နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၂)
နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၁)
—————————————–
အပိုင်း (၁၅)
အဲဒီနေ့ကစပြီး ကိုကိုက ကျွန်မပေါ်မှာ အရင်ကလိုပဲ ပြန်ပြီးဂရုတစိုက်ရှိခဲ့သည်။
နေ့တိုင်းမဟုတ်ပေမယ့် ၁ရက်ခြားတစ်ခါလောက်ကျွန်မဆီရောက်ရောက်လာပြီး နေ့လည်စာ ဒါမှမဟုတ် ညစာကိုတူတူစားလေ့ရှိသည်။
ကိုကိုနဲ့အတူတူရှိသည့် အချိန်တိုင်း ကျွန်မမှာကြည်နူးစိတ်လေးနဲ့ရင်ဖိုရမြဲပင်။
တခြားရည်းစားတွေနဲ့ ထမင်းအတူတူစားရတဲ့ခံစားချက်နှင့် လားလားမျှမဆိုင်ပေ။
ကိုကိုသည် ရုပ်ရှည်ချောမောသော ယောကျာ်းတစ်ယောက်မဟုတ်သော်လည်း အထင်ကြီးဖွယ်ကောင်းသော ယောကျာ်းတစ်ယောက်ဖြစ်ပါသည်။
ကိုကိုသည် အလုပ်လုပ်ရာတွင် စေ့စပ်သေချာပြီး ဘာသာတရားလည်းကိုင်းရှိုင်းသောယောကျာ်းတစ်ယောက်မှန်း တဖြည်းဖြည်းနဲ့ပိုသိလာခဲ့သည်။
အသက်ချင်းသိပ်မကွာသော်လည်း လုပ်ငန်းတစ်ခုတွင် အားထားရသော မန်နေဂျာရာထူးကိုရထားသည့် ကိုကို့ကိုကြည့်ပြီး ကျွန်မလည်းအလုပ်လုပ်ချင်စိတ်တွေဖြစ်လာခဲ့ရသည်။
သင့်တော်တဲ့အလုပ်တစ်ခုလောက်ရှာပေးပါဟု ဒေါ်လေးကိုပြောတော့ ဒေါ်လေးက အံ့အားသင့်ကာ ဟုတ်မှဟုတ်ရဲ့လားလု့ိတောင်မေးခဲ့သည်အထိပင်။
ဪ ကိုကိုရယ် .. ကိုကိုနဲ့ပက်သက်ရင် ကျွန်မအထူးအဆန်းတွေချည်းလုပ်မိနေသလားမသိဘူးနော်။
ခါတိုင်းဆို နေ့တိုင်းနီးပါး လင်းလက်မပါတောင် လျှောက်သွားနေတတ်သည့်ကျွန်မ၊ ကိုကိုရန်ကုန်မှာရှိနေသည့်အချိန်တွင်
ကိုကိုမပါဘဲ အပြင်မထွက်ဖြစ်။ အိမ်မှာပဲနေကာ သင်ထားခဲ့သော တရုတ်ဘာသာစကားနှင့် ဒီဇိုင်းပညာကိုပဲလေ့လာခဲ့မိသည်။
ဒီရက်တွေထဲ ဗိုလ်က မန္တလေးသွားနေတော့ပိုဆိုးသည်။ ဗိုလ်ရှိရင်တော့ သူလာခေါ်လျှင် ကျွန်မအပြင်ထွက်မိမည်ထင်။
ကျွန်မကသာ ဗိုလ့်ကိုသတိရနေမိတာ။ ဒင်းလေးက ဒီအချိန်ဆို ကျွန်မကိုမေ့နေမလားမသိပေ။
သူက မန္တလေးမှာ သူရဲ့ မဒီလေးနဲ့ပျော်နေလောက်သည်။ ဟွန်း ဒီလိုတော့ဘယ်ရမလဲနော်။
စိတ်ဆန္ဒနောက်ကိုလက်ကအလျင်အမြန်လိုက်ကာ လက်ကဗိုလ့်ရဲ့ဖုန်းကိုခေါ်နေမိလျက်သားဖြစ်သွားတော့သည်။
“အသည်းနင့်အောင် ချစ်ခဲ့တာ မင်းငါ့ကိုအရူးလုပ်တာ သိရက်နဲ့ဇွတ်မိုက်ထား….”
ဗိုလ့်ရဲ့ ringtune အသံကိုကြားမိတော့ နှုတ်ခမ်းတွန့်သွားသည်ဆိုရုံလေး ကျွန်မပြုံးလိုက်မိသည်။
တကယ်ပဲအဲဒီသီချင်းထဲကလို ကောင်မလေးတွေက ဗိုလ့်ကိုပြောနေကြသည်ထင်။
ကျွန်မ ၄ခါလောက်ဖုန်းဆက်တိုက်ခေါ်နေပေမယ့်လည်း ဗိုလ်ကဖုန်းမကိုင်ခဲ့ပါ။ ဗိုလ့်အစားကောင်မလေး တစ်ယောက်ကပဲ ဖုန်းဖြေဆိုခဲ့သည်။
“လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့် ခေတ္တစောင့်ဆိုင်းပြီးမှ …”
ထိုမိန်းကလေး၏ အသံကိုဆက်ပြီးနားမထောင်လိုတော့ … ဖုန်းခေါ်နေတာကိုရပ်ပစ်လိုက်မိပြီး တစ်ယောက်တည်းဒေါသထွက်သွားမိသည်။
“မုန်းလိုက်တာ ဒီလောက်ဖုန်းဆက်နေတာတောင်မကိုင်နိုင်ရလောက်အောင် ဘာတွေများလုပ်နေလို့လဲ ဟင်းးးး ”
ဗိုလ်မကြားနိုင်တာ သိသိချည်းနဲ့ တစ်ယောက်တည်းပွစိပွစိရေရွတ်ရင်း ခေါင်းအုံးနံဘေးတွင် မိန့်မိန့်ကြီးထိုင်နေသော popeye အရုပ်အား နံရံဆီသို့ပစ်ပေါက်လိုက်မိသည်။
ငါ့ကိုပစ်ထားအုံးပေါ့ ဗိုလ်ရယ် .. ပြန်လာမှငါ့အကြောင်းကောင်းကောင်းသိမယ်ဟု တစ်ယောက်တည်းကြိမ်းဝါးနေမိတော့သည်။
…………………….
“can u pretend that airplanes in the night sky r like shooting stars …
i could really use a wish right now… a wish right now .. a wish right now …
can u pretend that airplanes in the night sky r like shooting stars …
i could really use a wish right now… a wish right now .. a wish right now …”
အအိပ်ဆတ်သူပီပီ ခေါင်းအုံးနံဘေးမှာ ထားတာတဲ့ ဖုန်းသံလေးကြားတာနဲ့ ကောက်ထူးမိသည်။
“ဟယ်လို”
“ဟိတ်ကောင်မလေး”
အသံကိုကြားတာနဲ့ ဗိုလ်ဆက်တယ်ဆိုတာ သိလိုက်ပါတယ်။ ဘယ်အချိန်ရှိပြီလဲဆိုတာတော့ မသိပေ။ မျက်လုံးပိတ်လျက်သားနဲ့ပဲ ပြန်ပြောလိုက်မိသည်။
“ဘာလဲကွာ ညကြီးအချိန်မတော် ဘာလို့ဖုန်းဆက်တာလဲ”
“အောင်မလေးဗျာ ညကြီးအချိန်မတော်တဲ့ မမလေး ဘယ်နှစ်နာရီလဲဆိုတာလည်းသေချာပြန်ကြည့်ပါအုံး”
ဖုန်းထဲမှဗိုလ့်အသံကိုကြားတော့ အိပ်ချင်မူးတူးနှင့် ဖုန်းထဲကနာရီကိုတစ်ချက် ပြန်ကြည့်မိသည်။ မနက် ၅ နာရီတောင်ခွဲနေပြီပဲ။
ဒီအချိန်ကြီး ဗိုလ်ဘာစိတ်ကူးပေါက်ပြီး ဖုန်းဆက်တာပါလိမ့်။
“ဟန်နီ ဗိုလ်ပြောနေတာကြားရဲ့လား ဒုက္ခပါပဲကွာ ပြန်အိပ်ပျော်သွားပြီလားမသိပါဘူး”
“အောင်မယ် ဘာလို့အိပ်ရမှာတုန်း ဘယ်နှစ်နာရီထိုးပြီလဲလို့ ကြည့်နေတာပါနော် ဟွန်း”
“ဟားဟား အခုမှပဲ ဟန်နီ့အသံအစစ်ကိုကြားရတော့တယ် ဘယ်လိုလဲ တကယ်နိုးပြီလား”
“ဟွန်း ဘာအခုမှလာပြီး ဟန်နီနေတာလဲ ကျုပ်ဖုန်းဆက်တုန်းကတော့မကိုင်ပဲနဲ့”
ဘယ်ရမလဲဟန်နီပဲဟာ။ ဗိုလ့်အသံကြားတာနဲ့ မကျေလည်တာကိုဦးအောင်ရန်တွေ့လိုက်မိသည်။
“ဟန်နီကလဲကွာ ဟန်နီဖုန်းဆက်တဲ့အချိန်တုန်းက ဗိုလ်က မိန်းမလေးနဲ့အတူရှိနေတာလေ အဲဒါကြောင့်ပါ”
ဟွန်း။ သူ့မိန်းမလေးရှေ့မှာတော့မခုတ်တတ်တဲ့ကြောင်လေးစတိုင်လ်နဲ့နေပြတယ်ထင်ပါ့။
ဗိုလ့်ကိုပွစိပွစိနဲ့ပြောရင်း အိပ်ယာထဲမှ လူးလဲပြီးထလိုက်သည်။ ဗိုလ့်ကိုရန်တွေ့နေရတာနဲ့ ပြန်အိပ်ချင်စိတ်လည်းမရှိတော့။
အခန်းထဲတွင်ရှိသော ဝရန်တာကိုတံခါးဖွင့်ပြီးထွက်လာခဲ့သည်။
“ရှင့်လေဒီရှိတော့ကော ဘာဖြစ်လဲ ကျုပ်ကရှင့်ရည်းစားမှမဟုတ်တာ သူငယ်ချင်းပဲဟာ”
“အဲဒီသူငယ်ချင်းကပဲ ပိုစိုးရိမ်စရာဖြစ်မှာစိုးလို့ဟေ့”
“အောင်မယ် ဘာဆိုင်လို့ ကျုပ်ကစိုးရိမ်စရာဖြစ်ရမှာလဲ”
“ဘာလို့ဖြစ်ရမှာလဲ ဟန်နီ့ကိုမို့လို့ ဗိုလ်ကအမြဲချို၂သာ၂လေးပြောတာ တခြားကောင်မလေးတွေဆို အမြဲတမ်းအပေါ်စီးကပဲပြောတတ်တယ်လေ
ဟန်နီ့ကိုဗိုလ်ကလေ ဗိုလ်ကလေဆိုပြီး သူ့ရှေ့မှာပြောလိုက်လို့ကတော့ ကျိန်းသေပွဲကြီးပွဲကောင်းဖြစ်သွားမှာပေါ့ဗျ”
“အဲဒါဆိုလည်း အဲဒီလိုမပြောနဲ့ပေါ့ အဲလိုဆိုရတာပဲမဟုတ်လား”
“အဲလိုလည်း လက်လွတ်စပယမပြောချင်လို့ပေါ့ဟ ဟန်နီ့ကို ဟန်နီလေးလို့မှမခေါ်ရရင် ဗိုလ်ကမနေတတ်ဖြစ်နေတာလေ”
“ဟားဟားဟား တော်ပါ ဗိုလ်ရ ပလီပလာတွေလာပြောတိုင်းယုံမယ့်အထဲမှာ ဟန်နီမပါဘူးနော် ဗိုလ့်အပြောချိုချိုလေးတွေထဲမှာ မျောတဲ့ကောင်မလေးတွေထဲမှာ
ဟန်နီမပါဘူးသိလား ဒါမျိုးတွေကရိုးနေပြီ”
“အေးပေါ့ နေနိုင်တော့လည်းပြောထားအုံးပေါ့ဗျာ ကျွန်တော်မျိုးကခင်ရတဲ့သူဆိုတော့လည်း မျက်နှာငယ်ရတာပေါ့”
ဗိုလ်ကအဲလိုပြောလာတော့လည်း ကျွန်မ မနေနိုင်ပြန်။ ကျွန်မကလည်း ဗိုလ့်ကိုအရမ်းကြီးခင်နေမိတာကိုး။
“အောင်မလေးဟဲ့ ဇာတ်နာအောင်ပြောနေပြန်ဘီ ဟန်နီလည်းဗိုလ့်ကိုအရမ်းခင်တာပါပဲနော် ဒီကလွမ်းလို့ဖုန်းဆက်တဲ့ဟာကို
မကိုင်တော့ ဝမ်းနည်းတာပေါ့လို့ ဟွန်း” လို့ ခပ်ချွဲချွဲလေးပြန်ပြောလိုက်မိသည်။ အဲလိုတော့မှ ဗိုလ်ကကျေနပ်သွားပုံရသည်။
“အိုကေ ယုံလိုက်ပြီနော် ဗိုလ့်ကြောင့်အိပ်ရေးပျက်သွားတဲ့အတွက်တောင်းပန်ပါတယ်ကွာ မန္တလေးကပြန်ရောက်ရောက်ချင်း ဟန်နီ့ကိုတွေ့ချင်တဲ့စိတ်ဖြစ်လာလို့
အဲဒါအိမ်ပြန်မရောက်သေးခင်ဖုန်းဆက်လိုက်တာ ဗိုလ်ဟန်နီ့ဆီလာခဲ့ရမလား”
ရုတ်တရက် ဗိုလ့်ရဲ့တီးတိုးမေးသံမှာ ကျွန်မ တဒင်္ဂမျောပါသွားမိသည်။ ဗိုလ့်မေးသံကိုကြားမိတဲ့အခိုက်အတန့်ဘာဖြစ်သွားမှန်းမသိ။
ငြင်းဆန်ချင်စိတ်တွေ၊ ခါတိုင်းလိုရန်တွေ့ချင်စိတ်တွေမရှိတော့ပေ။ ကျွန်မလည်း အလိုလိုဗိုလ့်မျက်နှာလေးကိုမြင်ချင်လာမိသည်။
ဘယ်လိုကြီးလဲဗိုလ်ရယ်။ ဟန်နီတို့က ချစ်သူတွေလည်းမဟုတ်ပါဘဲနဲ့ …
“ဟိတ် ဟန်နီ ဗိုလ်မေးနေတယ်လေ လာခဲ့ရမလားလို့”
ဗိုလ့်အသံကြားတော့မှ သတိဝင်လာရင်း …
“အင်းလာခဲ့လေ ဟန်နီ oreintal house က dim sum စားချင်တယ်”
“ဟုတ်ပါပြီဗျာ အခုခရေပင်လမ်းခွဲကျော်လာပြီနော် မြန်မြန်လေးပြင်ထား ဟုတ်ပြီလား”
“ပြင်နိုင်ဘူးဟေ့ ကြာချင်ကြာမယ် စောင့်ရမှာက ဗိုလ့်တာဝန်ပဲ ဒါဘဲ မျက်နှာသစ်တောမယ်” ဟု အနိုင်နှင့်ပိုင်းကာ ဖုန်းချပစ်လိုက်တော့သည်။
ကိုကို့ကိုဆို ထိုသို့အနိုင်ယူရက်မှာမဟုတ်ဟု တွေးမိလိုက်ကာ ပခုံးလေးတွန့်လိုက်မိသည်။
အိုးးးး ဒါကတော့ ကိုကိုကဟန်နီချစ်ရတဲ့သူလေ ဗိုလ်ကတော့သူငယ်ချင်းပဲဟာနော်။ ……
……………………………………….
8 comments
မောင် ပေ
May 10, 2013 at 8:30 pm
ကိုကို နဲ ့ဗိုလ် နဲ ့တပြိုင်နက် ထဲ ဆုံလိုက်လို ့ကတော့
ဘယ်လို ဇါတ်လမ်းထွက်လာမလဲ ဆိုတာ
သိချင်စမ်းပါဘိနော်
သူကလေး
May 11, 2013 at 9:50 am
သိချင်ရင် အပိုင်းသစ်တွေစောင့်ပြီးဖတ်ပေါ့….
စိတ်ဝင်စားစရာလေးတွေရေးပေးမယ်နော် 😀
Mr. MarGa
May 10, 2013 at 10:00 pm
သူငယ်ချင်း
ချစ်သူ
ထိုနှစ်ဦးကြား
ဘယ်လိုစခန်းသွားမလဲ
နောက်
ဘက်ပြောင်းသွားမလား
အတွေးများနဲ့
ဆက်……မျော….ဆဲ………သာ :hee:
သူကလေး
May 11, 2013 at 9:54 am
တို့ မာဃလေးပဲကောင်းတယ်
ဆက်မျောအုံးနော် ခုလိုလေးပဲ 🙂
Myo Thant
May 11, 2013 at 8:57 am
ဪ ဪ
၁၃ – ၁၄ – ၁၅ အဲဒီလို သွားဦးမှာပေါ့လေ
မောပါ့
သူကလေး
May 11, 2013 at 10:10 am
ဟုတ်ပ့ါ အူးမျိုးသန့်ရေ
သွားရအုံးမှာ အဲလိုတွေ အဟီး မောပါနဲ့
GaviaGirl
May 11, 2013 at 12:28 pm
ဟန်နီရေ… ချစ်တဲ့သူဆီက ဂရုစိုက်မှုတွေရနေမှတော့ တစ်ခြားတစ်ယောက်ကို မသာယာချင်ပါနဲ့တော့… ကြာရင် မကောင်းဘူးလေ… နော်….
မဟာရာဇာ အံစာတုံး
May 11, 2013 at 4:59 pm
လောကမှာ နိယာမ တစ်ခုရှိတယ် ….။
အဲ့ဒါက ….
“… သွားပြီး ပတ်သက်ချင်သူဟာ မျက်နှာငယ်ရတာပဲ …”
ဟီးးး အာကာဗိုလ် စကားကို ခပ်တည်တည်နဲ့ ငှားပြောထဲ့လိုက်ဒါ …
ဂယ်ကလည်း အဲ့လိုဘာဘဲ ….
အားပေးတွားဘာဒယ် .. သူဂလေးရယ် …
ရှေ့ဆက် ဘိုဒွေ ဖစ်လာမဲဆိုဒါ .. အင်း .. အဲ …