစ်အော်ကို ပြန်သွား အဲသလို သွားရပါတယ်..

ကမ်းခြေတစ်လျှောက်ကို အစ-အဆုံး ဆိုင်ကယ်စီးရင် မိနစ် ၂၀ လောက်ကြာပါတယ်.. ကမ်းခြေတစ်လျှောက် ရွာတွေရှိပြီး ငပလီ ရွာမှာရှိတဲ့ ကမ်းခြေကတော့ original ငပလီ ဖြစ်ပါတယ်..အဲဒီမှာက မြန်မာတွေ တော်တော်များများ လာဆော့ကြပါတယ်.. တခြားဘက်တွေမှာတော့ ဟိုတယ်မှာ တည်းသူတွေ နဲ့ တိုးရစ်တွေ လောက်သာရှိပါတယ်..

bbb

map

 

 ငပလီရောက်တော့ အသိရဲ့ဘုတ်နဲ့ ပင်လယ်ထဲ လိုက်သွားဖြစ်ပါတယ်.. ငပလီရဲ့တောင်ဘက် အစွန်း ဂျိတ်တောရွာကနေ ၁ နာရီလောက် မောင်းရပြီး ဓာတ်တိုင် ၃ တိုင်စာ လောက်ရှိ ငနီတူ ငါးအုပ်တွေကိုလည်း တွေ့ရပါတယ်.. အဲဒီငါးအုပ်ကို လိုက်စားနေတဲ့ Jelly Fish ကိုလည်းတွေ့ရပါတယ်..

DSC_8548

ငနီတူ ငါးအုပ်

DSC_8552

ငနီတူ ငါးအုပ်ကို လိုက်စားနေတဲ့ Jelly Fish

20130415_Ngapalidsc_8924

ဂျိတ်တော (18.363197,94.339237)ကနေ စက်လှေနဲ့ ၁ နာရီလောက်မောင်းပြိးတဲ့ အခါမှာတော့ ပုံးညစ်ချိုင် (18.312847,94.346962 မှာ) ဆိုတဲ့ ရွာလေးကို ရောက်ပါတယ်. ရွာဆိုပေမယ့် အိမ် ၁၀ လုံးလောက်ပဲရှိတဲ့ တံငါသည်တွေနေတဲ့ အိမ်စုကလေးဖြစ်ပါတယ်.. ဆာဒင်း ငါးတွေကို တစ်ပိသာ ၃၀၀ လို့ပြောပါတယ်.. တစ်ပိသာ ၀ယ်ပြိး မီးဖုတ်စားလိုက်ကြပါသေးတယ်

DSC_8564

စက်လှေကနေ ကမ်းစပ်ကို ကပ်တဲ့ ဘုတ်

 

DSC_8561

ပုံးညစ်ချိုင်(18.312372,94.347363)

ငပလီကမ်းခြေနဲ့ဘာမှမဆိုင်ပဲ ရေလေးကကြည်နေပါတယ်.. ကမ်းစပ်ကနေ ပင်လယ်ထဲအထိ အရောင်သုံးရောင်ဖြစ်နေတာ တွေ့ရပါတယ်.. ဒါပေမယ့် အဲဒီနေရာကတော့ ခုလိုစက်လှေနဲ့သွား မှပဲ ရောက်နိုင်တဲ့ နေရာဖြစ်တာကြောင့် တခြားလူမရှိပါဘူး

DSC_8666

ကျောက်တုံးပေါ်မှာတွေ့တယ်ဆိုတော့ ကျောက်ဂဏန်းပေါ့

အဲဒီမှာ snorkeling လုပ်ကြပါတယ်.. ရေအောက် ကျောက်စွယ်ကျောက်တမ်းတွေနဲ့ ရောင်စုံငါးလေးတွေ တော်တော်များများတွေ့ရပါတယ်.. ရေအောက်မှာ ရိုက်ဖို့ အိတ်မရှိတာကြောင့် ဓာတ်သေ မရိုက်ခဲ့ရပါဘူး.. နောက် ကနူးလှေစီးကြပါတယ်.. လှိုင်းလုံးတွေကြားထဲမှာ စီးရတာ ပျော်စရာကောင်းပါတယ်.. ငပလီသွားတဲ့ တလျှောက် ကမ်းခြေမှာ တစ်ခါမှ ရေမကူးခဲ့ပဲ ပင်လယ်ထဲမှာ ပဲ ကူးဖြစ်ခဲ့ပါတယ်.. 

DSC_0432

Kayaking


ပင်လယ်ထဲကို ၃ ရက်ရောက်ဖြစ်ပြီး ပထမဆုံး သွားတဲ့ နောက်ဆုံးနေ့မှာ လှိုင်းတော်တော်ကြီးပါတယ်.. ပန်းဆိုးတန်း ဒလ မှာပဲ ရေထဲဖြတ်ဖူးတဲ့ ကျုပ်အတွက်တော့ တော်တော်ကြီးပါတယ်.. ဘုတ်က ဟိုဘက်ရိမ်းလိုပ် ဒီဘက်ရိမ်းလိုက်ပါပဲ သူတို့ကတော့ အဲဒါ လှိုင်းမဟုတ် သေးဘူးတဲ့.. လဟာ လို့ခေါ်ပြီး လှိုင်း ဆိုတာ တစ်လုံးပြီး တစ်လုံးဆင့်ဆင့် တက်လာတာကို မှ လှိုင်းခေါ်ကြောင်း ပြောပြပါတယ်..

ညနေ ၃ နာရီလောက်ပြန်လာကြပါတယ်.. တကယ်လို့ ငပလီရောက်လို့ တို့လုပ်ချင်တယ်ဆိုရင် ချိတ်ပေးပါမယ် .. information ကို  ngapaliwatersport.com website  မှာကြည့်နိုင်ပါတယ် 

နောက်တစ်ရက်မှာ တော့ သံတွဲ ကိုသွားကြပါတယ် အဲဒါကို နောက် တစ်ပို့စ်မှာ တင်ပြပေးပါမယ်.. ဓာတ်သေ တွေကိုတော့ တတိယ နဲ့ စတုတ္ထ ပို့စ်တွေမှာ တင်ပေးပါမယ်

နောက်ဆုံးမှာ တွေ့လိုက်ရတာကတော့ ငပလီက ဆလုံဗျို့.. သူ့နာမည်က ဆလုံ ဆြာအုပ်တဲ့

20130418_Ngapalidsc_0447

ငပလီက ဆလုံကြီး

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

About ဂန္ဓာရီ ဆြာအုပ်

has written 78 post in this Website..

ဓာတ်ပုံရိုက်သည်။ မတောက်တခေါက် နှင့် မသိနားမလည်သူများ တွေ့လျှင် ဆရာကြီးလုပ်တတ်သည်.. အကြွားသန်သည်။ အမြှောက်ကြိုက်သည်။ အခြောက်တော့ မကြိုက်။ ဘီယာ ၃ ခွက်လောက်ဆိုလျှင် မူးသည့် အတွက် အကုန်အကျ သက်သာသော သောက်ဖော်သောက်ဖက် ဖြစ်ကြောင်း အာမခံသည်။(အခုနဲနဲတက်သွားပီ)