“message message message messageeeeeeeeeeeeeeeeee” …. နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတုန်း ကလေးအော်သံနဲ့ ဖုန်း message ဟာ ရက်ရက်စက်စက်ကို နှောင့်ယှက်လေတော့သည်။ ရုံးကလူတွေက အရေးကြီးကိစ္စရှိရင် message နဲ့ သတင်းပို့တတ်တာမို့ message သံကိုသိသာအောင် တမင်ထားခဲ့တာ နောင်တရမိလေ၏။ ကော်နဲ့ကပ်ထားသလို ခွာမရသော မျက်လုံးအစုံကို မနည်းကြိုးစားဖွင့်ကာ message ကိုဖတ်ရသည်။ တော်တော်လေးကိုကောင်းသော အိပ်ရာနှိုးခြင်း။ “သူကလေး ဒီနေ့ကဗျာပြခန်းကိစ္စဒို့တွေဆုံကြမယ် ညနေ ၆နာရီ တွေ့နေကျဆိုင်ကို လာခဲ့ပါ မလာလို့ကတော့ သေခန်းပြတ်” တဲ့။ ပို့သူက အမွန်ဟု သူများတွေခေါ်ကြသော ကျွန်မရဲ့ ချစ်လှစွာသော မမမွန်။ message ကိုမြင်တော့ မျက်လုံးက ခါတိုင်းထက် ၂ဆပြူးသွားရသည်။ ဒီနေ့ မမမွန်တို့ခေါ်တာကို ကျွန်မ ဘယ်လိုမှမသွားနိုင်။ ဒီနေ့ ကျွန်မရဲ့ […]