နေသာသောနေ့တစ်နေ့ဖြစ်လိုက်ချင်သည် အပိုင်း (၃) နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၄) ~~~~~~~~~~~~~~~~~~~~ အခန်း (၆) ညနေ ၆ နာရီ ကိုကို အိမ်မှာလာခေါ်မည့်အချိန်ကိုစောင့်နေရင်း စိတ်ထဲတစ်ခုခုကိုစိုးထင့်နေသလို ခံစားနေမိသည်။ ဘာကြောင့်မှန်းမသိ … ကျွန်မတို့ဇာတ်လမ်းရှေ့ဆက်ဖို့ရာ ခက်ခဲလွန်းနေပြီထင် အကြောင်းပြချက်တော့ရေရေရာရာမရှိ … တစ်စုံတစ်ယောက်ကိုသံသယဖြစ်မိဆိုရင် အဲဒီသံသယအတိုင်း တစ်ချိန်မှာဖြစ်လာတတ်တဲ့ ကျွန်မရဲ့ စိတ္တဇကို ခုချိန်မှာ ကျွန်မ ပြန်လန့်နေမိသည်။ ကိုကိုကျွန်မဆီရောက်လာတော့ ကားပေါ်မှာ ကိုသက်အောင်ပဲပါလာသည်။ ဟိုကောင်လေးကိုမတွေ့ရ “ ကိုကိုတို့နှစ်ယောက်တည်းလား ဟိုတစ်ယောက်ကော မပါဘူးလား ” “ အေးကွာ မနေ့တုန်းကတော့ လာမယ် တကဲကဲနဲ့ ခုနတုန်းကမှ ဖုန်းဆက်တယ် မလာနိုင်တော့ဘူးတဲ့ ဒီကလေးဘာတွေဖြစ်နေမှန်းကိုမသိပါဘူး ” “ သူရဲ့ကလေးဆီသွားတယ်ကွ .. […]