အဘယ်ကြောင့်ဆိုသော်
ခင်သန့်ဇင်ဆိုသော မိန်းမတစ်ယောက်၏ ဘဝတွင် အချစ်ဆိုတာ မောင်တစ်ယောက်တည်းရှိခဲ့ပါသည်။
မောင်သာလျှင် ကျွန်မသူငယ်ချင်း၊မောင်သာလျှင် ကျွန်မမောင်လေး၊ မောင်သာလျှင် ကျွန်မချစ်သူ၊ မောင်သာလျှင် ကျွန်မဘဝဖြစ်ခဲ့သည်။
ငယ်စဉ်တည်းက စာကြိုးစားခဲ့သောကျွန်မ၏ ရည်မှန်းချက်မှာ အထူးကုဆရာဝန်ကြီးတစ်ယောက်ဖြစ်ဖို့ပင်ဖြစ်သည်။
လူကြီးချင်းလည်းရင်းနှီးပြီးအိမ်နီးချင်းလည်းဖြစ်သော မောင်သာလျှင် ကျွန်မရဲ့တစ်ဦးတည်းသော သူငယ်ချင်းဖြစ်ပြီး
တခြားသောသူများနှင့် ရင်းနှီးအောင်မိတ်ဖွဲ့ရာ ကျွန်မအချိန်မပေးနိုင်ခဲ့ပါ။အချိန်တိုင်း ပညာရေးနောက်ကိုပဲ တကောက်ကောက်လိုက်နေခဲ့ရသည်။
ကျွန်မဘဝတွင် မိဘနှစ်ပါးမှအပ သံယောဇဉ်တွယ်စရာ သူစိမ်းလူသားမှာ မင်းကောင်းနိုင် ဟူသော မောင့်တစ်ယောက်တည်းပင်ဖြစ်သည်။
ငယ်စဉ်တည်းက သံယောဇဉ်အမြစ်တွယ်လာသည့် ကျွန်မမောင့်အပေါ်ထားရှိသည့်အချစ်ကို ဘယ်လိုပေတံနှင့်မှ တိုင်းတာ၍မရနိုင်ပါ။
မောင့်ကိုအရမ်းချစ်သောကြောင့် ကျွန်မအရမ်းသဝန်တိုတတ်ခဲ့ပါသည်။ ကျွန်မအပြင် မောင်ဘယ်မိန်းကလေးနဲ့မှ စကားပြောတာကိုမကြိုက်။
ယုတ်စွအဆုံး ကျွန်မဝမ်းကွဲညီအမတွေနှင့်ပင် မောင့်ကိုမရင်းနှီးစေချင်ခဲ့။ မောင်ဟာ အင်ဂျင်နီယာတစ်ယောက်အရမ်းဖြစ်ချင်ခဲ့တာပေမယ့်
ကျွန်မကမောင့်ကိုစိတ်မချလို့ဟု ဆိုကာ မောင့်ကို ကျွန်မနှင့်အတူ ဆေးကျောင်းလိုက်တက်ခိုင်းခဲ့သည်။ မောင်ကလည်း
ကျွန်မအလိုကျလိုက်လျောပေးခဲ့တာပင်ဖြစ်သည်။
မိဘများကတော့ ငယ်သူငယ်ချင်းများဖြစ်ကြသည့်အလျောက် ကျွန်မနဲ့မောင့်ကို ကန့်ကွက်စရာမရှိခဲ့။
ကျွန်မတို့ချစ်သူဖြစ်ကာစ ကျောင်းတက်ကာစအချိန်များသည် ကျွန်မအတွက် မမေ့နိုင်ဖွယ်အချိန်များဖြစ်ခဲ့ပါသည်။
ကျောင်းပြီးလျှင် အခမ်းနားဆုံး အကြီးကျယ်ဆုံး လက်ထပ်ပေးမည်ဟူသော ကတိကိုရထားခဲ့ပါသည်။
မောင်နဲ့ကျွန်မ၏ ဆက်ဆံရေးသည်လည်း ကျွန်မ မောင့်ကိုသဝန်တိုပြီး ကောင်မလေးတွေနဲ့ စွပ်စွဲသည့်အချိန်များမှလွဲ၍ အဆင်ပြေခဲ့ပါသည်။
“မောင့်ဘဝမှာ ခင်ကလွဲပြီးဘယ်သူမှမရှိနိုင်ပါဘူး ခင်ရယ် အဲဒါကြောင့် သဝန်တိုတဲ့စိတ်တွေကို နည်းနည်းလောက်လျှော့ပေးလို့မရဘူးလား”
“မလျှော့နိုင်ပါဘူးနော် မောင့်ကိုခင်စိတ်မချဘူး ရွယ်တူတွေနဲ့မှမဟုတ်ဖူးနော် မောင့်ကို ဟိုး ၅နှစ်ကလေးကနေပြီး အသက် ၆ဝကျော်အဘွားကြီးတွေနဲ့အထိ
စိတ်မချတာ မောင့်နားမှာ ဘယ်မိန်းကလေးကိုမှ မရှိစေချင်ဘူး”
“တကယ့်လက်တွေ့ဘဝမှာ ခင်ပြောသလိုဖြစ်မှမဖြစ်နိုင်တာ မောင့်မှာ သူငယ်ချင်းပတ်ဝန်းကျင်ဆိုတာရှိသေးတယ် နောက်အခုကမောင်တို့ကျောင်းသားဘဝမို့
ထားလိုက်ပါတော့ နောက် မောင်တို့လုပ်ငန်းခွင်ဝင်ရင် လူအများကြီးနဲ့ ပက်သက်ရအုံးမှာ အဲဒီလူတွေနဲ့ကော ခင်ကသဝန်တိုအုံးမှာပဲလား”
“ဒါကတော့ အခြေအနေအရ တိုသင့်တဲ့လူနဲ့တော့တိုမှာဘဲ မောင့်ကိုသဝန်မတိုဖို့ဆိုရင်တော့ ခင်မောင့်ကိုမချစ်မှဘဲရလိမ့်မယ် ခင်မောင့်ကိုချစ်နေသရွေ့တော့ သဝန်တိုနေရအုံးမှာဘဲ”
“ခင်ကလည်းကွာ … ”
“ခင်ကမကွာပါဘူးမောင်ရဲ့ ခင်ကမောင့်နားမှာ အမြဲမခွဲပဲတူတူရှိနေမှာလေ အဲဒါကြောင့် မောင့်ဘဝမှာ တခြားမိန်းမရှိစရာမလိုတော့ဘူးပေါ့”
အဲဒီလိုမျိုးလေးတွေ ကျွန်မပြောလိုက်တိုင်း တွန့်နေသော မျက်ခုံးနှစ်ဖက်မှာ အလိုလိုပြေကျသွားမြဲဖြစ်လေသည်။ ထိုမျှ မောင်လည်းကျွန်မအား ချစ်ပါသည်။
တစ်ခါတစ်လေတော့လည်း ကျွန်မကို သည်းခံရတာ မောင့်အတွက် ပင်ပန်းနေမယ်ဆိုတာ ကျွန်မလည်းအသိပါပဲ။ ဒါပေမယ့် ခက်တာက မောင့်ကိုအဆုံးရှုံးမခံနိုင်တဲ့စိတ်က
မောင့်ကို သနားစိတ်ကိုအနိုင်ယူသွားတတ်တာ ဆိုးပါသည်။ မောင်နဲ့ကျောင်းကကောင်မလေးတွေနဲ့ စကားများပြောမိပြီဆို အဲဒီနေ့က ပွဲကြိးပွဲကောင်းပဲ
ထို့နေအဖို့ မင်းကောင်းနိုင်ဖို့ ထမင်းစားဖို့လည်းမစဉ်းစားနဲ့ အိပ်ဖို့လည်းမစဉ်းစားနဲ့ဟု မောင့်ယောကျာ်လေးသူငယ်ချင်းများက စိတ်ပျက်လက်ပျက်ဝေဖန်တတ်ကြသည်။
မောင်ကရော .. ကျွန်မလုပ်ရပ်တွေအတွက်
ကျွန်မကိုစိတ်ပျက်သွားမလားလို့တွေးမိတဲ့အချိန်တွေတိုင်း နောက်ငါမောင့်ကိုစိတ်ညစ်အောင်မလုပ်တော့ဘူးလို့ တွေးခဲ့ဖူးပါသည်။
သို့ပါသော်လည်း ကျွန်မဖုန်းဆက်တဲ့အချိန် မောင့်ဖုန်းမအားရင်၊ မောင့်ဖုန်းဘေလ်ကိုစစ်လိုက်လို့ ပုံမှန်ကုန်သင့်တာထက်များနေရင်
ကျွန်မမှာ တစ်ယောက်တည်းသံသယအတွေးတွေနဲ့ ဘယ်လိုမှ ရတက်မအေးနိုင်ဖြစ်ခဲ့ရတာ ကျွန်မသာ သိပါတယ်။
မောင့်လက်မှာ၊ မောင့်မျက်နှာမှာ လက်သည်းနဲ့ခြစ်မိတဲ့ဒဏ်ရာလိုမျိုးများတွေ့ရင် မောင်ဘာနဲ့ခြစ်မိတာလဲ မောင်နာသွားလားဟင်လို့မေးရမယ့်အစား
မောင့်ကိုဘယ်ကောင်မလေးက လက်သည်းနဲ့ခြစ်လိုက်တာလဲလို့ ဦးဆုံးတွေးမိတဲ့အထိ ကျွန်မ တစ်ဖက်စွန်းရောက်တဲ့အတ္တတွေနဲ့အချစ်ကိုပိုင်ဆိုင်ထားခဲ့တာပါ။
ကျွန်မအတွက် သူများတွေလို သူငယ်ချင်းတွေနဲ့ hang out လုပ်တယ်ဆိုတာလည်းမရှိခဲ့ပါ။ မောင်နဲ့အတူတူ shopping ထွက်ရတဲ့အချိန်တွေမှာ ကျွန်မပျော်နေခဲ့တာ …
ဒါပေမယ့် မောင်ကတော့ သူ့သူငယ်ချင်းတွေနဲ့ တွေ့ချိန်မရှိတာကိုကျေနပ်ခဲ့ပါရဲ့လား ကျွန်မတကယ်ပင်မသိခဲ့ပါ။
မောင့်ကို ကျွန်မနဲ့တူတူညစာစားတဲ့အချိန်တွေမှာ ဘီယာမသောက်ရဘူးလို့မတားခဲ့ပေမယ့် မောင်ကသူ့ဘော်ဒါတွေနဲ့မှ ဘီယာသောက်ချင်ခဲ့လားလည်း ကျွန်မမသိပါ။
သည်းခံရတာတွေများလာရင် မခံနိုင်တဲ့အဆုံး ပေါက်ကွဲလာတတ်တယ်ဆိုတာ ကျွန်မသိခဲ့ရင် အဲဒီနေ့ကအဖြစ်အပျက်မျိုးမဖြစ်အောင် ကျွန်မရှောင်ခဲ့မိမှာပါ။
အခုတော့ ………
အဲဒီနေ့က ကျွန်မအရမ်းဖျားနေတာမို့ မောင်နဲ့အတူတူကျောင်းလိုက်မတက်နိုင်ခဲ့ပါ။ မောင့်ကိုကျွန်မအနားမှာရှိနေစေချင်ပေမယ့်လည်း ဒီနေ့ အရေးကြီးတဲ့ Pratical ရှိတဲ့နေ့မို့
မောင့်ကိုမလွှတ်ချင်သော်လည်း တစ်ယောက်တည်းကျောင်းကိုလွှတ်လိုက်ရတာ .. နေမကောင်းရတဲ့အထဲ စိတ်ကမောင့်ကိုစိတ်မချတာမို့ တနုံ့နုံ့နဲ့ နေလို့မကောင်း။
မေမေက ဖေဖေ့ရုံးကို ထမင်းချိုင့်သွားပို့တဲ့အချိန်မှာတော့ အိမ်မှာရှိတဲ့ ကြီးညိုနဲ့ မိသေး မသိအောင် အိမ်ကနေခိုးထွက်ပြီး တက္ကစီနှင့် မောင်ရှိရာကျောင်းသို့လိုက်လာမိခဲ့သည်။
နာရီကိုကြည့်မိတော့ နေ့လည် ၁နာရီမို့ မောင် pratical ခန်းမှာရှိလောက်သေးသည်ဟုတွေးကာ pratical ခန်းသို့အရောက် မြင်လိုက်ရသည့်မြင်ကွင်းက ကျွန်မကို မူးမိုက်သွားစေခဲ့သည်။
မောင်နှင့် ကျောင်းတွင် အရမ်းချစ်စရာကောင်းပါသည်ဟု နာမည်ကြီးနေသော ဖူးပွင့်ဆိုသော ကောင်မလေး၊ ကောင်မလေးကထိုင်နေပြီး
မောင်ကသူ့ဘေးနားတွင် မတ်တပ်ရပ်ကာ ခေါင်းငုံ့ကြည့်နေသော အနေအထား၊ စိတ်ကိုဘယ်လိုမှထိန်းချုပ်၍မရတော့ ….
စိတ်ရဲ့အဟုန်ကြောင့် အခန်းတွင်းသို့ ဘယ်လိုရောက်သွားသည်မသိ။ ကျွန်မမောင့်ကိုတွန်းပစ်ကာ ထိုကောင်မလေးအား ပါးရိုက်ပြီးနှင့်နေပြီ။
“ဟာာ ခင် ဒါဘယ်လိုလုပ်လိုက်တာလဲ”
“ဘယ်လိုလုပ်လိုက်တာလဲ ဟုတ်လား မောင် မောင်တို့ကရော ဘာလုပ်နေတာလဲ မောင့်ကိုခင်တစ်ရက်တည်းလေးလွှတ်ပေးလိုက်တာနဲ့ ဒီလိုမောင်ဖြစ်စရာလား
နင်ကကော .. ဘယ်လိုမိန်းမလဲ မောင်နဲ့ငါချစ်သူတွေဆိုတာ တစ်ကျောင်းလုံးလူတိုင်းသိတယ် နင့်မှာ ကြာခိုစရာအဲလောက်ရှားလားဟင်”
“မဟုတ်ဘူး ခင်သန့်ဇင် ငါ”
“မပြောနဲ့ ဖူးပွင့် သူ့ကို ငါပဲပြောမယ် ဒီမယ် ခင် မင်းမှာစဉ်းစားဆင်ခြင်နိုင်တဲ့ ဦးနှောက်ဆိုတာမရှိတော့ဘူးလား ငါနဲ့မိန်းမတစ်ယောက်ထိုင်နေတာမြင်တိုင်း ငါတို့ကဖောက်ပြန်နေကြရောလား
ူမင်းကိုချစ်တဲ့စိတ်နဲ့ ငါအမြဲတမ်းသည်းခံခဲ့တယ် ဒါပေမယ့် မင်းတစ်နည်းမဟုတ်တစ်နည်းငါ့ကိုပြဿနာရှာတယ် ဘယ်မိန်းကလေးနဲ့မှ ငါ့ကိုစိတ်မချဘူး
ခါတိုင်း မင်းပြောသမျှ ငါခေါင်းငုံ့ခံတယ် အခုဟာက ကိုယ်ထိလက်ရောက်လုပ်တာ မင်းအရမ်းလွန်တယ် ဖူးပွင့်ကိုအခုချက်ချင်းတောင်းပန်လိုက်ပါ ခင်”
ကျွန်မ မြတ်နိုးသော အပြုံးလေးတွေတွဲခိုတတ်သော မောင့်နှုတ်ခမ်းကထွက်လာသော စကားများရယ်လို့ ကျွန်မမယုံချင်ပါ။
ကျွန်မ မှားခဲ့သည်ပဲထား အခုချိန်မောင်ပြောနေသည်များက တစ်စိတ်လွန်လွန်းနေသည်ဟု ကျွန်မထင်မိသည်။ ဘာတဲ့ အဲဒီမိန်းမကိုပဲ ကျွန်မကတောင်းပန်ရအုံးမယ်
မဖြစ်နိုင်ပါ။ ငယ်စဉ်တည်းက ကျွန်မ မာနအရမ်းကြီးတာ မောင်အသိပဲဖြစ်သည်။ ဘာကြောင့်များ ဒီလိုစကားကိုမောင်ပြောခဲ့တာလဲ …
“လုံးဝပဲ မောင် ကျွန်မ မတောင်းပန်နိုင်ဘူး မောင့်ကို ကျွန်မကွယ်ရာမှာ ရုပ်ကလေးပြပြီး ဖြားယောင်းဖို့ကြိုးစားတဲ့ မိန်းမကို ကျွန်မကတောင်းပန်ရအုံးမယ်
မောင်ရယ်စရာတွေလာမပြောပါနဲ့ ဘာလို့လဲ မောင် မောင်ကမောင့်ရဲ့တိတ်တိတ်ပုန်းလေးကိုထိတော့နာတယ်ပေါ့ ဟုတ်လား”
“တောက် … မင်း …. ဖြန်း”
ထိုစဉ်မောင်လုပ်လိုက်သော လုပ်ရပ်ကြောင့် ကျွန်မဘာပြောရမှန်းမသိအောင် အငိုက်မိသွားခဲ့သည်။ ကျွန်မ အမြတ်တနိုးလက်သည်းညှပ်ပေးခဲ့သော မောင့်လက်ဖြင့်
မောင်ကိုယ်တိုင်ပင် ကျွန်မပါးကိုရိုက်လိုက်ခြင်းပင်။ ကျွန်မ အလွန်အံ့ဩသော မျက်လုံးများဖြင့် မောင့်ကိုကြောင်ငေးကြည့်နေမိသည်။
ရန်တွေ့စကားတွေ အပြစ်တင်စကားတွေ ဘာမှမပြောနိုင်တော့ပါ။ ကျွန်မ အသည်းခိုက်အောင်ခံစားလိုက်ရသည်က ကြေကွဲခြင်း။။။။
“ငါဒီလောက်ပြောနေတာတောင် မင်းအမှန်ကိုမမြင်နိုင်ဘူးနော် ခင် ငါမင်းကိုနှုတ်ဆက်လိုက်ပါတယ် မင်းနဲ့ငါ ဘဝတစ်ခုကို တူတူတည်ထောင်ဖို့မဖြစ်နိုင်တော့ဘူး
မင်းရဲ့စိတ်ဓါတ်နဲ့ မင်းရဲ့အတ္တကို ငါကြောက်တယ် ငါ့ဘဝတစ်ခုလုံးကို မင်းရဲ့အမှန်မမြင်နိုင်တဲ့အချစ်တွေနဲ့ ဖုံးလွှမ်းခံရမယ့်ဘဝကို ငါမလိုချင်ဘူး
ငါ့အပေါ်ထားတဲ့မင်းအချစ်တွေရုပ်သိမ်းပေးပါတော့ကွာ ငါလည်းမင်းအပေါ်ထားခဲ့တဲ့ အချစ်တွေကို ဒီနေရာမှာပဲ ထားခဲ့လိုက်ပြီ”
မောင်ထွက်သွားတာလား။ ဖူးပွင့်ထွက်သွားတာလား။ ကျွန်မ သေချာမသိပါ။ တာကျိုးသလိုပဲ ဝေါခနဲ ကျလာသည့်မျက်ရည်တွေနဲ့အတူ မောင့်ကိုကျွန်မဘဝတစ်ခုလုံးစာ
ဆုံးရှုံးလိုက်ရပြီဆိုတာ သိလိုက်သည်။ ကျွန်မနားမှာ မောင်ဘယ်လိုမှမရှိနိုင်တော့ဘူးဆိုတာ တကယ့်ကို သေချာသွားခဲ့ပြီ။
ထိုနေ့မှစလို့ ကျွန်မဘဝထဲတွင် မင်းကောင်းနိုင် ဟူသော ချစ်သူတစ်ယောက်ပျောက်ကွယ်သွားခဲ့ပါသည်။
မိဘများက ဘယ်လိုပဲ ကြားဝင်စေ့စပ်ပေးဖို့ ကြိုးစားခဲ့ပါစေ မောင့်ဆီက ဟင့်အင်း ဆိုတဲ့အဖြေကိုသာ ကျွန်မပြန်ကြားခဲ့ရပါသည်။
၁လလောက်အကြာမှာတော့ မောင်ဆေးကျောင်းကထွက်ကာ သူဝါသနာပါရာ Engineering နှင့်သက်ဆိုင်သည့် တက္ကသိုလ်တက်ရန် စင်င်္ကာပူသို့ထွက်သွားခဲ့သည်။
မောင့်ကိုလွမ်းတိုင်း ကျခဲ့ရသည့် မျက်ရည်များနှင့်အတူ ကျွန်မ အချိန်မှရတဲ့ နောင်တတွေနဲ့အတူ မောင်ပြန်လာလေမလားလို့ စောင့်စားနေခဲ့ပါသည်။
———————–
ဟုတ်ပါသည်။
ကျွန်မက ကြောက်စရာကောင်းပါသည်။
ကျွန်မက အတ္တကြီးပါသည်။
အဘယ်ကြောင့်ဆိုသော် … ကျွန်မ မောင့်ကိုအရမ်းချစ်လို့ပဲဖြစ်သည်။
ပြီးပါပြီ ~~
24 comments
Myo Thant
April 9, 2013 at 10:15 am
အရမ်းချစ်တဲ့သူတွေကို အဲသဟာကြောင့်ကြောက်တာ
အဲဒါ အဲဒါ
🙂
သူကလေး
April 9, 2013 at 10:33 am
ဟွင်းဟွင်း
ဟုတ်လို့လား….
Myo Thant
April 9, 2013 at 11:24 am
ဟုတ်လို့ တစ်ယောက်တည်းနေတာ ကြာပေါ့
🙂 🙂 🙂
ခင်ခ
April 9, 2013 at 11:26 am
အရမ်းချစ်တတ်တာကိုတော့ လေးစားပါတယ်။
ဒါပေမယ့် မျက်ကန်းအချစ်မျိုးတော့ မဖြစ်စေချင်ဘူးလေ။
ချစ်တတ်တဲ့နှလုံးသားကို ဦးနှောက်ဉာဏ်နဲ့ ထိန်းကြောင်းကာ
ချစ်သက်လေးတွေ အဓွန့်ရှည်ကြစေလိုပါတယ်ကွယ်။
သူကလေး
April 9, 2013 at 3:34 pm
တစ်ခါတစ်လေတော့လည်း … အဲလို အဲလို …
ဖြစ်တတ်တာလေးတွေလည်းရှိသွားပါရော …
မယ်ဘုတ်
April 9, 2013 at 12:24 pm
ပူလောင်တဲ့အချစ်တွေကို ရှေ့တန်းတင်လွန်းတာတော့ …
မဖြစ်သင့်ဘူးထင်ပါတယ် .. :hee:
သူကလေး
April 9, 2013 at 3:38 pm
အဲဒါကြောင့်လည်း ချစ်သူစွန့်ပစ်ခြင်းကိုခံရတာပေါ့ မယ်ဘုတ်ရယ် 😀
ကိုပေါက်(မန္တလေး)
April 9, 2013 at 12:31 pm
ယောကျာ်လေးတော့ တင်စားပါတယ်
ရီးစားလူလု အူနုကျွဲခတ် ဟိုဥကြမ်းကြားညှပ်တဲ့
အင်းမိန်းကလေးအတွက်လဲ စကားလုံးလေးတွေထွင်ကြပါအုံးဗျို့.
လူကလေး
April 9, 2013 at 2:50 pm
အော် .. ဂလောက် တောင် မှ စိတ်ပင်ပန်းစရာကောင်းတဲ့အချစ်..
မုန်းတယ်မုန်းတယ်.. အချစ်ကို မုန်းတယ်.. :kwi:
သူကလေး
April 9, 2013 at 3:41 pm
မုန်းပေလို့ဘဲ ဟင်းးး မမနော် အမြဲမပြုံးလို့ကတော့ … :geez:
မဟာရာဇာ အံစာတုံး
April 9, 2013 at 4:23 pm
အဘယ်ကြောင့် ဆိုသော် ..
ဒါကြောင့်ပေါ့ …
အင်းး နားလည်မှု .. နားလည်မှု …
ဒီတစ်ခု အချစ်မှာ အတော် အရေးတာလို့ ကြားဖူးတယ် …
ပြောတာ ပြောရတာပါ …
ကျုပ်စိတ်ကလည်း အထက်က မိန်းကလေးလို စိတ်မျိုးဘဲ ..
ဒါကို ပြင်ရဦးမယ် …
သူကလေး
April 9, 2013 at 5:51 pm
အင်းပေါ့နော် တိုတိုအံကလည်း တိတ်ဂျစ်တတ်တဲ့လူဆိုတော့ .. အဲလိုစိတ်မျိုးပဲဖြစ်မှာပေါ့ … ဟီး
ပြင် ပြင် …. တော်ကြာအသီးကွဲနေအုံးမယ် ဟီးဟီး
ကိုရင်စည်သူ
April 9, 2013 at 6:13 pm
လူတွေဂ အချစ်နဲ့ မွေးပြီး အချစ်နဲ့ သေကြရဒါပါ။
နားလည်မှုနဲ့ မေတ္တာတရားသာမပါရင် အချစ်ဟာ
တော်တော်ပူလောင်မယ့် သဘာဝမျိုးပါ။ ။
နားလည်မှုဆိုတဲ့ စကားကို ကိုင်တုတ်ပြီး
လုပ်ချင်တာလုပ်နေတာလဲ သဘာဝမကျပြန်ဘူး..
ဒီတော့.. ဒီတော့..
သူကလေး အရမ်းချစ်ရင် နှမ်းမြစ် များများစားပြီးနေပါ။
အချစ်မှန်ပြီး အနှစ်ကျန်သွားပါမယ်…
သူကလေး
April 10, 2013 at 8:46 am
ဟုတ်လား
ဒါဆို ကိုရင်စည်သူပြောသလို နှမ်းမြစ်များများစားရမယ်
ဒါမှ နောင်များမှာ အချစ်ဝတ္ထုလှလှလေးတွေရေးဖြစ်မှာ
အရိပ်စစ်
April 9, 2013 at 6:40 pm
ထိသွားပြန်ပီ
ဒီတစ်ခါလည်း ဇာတ်လိုက်မင်းတမီးလေးကို ငိုအောင်လုပ်ပြန်ပီ ( တာမီး လည်း ငိုချင်လာပီ )
အတဲမကွဲတဲ့ ဟာလေးတွေလည်း ရေးပေးပါဦးနော်
သူကလေး
April 10, 2013 at 8:47 am
သူကလေးလည်း အမြဲငိုနေရတော့ကာ …. မင်းတမီးတွေလဲ အမြဲပဲငိုခိုင်းလိုက်တယ် အဟီး
နောက်များဆို အသီးမကွဲတာလေးတွေလည်းရေးမယ်နော် ငိုနဲ့ တိတ်တိတ် မွှ
uncle gyi
April 9, 2013 at 10:57 pm
အချစ်
လူတွေနားလည်တာအမျိုးမျိုး
ရယူခြင်းဟာအချစ်
ပိုင်ဆိုင်ချင်တာအချစ်
စွန့်လွှတ်ခြင်းဟာအချစ်
ပေးဆပ်ခြင်းဟာအချစ်
ဘယ်လိုဖွင့်ဆိုမှုပြုကြပါစေ
ချုပ်လိုက်ရင်အအေးချစ်နဲ့အပူချစ်
၂မျိုးပဲကျန်တယ်
ခင်သန့်ဇင်ရဲ့အချစ်ကအပုူချစ်
ဒါကြောင့်လည်းသူကိုယ်တိုင်အဲဒီအပုူကိုခံစားသွားရတာ
၂၄
သူကလေး
April 10, 2013 at 9:32 am
ဟုတ်တယ်နော် အန်ကယ်လ်ကြီး
သူကလေးလည်း အဲလိုအချစ်နဲ့မချစ်မိအောင်ကြိုးစားရမယ်
ကီလိုဇူးလူးဝီစကီ
April 10, 2013 at 8:35 am
ဒါဟာ အချစ်တဲ့လား::::::
အဲဒါ အချစ်တဲ့ တဲ့လား::::::
ဒါများ အချစ်တဲ့လားကွယ် မင်းပြောဦး။
အဘယ်ကြောင့်ဆိုသော်…
အားပြင်းလွန်းတဲ့ အချစ် သက်ရောက်မှုတစ်ခုကြောင့် ~~~~~~
သူကလေး
April 10, 2013 at 10:17 am
ဖူဖူကျော်သိန်းနဲ့တောင်လာတွေ့နေသေးတယ် အဟီး
အဘယ်ကြောင့်ဆိုသော် ………… သိပ်ချစ်လို့ပေါ့ ခိုင် 🙂
kyeemite
April 10, 2013 at 1:25 pm
အော်..အချစ်ဆိုတာဂလိုလား.. 🙄
မောင် ပေ
April 10, 2013 at 8:42 pm
မောင် ဘယ်လောက်ထိချစ်မှာလဲ
မောင် ဘယ်လောက်ထိညှစ်မှာလဲ…
:kwi:
GaviaGirl
April 21, 2013 at 3:18 pm
ယောက်ျားတွေက သဝန်တိုတတ်တဲ့မိန်းမထက် နားလည်ပေးတဲ့မိန်းမကို ပိုသဘောကျတယ်ထင်တာပဲ…
ဒါမယ့်သဝန်မတိုပြန်ရင်လည်း ဆားမပါတဲ့ဟင်းလို ပေါ့ရွှတ်ရွှတ်နဲ့… တိုတော့ တိုပေး… အမြဲတော့ တိုမနေနဲ့ပေါ့…
ယောက်ျားဆိုတဲ့အမျိုးကလည်းလွယ်တာမဟုတ်ဘူး…. ထားပါတော့လေ… ကိုယ်တွေက အော်မေ့ဂိုဏ်းဝင်တွေပါ.. ဘာမှမပြောတော့ပါဘူး….
တစ်ခုပဲ..မောင်မှန်တယ်လို့ ထင်တယ်… 🙂
kai
April 21, 2013 at 4:00 pm
ဖူးပွင့်ဆိုတဲ့တယောက်မှာ.. သဝန်တိုတတ်တဲ့ချစ်သူကောင်လေးတယောက်ရှိနေရင်.. ပွဲကြီးပွဲကောင်းပဲ..
နောင်ဂျိန်နောင်ဂျိန်.. ဘယ်လိုဖြစ်ကုန်မလည်း.. စိတ်ဝင်စားတယ်.. :kwi: