ယမန်နေ့က မုံရွာကြေးနီတောင်စီမံကိန်းမှ မတရားသိမ်းထားသော လယ်မြေများပေါ်တွင် ထွန်ရေးငင်ကြသော ဆန္ဒပြလယ်သမားများအား လုံထိန်းရဲများမှ ကိုယ့်အမျိုးသားခြင်း ကိုယ်ချင်းမစာ စကောလောက်မျှစောက်မနက် အသားထဲလောက်ထွက် ရက်ရက်စက်စက် ရိုက်နှက်ပစ်ခတ် ဖြိုခွင်းတိုက်ခိုက်ရာ သေနတ်ဒဏ်ရာ အပါအဝင် ထိခိုက်ဒဏ်ရာရမှုနှင့် ဖမ်းဆီးမှု အများအပြား ရှိခဲ့သည်။ ထိုဖြစ်ရပ်အပေါ် တရုတ်ကူမြူနစ်ပါတီ မြန်ကျင့်ဒေသ အကြီးအကဲ ဘွားဒေါ်ဂျီးမှ စိတ်ဆိုးဒေါသထွက်ကြောင်း ကြားသိရသဖြင့် အားကိုရာမဲ့ ဖြစ်နေရှာသော အဖိနှိပ်ခံ လယ်သ္မားများ ရန်ကုန်မြို့ တပ်ကပ်သူရိပ်သာလှမ်းသို့ သွားရောက်တင်ပြရာ ဆန္ဒပြသူများအပေါ် စိတ်ဆိုးခြင်း ဖြစ်သဖြင့် ကားခကုန်တာ အဖတ်တင်ကြောင်း ပြောဆိုနေသည်။

လယ်သမားဂျီးများ၏ နောက်ဆုံးအားကိုးရာဖြစ်သော ခြစ်ကိုယ်ဂျီး မင်းကိုနိုင် မှ ဘွားဒေါ်မဝင်လျင် သူဝင်မည် ဖြစ်ကြောင်း လက်သီးလက်မောင်းတန်း ကြိမ်းဝါးလိုက်ရာ အင်းစိန်ထောင် အထူးတိုက်အား ရှင်းလင်းထားပြီး ဖြစ်ကြောင်း ပေါက်ကြားလာသော အကျဉ်းဦးစီးဌာန လျှို့ဝှက်အစီရင်ခံစာ တစောင်အရ သိရသည်။

မကြာခင် ရေးဆွဲမည့် တောင်သူလယ်သမား ဥပဒေကြမ်းအတွက် ဆွေးနွေးပွဲကို တရုတ်ပြည် မြန်တကျင့်ဒေသ ကူမြူနစ်ပါတီ အကြီးအကဲ ဘွားဒေါ်ဂျီးခြံဝင်းအတွင်း ပြုလုပ်ရာ ပြည်နယ်တိုင်း အသီးသီးမှ လယ်သမားဂျီး ၂၂ ဦးတက်ရောက်ခဲ့သည်။ ထုံးစံအတိုင်း တောင်စဉ်ရေမရ ပြောဆိုပြီးနောက် ဂျုံလုပ်မုန့် အီကြာကွေး၊ ပေါက်ဆီ၊ လဖက်ရည် ဧည့်ခံရာ ဆန်စိုက်သူဦးဂျီးများ မကျေမနပ် ဖြစ်သွားရပြီး ဂျုံကျွေးခြင်းအတူတူ အသားညှပ်ပေါင်မုန့် ဟမ်ဘာဂါ၊ ပီဇာမုန့်မျာကျွေးရန် တောင်းဆိုခဲ့ကြသည်။

မြန်မာနိုင်ငံ အာဆီယံဥက္ကဌ တာဝန်ယူမည့် ၂၀၁၄တွင် ကြုံတွေ့လာမည့် နိုင်ငံရေး၊ စီးပွားရေး စိန်ခေါ်မှုများကို အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အားလုံးပူပန်နေသည့် တောင်တရုတ်အရေး နှင့်ပတ်သက်ပြီး တရုတ်အနေဖြင့် တိရိစ္ဆာန်၊ တွင်းထွက် ကာမအားတိုးဆေး လျှော့စားရန် အာဆီယံရေးရာ ညွှန်ချုပ် ဦးအောင်လင်းမှ အကြံပေး ပြောကြားသည်။

ပြန်ကြားရေး ဒုဝံကျီး ဦးပိုက်ထွေးမှ မီဒီယာလွတ်လပ်ခွင့်ပြုပြီးမှ အဆိပ်ဖြစ်စေသောစာ များပြားလာကြောင်း ပုံနှိပ်ထုတ်ဝေသူများ အစည်းအဝေးတွင် ပြောကြားအပြီး အဆိပ်ဓာတ်ငွေ့ကာ မျက်နှာဖုံး ကောက်တပ်လိုက်ရာ ပရိတ်သတ် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သဖြင့် ဝံကျီးမှ ၎င်းအား နိုင်ငံဒေါ်သမဒရုံးမှ ခိုင်း၍ တရုတ်လုပ် အီတွန့်ဗွမ် အဆိပ်ဓာတ်ငွေ့ကာ မျက်နှာဖုံး ကြော်ငြာပေးခြင်းဖြစ်ကြောင်း တောင်းပန်ခဲ့ရသည်။

မဝယ်မနေရ ရောင်းသော တရုတ်လုပ် အီတွန့်ဗွမ် ဓာတ်ငွေ့ကာ မျက်နှာဖုံး

မဝယ်မနေရ ရောင်းသော တရုတ်လုပ် အီတွန့်ဗွမ် ဓာတ်ငွေ့ကာ မျက်နှာဖုံး

လူလုပ်သော ဥပဒေ လူ ပြင်ဆင်ခွင့်ရှိကြောင်း အခြေခံဥပဒေနှင့် စပ်လျဉ်း၍ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းက ပြောကြားလိုက်ရာ အတိုက်အခံ ကြောင်ကြီးမှ တိရစ္ဆာန်များလည်းဆိုင်ကြောင်း ဝေဖန်လိုက်ပြီး တိရစ္ဆာန်များ စည်းလုံးညီညွတ်ရေးပါတီအား(တစည)  အမြဲတမ်း ရာသက်ပန် ဥက္ကဌ တာဝန်ယူ ဖွဲ့စည်းလိုက်သည်။

အသစ်ဖွဲ့စည်းလိုက်သော တိရစ္ဆာန်ပါတီနှင့် စပ်လျဉ်း၍ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)မှ ကန့်ကွက်ရာ ရွေးကောက်ပွဲ ကော်မရှင် ဖိအားပေးသဖြင့် ပါတီနာမည်အား ညီညွတ်စည်းလုံးသောတိရစ္ဆာန်များ (ညစတ) အမည်ပြောင်းလဲ သတ်မှတ်ကြောင်း သိရသည်။

ထပ်မံဝင်လာသော သတင်းအရ ညစတပါတီ မန်းလေးတိုင်း ဥက္ကဌပုရှ်အား ပါတီစည်းကမ်း ဖောက်ဖျက်မှုဖြင့် ပါတီမှ ထုတ်ပယ်လိုက်ကြောင်း ဥက္ကဌကြောင်ကြီး လက်မှတ်ရေးထိုး ထုတ်ပြန်သည်။

ဂဇက်မော်လဝီ အဗ္ဗဒူလာ ရွာရွတ်ခိုင် ဟာလာလုပ်ရန် မွေးမြူထားသော ကြက်ဖကြီးနှင့် ရွာမွေးမြူရေးခြံမှ ဝက်ကြီးတကောင် ရန်ဖြစ်ရာ ဘာသာရေး ပဋိပက္ခ မဟုတ်ကြောင်း ရဲချာသီ ဖေ့ဗွတ်တွင် ရေးသားထားသည်။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး