ပြဿနာ

+++++++++++++++++++++++++++++++

 

“သင်က ဒါကို ပြဿနာ လို့ သဘောမထားသရွှေ့၊

ဒီအရာဟာ သင့်အတွက် ပြဿနာ မဟုတ်ပါဘူး” ….. တဲ့ ….။

 

ကျနော်တို့ ဘဝ တစ်ခုကို ဖြတ်သန်းကြတဲ့ အခါမှာ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ တွေ့ကြုံရတတ်ပါတယ်။

မတွေ့ကြုံဖူးသူဆို အတော့်အတော်ကြီးကို ရှားပါးပါလိမ့်မယ်။

ကျနော့်အထင် ပုဆိုး၊ ထမိန် ကို ခေါင်းမြီးခြုံပြီး အိပ်နေတဲ့ လူတွေပဲ ပြဿနာကို တွေ့ဖူးတာ နည်းကြမယ် ထင်ပါရဲ့။

ဒါလေးတောင် ရှိသေးတယ် ….။ ဘာတဲ့ …။

“အသက် တစ်ရာ မနေရ၊ အမှု တစ်ရာ ပွေရ” …… တဲ့ ….။

ဒီတော့ကာ …

ကျနော်တို့ အသက်ရှင်နေသမျှ ပြဿနာ ဆိုတာ တွေ့နေကြ၊ ကြုံနေကြရဦးမှာပါ။

 

ဟို အထက်မှာ ဆိုထားပါတယ် ….။

ကိုယ်က ပြဿနာလို့ မယူဆရင် ဒါဟာ ပြဿနာ ဖြစ်လာမှာ မဟုတ်ပါဘူး ….။

ဥပမာလေး တစ်ခုနဲ့ ပြောပါမယ် ..။

ရုံးဝန်ထမ်းတစ်ယောက် ကို အလုပ်ရှင်က ခိုင်းတယ် ..။

နေ့ခင်း နေပူပြင်းလွန်းတဲ့ အချိန်မှာ တစ်နေရာရာကို လွှတ်ပြီး တစ်စုံတစ်ခု ခိုင်းတယ် ဆိုပါတော့ …။

 

ဝန်ထမ်း (၁)

ဒီအခါ ဝန်ထမ်းရဲ့ စိတ်ထဲမှာ ….

“ကွာ …။ ဒီလောက် နေပူကြဲတဲကြီးကို သွားရဦးမယ်။ အတော်ဆိုးတာပဲ။”

စသည်ဖြင့် ဘာညာသာရကာ ပွစိပွစိ လုပ်နေမယ်။ စိတ်တွေလည်း ညစ်မယ်ပေါ့ …။

 

ဝန်ထမ်း (၂)

အစ ပထမ အထက်က ဝန်ထမ်းလိုပဲ ဖြစ်မယ် …။ ဒါပေမယ့် ခဏ ကြာတော့ …။

“ဒီလို နေပူကြဲတဲမှာ ဦးထုပ်လေး ဆောင်းပြီး အလုပ်လုပ်နေရတဲ့ ဆောက်လုပ်ရေး အလုပ်သမားတွေတောင် ရှိသေးတယ်။ ငါ့အတွက် အပြင် ခဏလေးထွက်ရတာ ဘာများ မှုစရာ လိုသလဲ။ အေးဆေး”

ဆိုပြီး သူ့ကိုယ်သူ ဆင်ခြင် နှစ်သိမ့်လိုက်တယ် ….။

 

အထက်က ဝန်ထမ်း (၂) ယောက်ကို ယှဉ်ကြည့်ရင် ..

လက်ရှိ ဖြစ်ပေါ်နေတဲ့ တူညီတဲ့ ပြဿနာ တစ်ရပ်အပေါ်မှာ သဘောထားပုံချင်း မတူညီတာကို တွေ့ရပါလိမ့်မယ်။

ပထမ ဝန်ထမ်း က ဒါကို  ပြဿနာ လို့ သတ်မှတ်တယ် …။

ဒုတိယ ဝန်ထမ်း က ဒါကို ပေါ့ပေါ့ပါးပါး ခံယူလိုက်တယ် …။

တစ်နည်းအားဖြင့် ပြဿနာ လို့ သဘောမထားဘူး …. ပေါ့ ….။

 

ကျနော် ဖြစ်ပေါ်၊ ကြုံတွေ့နေကြတဲ့ ပြဿနာတွေဟာ တစ်ဦးနဲ့ တစ်ဦး၊ တစ်ယောက်နဲ့ တစ်ယောက် တူညီကြတာတွေလည်း ရှိမယ်။ မတူညီတဲ့ ပြဿနာများလည်း ရှိကြမယ်။

ဒါပေမယ့် ….

အခု ကျနော်တို့ တွေ့ကြုံနေကြတဲ့ အခက်အခဲမျိုးဟာ ဟိုယခင် လူတွေလည်း ကြုံဖူးခဲ့ကြတဲ့ ပြဿနာမျိုးသာ ဖြစ်နေတတ်ပါတယ်။

အရောင်ကွဲလွဲနေတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားပေမယ့် ရုပ်ဆင်းဆင်တဲ့ အမြွှာပူးဟာ လူအမှတ်မှား နေမှာပါပဲ။

ဒါဟာ ယေဘုယျ သဘောကို ပြောတာပါ။

 

ပြဿနာ ဆိုတဲ့ နေရာမှာလည်း အကြီး၊ အလတ်၊ အသေး အရွယ်စုံ ဆိုက်စုံ ပါပဲ …။

တိုင်းရေး၊ ပြည်ရေး၊ မိသားစု အရေး၊ လူမှုအရေး၊ တစ်ကိုယ်ရေ တစ်ကိုယ်ရ အရေး စသည်ဖြင့် အသွင်အပြင်လည်း အမျိုးမျိုးပါပဲ။

 

ဆရာမ ဂျူးရဲ့ “အောက်ခြေ သန်းတစ်ထောင်” ဆိုတဲ့ စာအုပ်ထဲကလို ဘဝ ပျက်သွားလောက်တဲ့ ပြဿနာမျိုးတွေလည်း ရှိမယ်။

ကားကြပ်ကြပ် ဘတ်စ်ကား တိုးစီးရင်း အထင်မှားခံရလို့ ပါးရိုက်ခံလိုက်ရတဲ့ ပြဿနာမျိုးလည်း ရှိမယ်။

ဦးဦးပါလေရာ လို မသိန်းကြည် ပြဿနာမျိုးတွေလည်း ရှိမယ်။

ဟက်ကာတွေ ဝင်မွှေစဉ်က ရွာပျက်သလို ဖြစ်သွားရတဲ့ ပြဿနာမျိုးတွေလည်း ရှိမယ်။

ဂုဏ်သရေရှိ ညစာထမင်းဝိုင်းမှာ စားခိုက်သောက်ခိုက် နှာချေလိုက်ချင်တဲ့ ပြဿနာမျိုးလည်း ရှိမယ်။

နီကိုရဲ ရဲ့ “နတ်ဆိုးတစ်ကောင်နဲ့ ရင်လွဲသူ” ဝတ္ထုထဲကလို သေချာ ချိန်းထားတဲ့ နေ့မှ အိပ်ယာထ နောက်ကျ၊ ကားပေါ်က ဖိနပ် ကျခဲ့လို့ ဖိနပ်ပါ ခဏ ငှားလိုက်ရတဲ့ ပြဿနာမျိုးလည်း ရှိမယ်။

မယူချင်ပါဘူး ဆိုနေမှ မိဘက အတင်း အိမ်ထောင်ချပေးချင်နေတဲ့ ပြဿနာမျိုးလည်း ရှိမယ်။

အများကြီး၊ အများကြီး ပါပဲ ….။

 

ဒီလိုမျိုး ပြဿနာ ဆိုတာတွေဟာ ကျနော်တို့ မသေမချင်း ကြုံတွေ့နေကြရဦးမှာပါ။

မကြုံတွေ့ ချင်လို့လည်း မရပါဘူး။

ကြုံတွေ့တဲ့ အပေါ်မှာ စိတ်ထားမှု၊ ပြုမူမှု တွေသာ ကွာခြားတာပါ။

 

စိတ်ထားရမယ့် ကိစ္စကိုတော့ …

ကျနော် ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်သည့် အားလျော်စွာ မြတ်ဗုဒ္ဓ ဟောကြာတော် မူခဲ့တဲ့ အထဲကနေ ထုတ်ပြချင်ပါတယ် …။

“ယောနိသော မနသိကာရ” ပါတဲ့ ..။

သိသလောက် အဓိပ္ပါယ် ဖွင့်ဆိုကြည့်ရရင်တော့ …

ဖြစ်ပေါ်လာတဲ့ ပြဿနာ အပေါ်မှာ “သင့်တင့် လျောက်ပတ်စွာ နှလုံးသွင်းခြင်း” ဆိုလို့ စာဆန်ဆန် ပြောနိုင်ပါတယ်။

 

{{{ ………….

ဒီနေရာမှာ “နှလုံးသွင်းခြင်း” ဆိုတဲ့ အသုံးအနှုန်းလေးကို နည်းနည်း ပြောကြည့်ချင်ပါတယ် …။

ကျနော်တို့ ကားစီးဖူးကြပါတယ်။

ကားတစ်စီး ခုံးတံတားပေါ်ကို တက်၊ ပြီးတော့ ခုံးပေါ်ကနေ ပြန်အဆင်းမှာ စီးနေတဲ့ လူရဲ့ ရင်ထဲ အေးခနဲ ဖြစ်သွားတာမျိုး ကြုံဖူးကြသလား မသိပါဘူး။

ကျနော့် အနေနဲ့တော့ မကြာခဏ ဆိုသလို ဒါမျိုး ကြုံတွေ့ဖူးပါတယ်။

ပြောချင်တာကတော့ ဒီလို အခါမျိုးမှာ နှလုံးသား ရှိတဲ့ နေရာမှာ လေဟပ်သွားသလိုမျိုး ခံစားရတတ်ပါတယ်။

ကျနော်တို့ အချို့အချို့သော စကားတွေ၊ အမြင်တွေ၊ အနံ့တွေ စတာ စတာတွေကို ကြုံတွေ့ လာရတဲ့အခါ မှာလည်း …

အဲ့ဒီလို နှလုံးသား ရှိတဲ့ နေရာမှာ … လေနုအေးလေး တိုက်ခတ်သွားသလို ခံစားရတာ …

အောင့်သက်သက် ဖြစ်နေတာ …

တစ်စုံတစ်ရာက ဆွဲယူထားသလိုမျိုး ဖြစ်နေတာ …

စသည်ဖြင့် ခံစားရတာမျိုးတွေ ဖြစ်တတ်ပါတယ်။

အခု “နှလုံးသွင်းခြင်း” ဆိုတဲ့ ကိစ္စမှာလည်း ဒီလိုပါပဲ …။

ဒါပေမယ့် … သူကတော့ ငြိမ်းအေးမှု ကိုသာ နှလုံးသွင်းရတဲ့ ကိစ္စပါ။

ဖြစ်ပေါ်လာတဲ့ ပြဿနာ အပေါ်မှာ ပူပန် စိုးရိမ်စိတ်တွေ၊ စိတ်ညစ်မှုတွေ ရှိမနေစေဘဲ …

တစ်စုံတစ်ခုသော အကြောင်းတရားနဲ့ ဖြေသိမ့်လို့

ပြဿနာကြောင့် နှလုံးသားအတွင်း ရောက်ရှိလာမယ့် အပူဓာတ်တွေ အစား အငြိမ်းဓါတ်တွေနဲ့ အစားထိုး ထည့်သွင်းခြင်းပါပဲ ….။

………….. }}}

 

အချို့ကတော့ ဖြစ်ပေါ်လာတဲ့ ပြဿနာ အပေါ်မှာ ပေါ့ပေါ့ပါးပါး ဖြတ်ကျော်တတ်ကြပါတယ် …။

ပြဿနာကို ပြဿနာမှန်း သိတယ် …။

ဒါပေမယ့် အသိအမှတ် မပြုဘူး …။

သာသာယာယာ၊ ပေါ့ပေါ့ပါးပါး နဲ့ပဲ ပြဿနာကို ရင်ဆိုင်ကြတယ်၊ ဖြတ်ကျော်သွားတတ်ကြတယ် …။

ကျနော် ကြိုက်တဲ့ ပြဿနာ ကို ဖြတ်ကျော်နည်းပါပဲ …။

လွယ်တော့ မလွယ်လှပါဘူး ….။

 

ကိုင်းဗျာ … ဟိုပြောဒီပြော လျှောက်ပြောနေလိုက်တာ စာတွေလည်း အတော်ရှည်သွားတယ်။

ပြောချင်တာကတော့ ….

လူ့ဘဝ ဆိုတာ ခဏလေး ပါပဲ …။

နေရလှ အနှစ် (၇၀) ပေါ့ ….။ {{ကျနော်တို့ သက်တမ်းနဲ့ နှိုင်းပြောတာပါ။}}

 

ဒီလောက် တိုတောင်းတဲ့ အချိန်လေးအတွင်း ပြဿနာကြောင့် ဘာပြုလို့များ စိတ်တွေညစ်၊ စိတ်တွေရှုပ်နေကြမှာတဲ့လဲ။

ကိုယ် ကြုံနေရတဲ့ ပြဿနာမျိုးက ကိုယ့်တစ်ယောက်အတွက်ပဲ ဖြစ်လာတာ မဟုတ်ပါဘူး။

သူများတွေလည်း အလားတူ ပြဿနာမျိုးတွေနဲ့ ကြုံခဲ့ကြ၊ ကြုံနေကြ၊ ကြုံနေဆဲ ပါပဲ …။

ဒီလို ပြဿနာ တွေကို ပေါ့ပေါ့ပါးပါး ဖြတ်ကျော်နိုင်အောင်သာ ကြိုးစားသင့်ပါတယ်။

 

{{

အချို့ဆို ပြဿနာ ကို ဓါးနဲ့ တုတ်နဲ့ ဖြေရှင်းကြလို့ ထောင်ထဲကိုတောင် ရောက်ကြရတယ်။

တစ်ပါးသူမှာလည်း အသက်ပါ ပေးလိုက်ကြရတယ် ….။

}}

 

ဒီတော့ … ပြဿနာ ကို ပြဿနာ လို သိပါ ….။

ဒါပေမယ့် ပြဿနာလို့ မသတ်မှတ်ကြပါနဲ့ ….။

ပြဿနာ လို့ သတ်မှတ်လို့ကတော့ဖြင့် ပြဿနာ ဖြစ်မှာပါပဲ …။

 

ဟီးးးး ပေါဒေါ့ ပေါထဲ့လိုက်ဒါဗျဲ …. ဘာဒွေဒုန်းဒေါ့ သိဝူးးးး  :mrgreen: :mrgreen:

ဘာဘဲ ပေါပေါ …

ခေါင်းစဉ်နဲ့ ကိုက်ညီစွာ၊ ဝါသနာနဲ့ ကိုက်ညီစွာ

ကျနော် ခိုက်တဲ့ ကဗျာလေး တစ်ပုဒ်နဲ့ အခုပို့စ်ကို နိဂုံး အဆုံးသတ်လိုက်ပါတယ်ဗျာ ….။

+++++++++++++++++++++++++++++++

 

…. ပြဿနာ ….

ပြောသားပဲ …။

ကျုပ်အရပ်က ပုပု

ခင်ဗျားထုတဲ့ခုံက ခြေတံရှည်

“ထိုင်စေ” ဆိုတော့ ဖဝါးက ကြမ်းနဲ့ မထိ

“အောက်ခြေလွတ်တယ်” လို့ ကျုပ်ကို လာမရိနဲ့ ….။

မိကောက်

(ခပ်ညံ့ညံ့ ကဗျာများ)

 

+++++++++++++++++++++++++++++++

 

ရွာသူားအပေါင်း ကျန်းမ်းမာါ ကြပါစေဂျောင်းးးး

ဆုမွန်ကောင်း တောင်းလျက် …

 

ပြဿနာ ကောင် ….,

မဟာရာဇာ အံစရာ

+++++++++++++++++++++++++++++++

34 comments

    • ရဒယ် .. ကူပေါပေးမယ် …
      ဟီးးးး :mrgreen:

      ဘာဘဲပျောပျော် ..
      ခုလို ပဆုံး လာအားပေးတွားဒဲ့ နာ့မမဂျီး ကို
      သန်းကျူး ကြီးကြီးဘဲ ….

      • KZ

        April 25, 2013 at 11:29 am

        ပြဿနာ မဟုတ်တာကို ပြဿနာ ထင်နေလို့
        ဒါဟာ ပြဿနာ မဟုတ်ပါဘူး ဆိုတာ ရှင်းရင်း
        ခဏ ခဏ ပြဿနာ တက်ရပါတယ်ကွယ်။
        :harr: :harr: :harr:

  • တိမ်မည်း

    April 25, 2013 at 12:13 pm

    ပြသာနာဆိုတာ ရှိမှ တိုးတက်မှုရှိသတဲ့….
    ငယ်ငယ်တုန်းက ကြားဖူးတဲ့ စကားတခုလိုပေါ့…
    ဘာတဲ့ အိုးဆိုတာ နာနာခက်မှ ကောင်းသတဲ့…….
    ပြသာနာနဲ ့ ဝေးနေပီလို ့ သတိထားမိရင် တိုးတက်မှုနဲ ့ကင်းဝေးနေပီလို ့ သတိထားသင့်ပါတယ်….
    ဒါပေမယ့် ပြသာနာတော့ မီးထွန်းမရှာနဲ ့ပေါ့နော်…..
    ့ပြသာနာကိုပြသာနာလို ့မှတ်…. ကြီးတာငယ်စေ… ငယ်တာ ပပျောက်စေ……
    ဒါပေမယ့် အခုခေတ်မှာက ပြသာနာခေတ်…..
    မရှိတာကို ရှိအောင်ရှာ… ရှိတာကို မကြီးကြီးအောင်ဖွ…. မဆိုင်တာကို ဆိုင်အောင်လုပ်နေတယ်ခေတ်ဆိုတော့ အခက်သားရယ်……
    နေရင်းထိုင်ရင်းနဲ ့ သူများပြသာနာ ထိုင်ရှင်းရလို ့ရှင်းရ…..
    ကိုယ့်မှာသာ ရီးစားက အဖြစ်သာမရှိတာရယ်……
    သူများရီးစား ကိစ္စတွေကြီး လိုက်ရှင်းနေရတယ်……
    အဲ့လို ကျုပ်ပြသာနာက……
    :byae:

  • ခင်ခ

    April 25, 2013 at 12:54 pm

    ဪ ပြဿနာ ပြဿနာ
    ပြဿနာ မဟုတ် ပြဿနာ ရှာတယ်။
    ပြဿနာ မဟုတ် ပြဿနာ လုပ်တယ်။
    ပြဿနာ ကို မီးထွန်းရှာတယ်။
    အဲဒီအတွက် ပိုစ့်ရှင်ရဲ့ ဒီစာသားလေးကြိုက်မိတယ် ………
    ( ဒီတော့ … ပြဿနာ ကို ပြဿနာ လို သိပါ ….။
    ဒါပေမယ့် ပြဿနာလို့ မသတ်မှတ်ကြပါနဲ့ ….။
    ပြဿနာ လို့ သတ်မှတ်လို့ကတော့ဖြင့် ပြဿနာ ဖြစ်မှာပါပဲ …။)

  • etone

    April 25, 2013 at 2:24 pm

    ပြသနာ .. အိုက်ဒါပေါ့ … ပြသနာ … သများဆို အဆင်မပြေတိုင်း … ပြသနာလို့ ခေါင်းစဉ်တပ်ပလိုက်တာ ချည်းပဲ … ။ :mrgreen:
    ပြသနာလို့ ခေါင်းစဉ်တပ်လိုက်တာနဲ့ .. တိုက်စစ်ဆင်ရတော့မယ်ဆိုဒါလည်း အော်တို သိလာတယ် … ။
    မနက်မိုးလင်းလို့ နှိုးစက်သံမကြားတာလည်း ပြသနာပဲ…..
    ဖယ်ရီမှီအောင် တွေ့ကရာ ပစ်စည်းခြင်းထဲ ကောက်ထည့်ပြေးရတာလည်း ပြသနာပဲ ..
    ဝတ်ထားတဲ့ မြန်မာ အကျီ င်္လေးမှ အားမနာ …. ဆပ်ပြာသည်လင်ပျောက်သလို … မပြေးရုံတမယ် လမ်းလျှောက်ရတာလည်း ..ပြသနာပဲ … ။
    မနက်ခုနှစ်နာရီလောက်မှာ … လူက ပြသနာအနည်းဆုံး သုံးလေးခုလောက် ကြုံပီး … ချွေးတစီစီနဲ့ … အားကုန်ချင်နေဘီ ..တနေ့လုံးသာဆိုလျှင်တော့… နာမည်ပေးလို့ ရဘီ …… ပြသနာပေါင်းသောင်းခြောက်ထောင်နေ့လို့ ….. :kwi:

  • Novy

    April 25, 2013 at 2:34 pm

    အနှစ်ချုပ်ရရင်တော့ “အပမာဒေဌ သန်ပါဒေဌ” (စာလုံးပေါင်းမှာနိုင်သည်)
    မမေ့လျော့မပေါ့ကျလေနဲ့

    ပြဿနာ ကို ပြဿနာ လို့သိ
    ဒါဆိုရင် အမှားမရှိပေါ့လေ

  • သူကလေး

    April 25, 2013 at 2:47 pm

    ဘယ်အရာမဆို ခွင့်လွှတ်နားလည်ပေးတဲ့စိတ်နဲ့ကြည့်ရင်
    ပြဿနာဆိုတာ နည်းသွားမှာအမှန်ပဲ
    ဒါကြောင့်လည်း ပြဿနာ တိုတိုအံဇာကို … ပြဿနာဟု မသတ်မှတ်ပါကြောင်း ..မွှက် 😛

  • Shwe Ei

    April 25, 2013 at 2:53 pm

    ပြသနာ တခုဖစ်တိုင်း မြန်မြန်ပီးသွားစေချင်ရင် ဘလိုနှလုံးသွင့်းရမာဘာလိမ့် :gee:

    သများက စိတ်မရှည်တတ်လို့ဘာ ကိုကိုအံ :mrgreen:

  • ကြည်ဆောင်း

    April 25, 2013 at 2:55 pm

    ကဗျာလေးက မိုက်တယ်…
    ပြဿနာ ဖြေရှင်းဖို့ နည်းလေးကလဲ ကောင်းတယ်…
    လုပ်ရခက်တာလေး တစ်ခုဘဲ….
    :bar:

  • အရီးခင်လတ်

    April 25, 2013 at 3:21 pm

    {{ ပုဆိုး၊ ထမိန် ကို ခေါင်းမြီးခြုံပြီး အိပ်နေတဲ့ လူတွေပဲ ပြဿနာကို တွေ့ဖူးတာ နည်းကြမယ် ထင်ပါရဲ့။ }}
    မှားပါတယ် မောင် ပြဿနာရယ်။
    အိပ်ရာကနိုးလာချိန် ဗိုက်ဆာတဲ့ ပြသနာက ကျန်တာတွေထက်ပိုပြီး ကြီးပါ့တော်။

    ပြဿနာ ထပ်ရှာဦးမယ်။
    သူကြီးရဲ့ http://myanmarwords.pikay.org/2008/12/pa.html#pa86 က
    ပြ မှာ ပြသနာ လား ပြဿနာလား မပါဘူး။

    အတည်ပြောရရင် သဘောကျမိတဲ့ အကြောင်းအရာတင်ပြချက်ပါ မောင်အံရေ။
    လက်တွေ့ကျင့်ကြံနိုင်ကြဖို့ ကြိုးစားစို့။

    • အရီးခင်လတ်

      April 25, 2013 at 3:35 pm

      ဘာလဲ။
      သူကြီးက အာ (အာရွှီး) လို့ ပြောတာလား။
      👿

      😛

      • kai

        April 25, 2013 at 3:38 pm

        ကြည့်ရတာ.. အရီးလတ်.. ပုံမတင်ခင်.. တွေ့တဲ့စာကောက်ရိုက်ပြီးမှ.. edit မသွားခင်စာကိုမြင်လိုက်တယ်နဲ့တူတယ်…
        ဆောရီးနော.. :kwi:

        • S@i S@i Fin K@i

          April 25, 2013 at 3:53 pm

          ဈေးဝင်ရောင်းလိုက်ပါအူးမလေ …
          အဲ့ဒါ တဝက်ပြည့်တာ လည်းမဟုတ်သလို တဝက် လိုနေတာလည်းမဟုတ်ဘူး
          Your cup needs to undergo “Re-sizing”

          :harr: :harr: :harr:

          :harr: :harr:

          :harr:

      • အရီးခင်လတ်

        April 25, 2013 at 3:38 pm

        ဟေ့
        အဲဒီ ပုံမတိုင်ခင် ပထမ aaaaaaaaa လို့ ဖြစ်နေတာ။
        ဒီမှာ သူကြီးမင်း ပြဿနာကို ရေခွက်နဲ့ ရှာနေပါတယ်ဗျို့။
        😆

  • ရွှေတိုက်စိုး

    April 25, 2013 at 4:10 pm

    ပြောသားပဲ …။
    ကျုပ်အရပ်က ပုပု
    ခင်ဗျားထုတဲ့ခုံက ခြေတံရှည်
    “ထိုင်စေ” ဆိုတော့ ဖဝါးက ကြမ်းနဲ့ မထိ
    “အောက်ခြေလွတ်တယ်” လို့ ကျုပ်ကို လာမရိနဲ့ ….။

    အောင်မယ် အောင်မယ် ဒီ ကဗျာက သများကို စောင်းပြောနေသလိုပဲနော် ဟွန်.

    ဒီလိုပဲဗျ ပြသနာ တွေ က အမြဲပဲ… တစ်ခါတလေ စိတ်အေးချမ်းချင်လို. ဖြေတွေးတွေးပေးနေလိုက်ရင် ဒီကောင် ငပေါပါကွာဆိုပြီး ဖိချင်ကြတဲ့ ဖြစ်ရပ်ကလေးတွေ လဲ ကြုံခဲ့ရဘူးတယ်ဗျာ….
    ဒါပေမယ့် ကိုကိုအံပြောသလို နေနိုင် ရအောင် ကြိုးစားရမှာပေါ့…….နောာာာ ရှစ်တိုဂျီးရာာာာာ :kwi:

  • kyeemite

    April 25, 2013 at 4:13 pm

    ပြဿနာပဲ..ဒီမှာ ပြဿနာတက်နေရတဲ့အထဲ..
    ပြဿနာ ပို့စ်တင်လာတယ်..ဖတ်ကြည့်တော့လဲ ပြဿနာပဲ..
    ဘာမန့်ရမှန်းမသိတာက ပို ပြဿနာရှိတယ်..
    မမန့်ပြန်ရင်လည်း မခင်လို့ဆိုပီး ပြဿနာရှာအုံးမယ်
    မန့်ပြန်တော့လည်း အဓိပ်ပါယ်မရှိလို့ ပြဿနာ
    အို… ပြဿနာ ပြဿနာ ပြဿနာ ပြဿနာ :mrgreen:

  • Mr. MarGa

    April 25, 2013 at 4:18 pm

    ပြဿနာမှာ
    အရေးကြီးတာက
    ဖြေရှင်းတဲ့နည်းပါ
    ပေါ့ပေါ့ပါးပါး ဖြေရှင်းရင် ဒီပြဿနာဟာ မသိမသာလေးပဲ အလိုက်သင့် ပြီးသွားလိမ့်မယ်
    ဟုတ်တယ်မလားကွယ်…………………… :mrgreen:

  • လူကလေး

    April 25, 2013 at 4:27 pm

    ပြဿနာ ပြာသနပ်.. ပြာသနပ် ပြဿနာ
    နာမည်ကြီးကို က ခေါ်လို့မကောင်း..

  • ဗုံ ဗုံ

    April 25, 2013 at 4:59 pm

    အဲ့ဒီ ပြသနာ ဆိုတဲ့ စကားလုံးကို ဘယ်သူက စထွင်ခဲ့တာလည်း မသိဘူး ပြသနာဘဲ :mrgreen:

    • အရှင် သခင် ဆရာ ကိုယ်တော် mobile

      April 26, 2013 at 5:08 am

      နင့်ဘကြီးက စထွင်ခဲ့တာနေမှာပေါ့……

  • မောင် ပေ

    April 25, 2013 at 7:42 pm

    ပြဿနာ
    ဇါတ်ဆရာ
    တက်ကြွစွာ
    ကြက်မရှာ
    လက်ထလာ
    ရက်ပြပါ

  • အလင်းဆက်

    April 25, 2013 at 9:39 pm

    ပြဿနာ တစ်ခု ဖြစ်ပြီဆိုရင်..
    ကိုယ့် သဘောထားမှားနေသလားလို ့
    အရင်ကြည့်ပါ..တဲ ့

    ————–
    အင်း..ဒီပိုစ့်မှာတော့.. စိမ်းစိမ်းစိုစိုနဲ ့
    မြင်ရတာ..စိတ်ချမ်းသာပါ၏ ။
    ————
    ချစ်သော..အံ
    တွေးတောစရာ.. စာသားလေးတွေ အတွက်..
    ကျေးကျေး

  • GaviaGirl

    April 25, 2013 at 10:43 pm

    အရမ်းကြိုက်တဲ့ စကားလေးတစ်ခွန်းရှိတယ်.. This too will pass တဲ့… တစ်ခုခုကြုံလာရတိုင်း အဲ့ဒီစကားလေးကို နှလုံးသွင်းနိုင်အောင် အမြဲတမ်းကြိုးစားတယ်… တစ်ခါတစ်လေတော့လည်း ရင်ထဲက အော်မိတယ်.. “လာစမ်းဟဲ့ လောကဓံ” ဆိုပြီးတော့…

    ဒါပေမယ့်.. ဒါပေမယ့်.. တစ်ခါတစ်ခါကျပြန်တော့လည်း အလိုလိုနေရင်းနဲ့ စိတ်ထဲမကြည်… ဘယ်သူနဲ့မှ စကားမပြောချင်… မတွေ့ချင်တွေဖြစ်ပြီး ဂေါက်နေတတ်ပြန်ရော…

    မဟာရာဇာရဲ့စာကို သဘောကျပါတယ်.. (နာပေါဒါ စာ ပါတယ်နော်..) .. ဖြေရှင်းလို့မရတဲ့ ပြဿနာဆိုတာ မရှိဘူးလို့ ယုံကြည်ပါတယ်… ခေါင်းအေးအေးနဲ့စဉ်းစားလိုက်ရင်.. ဒါမှမဟုတ်.. သင့်တင်လျောက်ပတ်စွာ နှလုံးသွင်းလိုက်ရင် အားလုံးကို ဖြေရှင်းနိုင်ပါမယ်လို့…

  • uncle gyi

    April 25, 2013 at 11:22 pm

    ပြသနာဆိုတာအမည်ပေးလိုက်တာပါကိုအံရယ်
    အမှန်ကကိုယ့်စိတ်ကုုူးပုံတွေးပုံမှန်မမှန်လို့ပြောရင်ရမယ်ထင်ပါတယ်

  • အရှင် သခင် ဆရာ ကိုယ်တော် mobile

    April 26, 2013 at 5:17 am

    ပရော်ဘလန် ဆိုတာရဲ့နောက်ကွယ်မှာ လျှို့ဝှက်ချက်တွေရှိတယ်ဗျ……
    ပြဿနာ ဆိုတာ အလဂါးနေရင်း ဖြစ်လာတာမဟုက်ဘူးနော…….
    ပြဿနာ ရဲ့ဆန့်ကျင်ဖက်မှာ တစ်စုံတစ်ခုသော ကောင်းကျိုးတွေရှိနေတတ်ပါတယ်……
    မိမိအတွက် မဟုက်ရင်တောင် တစ်ဦးတစ်ယောက်/ တစ်စုံတစ်ခုအတွက်ပေါ့……..
    လူ့ဘွဆိုတာ နေရလှ အသက် ၇ဝ ဆိုတာတော့ငြင်းတယ်ဗျာ….
    ကျုပ်က အသက် ၁၂ဝ အနည်းဆုံးနေရမယ်လို့ ဗေဒင်ကဟေားတားသဗျ….

  • lady mobile

    April 26, 2013 at 8:36 am

    ရှင်လားအသက် ၁၂ဝထ်ိ နေရမှာ
    ဲမြင်ချင်သေးရဲ့ အဟိ….

  • ဦးကြောင်ကြီး

    April 26, 2013 at 8:57 am

    ပြဿနာ
    ဓာတ်စာ
    ချက်ပါ
    ဝက်လျှာ
    နတ်လာ
    ဆက်မှာ
    လက်ဖွာ
    သက်သာ…

  • မယ်ဘုတ်

    April 26, 2013 at 11:56 am

    ပြဿနာ မဟုတ် ပြဿနာ ရှာနေတာလဲ …
    ပြဿနာ ဘဲပေါ့ … :kwi:

  • TNA

    April 26, 2013 at 10:20 pm

    ပြဿနာက ခြောက်ညက်နှာတောင်ဆိုတော့ ရှင်းရခက်တာပေါ့အေ။ ပြဿနာမရှိ ပြဿနာရှာနေဒါဘဲဂိုး။ ဘာပဲဖြစ်ဖြစ်မှတ်သားစရာလေးတွေပါလို့မှတ်သားရင်း နောင်ကို ပြဿနာမရှာတော့ပါဘူးရယ်ကြောင်း။

  • kyeemite

    April 27, 2013 at 9:06 am

    ပြဿနာမရှိပြဿနာရှာတဲ့ ဘိုအံ ဘယ်ရောက်နေလဲကွ..ခုထွက်ခဲ့စမ်း 👿
    အဟိ..လစ်ပီ :kwi:

  • marga thagyar

    April 27, 2013 at 9:50 am

    If doesn’t happen, not happen.

Leave a Reply