ခွင့်
——————————————
နဂါးခေါင်းဘယ်ဘက်လှည့်လဲမသိ
အဲဒီနေ့တွေ ငါ့အတွက်ပြဿဒါးဖြစ်တယ်
တစ်ပါးရင်ထက် ပိုခံစားတတ်တဲ့ ….
ကျွန်မပိုင်တဲ့ ထိုအရာလေးက
ကျွန်မကိုငိုတတ်စေခဲ့သလား…..
အသက်ရှူတိုင်း လွမ်းတယ်ဆိုတဲ့စိတ်နဲ့
ညထူထူတွေထဲဖြတ်ခဲ့ရတယ်
အများအတွက်တော့ ခပ်ပါးပါးတဲ့…..
တစ်ကိုယ်တည်းရေတွက်မိတယ်
များလှတဲ့ရက်တွေပါလား။
မျှော်လင့်ခြင်း တနင့်တပိုးနဲ့
အတ္တတွေ လေပူထဲမှုတ်ထုတ်ပစ်ခဲ့ရတယ်။
ပြက္ခဒိန် မော့ကြည့်ခဲ့တိုင်း….
တိတ်တဆိတ်ရေရွတ်မိတယ်
ဒီနှစ် ခွင့်ပြန်လာရပါစေ ။
16 comments
ခင်ခ
April 26, 2013 at 10:13 am
အခက်ကြုံတော့
ရတက်ပုံလို့
ခွင့်ပြန်လာပါရစေ
ဒီနှစ်လေတဲ့
ပျော်စေချင်လို့
ဌဲ့ညာပေးမယ်
သဘောတော်အတိုင်း
ရှိစေတော့။
မဟာရာဇာ အံစာတုံး
April 26, 2013 at 10:16 am
ဟူးးးး
ခဏခဏ သက်ပြင်းတွေချ
ရင်တွေ မောရတော့ …
လူကလည်း သေလုမတတ်ပေါ့ …
“………
တစ်ပါးရင်ထက် ပိုခံစားတတ်တဲ့ ….
ကျွန်မပိုင်တဲ့ ထိုအရာလေးက
ကျွန်မကိုငိုတတ်စေခဲ့သလား…..
……”
ကိုကိုအံ အားပေးတွားဒယ် သူဂလေးရယ် …။
သူကလေး
April 26, 2013 at 10:58 am
တိုတိုအံ အားလာပေးတာနဲ့ အားတွေတောင်ရှိလာဘီ .. ဟီးဟီး
ဒါနဲ့ ဘာလို့ သက်ပြင်းတွေချနေတာလဲဟင်
မဟာရာဇာ အံစာတုံး
April 26, 2013 at 7:47 pm
သက်ပြင်း ဆိုတဲ့ အရာက …
ခပ်လွယ်လွယ်နဲ့ ကျလာတတ်တဲ့ အရာမှ မဟုတ်တာပဲ သူလေးရယ် ..
ဒီကဗျာရဲ့ အချို့သော အကြောင်းအရာများနဲ့ တိုက်ဆိုင်လွန်းနေလို့ပါ …
ဒါကြောင့် … ရင်ထဲ မောလာလို့ …
ဟူးးး ခနဲ .. သက်ပြင်း မှုတ်ထုတ်လိုက်တာပါကွယ် ….
kyeemite
April 26, 2013 at 11:50 am
ခွင့်ပြန်လာရပါစေ..တဲ့လား
လာစေဗျား…လာစေ :hee:
သူကလေး
April 26, 2013 at 2:12 pm
လာဘီဂျာ လာဘီ …
ဗုံ ဗုံ
April 26, 2013 at 12:18 pm
ခွင့်မရလဲ ဘာဖြစ်လဲ အပြီးသာပြန်ခဲ့လိုက်သူကလေး :harr:
ရွှေတိုက်စိုး
April 26, 2013 at 2:09 pm
အော်ကဗျားလေးဖတ်ပြီး မျက်ရည်တောက်တောက် ကျရပါလားအေ…….တနားထာ…
လာလာ သူတို.မပေးလဲ နာပေးမယ့်… နာမှာ ခွင့်တွေကို အများကြီး ကျန်တေးတယ်…… ၁၅ရက်လောက်လာယူလှည့်……….အာဟိ
သူကလေး
April 26, 2013 at 2:18 pm
ခစ်ခစ် … တကယ်တော့ တကယ်တော့ .. သူကလေးကပြန်ချင်တာမဟုတ်ဖူး…
တခြားလူကို ပြန်လာစေချင်တာလေ .. ဟီး
lady mobile
April 28, 2013 at 5:40 pm
မျှော်နေတဲ့သူ ပြန်လာပါစေလို့
ဆုတောင်းပေးလိုက်တယ်နော်……
တိမ်မည်း
April 26, 2013 at 2:59 pm
ပြန်မလာရင် မရဖူးလားဟင်……….
:buu:
သျှားသက်မာန်
April 26, 2013 at 5:13 pm
ကောင်းပါတယ်…
လူကလေး
April 26, 2013 at 5:30 pm
နီခွင့်ယူတော့ .. နာ့ကို ဝိုင်းအနိုင်ကျင့်ကြတယ်ဟဲ့..
ခွင့်မပေးဘူး .. ပြန်နဲ့.. ဒါပဲ..
Mr. MarGa
April 26, 2013 at 6:45 pm
သူကလေးရေ…………
ဦးမာဃ လာချင်ပေမယ့်
ခွင့်က မပေးဘူးကွယ့်
ဝမ်းနည်းပါတယ်ကွယ်…………
Real အရှင် သခင် ဆရာ ကိုယ်တော် mobile
April 27, 2013 at 2:32 pm
ဟုက်မယ်………
နတ်သမီးတွေရဲ့….
အဝတ်အစားတွေ လျှော်ရအုံးမယ်ဆို့ပဲ…………..
နတ်ပြည်မှာက အဝတ်လျှော်စက်တို့… အိမ်ဖော်တို့က ရှိတာမဟုက်တော့…
နတ်သမီးတွေရဲ့ အဝတ်အစားတွေ ဘာရီဘာရ ကိစ္စတွေကို နတ်သားတွေကပဲ
လုပ်ပေးရလေသတဲ့…………….
အလင်းဆက်
August 5, 2013 at 9:19 pm
မောလိုက်တာကွယ်….။
တာဝေးအပြေးသမားလို ….
အရာရာ..ချွေးဒီးဒီးကျ….
ရင်နဲ ့ရေးတာကို…
ရင်နဲ့ပဲ..ခံစားလို ့….