နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၈)
နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၇)
—————-
အခန်း (၁၁)
ကျွန်မထိုင်နေတုန်း ၁၅မိနစ်လောက်ကြာတော့ ကားသံလေးကြားမိတာနဲ့ အိမ်တံခါးပြန်ပိတ်ကာ အပြင်ကို
အားမပါတဲ့ခြေလှမ်းတွေနဲ့ထွက်လာခဲ့သည်။
ကားပေါ်မှာ အမောတကောပြေးဆင်းလာတာ ကျွန်မကိုသိပ်သံယောဇဉ်ရှိပါတဲ့ဆိုတဲ့ ဗိုလ်ပေါ့။
“ဟန်နီဘာဖြစ်တာလဲဟင်….ဗိုလ်ဘာလုပ်ပေးရမလဲ .. ဘာကြောင့်ငိုနေရတာလဲကွာ .. ဒီမျက်ရည်တွေအခုသုတ်ပစ်”
“ဗိုလ် ဟန်နီမကျရှုံးချင်ဘူး ဟန်နီ့ကိုကူညီပါနော် ဟန်နီကိုကို့ကိုအရမ်းချစ်တယ်”
“ဘာဖြစ်တာလဲဟန်နီရာ မငိုနဲ့ဖြေးဖြေးချင်းဗိုလ့်ကိုပြောပြလေ နော် … ကဲခုဘယ်သွားမလဲ ဒီမှာထိုင်နေလို့မကောင်းဘူး”
“မသိဘူးဗိုလ် ဟန်နီအသက်တောင်မရှူချင်တော့ဘူး”
“ကဲ ဒါဆိုလည်းထ .. ဗိုလ်တို့တနေရာသားရအောင် လာလာ မျက်ရည်တွေမကျနဲ့တော့ဆိုမှ”
ဗိုလ်ကကျွန်မကိုဆွဲခေါ်ရင်း ပါးစပ်ကလည်းမငိုဖို့တဖွဖွပြောလျက် ကျွန်မမျက်ရည်တွေလက်တစ်ဖက်နဲ့သုတ်ပေးနေခဲ့တယ်။
သူ့အသံတွေကစိုးရိမ်စိတ်၊ကြင်နာစိတ်အပြည့်နဲ့ဆိုတာ ကျွန်မရင်ထဲကသိနေခဲ့တယ်။
ဗိုလ်ရယ် ..ကျွန်မအားငယ်တဲ့အချိန် ကျွန်မဘေးနားမှာရှိနေပေးလို့တကယ်ကျေးဇူးပါ။
ဗိုလ်ကတစ်ဖက်ကကားမောင်းရင်း ကျွန်မကိုအငိုရပ်ဖို့ ချော့မော့ပြောဆိုနေခဲ့တယ်။
“မငိုပါနဲ့ဆိုကွာ ဟန်နီနော် အဲလိုငိုချည်းပဲနေရင် ဗိုလ်မခင်တော့ဘူး ဗိုလ်ကငိုတတ်တဲ့မိန်းမတွေဆိုမုန်းတယ်”
ကျွန်မငိုနေရင်းက ဗိုလ့်နှုတ်ဖျားကထွက်လာတဲ့စကားတစ်ခွန်းကြောင့် အံ့ဩစိတ်တွေဖြစ်လာရတယ်။
ဘာမဆိုစပ်စုတတ်တဲ့ကျွန်မရဲ့စိတ်ကလေးကြောင့်ပင် ငိုချင်စိတ်တွေပျောက်သွားပြီး စပ်စုလိုက်မိတယ်။
“ဘာဖြစ်လို့လဲဟင် ဗိုလ်” ဟုမေးလိုက်မိသည်။
ကျွန်မမေးခွန်းကြောင့် ဗိုလ်ကပြုံးရင်း
“ကြည့်စမ်းကောင်မလေး စပ်စုချင်တာနဲ့အငိုတိတ်သွားပြီ”
ဟု ရယ်ချင်သလိုအသံနဲ့ပြောလာသည်။
အဲဒီအချိန်မှာ ကျွန်မရဲ့ငိုချင်စိတ်တွေအကုန်လွင့်ပါးသွားရတော့သည်။ ဗိုလ်ရယ်
ရှင်နဲ့ပက်သက်တဲ့ကျွန်မစိတ်ခံစားမှုကလည်းတစ်မျိုးပါလားနော်။
“ဗိုလ်နော် လူကိုဆိုဖဲ့ဖို့လောက်ပဲချောင်းနေတယ် ခုနစကားပြောစမ်းပါအုံး ငိုတတ်တဲ့မိန်းမတွေကိုမုန်းတယ်ဆိုတာ”
ဗိုလ်က ရှေ့တည့်တည့်ကိုကြည့်ကာကားမောင်းနေရက်နဲ့ပဲ ထပ်ပြုံးပြန်သည်။
“ဟုတ်တယ် မိန်းမတွေက တခုခုကိုအနိုင်မရတိုင်း တခုခုကိုကြုံရာမရဖြစ်တိုင်း ငိုတတ်ကြတယ်
ငိုတာဟာသူတို့ရဲ့လက်နက်တစ်ခုလိုပဲသဘောထားကြတယ်
အဲဒါကြောင့် လက်နက်သုံးတတ်တဲ့မိန်းမတွေကိုမုန်းတယ်”
ဟု ခပ်တည်တည်ပဲပြောလာသည်။
“ဟင်းးးး ဗိုလ့်စကားချည်းကလဲနော် … ”
“မဟုတ်လို့လား ဟန်နီ”
“ဗိုလ်နဲ့တော့ပြိုင်ငြင်းမနေချင်တော့ပါဘူးနော် ဒါပေမယ့် အရှုံးပေးတာတော့မဟုတ်ဖူး
လူဆိုတာကိုယ့်အယူအဆနဲ့ကိုယ်ပဲလို့ ဟန်နီသဘောထားလို့
နေအုံး ငိုနေတာနဲ့မေးဖို့မေ့နေတာ ခုဘယ်ကိုသွားနေတာလဲ”
ဘေးပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်မိတော့ ကားကကျိုက္ကဆံ super one ရှေ့ကိုရောက်နေပြီ။
“သုဝဏတံတားပေါ်သွားမယ်လေ .. အဲဒီနားကသူဌေးရပ်ကွက်ဆိုတော့ ခုချိန်လောက်ဆိုလူရှင်းပြီလေ
ရုပ်ရှင်ကားတွေထဲကလို တံတားပေါ်မှာကားရပ်ပြီး ကျုပ်တို့စကားဆင်းပြောကြမယ်လေ”
ဟု ရယ်ချင်လက်စနဲ့ဗိုလ်ကပြောလာသည်။
“အောင်မလေးနော် သူ့ကိုယ်သူ drama ကားတွေထဲက နေတိုးများမှတ်နေလားမသိဘူး
ကျုပ်ကရှင့်ရည်းစားမဟုတ်ဖူးဆိုတာလည်းသတိရအုံး”
“ကောင်မလေးရယ် ခင်ဗျားကိုလည်းကျုပ်ကရည်းစားလို့မပြောမိပါဘူးနော် စကားအေးဆေးပြောမယ်လို့ပဲပြောတာပါ”
“ဟုတ်ပါပြီ အိပ်မက်တွေမက်မနေနဲ့လို့ ကြိုသတိပေးထားပါ”
“အင်းပါ အမိရယ် အမိသာမျှော်လင့်မနေဖို့ကြိုးစားပါ”
“သေလိုက်ပါလား”
ဟု ကျွန်မချက်ချင်းတုံ့ပြန်လိုက်မိသည်။
ကျွန်မတို့နှစ်ယောက်ဟာ ထူးဆန်းစွာနဲ့ ငယ်ပေါင်းကြီးဖော်တွေလိုရင်းနှီးမှုဖြစ်သွားတာ တကယ်တော့အံ့ဩစရာ။
ကားလေးက သုဝဏတံတားပေါ်ရောက်လာတဲ့အချိန်မှာ ဗိုလ်ပြောတဲ့အတိုင်းပင် ကားရှင်းစပြုနေပြီ။
ဗိုလ်ကလူရှင်းတဲ့နေရာအရောက်ကားကိုရပ်ပြီး ကားပေါ်မှဆင်းသွားသည်။ ပြီးတော့ ကျွန်မဘက်ကိုလျှောက်လာကာ
တံခါးကိုဖွင့်ပေးရင်း
“သခင်မ ကားပေါ်ကဆင်းလို့ရပါပြီခင်ဗျာ”
ဟုခေါ်တော့ ကျွန်မလည်းကားပေါ်ကဆင်းပြီး တံတားပလက်ဖောင်းပေါ်ထိုင်ချလိုက်တော့သည်။
ဗိုလ်ကကျွန်မဘေးမှာလိုက်ထိုင်ရင်း
“drama မင်းသားတော့မဟုတ်ပါဘူး ဒါပေမယ့် ဗိုလ်စိတ်ညစ်တိုင်းဒီမှာလာထိုင်ဖြစ်တယ်။
ခုနောက်ပိုင်းလူတွေက ပြည့်သူရင်ပြင်ရှေ့ဘက်မှာထိုင်ကြ၊သောက်ကြတာများတယ်လေ
ဒီနားကလူရှင်းတော့ ဗိုလ့်စိတ်ထဲရှူပ်တဲ့အချိန်တိုင်းလာလာထိုင်ဖြစ်တာ”
ကျွန်မက ဗိုလ့်မျက်လုံးတွေကိုအသေအချာလိုက်ကြည့်ရင်း
“တစ်ယောက်တည်းကောဟုတ်ရဲ့လား ကောင်လေး” ဟုစကားစလိုက်သည်။
“တစ်ယောက်တည်းပါ ဗိုလ်စိတ်ညစ်တဲ့အချိန်ဗိုလ့်ဘေးနားမှာ ဘယ်မိန်းကလေးကိုမှမထားဖူးသေးဘူး”
“အလဲ့ တယ်ဆိုတဲ့စာပါလား ဘာကြောင့်”
“ဗိုလ့်မှာဗိုလ့်စိတ်အလုံးစုံပစ်ပြီးယုံကြည်လိုက်ရမယ့်မိန်းကလေးဆိုတာမရှိဖူးသေးလို့ပါ
ဟန်နီ ဗိုလ်ဘယ်မိန်းကလေးကိုမှမယုံဘူး
အဲဒီလိုမယုံတော့ ဗိုလ်စိတ်ညစ်တဲ့အခါရင်ဖွင့်လို့ရမယ့်မိန်းကလေးမရှိတော့ဘူးပေါ့”
“ဒါဆို ဟန်နီရော ဟန်နီ့ကိုယုံလို့ ခုဘေးနားမှာထားတာလား”
ဟု မျက်လုံးလေးဝင့်ကာ ဗိုလ့်ကိုမေးကြည့်မိသည်။
“ဟန်နီကတော့ခြွင်းချက်ပေါ့ ဒါပေမယ့်လည်း ခုဗိုလ်စိတ်ညစ်နေတာမှမဟုတ်တာ ဟန်နီစိတ်ညစ်လို့ဗိုလ်ကဘေးမှာနေပေးနေတာလေ”
“ဟင် ဒါဆိုဟန်နီ့ကိုလည်းမယုံဘူးပေါ့လေ” ဟု စူပွပွနဲ့အပြစ်တင်မိသည်။ ဘာရယ်တော့မဟုတ်သော်လည်း
ကိုယ့်ကိုသူတစ်ပါးယုံကြည်နေတာမျိုးကို လူတိုင်းလိုချင်ကြတာပဲမဟုတ်လား။
ပြီးတော့ ဗိုလ်ဆိုတဲ့ကောင်လေးရဲ့ အယုံကြည်ခံပုဂိ္ဂုလ်ဖြစ်ချင်သေးတာပေါ့။
“ဗိုလ် ဟန်နီ့ကိုယုံမယုံဆိုတာ အခုဗိုလ်ပြောမယ့်စကားတွေဟန်နီကြားပြီးရင် အဖြေကိုဟန်နီသိလာမှာပါ”
ဟု ကျွန်မျက်နှာကိုစေ့စေ့ကြည့်ကာ ဗိုလ်ကပြောလာသည်။
ဗိုလ့်မျက်လုံးတွေမှာလေးနက်ခြင်းတွေနဲ့အတူ နာကျင်ခြင်းအချို့ကို ကျွန်မတွေ့လိုက်ရသလိုပဲ။ ဘယ်လိုတွေခံစားခဲ့ရလဲဗိုလ်။ ကျွန်မရင်ထဲစိုးရိမ်စိတ်ကလေးဖြစ်မိပါတယ်။
“ဗို်လ့်ကိုခပ်ရှူပ်ရှုပ်ကောင်လေးတစ်ယောက်လို့ဟန်နီမြင်သလားဟင် မိန်းကလေးတွေလှည့်စားနေတဲ့ကောင်တစ်ယောက်လို့ထင်မိသလား”
“ဟင့်အင်း ဟန်နီ ဗိုလ့်ကိုအဲလိုမတွေးမိပါဘူး”
“ကျေးဇူးပါဟန်နီ ဟန်နီကတော့သူများတွေနဲ့မတူဘဲ ဗိုလ့်ကိုနားလည်ပေးမယ့်လူတစ်ယောက်လို့ထင်ထားပါတယ် အဲဒါကြောင့်လည်း အခုဟန်နီ့ကိုဒီစကားတွေဗိုလ်ပြောဖြစ်တာပေါ့”
ဗိုလ်သက်ပြင်းချပါသည်။နောက်တော့သူ့ဘောင်းဘီအိတ်ကပ်ထဲလက်နှိုက်ကာ တစ်ခုခုကိုထုတ်လိုက်သည်။ ကျွန်မကြည့်လိုက်တော့ Marlboro ဆေးလိပ်ဘူးလေး။
“ဟင် ဗိုလ်ကဆေးလိပ်သောက်တယ် ဟန်နီလည်းမသိဘူး”
ဗိုလ်ကမချိပြုံးပြုံးလိုက်ရင်း
“ဒါဗိုလ်လောကကြီးကရလိုက်တဲ့သင်ခန်းစာရဲ့နောက်ဆက်တွဲပေါ့ အမြဲတော့မဟုတ်ပေမယ့် စိတ်ညစ်တဲ့အခါတိုင်း ဆေးလိပ်သောက်ဖြစ်တယ်”
ပြောပြီးတော့ ဗိုလ်ကမီးခြစ်ကိုခြစ်ကာ ဆေးလိပ်မီးညှိလိုက်သည်။ ဆေးလိပ်ကိုခပ်ပြင်းပြင်းရှိုက်ရင်းဗိုလ်ကစကားဆက်လာခဲ့သည်။
“ဗိုလ်ဆိုတဲ့ကောင်လေးဟာလွန်ခဲ့တဲ့ ၃နှစ် အသက်၁၈နှစ်လောက်ကကျောင်းစာတော်ပြီး ကျောင်းမှာဆရာမတိုင်းချစ်တဲ့
သူငယ်ချင်းတိုင်းခင်တဲ့ လိမ္မာတဲ့ကောင်လေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။
အိမ်မှာလည်း မေမေနဲ့မမနဲ့ ပျော်စရာကောင်းတဲ့ဘဝကိုဗိုလ်ပိုင်ဆိုင်ခဲ့တယ်။
ဒါပေမယ့်ကံကြမ္မာဆိုတာ လူတိုင်းကိုပျော်အောင်ထားလေ့မရှိဘူး ဟန်နီ။
ဗိုလ်အသက် ၁၈နှစ်ပြည့်မွေးနေ့မှာပဲအချစ်ဆိုတဲ့အရာကို စတင်ထိတွေ့မိခဲ့တယ်။
မမကဗိုလ့်ထက်၁နှစ်ကြီးတယ်။ ဗိုလ်တို့ကျောင်းကပါပဲ။နောက်ဆုံးနှစ်တက်နေတာနေတာပေါ့။
ဗိုလ့်မွေးနေ့ကိုလာတဲ့သူငယ်ချင်းတစ်ယောက်ရဲ့အမဝမ်းကွဲ။
အဲဒီမျာဗိုလ်တို့စပြီးဆုံခဲ့ကြတာ။ မမကအရမ်းအပြောကောင်းတယ်။
ဗိုလ့်ထက်တစ်နှစ်ကြီးပေမယ့် ဗိုလ့်ကို ကိုကိုခေါ်ပြီးချွဲနွဲ့တတ်ခဲ့တာ။
သူ့ရဲ့အပြောတွေထဲမှာဗိုလ်တော့မိုးမမြင်လေမမြင်ပေါ့။ ပထမဆုံးအချစ်ဦးဆိုတော့အရမ်းကိုချစ်ခဲ့တာ။
အဲလိုနဲ့ဗိုလ်တို့ချစ်သူဖြစ်ပြီး၈လလောက်အကြာမှာ ဗိုလ်တို့စာမေးပွဲကြီးဖြေရတယ်။
ဗိုလ်တို့က ဒုတိယနှစ်ဆိုပေမယ့်သူတို့ကတော့ နောက်ဆုံးနှစ်ပေါ့။ စာမေးပွဲတွေရှိတော့
စာပဲကြိုးစားကျက်ပါ စာမေးပွဲပြီးမှတွေ့ကြမယ်။
စာမေးပွဲကအရေးကြီးတယ်ဆိုပြီး ဗိုလ်တို့၁လနီးပါးလောက်မတွေ့ဖြစ်ခဲ့ကြဘူး။ ဗိုလ်ကတော့ မမပြောတဲ့စကားအတိုင်းပဲ၊
စာကိုကြိုးစားကျက် မမကိုလွမ်းရင် မက်ဆေ့ချ်လေးတွေအပြန်အလှန်ပို့နဲ့ပဲနေခဲ့ကြတာပေါ့။
ပထမဆုံးစာမေးပွဲဖြေတဲ့ရက်မှာ ကျောင်းမှာတွေ့တဲ့အခင်ဆုံးသူငယ်ချင်းတစ်ယောက်က
မမသူ့ရဲ့ရည်းစားဟောင်းနဲ့ပြန်တွဲနေတဲ့အကြောင်း၊ သူတို့တွေပြန်အဆင်ပြေသွားပြီဆိုတဲ့အကြောင်း ဗိုလ့်ကိုပြောပြခဲ့တယ်။
ဗိုလ်ယုံလည်းမယုံနိုင်ဘူး။ မဟုတ်နိုင်လောက်ဘူးပဲတွေးပြီး အားတင်းပြီးစာမေးပွဲဖြေခဲ့ရတယ်။ စာမေးပွဲပြီးတာနဲ့
မဆီကိုဖုန်းခေါ်တော့ မမကရယ်၂မော၂နဲ့ မဟုတ်ပါဘူး ဘာလို့ကောလဟာလတွေကိုယုံနေတာလည်းဆိုပြီးတော့ပြောခဲ့တယ်။
စားမေးပွဲကောင်း၂ဖြေနော်။ပြီးတာနဲ့ကိုကို့ကိုမမလာခေါ်မယ်ဆိုပြီးပြောခဲ့တယ်”
ဗိုလ်ကပြောနေရင်းနဲ့ ဆေးလိပ်တစ်လိပ်ကုန်သွားတာနဲ့ နောက်တစ်လိပ်ထုတ်ကာမီးညှိတယ်။ မသောက်ပါနဲ့လို့ပြောချင်ပေမယ့်လည်း
လက်ရှိအချိန်မှာဘာမှမပြောတာကောင်းမယ်ထင်ပြီး ကျွန်မငြိမ်နေလိုက်မိတယ်။
ဗိုလ့်မျက်နှာကိုကြည့်မိတော့ ဗိုလ်ကမိုးကောင်းကင်ကြီးကိုသာမော့ကြည့်နေခဲ့တယ်။
ဗိုလ့်မျက်လုံးတွေမှာ အရောင်တလက်လက်နဲ့စိုစွတ်နေတာကိုသတိပြုလိုက်မိတယ်။ မျက်ရည်မကျတာတောင်
ဗိုလ့်ရင်ထဲငိုနေပြီဆိုတာ ကျွန်မနားလည်လိုက်တယ်။
———————————
3 comments
Mr. MarGa
April 26, 2013 at 6:51 pm
ဒီ စပ်စုမလေးကတော့လေ
သူများအကြောင်းကို သွား စပ်စုနေပြန်ပေါ့
ဟဲ့ မိဟန်နီ
သိလွန်းရင်မကောင်းဘူးကွယ့်
အဲဒါသိထား
ရှေ့ဆက်လာမှာတွေ မြင်နေတယ်နော………… :kwi:
မဟာရာဇာ အံစာတုံး
April 26, 2013 at 7:44 pm
ကျုပ် ထင်တာ လွဲသွားတယ် …
ကျုပ်ရဲ့ တစ်ဖက်သတ် အမြင်အတွက် ဆောရီးပါ အာကာဗိုလ် …
အစကတော့ ကျုပ် မောင်ရင့်ကို ဒီလို ထင်ခဲ့တယ် …
“မိန်းမတွေရဲ့ အချစ်ကို လှည့်ဖြားယူနေတတ်တဲ့ ခပ်ညံ့ညံ့ ယောက်ျားတစ်ယောက်”
အခုတော့ မှားသွားပြီ ….။
မောင်ရင့်ရဲ့ အတိတ်က ဒဏ်ရာဟောင်းကို ကျုပ် မြင်လိုက်ရပြီ ..။
အခုတော့ ကျုပ် ဒီလောက်ပဲ ပြောနိုင်သေးတယ် ….
နောက်တစ်ပိုင်း ကျရင်တော့ ဒီထက် ပိုပြီး ကျုပ် ပြောနိုင်လိမ့်မယ် ထင်ပါတယ် ….။
အလင်းဆက်
April 27, 2013 at 8:20 pm
ခပ်သွက်သွက် အရေးအသားညက်ညက်နဲ ့
ဒီ အထိ ဆွဲ ခေါ်လာနိုင်တဲ ့ အစွမ်းကို အံ့ဩမိပါတယ် ။
ဆက်လက် ဖတ်ရှု ခံစာေးနပါဦးမယ် ။.
တိတ်တိတ်ကလေး…ပဲ…။