“ကဲ ဘယ်လိုလုပ်ကြမလဲ? ……………… ဟင်။´´

 

မန္တလေးမှာ မနေ့က ငွေကျပ် ၁၅၀ဝ တန် မိုဘိုင်းဖုန်းကဒ်တွေ ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးရုံးတွေမှာ အစိုးရက တန်းစီပြီး မှတ်ပုံတင်၊ သန်းခေါင်စာရင်း(အိမ်ထောင်စုစာရင်း) ပြကာ ဦးရာလူစနစ်နဲ့ ရောင်းပေးတယ်၊ ရောင်းပေးတဲ့ကဒ်အရေအတွက်ထက် ဝယ်လိုသူဦးရေက များပြားနေတာ တွေ့ရတယ်။ ငွေကျပ် ၁၅၀ဝ နဲ့ ဆင်းကဒ်(မိုးဘိုင်းဖုန်းကဒ်) ရမယ်ဆိုတော့ လိုချင်ကြတဲ့သူ တွေများတာပေါ့။ ဟိုးတုန်းကဆို အိမ်မှာဖုန်း တပ်ခွင့်ရဖို့ဆိုတာ အတော်မလွယ်ရေးချ မလွယ်တဲ့ကိစ္စလေ။ နောက်ပိုင်း ဆယ်လူလာဖုန်းတွေ၊ လက်ဆွဲခြင်း ဖုန်းတွေ၊ မိုဘိုင်းဖုန်းတွေ ပေါ်ခဲ့ပေမယ့် အစိုးရထုတ်ရောင်းဈေးတင် ဆယ်ဂဏန်းကျော် သိန်းချီနေခဲ့ကြတာကိုး။

ဒါကြောင့်လည်း ငွေကျပ် ၁၅၀ဝ နဲ့ မိုဘိုင်းဖုန်းကဒ်ကိုရောင်းပေးမယ်ဆိုတော့ အိမ်မက်မက်လိုက်ကြတာ ဒု နဲ့ ဒေး ပေါ့။ ဒါပေသည့် တကယ်တမ်း စတင်ရောင်းပြီလည်းဆိုရော ခွဲတမ်းနဲ့မို့ မဲနှိုက်ရောင်းတဲ့မြို့ကရောင်း၊ ဦးရာလူစနစ် တန်းစီစေပြီးရောင်းတဲ့မြို့ကရောင်းနဲ့ အစိုးရက အဲလိုစနစ်တွေဖော်ဆောင်လိုက်ရော မနေ့က မန္တလေးမှာ ထို မိုဘိုင်းဖုန်းကဒ် ဈေးကွက်တစ်ခု အခုလိုဖြစ်ပေါ်ခဲ့တယ်။ အဲဒါက ရရှိတဲ့ အစိုးရရောင်းဈေး ငွေကျပ် ၁၅၀ဝ ဖုန်းကဒ် ပြန်ရောင်းရင် ဖုန်းဆိုင်တစ်ချို့က ကျပ် ၃၀၀၀ဝ နဲ့ကောက်ဝယ်ပြီး၊ အဲ ဒီဖုန်းဆိုင်တွေ ငွေကျပ် ၅၀၀၀ဝ နဲ့ ပြန်ရောင်းကြပါတယ်တဲ့။ ကဲ ဘယ်လိုလုပ်ကြမလဲ? ……………… ဟင်

ခေတ်အဆက်ဆက် တန်းစီး၊ မဲနှိုက်စနစ်ကို မြန်မာပြည်က ဘယ်အစိုးရဘဲဖြစ်ဖြစ် ပျောက်ပျက်မသွားစေဘဲ ရိုးရာအမွေအနှစ်အဖြစ် ထိန်းသိမ်းထားနိုင်စဲမို့ ဂုဏ်ယူရမှာလား ပရိတ်သတ်ကြီးရေ ပြောပါအုံးလို့ ………..။

 

ဖတ်ရှု့သူများကျေးဇူးနော်။

ခင်ခ

About ခင္ခ

ခင္ ခ has written 458 post in this Website..