နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၄) ——————————– ဖုန်းထဲမှာဓာတ်ပုံလေးကိုကြည့်ပြီး ကျွန်မအရမ်းကိုသဘောကျနေမိသည်။ ထိုပုံမှာ တခြားမဟုတ် လင်းလက်လျှပ်တပြက်ရိုက်ပေးလိုက်သော ကျွန်မက စိမ်းလန်းစိုပြည် ကစားကွင်းထဲက ဒန်းလေးမှာ ထိုင်နေတုန်း ဗိုလ်က ကျွန်မကို ဒန်းလွှဲပေးတဲ့အခိုက် ရိုက်ထားလိုက်တာ။ တမင်တကာ လုပ်ယူပြီးပြုံးထားတဲ့အပြုံးလည်းမဟုတ်၊ တကူးတကပို့စ်ပေးထားတာလည်းမဟုတ်ပါဘဲ snapshot ရိုက်ထားလို့လားမသိ အရမ်းပဲကြည့်လို့ကောင်းသည် ဟု ကျွန်မစိတ်ထဲထင်မိသည်။ ဒီနေ့ ကျွန်မတို့တွေ စိမ်းလန်းမှာမုန့်အတူစားကြ၊ စကားတွေပြောကြနှင့် ည ၉ နာရီကျော်မှာပင်အိမ်ကိုပြန်ရောက်ကြသည်။ အိမ်ပြန်ရောက်ရောက်ချင်းဒေါ်လေးကတောင် နောက်ကျလိုက်တာဟု ဆူလိုက်သေးသည်။ ကျွန်မလည်း ဇက်ကလေးပုကာ ထက်မြက်ပြန်ရောက်လာလို့ဟုပြောမှ ဒေါ်လေးက နည်းနည်းငြိမ်သွားတာ။ လင်းလက်တို့၊ ထက်မြက်တို့က ကျွန်မကိုအရမ်းခင်ပြီး အိမ်ကိုဝင်ထွက်သွားလာနေကြမို့ ဒေါ်လေးကစိတ်ချသည်လေ။ ဓာတ်ပုံလေးကိုကြည့်ရင်း သဘောတွေကျနေတာနဲ့ ည ၁ဝနာရီထိုးတာတောင်မသိလိုက်။ နာရီကြည့်မိတော့မှ […]