Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပြောရဦးမယ့်အကြောင်းလေးတွေ

မြသဲ ( 17082011 )April 8, 20131min47332

ဒီကနေ့ရွာသူတစ်ယောက်နဲ့စကား စပ်မိလို့ ပြောချင်တာလေးပေါ်လာတာနဲ့ရေးလိုက်တာပါ။ လွန်ခဲ့တဲ့လတော်တော်များများကစလို့ ကျွန်မတို့မိသားစုဟာ ညပိုင်းမှာကန်ဘောင် ( ပြည်လမ်းဖက်အခြမ်း ) မှာမိသားစုလိုက်လမ်းလျှောက်လေ့ရှိပါတယ်။ ညကန်ဘောင်ပိတ်မှ ပြန်ကြပါတယ်။ ကျွန်မတို့မိသားစုစလျှောက်တုန်းက ကန်ဘောင်က အခုလိုမပြင်ရသေးပါဘူး။ အပေါ်ပါတ်လမ်းမှာ မီးတိုင်တိုလေးတွေ ကျဲကျဲ နဲ့အောက်ပါတ်လမ်းမှာတော့ ဆမ်ဆောင်း ဆိုင်းဘုတ်က မီးကလွဲ လို့  မှောင်တောင်ဝါးတားပဲပေါ့။ အဲဒီမှောင်ထုမှာ ြ့ခုံလေးတွေထဲမှာ လှုပ်တုတ်လှုတ်တုတ်၊ ပူးချည်ခွာချည်ပေါ့လေ။ ဘာလုပ်နေကြတယ်တော့မဆိုသာ ဘူးပေါ့။ မှောင်နေတာကို မြင်မှမမြင်ရဘဲဟာနော့။ ဟိုနားတကွက်ဒီနားတကွက်အရက်ဝိုင်းလေးတွေ ကလဲရှိပေါ့။ ဂီတာဝိုင်းတွေကတော့စုံ လို့။  ကောင်လေးတွေ လဲမူး၊ ကောင်မလေးတွေလဲမူးပေါ့။ အမြင်တော်တာလဲရှိမတော်တာလဲရှိပေါ့။ ပလက်ဖောင်းပေါ်မှာလဲ အလှပြင်ပြီးလမ်းလျှောက်နေတဲ့ကောင်မလေးတွေလဲရှိပေါ့။ ကျွန်မတို့လဲ ဟိုငေးဒီငေးနဲ့လျှောက်ပေါ့။ နဲနဲထူးဆန်းရင်လဲစပ်စုလိုက်ပေါ့။ အဲလိုလျှောက်နေရင်းကနေ ကန်ဘောင်မှာညကြီးတက်ရိုက်သွားကြတယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးတော့ လုံခြုံရေးတွေတော်တော်တိုးလာတာတွေ့လိုက်ရတယ်။ မီးကတော့မှောင်နေဆဲပဲပေါ့။ ကျွန်မအမျိုးသားနဲ့တောင်လမ်းလျှောက် ရင်းပြောဖြစ်တယ် မီးလင်းနေအောင်ထွန်းလိုက်ရင်လုံခြုံရေးတောင်မလိုတော့ဘူးလို့။ မကြာပါဘူး။ တိုင်အမြင့်ကြီးတတိုင်ထောင်လိုက်ပြီးမီးမောင်းကြီးတပ်လိုက်တယ်။ အိုးဘာပြောကောင်းမလဲအဲနားပါတ်ဝန်းကျင်လင်းချင်းသွားတာပဲ။ လူတွေလဲပိုစည်လာတယ်။ မိသားစုတွေလဲလာကြတယ်။ လမ်းလျှောက်သင်ခါစကလေးတွေလဲလာ၊ စာလာဖတ်တဲ့သူတွေလဲလာနဲ့ပေါ့။ ပျော်စရာကြီး။ လုံခြုံရေးအတွက်လဲတော်တော်စိတ်ချသွားရတယ်။ ထင်သာမြင်သာရှိသွားတာကိုး။ အမှောင်ကြိုက်သူများကတော့ဝေး ရာပြေးပေါ့။ အဲလိုကနေ နောက်တိုင်အမြင့်ကြီးတွေ ခပ်စိတ်စိတ်စိုက်လိုက်တယ်။ ဟိုးကန်ဘောင်အစတောအုပ်နှစ်အုပ်ထဲမှာလဲ မီးမောင်းကြီးတွေထိုးလိုက်တယ်။ အိုးလင်းချင်းသွားတာပဲ။ လမ်းလျှောက်တဲ့သူ၊ အပမ်းဖြေတဲ့သူတွေအကုန်အဆင်ပြေလို့။ ပျော်လို့။ အမှောင်တိုးသူများကတော့ဂွကျကုန်တာပေါ့။ တချို့ကလဲ မီးလင်းလဲ ဂရုမစိုက်တော့ဘူး။ အဓိကက အဓိကပဲဆိုပြီး ပြောင်ပြောင်ပဲပေါ့။ ဖျာတွေဘာတွေ ပလပ်စတစ်ခင်းတွေဘာတွေတောင်အကျပါလာသေး။ တချို့အတွဲတွေဆို မုန့်တွေဝယ်လာ အကင်တွေဝယ်လာ ပျော်ပွဲစားထွက်သလိုတောင်ဖြစ်နေသေး။ အဲလိုကနေ နောက်ရက်တွေကျတော့ တတိုင်နှစ်တိုင်လောက်မီးမလင်းတော့ဘူး။ ကျွန်မတို့ကလဲ ဟင်လုပ်တာဖြင့်မကြာသေးဘူး။ ကျွမ်းကုန်ပြီဘာညာပေါ့။ နောက်လျှောက်ရင်းလျှောက်ရင်း အဲတိုင်တွေက မီးပြန်လင်းလာပြီးနောက်တိုင် တတိုင်နှစ်တိုင်လောက်မီးမလင်းတော့ပြန်ဘူး။ ညတိုင်းအဲလိုအလှည့်ကျဖြစ်နေတာ။ မြတ်စွာဘုရားဘာဖြစ်တာလဲပေါ့။ နောက်ညကိုးနာရီ ဝီစီမှုတ်ပြီးမောင်းလဲ ထုပ်ကော တိုင်တွေအားလုံး မီးပြန်လင်း လာတာကိုတွေ့ရပါတယ်။ မီးသီးတွေကအကောင်းကြီးတွေ။ ဘာဖြစ်လို့ကွက်ကြားပိတ်ထားတာလဲ။ မီတာခနဲ့တော့ဆိုင် မည်မထင်။  အဲဒါဘာများဖြစ်တာပါလိမ့်။ သိချင်လို့ပါ။

32 comments

  • ရာမည

    April 8, 2013 at 3:25 pm

    လူတွေမြင်ရင်ရှက်စရာ
    ဒါကြောင့်မီးမှိတ်ပေးထားတာ
    မမြင်ချင်ရင်မျက်စိမှိတ်
    တိတ်တိတ်ကလေးအိမ်ပြန်အိပ်
    တထိတ်ထိတ်နဲ ့အတွဲခမျာ
    ရဲတွေလာရင်ပေးရတာ
    ဘာအတွက်လဲမမေးပါနဲ့
    မီးမှိတ်ပေးခ တဲ ့

    • TNA

      April 8, 2013 at 3:41 pm

      ဖြစ်နိုင်ဒယ်။

    • သူကလေး

      April 8, 2013 at 3:59 pm

      ခစ်ခစ် .. သဘောကျထှာဂျာ
      ရေးတဲ့လူကော ဒီကဗျာ လက်တန်းစပ်လိုက်တဲ့သူရော
      သူကလေးတု့ိကတော့သိပါဘူးလေ .. အဲလိုနေရာသွားစရာဂျစ်တူမှမချိတာလို့ 😀

      • Good™

        April 8, 2013 at 4:24 pm

        TNA နဲ့ ရာမည ၊ TNA က ပြောရဦးမယ့်အကြောင်းလေးတွေ ပို့ ရေးတာ နဲ့ ရာမည က

        သူ့ ကဗျာလေး ရေး လို့ တိုင် ပင် ထားသလို ့ ပဲ နော်။
        တော်လိုက် ကြတာ သူများတကာ သားသမီးများ။

  • ကီလိုဇူးလူးဝီစကီ

    April 8, 2013 at 3:44 pm

    ခွိခွိ။ :mrgreen:
    မွသဲ ကလည်း….
    ဂလိုပဲ မှတ်လိုက်ပါလေ။
    လူမြင်သူမြင် လင်းလင်းချင်းချင်းဆိုရင် ခေးတွေ အတုခိုးမှားမစိုးလို့ပါ တဲ့။
    :kwi:

    • TNA

      April 8, 2013 at 3:57 pm

      ဖစ်နိုင်ဒယ်။ သားကပါပါလာတော့ မမြင်ရလေပိုကောင်းလေပေါ့နော့။

  • မယ်ဘုတ်

    April 8, 2013 at 3:57 pm

    အယ် ဂလိုလဲ ရတာပဲလား.. :kwi:

    • TNA

      April 8, 2013 at 4:05 pm

      ရဒယ်ထင်တာပဲ။ ကိုယ်တွေတော့အဲလိုတွေ့ခဲ့ပါတယ်။

  • etone

    April 8, 2013 at 4:39 pm

    အဲတော့ အစ်မသဲ …. ခိခိ … မြန်လိုက်တာ .. ရေးပလိုက်တာချက်ချင်း … လက်ငင်းပဲ … ခွိခွိ ။
    ဂလိုတွေက မဖြစ်သင့်ဘူးပေါ့နော် … အိုက်လို ခြုံတိုးနေတဲ့ လူဒွေကလဲ …. ပြောရလျှင် နှပ်ချေးငပိလုပ်စားဒဲ့လူတွေနဲ့ ကျောင်းတက်နေတဲ့ ခလေးတွေ ဖစ်မယ် ထင်ဒါဗြဲ …. ။
    ဒါဂျောင့်ယဲ ကျီးလန့်စာ စားနေရတဲ့ … ဘွကိုး … ခွပ်ခွပ်ခွပ် … :kwi:

    ဒီတိုင်းချို … မီးအဖွင့်ပိတ်လုပ်ခက ဂလောက် ဈေးမကြီးဝူးထင်ပါရဲ့ …. ဖွတ်တီးကတ် ယာဉ်ကြောပိတ်တာ ကန်ထရိုက်ဆွဲဖို့ အကြံပြုသလို .. အခုလို မီးအဖွင့်ပိတ်လုပ်ငန်းလည် းကန်ထရိုက်ဝင်ဆွဲလျှင် ကောင်းမလားဘဲ … ခိခိ … :mrgreen:

    • TNA

      April 8, 2013 at 4:58 pm

      အောင်မယ်လေးအေ။ ရေးချင်နေတာကြာဘီ။ အူကိုယားနေတာ။ အစရှာမရဖြစ်နေတာ။ ဒီနေ့ တုန်တုန်နဲ့ စကားစပ်မိတော့မှ စိတ်ကူးပေါ်လာပီးကောက်ရေးလိုက်တာ။ ပြောရမယ်ဆို ဇာတ်လမ်းတွဲအများကြီးပဲအေ။ တညဇာတ်လမ်းတမျိုးတော့ ကြားရတယ်။ ကောင်းလိုက်တဲ့အကြံ မီးအဖွင့်ပိတ်လုပ်ငန်း ကန်ထရိုက်ဆွဲရင် သများလဲရှယ်ယာပါမယ်လေ။ ဖက်တီးကက်ကိုလဲပြောထားတယ်။ သူ့လုပ်ငန်းမှာလဲ ရှယ်ယာပါမယ် နာ့ကိုမဖမ်းနဲ့လို့။[:-bd]

  • Mr. MarGa

    April 8, 2013 at 5:59 pm

    အဲဒါကို သိကြလား
    တကယ်ကတော့
    မီးတိုင်တွေ ပျက်လိုက် လာလိုက် ဖြစ်နေတာက
    လှည့်ကင်း ဝင်လို့ပါကွယ်
    လှည့်ကင်းရောက်ရင် ပျက်တယ်
    လှည့်ကင်းမရှိရင် ပြန်လာတယ်
    အဲသလို အဲသလို :kwi:

    • TNA

      April 8, 2013 at 9:37 pm

      အော်အဲလိုလား။ လှည့်ကင်းမရှိရင်ပေးတယ်ပေါ့။ ဒါဆိုတိဘီ လှည့်ကင်းကြောင့်ပိတ်ခြင်းဖွင့်ခြင်းဖစ်တီ။ တဂျားမင်းပြောတီ။

  • မောင် ပေ

    April 8, 2013 at 8:24 pm

    အမအေးခဗျာ
    အေးတင်ဥယျာဉ်ကြီးထဲကို
    ဖြတ်လျှောက်ခဲ့သလို ဖြစ်ခဲ့ရတာကလား

    • TNA

      April 8, 2013 at 9:43 pm

      အေးတင်ဥယျာဉ်ထဲတဲ့လားကပေရယ်။ ငါ့နှယ် အူတုန်သည်းတုန်ဖြစ်လိုက်လေခြင်း။ သာယာတာ လား ပြာတာတာလားတော့မသိဘူးအေ။ ရည်းစားပစ်လို့ငိုတဲ့သူ ရည်းစားနဲ့ရန်ဖြစ်လို့ အော်အော်ငိုတဲ့သူ ရည်းစားနဲ့တည့်လို့ ကွိစိကွစ ရည်းစားနဲ့အငြင်းပွားလို့ အော်ဟစ်ရန်ဖြစ်နေတဲ့သူတွေနဲ့ မူးပြီးရင်ဖွင့်နေတဲ့ သူတွေကြားမှာ ကျန်းမာရေးပဲ လိုက်စားရမလား။ ဝတ်ထုပဲရေးစားရမလား။ ငါစဉ်းစားနေတာ။

      • Moe Z

        April 9, 2013 at 9:48 am

        အပျော်ဖတ် အခြစ်ဝတ်ထုရေးတဲ့ ဆာရေးဆရာမလုပ်မလားစဉ်းစားနေတာ အတော်ပဲ ကုန်ကြမ်းသွားရှာလိုက်ပါဦးမယ်လေ .. ခွိခွိ 😆

        • TNA

          April 10, 2013 at 12:10 pm

          ဆရာမလေး မိုးဇက်ရေ ရေးပါအုံး။ ဖတ်မယ်လေ။ ကုန်ကြမ်းပဲရှာနော့။ ငွိငွိ

  • အော်ရယ် …
    ဒီအကျောင်းဂို ဆိတ်ဝင်စားဒယ်ပေါ့နော် …
    ပြောပြမယ် .. ပြောပြမယ် ..
    အဲ့လို လုပ်နေဒါ ကျုပ်ဘဲ .. ကျုပ်ဘဲ …
    အားလုံးဘဲ မတိရင် မှတ်တွားဂျ …
    အဲ့လို လုပ်ပေးဒါလည်း ကုဒိုရဒယ် .. ဘာမှတ်နေရဲ … :mrgreen:

    • TNA

      April 8, 2013 at 9:47 pm

      ဟယ်တုန်ကလေးက ကန်ထရိုက်ဆွဲမလို့စဉ်းစားတုန်း ညီးကဦးတွားဘီပေါ့ ခြောက်ညက်နှာရယ်။ ရက်စက်ပါ့ ဟယ်။ ဆက်ရှင်နဲ့လား။ တဆက်ရှင်ဘယ်လောက်လဲဟေ။ ဗဟုတ်သုတ်တစုထားဒါပေါ့အေ။ ဒါမှလဲနာ လမ်းလျှောက်တုန်း ခြောက်ညက်နှာဆီတွားဆိုပီး လမ်းညွှန်မယ်အေ။ ပွဲစားလုပ်မလို့။ ညီးနာ့ဂိုပွဲခပေး။ ဒါဗြဲ။ ကုဒိုရဒယ်ရှိုဒေါ့ တဂျီးမယုံဒဲ့နတ်ပြည်ရောက်မပေါ့နော်။

  • GaviaGirl

    April 8, 2013 at 10:27 pm

    အဲ..ခုမှ သိတယ်တော့.. မီးတွေက လင်းလွန်းသလားလို့… (တစ်မျိုးမထင်ပါနဲ့ဦး..) မီးက လင်းလွန်းတော့ မီးရောင်အောက်မှာပူပြီး ကန်ဘောင်က လေသိပ်မတိုက်သလို.. မအေးသလို ခံစားရလို့ပါ… မီးတိုင်တွေကိစ္စကတော့ ခုမှသိတယ်.. နောက်ခါသွားရင် သတိထားကြည့်ဦးမှ.. (အဲ.အဲ… ကန်ဘောင်သွားတယ်ဆိုလို့ အထင်ကြီးသွားကြရင်လည်း ဘာမှပြန်မဖြေရှင်းဝူးနော်.. တစ်ခုပဲ… မီးရောင်အောက်မှာပဲထိုင်တာ.. ခိခိ..)

    • TNA

      April 9, 2013 at 12:04 pm

      ဟုတ်မှာဘာ တူဒို့ဂ အေးအောင် ချေဒနာဗလဗွနဲ့ မီးပိတ်ပေးဒါ ဖစ်နိုင်ဘာဒယ်။ ဖစ်နိုင်ဘာဒယ်။ ကန်ဘောင် တွားဘာဂွယ်။ မီးရောင်အောက်မှာလဲ ကိတ်ချအချိဒေါ့ဝူးရယ်။

  • ခင်ခ

    April 8, 2013 at 10:29 pm

    ပင်လယ်ရေပြင်တွေရဲ့ ကျောက်ဆောင်အငူတွေမှာ တိုက်မိမှာစိုးလို့
    အန္တရယ်ကင်းအောင် သတိထားသွားဖို့ အချက်ပြမီးပြတိုက်လေးတွေ ထားပေးတတ်ကြတယ်။
    အခုလည်း အဲလိုပါဘဲ သာမန်လမ်းလျောက်တဲ့သူတွေ အနရယ်ကင်းစွာ လျောက်နိုင်အောင်လို့
    သတိထားသွားဖို့ အချက်ပြပေးတာပါ။

    • TNA

      April 9, 2013 at 12:06 pm

      တတိရှေ့မှာ $%&^* ရှိတီ အဲလိုလား။ ( $%&^*= ချိင့်ခွက် )

  • surmi

    April 9, 2013 at 7:35 pm

    ဂျီးဒေါ် မသဲနု
    အဲဒါထက်ဆိုးတာရှိသေးတယ်
    တစ်ခါက ရုပ်ရှင်ရုံတစ်ခုထဲမှာ သုံးပြီးသား ဟိုအဝှါကြီး တက်နင်းပြီး
    ချော်လဲမလိုဖြစ်ခဲ့သေးတာဗျ

    • TNA

      April 10, 2013 at 11:57 am

      အောင်မယ်လေး ကိုဆာမိရဲ့အဖြစ်ဆိုးပါ့တော်။ ကံကောင်းလို့ ချော်များလဲလိုက်လို့ကတော့ ကျော်မကျောင်း ကြားမကျောင်းဒွေဖစ်ကုန်ဒေါ့မယ်။

  • မိဆိုလာ ဂဲ

    April 10, 2013 at 4:27 am

    အဲဒါ မီးရှိရင် ပူမှာဆိုးလို့ မီးရှိလာရင်လဲ ပူလာတာဘဲလေ ရုပ်ရှင်ပြရက်

    • TNA

      April 10, 2013 at 12:09 pm

      မိဆိုလာဂဲဆိုတော့နေကလာတဲ့မီးကောင်မလေးပေါ့နော်။ ဒါကြောင့်ပူဘာဒယ်လို့။

  • Ma Ei

    April 10, 2013 at 1:30 pm

    ကဲကြသူတွေနဲ့ မီးမှိတ်ပေးသူနဲ့စိတ်ပျက်စရာကြီးပါလား…
    မိသားစု အပန်းဖြေစရာ နေရာတွေမရှိသလောက်ကိုဖြစ်နေပါပြီနော်…

    • TNA

      April 10, 2013 at 1:37 pm

      ဟုတ်ပါ့ရှင်။ ကျန်းမာရေးအတွက် အဆင်ပြေလို့သာညပိုင်းလမ်းလျှောက်ဖြစ်နေပေမဲ့ မြင်ကွင်း ကတော့ တော်တော်လေးကိုအဆင်မပြေပါဘူးရှင်။ ပထမပိုင်းစလျှောက်ခါစက ကိုယ်ကအားနာနေတာ။ သူတို့ကတော့ ခပ်တည်တည်ပဲ။ နောက်တော့ကိုယ်လဲရိုးသွားပါရောပဲ။ သူလဲသူ့အလုပ်သူလုပ် ကိုယ်လဲ ကိုယ့်အလုပ်ကိုယ်လုပ်ပါပဲ။ အဲလိုပဲ မိသားစု အပမ်းလာဖြေတဲ့သူတွေလဲ ကိုယ့်အလုပ်ကိုယ်လုပ်ကြပေါ့။ ဒီလိုပဲနားလည်မှု့နဲ့နေကြရတော့တာပဲ။ လူ့အသိုင်းအဝိုင်းရဲ့ ဟာမိုနီလေးပေါ့။

  • kyeemite

    April 10, 2013 at 1:39 pm

    ကျနော်က အဲဒီနားကပ်နေပြီး ညဘက်တစ်ခါမှမတက်လျှောက်ဖြစ်ဘူးဗျ
    အဲ..အရှေ့ဘက်ကန်ဘောင်ပေါ်တော့ ရောက်ဖူးတယ်..ရွာသားတွေနဲ့ပေါ့(နယ်စီးမခြားအဖွဲ့ဝင်တွေနဲ့လေ)
    လျှောက်ဖို့တော့မဟုတ်…သောက်ဖို့..ဟိ :kwi:

    • TNA

      April 10, 2013 at 1:48 pm

      ဟုတ်ကဲ့ ဒေါ်ကျီးမိုက်ချင့်။ အဲလိုအဖွဲ့ဒွေကဒေါ့အများဂျီးရယ်။ သူတို့နားကဖြတ်လျှောက်ရင် ရီရတယ်။ သူတို့ ဒသနတွေပြောနေကြတာ။ အကြောင်းကိုစုံလို့။ ဗဟုသုတများလဲရပါရဲ့။ ကျွန်မလမ်းလျှောက်ရင် သတိအထားဆုံးကတော့ ဒီလို အသောက်ဝိုင်းတွေပါပဲ။ စိတ်ဝင်စားစရာကောင်းတယ်။

  • ဦးကြောင်ကြီး

    April 11, 2013 at 10:16 am

    အဲဒါ လက်ရှိ မြန်မာ့နိုင်ငံရေး အကွက်အကွင်းကို သရုပ်တူ ပုံစံလုပ်နေဂျတာပါတဲ့ကွယ်..

    • TNA

      April 11, 2013 at 3:26 pm

      နိုင်ဂံရေးဒေါ့တူညားမတိဝူးဘဲအူးအူးကြောင်ရေ။ သူများနှာစေးနေဒယ်။ တူဒို့ဒွေက ဖုံးလိုက်ဖေါ်လိုက်အိုက် လိုလား။

Leave a Reply