နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၄)
နေသာသောနေ့တစ်နေ့ဖြစ်လိုက်ချင်သည် အပိုင်း (၃) ဖတ်ရန်
အခန်း (၅)
အိပ်ရာစောစောမထတတ်တဲ့ ဟန်နီပီပီ … နောက်တစ်နေ့မနက်မှာ ၁၁ နာရီထိုးမှ အိပ်ရာမှနိုးလာသည်။
နောက်ဆုံးနှစ် စာမေးပွဲအောင်စာရင်းကလည်းမထွက်သေး … သင်တန်းတက်နေတာတွေအားလုံးကလည်းမရှိတော့ စိတ်ထင်တိုင်းလုပ်လို့ရနေသည်မဟုတ်လား
အခွင့်အရေးဆိုတာ ရတုန်းယူတတ်ရသည် ဟုတ် ကျွန်မ ကြားဖူးသေး၏။
ကျွန်မအကြိုက် နှပ်ကော်ဖီဆိမ့်ဆိမ့်လေး ဖျော်အပြီးမှာတော့ လင်းလက်ဆီဖုန်းဆက်ဖို့သတိရသည်။
အိပ်ရာနိုးတုန်းက ကျွန်မဖုန်းကိုကြည့်လိုက်တော့ လင်းလက်ခေါ်ထားတဲ့ missed call တွေအများကြီးမဟုတ်လား။
ဒီအချိန်ဆိုရင်တော့ လင်းလက် အိပ်ရာမှနိုးလောက်ပီထင်သည်။
“ အေး ဟဲ့ပြော ” ထူးပုံက သိပ်ကိုချိုသာလွန်းလှသည်။ ဒီအသံလောက်ဆို အိပ်ရာမှ ကောင်းကောင်းနိုးနေလောက်ပီထင်သည်။
“ နိုးဘီလား ကောင်မ ထူးထူးဆန်းဆန်း ”
“ ဟဲ့ နင့်မေလင် နာရီကိုမကြည့်ဘူးလား ၁၂ နာရီတောင်ထိုးတော့မှာ သင်တန်းက ၂ နာရီဟဲ့
ငါအခုမထရင် ငါ့ကို အားမ လာသတ်မှာပေါ့ ”
“ အော် အော် ဒါတော့ ကြောက်တတ်သားဘဲ ”
“ ကြောက်တတ်သားဘဲ မလုပ်နဲ့ ဘယ်လိုလဲ မနေ့ကကိစ္စဘယ်လိုနေလဲ ညက ငါဖုန်းဆက်တော့ကိုင်လဲမကိုင်ဘူး
ငါ့မှာအဲဒီကိစ္စကို သိချင်နေတာ ရွစိကိုတက်နေတာပဲ”
“ အေး ငါသိပါတယ် နင်ရွတယ်ဆိုတာ ”
“ လ .. ဒ .. မ ငါဆဲလိုက်ရ .. ပြောစမ်းပါဆို .. ဈေးကိုင်နေတယ် ”
“ အေးပါ ပြောမှာပါ …. ” ဟုတ် အစချီကာ ကိုကို့ရဲ့ဖြိုးဆိုသော မိန်းကလေးအကြောင်း၊
ကိုကို့ရဲ့ပြောင်းသွားတဲ့ အခြေအနေတစ်ချို့နဲ့ အာကာဗိုလ်ဆိုတဲ့ ကောင်လေးအကြောင်း.. အကုန်ပြောြ့ပမိသည်။
ကျွန်မ စကားလည်းဆုံးတော့ ကျွန်မထက် အရင် လင်းလက်က သက်ပြင်းချရင်း …
“ ဟင်း .. ဒါဆို နင့်ကိုကိုက ဘယ်လိုကြီးတုန်း အဲတစ်ယောက်ကကော နင့်ကိုကိုရဲ့အချစ်ဟောင်းဖြစ်နိုင်လား ”
“ အင်း … ဘယ်လိုပြောရမလဲ ငါဘာဆက်လုပ်ရမှန်းတောင်မသိဘူးဟာ ငါကိုကို့ကိုမဆုံးရှုံးချင်ဘူး ”
“ နင်က ဆရာမကြီးပဲ နင့်မှာအကြံမရှိဘူးလား တစ်ခုခုပေါ့ ”
“ ခုလောလောဆယ်တော့ သွေးပူနေလို့လားမသိဘူး ဘာမှစဉ်းစားလို့မရသေးဘူး 1-1 ဆိုဘာမှမဖြစ်ဖူး
ခုဟာက ၂ယောက်ဖြစ်နေဘီ .. နောက်ပိုဆိုးတာက သူ့နားက မိန်းကလေးက ငါတို့လို ငချွတ်ပုံမဟုတ်ဖူးဟ
တည်တည်ငြိမ်ငြိမ် နူးနူးညံ့ညံ့လေး အဲဒီမှာတင်ငါက တစ်မှတ်ရှုံးနေပြီ … နောက် သူတို့ရဲ့အရင်ပက်သက်မှု အဲဒီမှာ နောက်တစ်မှတ်
ဟူး … ငါအတည်ကြံကာမှ ကွာ ”
“ ကဲပါ အဲလောက်ကြီးလည်းသွေးမပျက်ပါနဲ့ .. အချိန်တွေရှိပါသေးတယ် ဒါနဲ့ အခုနင့်ကို ဖုန်းဆက်ပီးပီလား ”
“ ဟင့်အင်း ခုချိန်ထိ ဆက်သွယ်မလာသေးဘူး .. ဟူးး .. အွန်လိုင်းမှာတင် တစ်ခန်းရပ်သွားဘီလားမသိဘူးဟာ ”
“ ဟဲ့ ဟန်နီ ပီသအောင်နေစမ်းပါ အဲလောက်ဖြစ်မနေနဲ့ ငါမနက်ဖြန်မှ လာခဲ့မယ် ဒီနေ့တော့သင်တန်းသွားရအုံးမယ်
သင်တန်းလစ်လို့မရဘူးဟ ထက်မြက်ဆူလိမ့်မယ် ဟီး ”
“ အောင်မလေးဟယ် … ဖြစ်နေတာ ဖြစ်နေတာ .. သိပ်ချစ်နေလား ”
“ အင်း ချစ်တာပေါ့ ထက်မြက်က ငါ့ရဲ့အချစ်ဆုံးပဲ ဘယ်လောက်တောင်ချစ်လဲဆိုရင် … ”
“ တော်ပြီ မပြောနဲ့တော့ ငါ ph bill တက်တယ် .. ဖုန်းချတော့မယ် ဒါဘဲ တာ့တာ ”
လင်းလက်နှင့်ဖုန်းပြောပြောပြီးချင်းမှာပင် … ကျွန်မ မသိသော နံပါတ်တစ်ခုနှင့် ဖုန်းဝင်လာခဲ့သည်။
“ ဟဲလို ”
“ ညီမလေးလား ကိုကိုပါ ”
ကိုကို့အသံကြားလိုက်ရတာ ကျွန်မ အရမ်းပျော်သွားမိသည်။ ဆက်မှဆက်ပါ့မလားလို့ စိတ်ပူလိုက်ရတာ ကိုကိုရယ်
“ ကိုကို … ခုမှဖုန်းဆက်တယ်နော် .. ညီမလေးဖြင့်စောင့်နေရတာ မိုးလင်းတည်းကပဲ ”
အာဟိ….အမှန်တော့ အခုမှနိူးတာပါ … ဒါပေမယ့်လည်း အီစီကလီလေးရတုန်းလုပ်ထားမှလေ
“ ဆော်ရီးညီမလေးရာ …ညက အိမ်ရောက်တော့ ပစ္စည်းတွေသိမ်းစရာရှိတာသိမ်း လက်ဆောင်ပေးမယ့်ပစ္စည်းတွေထုတ်နဲ့
ဆိုတော့ အိပ်တာ နည်းနည်းနောက်ကျသွားတယ်လေ အဲဒါနဲ့ မနက်ကနောက်ကျမှနိုးတယ်လေ .. ပီးတော့ မေမေနဲ့စကားပြောနေသေးလို့
ခုမှဆက်ဖြစ်တာ ထူးထူးဆန်းဆန်း အစောကြီးနိုးနေတယ်ပေါ့လေ ကလေးမ ”
“ အင်းပေါ့ ကိုကိုဖုန်းဆက်ရင်မသိမှာစိုးလို့ အစောကြီးအိပ်ရာထရတာ ကိုကိုကဆက်လည်းမဆက်ဝူး ဟွန့် ”
“ စိတ်မဆိုးပါနဲ့ ခုကိုကိုဖုန်းဆက်နေပြီပဲကို .. ”
“ အင်းပါ စိတ်မဆိုးတော့ပါဘူး … ကိုကိုဘာစားပီးဘီလဲဟင် ”
“ စားပြီးပြီ မေမေက ကိုယ်စားချင်တယ်ဆိုလို့ မုန့်ဟင်းခါး ချက်ပေးထားတယ်လေ ညီမလေးကော စားပီးဘီလား ”
“ ဘယ်စားရအုံးမှာလဲ ခုမှ ကော်ဖီလေးပဲသောက်ရသေးတယ် ”
“ ဟုတ်လား ဒါဆို တခုခုစားလိုက်အုံးလေ .. အစားနောက်ကျလို့ အစာအိမ်ဖြစ်နေအုံးမယ် ကိုကိုလည်း မေမေနဲ့ ကိုယ့်အဒေါ်တွေအိမ်သွားရအုံးမယ် ”
ဟင်းးးးးးးး ငါ့ကိုများ နေ့လည်စာလေးလိုက်ကျွေးမလားလို့ ပြောမိပါတယ်
မတုန်မလှုပ်ကြီးနဲ့ ငါနဲ့တော့ ရူးချင်တော့တာပါပဲ
“ ဟုတ် .. ကိုကို့ကို သတိရလိုက်တာ … ”
“ ကိုယ်လဲရပါတယ်ကွာ … ဒီမှာ မေမေနဲ့ပြောနေတာ .. ကိုယ်ရောက်တုန်း အလှူလေးဘာလေးလုပ်မလားလို့လေ
လာမယ့်စနေနေ့က မေမေ့မွေးနေ့ဆိုတော့ အိမ်မှာဘုန်းကြီးဆွမ်းကပ်ဖြစ်မလား မသိဘူး
ကပ်ဖြစ်ရင် ညီမလေးကိုလှမ်းဖိတ်လိုက်မယ်လေ … ညီမလေးလာခဲ့ရမယ်နော် ”
ဗုဒ္ဒေါ … အဲဒီနေ့မှ ကိုကိုက ကျွန်မကိုတွေ့မှာလား … ကိုကိုပြန်လာတဲ့ ဒီ ၁လကျော်အချိန်မှာ ကျွန်မ သူ့ကိုတွေ့ခွင့်ရဖို့က
အဲဒီ တစ်ရက်တည်းလား .. မဟုတ်သေးဘူး ထင်သည် .. ကျွန်မကပဲ ဆွဲဆောင်မှု အားနည်းလွန်းနေတာလား။
“ လာချင်ပါဘူး ကိုကို့အိမ်ကလူတွေနဲ့ ညီမလေးကမှ မသိတာ ”
“ လာခဲ့ပါ .. ကိုကိုမိတ်ဆက်ပေးမှာပေါ့ မေမေက သဘောကောင်းပါတယ်ကွ ”
“ ကိုကို ညီမလေးကို အပြင်လိုက်ပို့မယ်ဆို .. လိုက်လည်းမပို့ပေးဘူး ”
“ ဟောဗျာ .. ကိုကိုက ခုမှပြန်ရောက်တာ ၁ရက်တောင်မပြည့်သေးဘူးလေ .. နားခွင့်လေးတောင်မပေးတော့ဘူးလား ”
“ မနားစေချင်လို့ မဟုတ်ပါဘူး ကိုကိုကအကြာကြီးနေမှာမှမဟုတ်တာ .. ညီမလေးက ကိုကိုနဲ့အမြဲတွေ့ချင်နေတာ ”
“ အင်းပါ ကိုအားတဲ့နေ့ လိုက်ပို့ပေးပါမယ် .. အခုက နေလည်းတအားပြင်းနေတယ်လေ နော် ”
“ ညနေပိုင်း စိမ်းလန်းစိုပြည်မှာ လမ်းသွားလျှောက်ချင်တယ် ”
“ ညီမလေးကလည်း လုပ်ပီ ဒီညနေတော့မလုပ်နဲ့ကွာ ကိုကို့အဒေါ်အိမ်ကနေ ဘယ်ချိန်ပြန်ရောက်မယ်မှန်းမသေချာသေးဘူး
မနက်ဖြန် မနက်ဖြန် လိုက်ပို့ပေးမယ်နော် ”
“ တကယ်နော် ကိုကို …. လိမ်ရဘူး ”
“ အင်းပါ ကိုကို တကယ်ပြောနေတာ … ဒါနဲ့ နှစ်ယောက်တည်းသွားမှာလား ”
“ ဟင် ဘာလို့လဲ ”
“ ဘာမှမဖြစ်ပါဘူး အာကာလေးတို့ သက်အောင်တို့ကိုလဲ မုန့်မကျွေးရသေးဘူးလေ
ညီမလေးအတွက် အနှောင့်အယှက်မဖြစ်ဘူးဆိုရင် ဒီကောင်တွေကိုပါ တစ်ခါတည်းမုန့်ကျွေးလိုက်ချင်လို့
ညီမလေး အဆင်မပြေဘူးဆိုရင်တော့ ကိုကိုမခေါ်ပါဘူး ”
လုပ်ထားဟ ဦးထူးခြားရေ .. ကျွန်မက ဘယ်လိုလုပ် အဆင်မပြေပါဘူး မခေါ်နဲ့လို့ပြောရမှာလဲ
ဒီကနှစ်ယောက်တည်းသွားချင်လို့ စကားစပါတယ်ဆိုမှ …
ဒီလူကြီးနဲ့တော့ ကျွန်မ အသည်းယားတာနဲ့တင် အသက်တိုမည်ထင်ပါသည်
“ ရပါတယ်ကိုကိုရဲ့ လူများတော့ပိုပျော်စရာကောင်းတာပေါ့ ခေါ်လိုက်လေ ”
“ အိုကေ .. ဒါဆို မနက်ဖြန်ညနေတွေ့မယ်နော် … ကိုကိုလာခေါ်မယ် ညနေ ၆နာရီ ”
“ ဟုတ်ကဲ့ ကိုကို ..ညီမလေး စောင့်နေမယ်နော် ”
အမြဲတမ်းမျှော်လင့်ချက်ပေးတတ်တဲ့ ကိုကိုရေ … မျှော်လင့်ရတာနဲ့တင် မိဟန်နီရူးရပါတော့မယ်
ကိုကို့ရဲ့ အလိုက်မသိပုံတွေကို ပြောပြဖို့ အွန်လိုင်းကို မြန်မြန်တက်လာခဲ့သည်။
ဒီအချိန်ဆို ထက်မြက်နဲ့ချက်ဖို့ လင်းလက် အွန်လိုင်းပေါ်ရောက်နေတော့မည်လေ
ဂျီတော့ဝင်ကြည့်တော့ မိလင်းလက်ကိုမတွေ့ရ .. သူ့အိမ်ကလိုင်းမကောင်းလို့များလား
အွန်လိုင်းဘယ်သူရှိလဲကြည့်ရင်း ထက်မြက်ကိုတွေ့တာမို့ လှမ်းမေးလိုက်သည်။
“ ဟဲ့ နင့်အချစ်ကော ဘယ်သွားတုန်း ”
“ ဒီနေ့ သင်တန်းသွားတယ်လေ … တနင်္လာနေ့ကြီးကို ”
“ အာ … ဟုတ်သားပဲ မနက်ကတင်ဖုန်းပြောတာကို ငါမေ့သွားတာဟ ငါ့စိတ်တွေကလဲ
ကိုကို့ဆီပဲရောက်နေတော့ ခက်သားဟ အာဟိ ”
“ ROFL ”
“ လဒ .. တော်ပြီ ငါအောက်တော့မယ် တာ့တာ ”
လင်းလက်လည်းမရှိ .. အရင်လို အွန်လိုင်းမှာလည်းမကျုချင်တော့တာမို့ ဂျီတော့လေးကို ထွက်လိုက်သည်။
ကိုကိုအပြစ်တင်ဖူးတဲ့ ကိုကို့ info ကိုတောင်ကြည့်ဖို့ စိတ်မဝင်စားဘူးမှတ်လား ဆိုတဲ့စကားကို သွားသတိရတာမို့
ကိုကို့ facebook ကိုသွးမွှေဖို့ သတိရသည်။ ဟောတွေ့ပါပြီ .. ကိုကို့ facebook မှာ ..
မျက်မှန်နက်ကြီးနဲ့ မတ်တပ်ရပ်နေတဲ့ ဟိုကောင်လေး အာကာဗိုလ် …
သူ့ facebook ကိုဝင်ပြီး add friend လုပ်ထားလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ်
စိတ်ထဲမှာ ဒီကောင်လေးကို ရင်းနှီးချင်စိတ်တွေဖြစ်နေမိသည်မဟုတ်လား….
15 comments
ကီလိုဇူးလူးဝီစကီ
April 8, 2013 at 2:50 pm
အဲ။ အဲ။
မြင့်လာဘီ၊.
မြင့်လာဘီ။
ဇာတ်ရှိန်မြင့်လာဘီ။
စိတ်လျှော့ထား။စိတ်လျှော့ထား။ ဟန်နီလေး။
ရယူလိုမှုများရင် ခြေလှမ်းမှားတတ်တယ်။
သူကလေး
April 8, 2013 at 3:09 pm
အင်း ပြောထားပါတယ် ခိုင်ရယ်
စိတ်လျှော့လို့ .. တစ်ချိန်တုန်းက အဲလိုရယူလိုမှုတွေများလို့ အသီးကွဲခဲ့ရပြီ (အဘယ်ကြောင့်ဆိုသော် အသီးအား စားချင်စိတ်တွေများပြီး ခွဲပစ်လိုက်လို့ဖြစ်သည်) အာာာဟိ 😀
Myo Thant
April 8, 2013 at 4:45 pm
ဖတ်လို့ကောင်းကာမှ
နောက်တစ်ပိုင်းပေါ့လေ
🙂
သူကလေး
April 9, 2013 at 9:43 am
မကြာမီ .. လာမည် မျှော်ပေါ့
daily တင်နိုင်အောင်တော့ ကြိုးစားပါမည် ငှဲငှဲ 🙂
GaviaGirl
April 8, 2013 at 4:50 pm
နာ ကိုယ်ချင်းစာဒယ်… မြောင်းဖောက်ပေးတာတောင် ရေကစီးမလာ… (မသိချင်ယောင်ဆောင်တာလည်း ဖြစ်နိုင်တယ်..) အသည်းယားလို့ သေသွားနိုင်တယ်… :kwi:
သူကလေး
April 9, 2013 at 9:47 am
အသည်းယားရင် ကုတ်ပေးမယ်လေ မမမွန် ဟီး
အားပေးတာကျေးဇူးပါဗျ
Mr. MarGa
April 8, 2013 at 6:50 pm
ကဲကဲ
အသံတိတ် တိုက်ပွဲကတော့ စပဟ
တစ်ဖက်လူကို စစ်မကြေညာဘဲ ဇွတ်ရောအတင်းရောကို ဝင်တိုက်နေတာပါလား
ဇာတ်ရှိန်က မြင့်လာပြီ
ဟန်နီလေးရယ် အ ပါ့ add friend လုပ်တာများ နည်းနည်းပါးပါးလေးတောင် ဝင် မမွှေလိုက်ဘူးလားဟဲ့
နောက်တစ်ပိုင်း မျှော်တော့မယ်
အဲ ပြောစရာရှိသေးတယ်
ခင်ဗျားရဲ့ အပိုင်းသုံးဆိုတဲ့ လင့်က အပိုင်းနှစ်ကိုရောက်သွားတယ်
ပြင်မရရင်လဲ အောက်ကနေ ပြင်ဆင်ချက် ထုတ်လိုက်
ဒါဗျဲ
:hee:
Mr. MarGa
April 8, 2013 at 6:51 pm
အဲ ပြောစရာ ကျန်သေးတယ်
အပိုင်းငါး မြန်မြန်တင်ပါဗျို့
သူကလေး
April 9, 2013 at 9:53 am
အိုကေ အော်လ်ရိုက်
ပြန်တင်လိုက်မယ် ကျုပ်လဲအလုပ်လုပ်နေရင်းက ခိုးတင်ရတာဆိုတော့ကာ ….
မှားတဲ့အခါလည်း မှားပေမပေါ့အေ (ခွေးလွှတ် အဲလေ ခွင့်လွှတ်)
add friend လုပ်ပြီး ဝင်မမွှေမိတာက အဲတုန်းက facebook သိပ်မသုံးတတ်လို့ပါ အဟီး
အပိုင်း ၅ လည်းမြန်မြန်တင်ပါ့မယ်
ရာမည
April 8, 2013 at 7:19 pm
မောလိုက်တာ
စောင့်ရဦးမယ် …….
ရေးနိုင်တဲ့စွမ်းရည်ကိုမချီးကျူးဘဲမနေနိုင်ဘူး
သူကလေး
April 9, 2013 at 9:55 am
ငယ်ငယ်တုန်းက ချက်တင်ထိုင်ခဲ့တဲ့ကျေးဇူးတွေ
ရေးနိုင်တာတော့မပြောနဲ့ လက်ကွက်ကိုအသေအလဲကျင့်ထားတာ
အဲလေ ကုန်ကြမ်းတွေရှာထားတာ .. အဲလေ … ယောင်ကုန်ဘီ
ရင်ဘတ်ကြီးနဲ့ခံစားထားတာ .. ဟီး
မောနေရင် သံပုရာရည်ပါတိုက်မယ်ဂျာ
မောင် ပေ
April 8, 2013 at 8:12 pm
အသည်းတယားယား နဲ ့
ဖတ်သွားပါတယ်
သူ ့ကလေးရေ
မဟာရာဇာ အံစာတုံး
April 8, 2013 at 9:03 pm
မိုက်တယ် ..
မိုက်တယ် …
မလိမ်မာဘူးးးးး ဟူးးး ဟူးးး
နောက်ဒါဘာ သူလေးရယ် .. နော့ ..
ကိုကိုအံ ကို စိတ်ချိုးရဘူးနော် .. ဒီက ဂျစ်လို့ နောက်ဒါ …
ဒါ့ထက် ….
စကားပြောနေတုန်း စိတ်ထဲမှာ ဖြစ်နေတဲ့ ပုံစံလေးတွေကို ရေးထားတာ
အတော်လေး ကောင်းတယ် ….
ပီးဒေါ့ .. ဟိုလူဂျီးကို ဝေဖန်ရရင် ..
အိုက်လူဂျီးက အတော်တုံးတဲ့ လူဂျီးဘဲ …
အထာကို မနပ်ဘူး …
တောက်စ် .. အဲ့ဒီလူ နေရာမှာ ငါသာဆိုရင်လေ ….
သူကလေး
April 9, 2013 at 10:06 am
ကျန်းးးး
စာရေးဆရာကိုမလိမ်မာဘူးစ်တဲ့
ဆိုးလိုက်တဲ့ တိုတိုအံပဲနော် …
ရေးထားတာလေးတွေသဘောကျတယ်ဆိုုလို့ ဝမ်းသာပါ၏
နောက်လဲမကောင်းတာများတွေ့ရင် ဝေဖန်ပါအုံးနော်
အရိပ်စစ်ရေ
အခုလို အမြဲဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
ဟန်နီ့ကို ပစ်ပစ်ခါခါလုပ်နဲ့လို့ ကျောပေးမယ်နော်
အရိပ်စစ်
April 9, 2013 at 1:44 am
တော်တော်ကောင်းလာပီ
ရင်တထိတ်ထိတ်နဲ့ ဖတ်လာရတာ ဟန်နီလေးကိုတော့ ပစ်ပစ်ခါ လုပ်နဲ့လေနော်