Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သီချင်းလက်ဆောင်

သူကေလးJune 4, 20131min61019

သီချင်းလက်ဆောင် …

 

ည ၁ဝ နာရီ ~ တယ်လီဖုန်းလေးမြည်လာခဲ့တော့ ကျွန်တော့်လက်တွေကအလွတ်ကျက်ထားသလိုပင် ဖုန်းခွက်လေးကိုကောက်မပြီးသားဖြစ်နေပြီ.

 

“ ဟယ်လို ” “ ဟယ်လို မင်းမင်းလား ”

“ အင်း … ကူး … ကျွန်တော်ပါ … ခါတိုင်းထက်နည်းနည်းနောက်ကျတယ်နော် အလုပ်တွေရှုပ်နေတာလား ”

“ အဟား မင်းမင်းကနာရီကိုမျက်စိဒေါက်ထောက်ပြီး စောင့်နေတယ်ထင်တယ် ကူးမွေးနေ့မှာဆိုဖို့ သီချင်းတစ်ပုဒ်ရေးနေတာနဲ့နောက်ကျသွားတာ ”

“ တယ်ဟုတ်ပါလား မင်းမင်းကိုဆိုပြအုံးလေ ”

“ ဆိုပြမှာပေါ့ ဒါပေမယ့် ခုတော့မဟုတ်သေးဘူး သီချင်းကမပီးသေးဘူး မင်းမင်းရဲ့ ပြီးသွားတဲ့အခါမင်းမင်းကိုဆိုပြပါ့မယ် ”

“ ဘယ်သူ့အတွက်ရေးဖြစ်တာလဲလို့မေးရင်ဖြေမှာလား ”

“ ကူးစိတ်ထဲမှာမေ့လို့မရတဲ့လူတယောက်အတွက်ပေါ့ ကူးစိတ်ကိုအချိန်တိုင်းစိုးမိုးနေတဲ့သူတယောက်အတွက်ပါ ”

“ မွေးနေ့ကစနေနေ့နော် သိပ်မလိုတော့ဘူးဘဲ ၃ ရက်ပဲလိုတော့တယ် သီချင်းကပြီးမှာလား ”

“ အင်း အပြီးရေးမှာပါ လာမယ့်စနေနေ့ ညနေ M3 မွေးနေ့လုပ်မယ်လေ မွေးနေ့ပွဲကော ကူးသီချင်းတွေအတွက်စာနယမ်ဇင်းမိတ်ဆက်ပွဲကောပေါ့ မင်းနော် မွေးနေ့ပွဲကိုလာခဲ့ရမယ်နော် … မလာရင်တော့မုန်းမှာဘဲ ”

“ ဟာဗျာ ဒုက္ခပါဘဲ ကျွန်တော်အပြင်ထွက်ခဲတယ်ဗျ မလာချင်ဘူး လူတွေများတဲ့နေရာကျွန်တော်သွားခဲတယ် ”

“ မင်းမင်းနော်မရဘူး လာရမယ် မလာရင်တော့မုန်းမှာဘဲ ”

“ အင်းပါ …. ”

“ အော် ပြောရအုံးမယ်သိလား ဒီနေ့နေ့လည်တုန်းက သူငယ်ချင်းတွေနဲ့ရုပ်ရှင်သွားကြည့်ဖြစ်သေးတယ် အရမ်းရယ်ရတာဘဲသိလား ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ်တဲ့ ”

“ ဟုတ်လား တော်တော်ရယ်ရလား ”

“ အင်း ရယ်ရတာပေါ့ မင်းမင်းသွားကြည့်ပါလား ”

“ ကျွန်တော်ရုပ်ရှင်မကြိုက်ဖူးကူး … ရုုပ်ရှင်တွေကိုမုန်းတယ် ”

“ ဟင် မင်းမင်းကလဲ ဘာ လို့လဲ ”

“ ဒီလိုပါဘဲ ကူးရာ .. ”

“ ဘာကိုဒီလိုပါဘဲ မရဘူးဖြေ … မင်းမင်းကစာအုပ်ဖတ်ရတာလဲဝါသနာမပါဘူးလို့ပြောတယ် … ပန်းချီကားတွေလဲမခံစားတတ်ဖူးတဲ့  ခုရုပ်ရှင်လဲမုန်းပြန်ဘီ … ဘာလို့မုန်းတာတွေသိပ်များနေတာလဲ ”

“ နောက်တော့မင်းသိလာမှာပေါ့ ကူးရယ် ”

“ မင်းမင်းအရမ်းလျှို့ဝှက်တတ်တယ်နော် ကူးဘက်ကရိုးသားခဲ့သလောက် မင်းမင်းကအဲလိုမဟုတ်ဖူး ကူးစိတ်မကောင်းဘူး ”

“ စိတ်မကောက်ပါနဲ့ကူးရယ် ကျွန်တော်ကလျှို့ဝှက်တာမဟုတ်ပါဘူး အချိန်တန်တော့ကျွန်တော့်အကြောင်းတွေကူးမသိချင်ရင်တောင်ကျွန်တော်အတင်းပြောပြဖြစ်မှာပါ ”

“ ကူးမွေးနေ့မှာမင်းကိုတွေ့ချင်တယ် မင်းမင်းအကြောင်းတွေကူးသိချင်တယ် ကူးဒီကြားထဲမှာဖုန်းမဆက်တော့ဘူးနော် မင်းမင်းလာတဲ့အခါကြမှဘဲတွေ့တော့မယ်ကူးဖုန်းချလိုက်တော့မယ် မင်း ကောင်းသောညဖြစ်ပါစေ ”

“ ကူးလဲအိပ်မက်လှလှမက်ပါစေ ”

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

တယ်လီဖုန်းလေးကိုရင်ဘတ်မှာကပ်ရင်းကျွန်မရင်ထဲဝမ်းနည်းလို့နေခဲ့တယ် … မင်းမင်းဆိုတဲ့ယောကျာ်းတယောက်ဟာကျွန်မဘဝထဲကိုပထမဆုံးဝင်လာခဲ့တဲ့ယောကျာ်းတယောက်မဟုတ်ပေမယ့်ထူးဆန်းမှုတွေနဲ့ဝင်လာခဲ့တဲ့ယောကျာ်းတယောက်ပါ သူဟာသီချင်းတွေကလွဲရင် တလောကလုံးကိုမုန်းနေတတ်တဲ့ထူးထူးဆန်းဆန်းယောကျာ်းတယောက်ပါ ဖုန်းမှားဆက်ရာကနေ ကျွန်မတို့တယ်လီဖုန်းလေးကတဆင့်ခင်မင်ခဲ့ကြတယ် … ခင်မင်ခဲ့တဲ့ ၆လကျော်အချိန်တွေမှာ ကျွန်မတို့ရဲ့ရင်ဘတ်ထဲမှာသံယောဇဉ်ကြိုးတွေချည်နှောင်ခဲ့ကြတယ်ဆိုတာလဲ တစ်ယောက်ကိုတယောက်မညာနိုင်အောင်နားလည်နေကြတာဘဲ သေချာနေခဲ့ကြတာပဲ … ကျွန်မဘက်ကသူ့အပေါ်ပိုနေတဲ့အချစ်တွေကိုလဲသူတစွန်းတစရိပ်မိကောင်းရိပ်မိနေမှာပါဘဲ သူလဲကျွန်မလိုဘဲဆိုတာသူ့စကားသံတွရဲ့နွေးထွေးမှုကတဆင့်ကျွန်မသိနားလည်နိုင်ခဲ့တာပါဘဲ…ဒါပေမယ့် တခါတလေ သူဟာထင်မမှတ်ထားလောက်အောင် သွေးအေးတတ်ပြီး လျှို့ဝှက်လွန်းတဲ့ယောကျာ်းတယောက်ဖြစ်နေပြန်တယ် … သူနဲ့ကျွန်မညစဉ် ၁ဝ နာရီထိုးတိုင်းဖုန်းပြောကြတယ်သီချင်းအကြောင်းပြောကြတယ် .. လူတွေအကြောင်းပြောကြတယ် .. ဒါပေမယ့် သူဘာလို့လောကကြီးနဲ့အဆင်မပြေဖြစ်နေရတာလဲဆိုတာကိုတော့သူဘယ်တော့မှမပြောပြခဲ့ …အဲဒီလိုလူကိုပဲ ဂရုုဏာတွေနဲ့ ကျွန်မရင်ထဲနေရာပေးနေခဲ့မိတယ် … ကျွန်မသူ့ကိုချစ်တယ်ဘေးချထားတဲ့ဂစ်တာလေးကိုပြန်ကိုင်ရင်းသူ့အတွက်ရေးထားတဲ့သီချင်းတစ်ပိုဒ်ကို ခပ်တိုးတိုးညည်းနေမိတယ် ။။။

 

“ ပျော်ရွှင်စရာသီချင်းလေးမင်းကိုဆိုပြမယ် .. အကြင်နာချစ်ခြင်းတွေရယ် မင်းကိုရည်ညွှန်းတယ် ချိုမြိန်တဲ့အနမ်းလေး လက်ဆောင်ထည့်ထားမယ် အချစ်သီချင်းလေးမင်းအတွက် ” …

 

ကြာသာပတေး

 

သောကြာ ……..

 

ကျွန်တော်တခုခုဆုံးဖြတ်ရတော့မယ်အချိန်တွေကနီးကပ်လာပြီ … ပိုင်ဆိုင်ဖို့ဆိုတာအိပ်မက်ပါဘဲ .. မစွန့်လွှတ်ရရင်တောင်ကံကောင်း .. ဘာကိုမှရွေးချယ်ခွင့်မရှိတဲ့ဘဝမှာကျွန်တော်ရိုးသားမှုလေးတခုတော့ပိုင်ဆိုင်ခဲ့ချင်တယ် … ကျွန်တော့်လက်တွေကအလွတ်ရနေတဲ့သူမဖုန်းနံပါတ်လေးတွေကိုနှိပ်လိုက်မိတယ် ..

“ လူကြီးမင်းခေါ်ဆိုသော ဂျီအက်စ်အမ်တယ်လီဖုန်းမှာစက်ပိတ်ထားပါတယ်ရှင် လူကြီးမင်းပြောကြားလိုသောစကားသံကို beep အသံကြားပီးနောက်တွင်ချန်ထားနိုင်ပါတယ် ” …အင်းအားရှိသမျှပြောချင်တာလေးတွေပြောထားခဲ့ပြီးဖုန်းကိုပြန်ချလိုက်တယ် ။

 

(မင်းမင်း)

ကျွန်တော်သက်ပြင်းရှည်ကြီးတခုကိုချရင်းဖုန်းခွက်ကိုဖုန်းပေါ်ပြန်တင်ထားမိသည်. … အံကိုက်ပါဘဲ .. ဘေးချော်မသွားခဲ့ .. အခန်းတောင့်မှာရှိတဲ့ရေခဲသေတ္တာလေးဆီလျှောက်သွားရင်း ရေဘူးထဲကရေကိုထုတ်သောက်မိသည်…. ဘာမှလွဲချော်ခြင်းမရှိလက်မှန်းနဲ့လုပ်တဲ့အလုပ်တွေ   ဒါတွေဟာ ကျွန်တော့်ရဲ့လုပ်ရိုးလုပ်စဉ်တွေပါဘဲလေ .. ဒီဘဝ ဒီအနေအထား .. အားလုံးကျွန်တော်နေသားရနေပြီ …..ကျွန်တော်မျက်စိကွယ်သွားခဲ့တာ အခုမှမဟုတ်တာ …. ဟိုးလွန်ခဲ့တဲ့ ၅နှစ်တာကာလကတည်းက ….

ကျွန်တော်ဟာဒီအမှောင်ကမာ္ဘနဲ့ကျင့်သားရလ ို့နေခဲ့ပါပြီကျွန်တော့်ဘဝမှာအဖော်ဆိုလို့သံစဉ်တွေကလွဲပီးဘာမှမရှိခဲ့ … ဘာမှလဲမတွယ်တာခဲ့ … အတူနေတဲ့ဦးလေးနဲ့အကိုဝမ်းကွဲကိုတောင်စကားသိပ်မပြောဘဲနေတတ်ခဲ့တာကျွန်တော့်ဘဝထဲကိုကျွန်တော်မဖိတ်ခေါ်ဘဲဝင်လာခဲ့တာ ကူးလို့သူ့ကိုယ်သူသုံးတတ်တဲ့ကောင်မလေးတယောက်ကျွန်တော့်ဆီညတိုင်းညတိုင်းဖုနိ်းတွေမပျက်မကွက်ဆက်…

ညအိပ်ခါနီးတိုင်းအိပ်ရာဝင်တေးတွေနဲ့ချော့သိပ်တတ်တဲ့အဆိုတော်ဖြစ်ချင်နေတဲ့ကောင်မလေးတယောက်ပါ၆လကျော်ဆိုတဲ့အချိန်မှာ

သူ့အပေါ်ကျွန်တော်ကျရှုံးခဲ့တယ် .. ကျွန်တော်မညာချင်ပါဘူး .. ကျွန်တော်စွဲလမ်းခဲ့တယ် သူ့အသံလေးတွေသူ့မျက်နှာ .. သူ့ပုံပန်းသဏ္ဍန်ကဘယ်လိုမျိုးဘဲဖြစ်နေပါစေ ကျွန်တော်ရင်ခုန်ပါတယ် .. ကျွန်တော်ပိုင်ဆိုင်တဲ့ကျွန်တော့်ရဲ့အမှောင်ကမာ္ဘာမှာတော့ သူဟာကျွန်တော့်သခင်အလင်းတန်းလေးပေါ့ဒါပေမယ့် အနေအထားချင်းသိပ်ကွာလွန်းနေတယ်ဆိုတာကျွန်တော်အလိုလိုနားလည်နေတယ်ကျွန်တော်ဘာဆိုတာ ကျွန်တော့ဘဝဘယ်လိုဆိုတာ သူမသိလာတဲ့တနေ့မှာ ကျွန်တော့်ကိုထားသွားမှာသေချာနေလေတော့ ကျွန်တော်ဘယ်လိုအင်အားတွေနဲ့သူ့ကိုပြောပြရမှာလဲဗျာ ….ကျွန်တော်လျှို့ဝှက်ချင်လို့မဟုတ်သလို လိမ်ညာချင်လို့လဲမဟုတ်ပါဘူး … မပိုင်ဆိုင်ရရင်တောင်မစွန့်လွှတ်ရဘူးဆို ကျွန်တော်နေပျော်နေမှာပါ … ကျွန်တော်ခုလိုရိုးသားစွာဝန်ခံလိုက်ခြင်းအတွက် သူမရဲ့တုံ့ပြန်ချက်ကဘာများဖြစ်မလဲ ….. သူမရွေးချယ်မှုကိုစောင့်ရတာဟာ ကျွန်တော့်အတွက် သေမိန့်ကျမှာကိုစောင့်နေရတဲ့တရားခံလိုပါဘဲ …

 

။။။။။။။။။။။။။။။။။။။။။။။။။။။

 

မနက်ဖန်မွေးနေ့အတွက် တနေကုန်ပင်ပန်းထားလို့လူကလှုပ်တောင်မလှုပ်ချင်တော့ … မင်းမင်းကိုစိတ်ဆိုးဆိုးနဲ့ဟမ်းဖုန်းလေးမဖွင့်ဖြစ်တာတောင် ၂ရက်ရှိနေဘီ ဒီနေ့တော့မနေနိုင်တော့ ဖုန်းလေးကိုဖွင့်ကြည့်မိတယ် … ဟာ မင်းမင်းဆီက voicemail ရောက်နေတာပါလား .. စိတ်လှုပ်ရှားစွာနဲ့ဖွင့်နားထောင်မိတယ်

 

“ ကူး ….မနက်ဖြန်ဆိုကူးမွေးနေ့နော် မွေးနေ့လက်ဆောင်အဖြစ် ကျွန်တော့်ဘဝအကြောင်းတွေပြောပြပါ့မယ် … ကျွန်တော့်နာမည်ကတော့ကူးသိပြီးတဲ့အတိုင်း မင်းမင်းပါဘဲ ကျွန်တော်ဟာ ငယ်ငယ်တည်းကစာသိပ်တော်ခဲ့တယ် အတန်းတင်စားမေးပွဲတိုင်းနံပါတ် ၁နေရာကအောင်ခဲ့တယ် .. စာမေးပွဲတိုင်းလဲအဆင့် ၁ ရခဲ့တယ် ..ကျွန်တော့်ဖေဖေကကအထူးကုဆရာဝန်ကြီးလေ .. ကျွန်တော်လဲဖေဖေ့ကိုသိပ်အားကျလို့ဆရာဝန်ဖြစ်ချင်ခဲ့တာ ဖြစ်အောင်လဲစာအမြဲကြိုးစားခဲ့တယ် … ကျွန်တော်ဆယ်တန်းကို ဘာသာစုံဂုဏ်ထူးနဲ့အောင်ခဲ့တယ် .. ကျွန်တော့်ကိုဂုဏ်ပြုပေးဖို့ကျွန်တော်တောင်းဆိုတော့ကျွန်တော်တက္ကသိုလ်မတက်ရခင် မိသားစု၃ယောက်အပျော်ခရီးထွက်ခဲ့ကြတယ်ကံကြမ္မာကရက်စက်လွန်းတယ်ဗျာ … ကျွန်တော်တို့ကားအက်စီးဒင့်ဖြစ်ပီးကျွန်တော့မိဘ၂ပါးပွဲချင်းပြီးဆုံးသွားခဲ့တယ် .. ကျွန်တော်ကတော့ .. ကျွန်တော်ကတော့ …. ”

မင်းမင်းကပြောနေရင်းကမောသွားတာလား ငိုနေတာလား မကွဲပြား .. အသံတချက်တိတ်သွားခဲ့တယ် .. ကျွန်မလဲရင်ထဲမှာအလိုလိုမောလာသလိုပါဘဲ ..

“ ကျွန်တော်ကတော့မျက်စိထိခိုက်သွားခဲ့တယ် … ကျွန်တော့မျက်လုံးတွေမမြင်ရတော့ဘူး ”ံ..

 

ကျွန်မနားထဲဗုံးတစ်လုံးပေါက်ကွဲသလိုပါဘဲ … ဘယ်လိုမှမထင်မှတ်ထားတဲ့စကားတွေက ကျွန်မနားထဲမှာပဲ့တင်ထပ်နေတယ် ..ဖြစ်မှဖြစ်ရလေ မင်းမင်းရယ်ရင်ထဲမှာဖြစ်နေခြင်းကနောင်တမဟုတ် … ယူကြုံးမရခြင်းသတ်သတ်

 

“ ကျွန်တော်လောကကြီးကိုသိပ်ကြောက်သွားခဲ့တယ ်.. အဲဒီအချိန်တုန်းက ကျွန်တော့်အသက်၁၆နှစ်ပဲရှိသေးတာ .. ကျွန်တော်ဘာဆက်လုပ်ရမယ်မှန်းတောင်မသိခဲ့ဘူးအမေ့ရဲ့မောင် ကျွန်တော့်ဥိးလေးကကျွန်တော့်ကိုစောင့်ရှက်ခဲ့တယ် .. ကျွန်တော့်မိဘတွေရဲ့အမွေကိုထိန်းသိမ်းပေးပီး ကျွန်တော့်ကိုလိုလေသေးမရှိထားခဲ့ပါတယ်ဒါပေမယ့် ကျွန်တော်ဘယ်လိုနေပျော်နိုင်မလဲကူးရယ် စဉ်းစားကြည့်ပါ ကျွန်တော်ဘဝပျောက်သွားခဲ့တယ် မိသားစုလဲမရှိတော့ဘူး .. “ရည်မှန်းချက် ဆရာဝန်ဖြစ်ရမယ်ဆိုတာချည်းလဲမဖြစ်နိုင်တော့ဘူးအဖော်ဆိုတာလဲမရှိတော့ဘူး .. တနေ့တနေ့အမှောင်ထဲမှာ … သီချင်းတွေပဲအဖော်လုပ်ပီးနေခဲ့ရတယ် .. အတူနေတဲ့ဦးလေးနဲ့အကိုဝမ်းကွဲကလွဲလို့သူငယ်ချင်းဆိုတာလဲကျွန်တော့်မှာမရှိခဲ့ဘူးလူတွေပြောတဲ့ရုပ်ရှင်ဆိုတာလဲကျွန်တော်မမြင်ရဘူး မုန်းတယ် .. အမှောင်ထဲမှာကျွန်တော်ဘာကိုခံစားရမှာလဲ အဲဒါကြောင့် ကျွန်တော်မုန်းတယ်ကူးကကျွန်တော့်ဘဝရဲ့တစ်ဥိးတည်းသောသူငယ်ချင်းပါဘဲ .. ကျွန်တော်မဖိတ်ခေါ်ခဲ့ပါဘဲ ကူးရောက်လာတယ် ကျွန်တော်လဲနှင်မထုတ်ခဲ့ဘူး တွယ်တာနေခဲ့မိတယ်ကျွန်တော်လိုလူတယောက်က ကူးလိုအညွန့်တလူလူနဲ့မိန်းကလေးတယောက်ကိုတွယ်တာတယ်ပြောလိုက်မိတာ သိပ်များလွန်သွားသလားကူးရယ် … ကျွန်တော်တောင်းပန်ပါတယ်အရိုးသားဆုံးဝန်ခံမိတာပါ … ကူးကကျွန်တော့်အမှောင်ကမာ္ဘထဲကအလင်းတန်းလေးပါ .. ကျွန်တော်ကအလင်းတန်းကိုမက်မောတယ်ဆိုပေမယ့်ကူးကတော့ကျွန်တော့်အမှောင်ကမာ္ဘကိုမြတ်နိူးနိုင်မှာမဟုတ်တာကိုလဲနားလည်ပါတယ် … ဘယ်လိုမှအလှမ်းမမီတဲ့ပန်းလေးပါ … ခူးဆွတ်ချင်တဲ့စိတ်မရှိပါဘူးမြတ်မြတ်နိူးနိူးမော်ဖူးနေရုံလောက်ပဲကျွန်တော်တတ်နိုင်တာပါ …. ကူးအနေနဲ့ကျွန်တော့်ကိုမုန်းသွားလို့နောက်ဖုန်းတွေမဆက်တော့ဘူးဆိုရင်လဲမနှောင့်ယှက်ပဲနေပေမယ့်လူပါကူး .. မနက်ဖြန်အတွက်ဆုတောင်းပေးလိုက်ပါတယ် ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ ကူး .. နောက်ဆုံးဝန်ခံချင်တာက … မင်းမင်း ကူးကိုအရမ်းချစ်တယ်ဆိုတာပါဘဲ ”

 

ဖုန်းကိုလက်ထဲမှာဆုပ်ကိုင်ထားရင်း ကျွန်မကြက်သေသေနေမိသည် … သူလဲချစ်နေခဲ့တယ် .. သူလဲချစ်နေခဲ့သားဘဲ … သူလျှို့ဝှက်တာမဟုတ်ဘဲ ခုတော့လဲပွင့်လင်းနေသာ့းဘဲဒါပေမယ့် ဒါပေမယ့် သူက …. မင်းမင်းရယ် … သနားလိုက်တာ … ကျွန်မသိပ်မြတ်နိုးခဲ့မိတဲ့ရှင်က မျက်စိကွယ်နေတဲ့အလင်းမရှိတဲ့လူတယောက်တဲ့လား … ယူကြုံးမရစိတ် …. သနားစိတ် ….. ကိုယ်ချင်းစာစိတ်တွေကကျွန်မရင်နဲ့အပြည့်ပါဘဲ .. ချက်ချင်းဘဲမင်းမင်းဆီဖုန်းခေါ်လိုက်မိသည်…

 

“ ဟလို ”“ မင်းမင်း … မနက်ဖန် မွေးနေ့ကိုလာခဲ့ပေးပါ ကျွန်မသီချင်းဆိုပြချင်လို့ပါ ဒါဘဲနော် ”

။။။။။။။။။။။။။။။။။။။။။။။။။။။

စနေနေ့………

 

ကူးကဖုန်းဆက်တောင်းဆိုလာလို့သာ အပြင်ထွက်လာရတယ် … ကျွန်တော့်ဘဝမှာအပြင်သွားခဲလှသည် … ကျွန်တော့်အကိုဝမ်းကွဲကိုအဖော်ပြုရင်းမွေးနေ့ပွဲကိုရောက်ခဲ့တယ်ကူးလို့ထင်ရမယ့်မိန်းကလေးကို အကိုကအသည်းအသန်လိုက်ရှာနေလေရဲ့ ကျွန်တော်ကတော့တည်တည်ငြိမ်ငြိမ်ပါဘဲ …. ကျွန်တော်လိုမျက်မမြင်ကဒီပွဲမှာဘယ်နှစ်ယောက်ရှိမှာတဲ့လဲသူကျွန်တော်နဲ့တွေ့ချင်ရင် ကျွန်တော့်ရှေ့ကိုရောက်လာမှာပါ … အကိုခေါ်သွားတဲ့ဝိုင်းမှာအကိုနဲ့အတူထိုင်ခါစမှာပဲ စပီကာကအသံထွက်လာခဲ့သည်။

 

“ မင်္ဂလာပါရှင် ဒီနေ့ကျွန်မရဲ့၂၂နှစ်ပြည့်မွေးနေ့လေးမှာ ကျွန်မကိုယ်တိုင်ရေးထားတဲ့သီချင်းလေးနဲ့ဖျော်ဖြေပေးမှာဖြစ်ပါတယ်ဒီသီချင်းလေးဟာ ကျွန်မရဲ့စီးရီးခွေရဲ့title သီချင်လေးလဲဖြစ်ပါတယ် .. ဒီသီချင်းလေးကိုကျွန်မနဲ့ညတိုင်းဖုန်းတွေပြောဖြစ်ခဲ့တဲ့ ကျွန်မစိတ်ကိုအမြဲလွှမ်းမိုးထားတဲ့လူတယောက်အတွက်ကျွန်မရေးစပ်ထားခဲ့တာပါ .. ဒီသီချင်းလေးကို ဒီနေ့ကျွန်မဆိုဖို့မဆိုဖို့ မနေ့ညနေကအထိတွေဝေခဲ့ပေမယ့် ညမအိပ်ခင်လေးမှာတင်ကျွန်မဆုံးဖြတ်ချက်ချလိုက်နိုင်ခဲ့တယ် … အဲဒီဖုန်းထဲကလူတယောက်ကိုကျွန်မချစ်တယ် .. သူဟာလူကောင်းဖြစ်ဖြစ် လူဆိုးဖြစ်ဖြစ် ကျွန်မချစ်တယ် သူ့ပုံပန်းသဏ္ဍန် .. သူ့ပိုင်ဆိုင်မှုဘာမှမသိဘဲ ကျွန်မမြတ်နိုးပါတယ် …. သူ့ကိုယ်သူ့လိုဘဲ ကျွန်မရူးသွပ်ပါတယ်  ဒီသီချင်းလေးသူ့အတွက်ပါ

 

“ အချိန်တွေရယ် စက္ကန့်တိုင်းရယ် ရှင်သန်ပြောင်းလဲ မင်းကြောင့်ပါအချစ်ရယ် ရင်ခုန်သံသီချင်းလေးများစွာ ရင်မှာမွေးဖွား ဖူး့ပွင့်လာတယ်  ပျော်ရွှင်စရာသီချင်းလေးမင်းကိုဆိုပြမယ် .. အကြင်နာချစ်ခြင်းတွေရယ် မင်းကိုရည်ညွှန်းတယ် ချိုမြိန်တဲ့အနမ်းလေး လက်ဆောင်ထည့်ထားမယ် အချစ်သီချင်းလေးမင်းအတွက်  သံစဉ်တွေပြောင်းလဲသွားလဲ ဘယ်အခါမပြောင်းလဲ မင်းအကြောင်းပါအချစ်ရယ် စကားလုံးများဆန်းစစ်သွားလဲ မြင်ယောင်အတွေးထဲ အိုမင်းတယောက်တည်း  ပျော်ရွှင်စရာသီချင်းလေးမင်းကိုဆိုပြမယ် .. အကြင်နာချစ်ခြင်းတွေရယ် မင်းကိုရည်ညွှန်းတယ် ချိုမြိန်တဲ့အနမ်းလေး လက်ဆောင်ထည့်ထားမယ် အချစ်သီချင်းလေးမင်းအတွက်   မင်းအနားမှာဒီသီချင်းလေး အမြဲတမ်းဆက်ဆိုမယ် ကိုယ့်အသက်ရှိနေတယ် အချိန်တိုင်းးးးးးးးးးးးးးးးးးးးးးး  ပျော်ရွှင်စရာသီချင်းလေးမင်းကိုဆိုပြမယ် .. အကြင်နာချစ်ခြင်းတွေရယ် မင်းကိုရည်ညွှန်းတယ် ချိုမြိန်တဲ့အနမ်းလေး လက်ဆောင်ထည့်ထားမယ် အချစ်သီချင်းလေးမင်းအတွက် ~~”

 

“ ဒီသီချင်းလေးနဲ့တူတူ ကျွန်မသူ့ကိုသိပ်ချစ်တယ်ဆိုတာကိုပြောပြချင်ပါတယ် .. ကျွန်မချစ်သူဟာ မျက်စိကွယ်နေတဲ့သူတယောက်ပါ .. ဒါပေမ်ယ့ကျွန်မအဲဒါကိုဂရူမစိုက်ပါဘူး သူ့နှလုံးသားကိုကျွန်မနှလုံးသားကချစ်တာပါ သူမျက်လုံးတွေမြင်ရတာမမြင်ရတာ ကျွန်မဂရုမစိုက်ပါဘူး တကယ်တော့အချစ်မှာချစ်နေဖို့ပဲလိုတာပါ ”

 

သီချင်းလေးထဲကစာသားတွေနဲ့သူမ  ကျွန်တော့်ကိုဆွဲဆောင်သွားခဲ့တယ် … ကျွန်တော်ပျော်လွန်းလို့ကျွန်တော့်ရင်ထဲမှာမျက်ရည်တွေကျနေခဲ့တယ် … ကျွန်တော်ဘာဖြစ်ဖြစ်ချစ်တယ်ဆိုတဲ့သူမကျွန်တော်ကိုကျွန်တော့်လိုဘဲရူးသွပ်ပါတယ်ဆိုတဲ့သူမ … ကျွန်တော့်အလင်းတန်းလေး….“ မင်းဆီလာနေပြီ ကောင်မလေးကချစ်စရာလေး တော်တော်ချောတယ် ” ဘေးကအကိုပြောနေတာတွေ နားထဲမှာမကြားတချက် ကြားတချက်နဲ့နူးညံ့တဲ့လက်တဖက်ကကျွန်တော့်လက်ပေါ်ရောက်လာတယ် သူမရောက်လာပြီဘဲ …

“ကူး”

“ မင်းမင်း ”

“ ကျွန်တော်ပြောမယ် ”

“ ဟင့်အင်း ကူးအရင်ပြောမယ်  မပြောရသေးသရွေ့မကျေနပ်နိုင်လို့ ”

“ ဟုတ် ”

“ ရှင့်ကိုအရမ်းချစ်တယ် ”

“ ကျေးဇူးတင်ပါတယ် ”

“ ဘာလို့ ”

“ ကျွန်တော့်လိုအကန်းကောင်ကိုချစ်ပေးလို့ ”သူမလက်ညှိုးလေးကကျွန်တော့်နှုတ်ခမ်းပေါ်ကျလာခဲ့တယ်

“ အဲလိုမပြောကြေးလေ … ကူးကူးကမင်းမင်းကိုချစ်တာမဟုတ်ဝူး .. ကူးကူးရဲ့နှလုံးသားကမင်းမင်းရဲ့နှလုံးသားကိုချစ်တာပါ .. နှလုံးသားမှာစွံအတာ မမြင်ရတာ ဘာမှမရှိဘူးနှလုံးသားသက်သက်ပဲလေ … မခွဲကြေးနော် .. အဲဒီလိုအားငယ်တဲ့စကားတွေလဲမပြောကြေး .. မင်းမင်းနားမှာကူးရှိနေတယ် ”“ အသက်ထက်ဆုံး ကျွန်တော်မြတ်နိုးသွားမှာပါ ”

 

ကတိတွေအထပ်ထပ်ပေးရင်းသူက ကျွန်မလက်ကလေးတွေကိုဆုပ်ကိုင်ထားခဲ့တယ် … ကျွန်မကလဲသူ့ရဲ့လက်တွေကိုမြဲမြဲပြန်တွဲထားခဲ့တယ်တကယ်လို့သာ .. သူကခုလိုမျိုးအချိန်မှီကျွန်မအပေါ်မရိုးသားခဲ့ရင် ကျွန်မသူ့ကိုဆက်ချစ်ချင်မှချစ်မိလိမ့်မယ် .. ဒါပေမယ့် ခုလို ကျွန်မအပေါ်လျှို့ဝှက်ချက်တွေအကြာကြီးမထားခဲ့လို့ကျွန်မမြတ်နိူးပီးပိုချစ်ခဲ့တယ် .. သူဟာသူများတွေအတွက် ဒုက္ခိတတယောက်ဖြစ်နေပေမယ့်လည်း ကျွန်မအတွက်တော့သာမာန်လူပါဘဲ …ကျွန်မနဲ့အတူ သီချင်းတွေလိုက်ဆိုပေးခဲ့တယ် .. ကျွန်မနဲ့အတူဘဝကိုတူတူဖြတ်သန်းပေးခဲ့တယ် … သူတတ်နိုင်စွမ်းတာလေးတွေနဲ့ကျွန်မကိုဖြည့်ဆည်းပေးခဲ့တယ်

အဲဒီလိုနဲ့ကျွန်မတို့ ထာဝရချစ်သွားကြပါတယ် …

 

သူကလေး

(၁၅.၀၉.၂၀၁၀)

လွန်ခဲ့တဲ့ ၃နှစ်လောက်ကရေးဖူးတဲ့ ဝတ္ထုတိုအဟောင်းလေးပါ။ အရေးအသားမပြည့်စုံပေမယ့်လည်း အမှတ်တရအနေနဲ့ ပြန်တင်လိုက်တာပါ။

စိတ်ကူးယဉ်ဇာတ်လမ်းလေးတပုဒ်ဖြစ်ပါသောကြောင့်ယုတိ္တမတန်ဘူးလို့များယူဆခဲ့ရင်လဲနားလည်ခွင့်လွှတ်ပေးကြပါရှင့်

တိုက်ဆိုင်မှုရှိရင်လဲခွင့်လွှတ်ပေးကြပါနော် 😀

19 comments

  • အရီးခင်လတ်

    June 4, 2013 at 2:47 pm

    သူကလေးရေ။
    စာရေးဝါသနာပါသူလေး တစ်နေ့မှာ အောင်မြင်တဲ့စာရေးဆရာမကြီး ဖြစ်ပါစေ။

    မျက်စိကွယ်နေတဲ့ သူ လို့ နဂိုက သိနေခဲ့ရင် ရော ချစ်နိုင်ပါ့မလား။
    ဒီလောက်တော့ မချစ်သွားနိုင်ဘူး ထင်ရဲ့ နော်။
    ဘာလို့လဲ ဆိုတော့ တစ်ခါတစ်ခါ ဦးနှောက်က အရင် အလုပ်လုပ်သွားခဲ့တာ မဟုတ်လား။

    အခု အပြင်မှာလဲဇာတ်လမ်းက ဖြစ်နိုင်ပါတယ် သမီးရေ။
    ဦးနှောက် က လက်မဦးခင် နှလုံးသားက နေရာယူပြီး ဖြစ်လိုက်တာ။

    လက်တွေ့ဘဝ မှာတော့ ဦးနှောက် နဲ့ နှလုံးသား ဘာက အရင်လာသင့်တယ် လို့ သူကလေးထင်လဲ ???
    မေးခွန်းနော်။
    ဖြေချင်ရင် ပြန်ဖြေ ပါ။
    မဖြေချင်ရင်လဲ နေလို့ရပါတယ်။
    😛

  • သူကလေး

    June 4, 2013 at 4:22 pm

    ဦးနှောက်ပေါ့ အရီးရယ်
    မေးချာတောင်လိုဘူး 😀
    အဲ့တုန်းက ဒါလေးရေးဖြစ်တုန်းက အသက်က ၁၈ ဆိုတော့ အချစ်မှ အချစ်ပေါ့
    ဒီချိန်မှာတော့ ဂုဏ်အရှိန်အဝါ မိဘမျိုးရိုးဘာညာသိပ်မကြည့်ဘူးဆိုတာတောင်
    ကိုယ့်လောက်မှ အရည်အချင်းမရှိ ကိုယ့်လောက်မှစီးပွားမရှာနိုင်ရင်တော့ …
    “ဟင့်အင်း အမေကဆူလိမ့်မယ်” 😀

    • ကြက်အူလှည့်

      June 4, 2013 at 4:25 pm

      သူကလေးက အသက်၂၁ ကို းး

      ကွိကွိ. အားပေးသွားပါဂျောင်း
      :528:

      • သူကလေး

        June 4, 2013 at 5:14 pm

        ခစ်ခစ် ၂၂ ပြည့်ခါနီးပေါ့ 😀
        အားပေးသွားတာကလည်း အသက်ခန့်မှန်းတာတောင်ပါလိုက်သေး 😀
        ဒါနဲ့ ဘာလို့ ဝက်အူလှည့်ကနေ ကြက်အူလှည့်ဖြစ်သွားရတာလဲ .. ငှင်

        • ကြက်အူလှည့်

          June 4, 2013 at 5:53 pm

          ဝက်အူလှည့်

  • kyaw hteik

    June 4, 2013 at 11:49 pm

    အလွန်​​ကောင်​းတဲ့ အချစ်​ဝတ္ထုတို​လေး တပုဒ်​ပါ။ဆက်​လက်​ကြိုးစားရင်​
    တ​နေ့နာမည်​ကြီး စာ​ရေးဆရာမဖြစ်​လာမှာပါ။သူက​လေး ရဲ့ပို့တိုင်​ အား​ပေးဖတ်​ရှု​နေပါတယ်​။​
    ​နောက်​ပို့​တွေကို ​စောင်​့​မျှော်​​နေပါမယ်​။

    • သူကလေး

      June 6, 2013 at 10:25 am

      ပို့စ်တိုင်းကို အားပေးတယ်ဆိုလို့ ကျေးဇူးပါပဲ ကိုကျော်ထိုက်ရေ
      အခုထက်ပိုပြီးကြိုးစားပါ့မယ် အားပေးပါအုံး 🙂

  • အရိပ်စစ်

    June 5, 2013 at 8:39 pm

    အပြင်မှာလည်း အဲဂလိုမျိုးတွေ တကယ်ရှိတယ် ညလေးရဲ့…
    ကိုယ်တွေ့ ကိုယ်တွေ့… ၂၂ ဆိုလို့ အားရပါးရ ညလေးလို့ ခေါ်လိုက်ပီနော်
    ပိုစ့်လေး ဖတ်လို့ကောင်း၏…

    • သူကလေး

      June 6, 2013 at 10:39 am

      အင်း အရင်ခေတ်လောက်တုန်းကတောင် တကယ်ရှိနိုင်တယ်ဆိုပေမယ့်
      ခုလိုဦးနှောက်တွေရမ်းသုံးကျတဲ့ ခေတ်ကြီးထဲမှာရှိနိုင်ပါအုံးမလား
      မင်းမင်းလေးအစား သနားမိ .. ဟိဟိ
      ဖတ်လို့ကောင်းတယ်ဆိုလို့ပျော်တွားဘီ :kwi:

  • padonmar

    June 5, 2013 at 9:42 pm

    သူကလေးရဲ့ အရေးအသားကောင်းပါတယ်။
    ဖတ်မိသူကို အဆုံးထိဆွဲဆောင်သွားနိုင်ပါတယ်။
    ဇာတ်အိမ်ခိုင်မာတဲ့ ဇာတ်လမ်းလေးတွေ ရေးနိုင်ရင် အောင်မြင်မယ့်လက်ပါလို့ အားပေးချင်ပါတယ်။

    • သူကလေး

      June 6, 2013 at 10:41 am

      ဟုတ်ကဲ့
      အောင်မြင်နိုင်တယ်လို့အားပေးတာကျေးဇူးတင်ပါတယ်
      ဒီထက်ဇာတ်အိမ်ခိုင်တဲ့ဇာတ်လမ်းမျိုးရေးနိုင်အောင်လည်းကြိုးစားပါ့မယ်ရှင့်

  • ကိုရင်စည်သူ

    June 5, 2013 at 9:48 pm

    ကိုရင်လည်း မျက်လုံးကန်းနေတာပါ။ ကန်းတာတောင် နှစ်လုံးကန်းနေတာပါ။
    ဘာမှ မမြင်လို့ ဘေးကလူကို စာရိုက်ခိုင်းရပါတယ်..
    သနားဂျစ် ဂျစ်လိုက်ပါတော့.. သူဂလေး… :gee:

    • သူကလေး

      June 6, 2013 at 10:44 am

      အဟင့် အဟင့်
      နှစ်လုံးတောင်ကန်းနေပါ့လား သနားထှာ သနားထှာ
      ဒါမယ့် သူဂလေးက မဂျစ်တတ်တော့ဝူး :kwi:

  • KZ

    June 6, 2013 at 10:29 am

    ဒီ သီချင်းနဲ့ ပတ်သက်ပြီး ဒို့ မှာလည်း အမှတ်တရ ရှိတယ် သူကလေးရေ။

    :harr:

    • သူကလေး

      June 6, 2013 at 10:47 am

      ဟုတ်ရား
      ဘိုမျိုးလေးလဲပြောပြ 😀

  • may july

    June 6, 2013 at 12:41 pm

    အချစ်မှာ မျက်စေ့ မပါဘူးဆိုတာ ဒါမျိုးပဲနေမှာ .. :kwi:
    အားပေးသွားပါတယ် ညီမရေ ..

    • သူကလေး

      June 7, 2013 at 9:40 am

      ဟုတ်ပါ့ ဟုတ်ပါ့ အချစ်မှာ မျက်စေ့ပါဘူး 😀

  • အချစ်မှာ ညက်စိ မရှိဒါ တားလည်း ယုံတွားဘီ .. :mrgreen:
    လဂါး နောက်ဒါဘာ …
    ရေးထားတာလေး ကောင်းပါတယ် သူဂလေးရေ …

    အဲ .. အဲ .. ကိုကိုအံ လည်း စာရိုက်ရင်းနဲ့ ဘာမွှ ညင်ရဒေါ့ဝူး ..
    လုပ်ဂျဘာအုံး .. ချစ်ဂျဘာအုံး .. ဟီးးး :mrgreen:

  • သူကလေး

    June 7, 2013 at 9:48 am

    အဟွတ် အဟွတ် …. တိုတိုအံလည်း မမြင်ရဒေါ့ဘူးဆိုပါလားစ်
    တစ်ထုထုတော့ တစ်ထုထုပဲ …
    လာခဲ့ လာခဲ့ … ဒီမှာ သံ brush အဆင်သင့်ပဲ
    ဂျစ်ပေးမယ် :kwi:

Leave a Reply