Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရင်ခွင်ရိပ်မှာ တစ်ခဏတာ

ကို သာJune 4, 20131min3703

“ရင်ခွင်ရိပ်မှာ တစ်ခဏတာ”
မြန်မာနိုင်ငံသည် ခေတ်ပြောင်းစနစ်ပြောင်းကာလတွင် ထွန်းသစ်စနိုင်ငံ အနေဖြင့် ကမÇာတစ်လွှား ရေပန်းစားသည့်သတင်းစာမျက်နှာသစ်တစ်ခုဖြစ်နေပါသည်။ ခေတ်တစ်ခုစနစ်တစ်ခု ပြောင်းခြင်းသည် ခလုပ်တစ်ခုပိတ်ပြီး နောက်တစ်ခုဖွင့်သလို၊ ရုပ်မြင်သံကြားလိုင်းတစ်ခုမှ အခြားလိုင်းတစ်ခု ပြောင်းသလိုမျိုး လျင်မြန်လွယ်ကူသည့်ကိစöတစ်ရပ်မဟုတ်ပေ။ လုပ်သင့်သည်များကို မလုပ်ခဲ့မိသည့်အလုပ်ကြွေးများ၊မလုပ်သင့်သည်များကို မရပ်မိခဲ့သည့် အလုပ်ကြွေးများဖြင့် လုပ်စရာများက အနမတဂ¾။ အစိုးရတစ်ဖွဲ့ ပြောင်းလိုက်ရုံမျှဖြင့် ဘွားကနဲဘာမှ ဖြစ်မလာ။ ထိုအစိုးရအတွက် များမြောင်လှသော ကိစöများက အသချေင်္ဖြစ်နေသည်။ အားလုံးကလည်း တစ်ပြိုင်နက်တည်းလုပ်၍ မဖြစ်နိုင်။ ဦးစားပေးရမည့် အကြွေးကိစöများမှာ တောင်ပုံယာပုံ။ အချို့အရေးများမှာ ဆောင်ရွက်ပေးသင့်မှန်းသိသော်လည်း သူ့ထက်သူ အရေးကြီးနေသော ဦးစားပေးစရာများကြောင့် ဆောင်ရွက်နိုင်စွမ်းမရှိသေးပါ။
ထိုကဲ့သို့ အစိုးရလက်လှမ်းမမီနိုင်သေး၊ ဦးစားမပေးနိုင်သော အရေးကိစöများကို NGO များ၊ INGO များက ဝိုင်းဝန်းဆောင်ရွက်အကောင်အထည်ဖော်ပေးကြသည်များလည်း တွေ့မြင်နေရပါသည်။ ထိုအဖွဲ့အစည်းများသည်လည်း ဦးစားပေးရမည့် နယ်ပယ်ဒေသ၊ အလှူရှင်အဖွဲ့အစည်း၊ အခြေအနေ တို့ကြောင့် လက်လှမ်းမမီနိုင်သော ကဏ္ဍများတွင်သာ ဆောင်ရွက်နေကြပါသည်။ နိုင်ငံအဝှမ်း ပိုက်စိပ်ဖြင့် မတိုက်နိုင်သေးပါ။ ခပ်ကျဲကျဲပိုက်ဖြင့်သာ စခန်းသွားနေကြရသဖြင့် CBO (Community Bold Organization) ခေါ် လူထုအခြေပြုအဖွဲ့အစည်းများက မိမိတို့တည်ရှိရာ ဝန်းကျင်ဒေသနယ်ပယ်များတွင် အောက်ခြေသိမ်းဆောင်ရွက်နိုင်ပါမှ တန်ကာကျပါမည်။
စိတ်တူကိုယ်တူလုပ်နိုင်သူများသည် ဝန်းကျင်နယ်ပယ်တူရာတွင် စုစည်းမိကြသဖြင့် လူမှုကူညီရေးအသင်းအဖွဲ့များအလျှိုအလျှိုပေါ်ပေါက်လာကြခြင်းသည် ထိုကွက်လပ်ဖြည့်နေခြင်းပင် မဟုတ်ပါလော။ သာရေးကူညီမှု၊ နာရေးကူညီမှု၊ ကျန်းမာရေးကူညီမှု စသည့်လှုပ်ရှားမှုများ သည် နိုင်ငံအဝှမ်းအား ပိုက်စိပ်တိုက်ပြီး တိုးတက်စေမည့် စေ့ဆော်မှုများ၊ တွန်းအားများပင် ဖြစ်ပါသည်။ ဆင်းရဲမွဲတေမှု လျှော့ချရေးအသာထားဘိ၊ ဘဝတစ်ခုရှင်သန်ဖို့ပင် အနိုင်နိုင်ဖြစ်နေသူ ခိုကိုးရာမဲ့ မိဘမဲ့ကလေးငယ်များကို စုစည်းနိုင်သူ၊ ဖေးမနိုင်သူများက လူမှုဘဝများကို ကြိုးစားတည်ဆောက် ပေးနေကြသည့် ရဟန်းသံဃာအပါအဝင် အဖွဲ့အစည်းများမှာလည်း နိုင်ငံအဝှမ်း အများအပြား တွေ့ရှိနေရပါသည်။ မည်သို့ပင် စာနာစေလို၊ ဖေးမစေလိုကာမူ စုစည်းပေးသူ၊ ငွေကြေးထောက်ပံ့မှုစသည် အကြောင်းအမျိုးမျိုးတို့ကြောင့် အခက်အခဲမျိုးစုံ ကြုံတွေ့နေသည့် အဖွဲ့ကများပါသည်။
Facebook ကွန်ယက်၊ Online မီဒီယာအုပ်စုများမှ စုစည်းပြီး လှူဒန်းသည့် အားနည်းသူများကို ထောက်ပံ့သည့် လှုပ်ရှားမှုများလည်း တစ်စတစ်စတိုးပွားလာသည်ကို ကြားသိလာရသည်။ ထိုလှုပ်ရှားမှုများထဲမှ လူမှုရေးလှုပ်ရှားမှုများ လှုပ်ရှားနေသော “ရင်ခွင်ရိပ်” စာနာဖေးမမှု၏ လှုပ်ရှားမှုတစ်ခုကို မှတ်တမ်းတင်အပ်ပါသည်။
ဇွန်လ 2 ရက်၊ 2003 ခုနှစ်၊ တနင်္ဂနွေနေ့ နေ့လည်ခင်းတွင် ထိုအဖွဲ့၏ လှုပ်ရှားမှုလေးနှင့် ကြုံကြိုက်ခွင့် ရခဲ့ပါသည်။ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ရှိ “အမျိုးသမီးကလေးများသင်တန်းကျောင်း” တွင် ဖြစ်ပါသည်။ မိဘမဲ့နှင့် ချို့တဲ့အမျိုးသမီးကလေးငယ် (98)ယောက်အား အခြေခံစာရေးစာဖတ်နှင့် သက်မွေးလက်မှုများ သင်ကြားပေးနေသော နေရာဖြစ်ပါသည်။။ ထိုအမျိုးသမီးကလေးငယ်များအတွက် နံနက်စာ၊ နေ့လည်စာ၊ ညစာများအတွက် တစ်နေ့တာ ကျွေးမွေးခြင်း၊ သင်တန်းပို့ချပေးရမည့် နေရာထိုင်ခင်းအတွက် ဖယောင်းပုဆိုးများ လှူဒါန်းသည့် အခမ်းအနားလေးတွင် သိလိုသမျှ မေးမြန်းမှတ်တမ်းတင်အပ်ပါသည်။
“ကျွန်တော်က MGS Beverages Co., Ltd ထုတ်လုပ်ရေးစက်ရုံ(ရန်ကုန်)က ဝန်ထမ်း တစ်ဦးပါ။ ကျွန်တော်တို့ သူငယ်ချင်းတွေ လက်ဘက်ရည်ဆိုင်မှာ စကားစပ်မိကြလို့ ဆန္ဒတူသူငယ်ချင်းတွေ ရှာပြီး စက်ရုံမှူးကို ပြောပြတိုင်ပင်ကြတယ်။ တစ်လတစ်ခါလစာထုတ်တိုင်း ငွေစုပြီး အလှူလေးတစ်ခု လုပ်ကြမယ်ဆိုတာကို ပြောတာပါ။ စက်ရုံမှူးက သူလည်းစ်ိတ်ဝင်စားတယ်။ အဖွဲ့လေးတစ်ခုဖွဲ့ကြမယ်။ နာမည်လေးတစ်ခုပေးမယ်။ အခြေအနေအပေါ်မူတည်ပြီး ပိုအောင်မြင်အောင် Online ကပါ စုစည်းပေးကြမယ်ဆိုပြီး အကြံပေးရာကနေ ဒီအဖွဲ့လေးဖြစ်လာတာပါ။” ဟု စတင်ဖွဲ့စည်းရာတွင် ပါဝင်သူ ကိုအောင်နိုင်စိုးက ပြောပြပါသည်။
“ရင်ခွင်ရိပ်” စာနာဖေးမမှု ဟူသော စာတမ်းနှင့် တူညီဝတ်စုံ ဝတ်ဆင်ထားသူ မကျော့ကေသွယ်ဦးကလည်း
“ရင်ခွင်ရိပ်ရဲ့ ပထမဦးဆုံး လှုပ်ရှားမှုမို့ ပိုပြီးစိတ်လှုပ်ရှားမိပါတယ်။ လူနည်းနည်းလေးနဲ့ ရန်ပုံငွေ သိပ်ပြီးများများစားစားမရနိုင်ဘူးလိူ့ ထင်ထားတာ၊ အဖွဲ့ဝင်ချင်ပါတယ်ဆိုတဲ့သူတွေက နေ့တိုင်းတိုးတိုးလာကြသလို အဖွဲ့မဝင်နိုင်ပေမယ့် အလှူငွေထည့်ဝင်သူတွေက နေ့တိုင်းရှိနေကြတော့ အရမ်းဝမ်းသာပီတိဖြစ်မိပါတယ်။ ဒီအတိုင်းသာ ဆက်ပြီးတိုးနေမယ်ဆိုယင် ဒါ့ထက်ပိုပြီးကြီးကျယ်တဲ့၊ ကောင်းမွန်တဲ့ လှူဒါန်းမှုေတွေ အထောက်အကူတွေ ပေးနိုင်လာမှာပါ။ ဒါဆိုယင် ကျွန်မတို့တွေ အစပြုခဲ့တဲ့ “ရင်ခွင်ရိပ်” စာနာဖေးမမှုက ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာမယ်ထင်ပါတယ်” ဟု ဝမ်းမြောက်ဝမ်းသာ ပြောပြပါသည်။
“ဒီတူညီဝတ်စုံလေးက ထည့်ထားတဲ့အလှူငွေနဲ့ ဝယ်တာမဟုတ်ပါဘူး၊ ဝတ်စုံလေးနဲ့ဆိုတော့ အသင်းအဖွဲ့စိတ်ဓာတ်လေး ပိုရှိလာမယ်၊ ညီညီညွတ်ညွတ်လည်းရှိလာမယ်၊ အမာခံအဖွဲ့ဝင်တွေအားလုံး ကိုယ်စားအကျို်းဆောင်ပြီး လှူဒါန်းလှုပ်ရှားပေးနိုင်မယ့်သူတွေက ကိုယ့်ဘာသာကိုယ်ငွေစုပြီး ဝယ်ဝတ်ကြတာပါ။ တူညီဝတ်စုံလေးက ရင်ခွင်ရိပ်ကို ကိုယ်စားပြုသလို ခံစားရတော့ စိတ်ထဲမှာ ပိုပြီး ပီတိ ဖြစ်ရပါတယ်” ဟု တူညီဝတ်စုံဝတ်ထားသူ ကိုကျော်သက်က ရှင်းပြပါသည်။
“ရင်ခွင်ရိပ်” ဟူသော စာသားများ၊ စာနာဖေးမလက်တွဲကူမည့် စာသားများ ပါဝင်သည့် သီချင်သံကြားရသဖြင့် စပ်စုကြည့်မိပါသည်။ “ရင်ခွင်ရိပ်” စာနာဖေးမမှု ကို ဂုဏ်ပြူစပ်ဆိုထားသော သီချင်းအား အဖွဲ့ဝင်သူငယ်ချင်းများက ဂီတဖြင့်ဖော်ကျူးနေကြောင်းလည်း သိရှိခဲ့ရပါသည်။
“ရင်ခွင်ရိပ်” စာနာဖေးမမှုကို ဦးဆောင်ဖွဲ့စည်းခဲ့သူများတွင် ပါဝင်သည့် MGS Beverages Co., Ltd မှ စက်ရုံမှူး ဦးသိန်းဇော်ဦးမှလည်း အောက်ပါအတိုင်း အကျယ်တဝင့်ရှင်းပြပါသည်။
“အားနည်းသူကို ကူညီလိုစိတ် စာနာဖေးမလိုစိတ်ရှိကြတဲ့ ကျွန်တော်ရဲ့ညီငယ် ဝန်ထမ်းတွေက အကြံပြုရာနေ ဒီအဖွဲ့လေးစဖွဲ့ဖြစ်တာပါ။ “ရင်ခွင်ရိပ်” ဆိုတာကလည်း နေပူထဲမှာ မိမိခန္ဓာကိုယ်နဲ့ ကွယ်ပြီး သားသမီးကို ရင်ခွင်ရဲ့အရိပ်နဲ့ အေးမြစေတဲ့ မိခင်စိတ်ကို ဂုဏ်ပြုအားကျလို့ ပေးထားဖြစ်တာပါ။ နာမည်တူ ရှိ/မရှိကိုလည်း ဂရုမပြုမိပါဘူး”။
“ကျွန်တော်တို့နိုင်ငံအဝှမ်းမှာ ဆင်းရဲချမ်းသာအပထားဦး၊ ဘဝဆိုတာဆက်လက်ရှင်သန်ဖို့ ခက်ခဲနေသူ မိဘမဲ့ကလေးတွေ အများအပြားရှိနေပါတယ်။ ဆန်ရေမဲ့ပြီး ဆည်းဆာဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရတဲ့ ဘိုးဘွားတွေလည်း ရှိနေပါတယ်။ အဲဒီလိုလူမျိုးတွေကို ရဟန်းသံဃာတွေက နိုင်သမျှဝန်နဲ့ထမ်းကြတယ်။ နိုင်ငံတော်ကလည်း တတ်စွမ်းသမျှ ထောက်ပံ့ကြတယ်။ ဒါပေမယ့် အဲဒီဝန်ထုတ်ဝန်ပိုးဟာ တော်တော်ကြီးဲပင်ပန်းခက်ခဲပါတယ်။ လေးလံပါတယ်။ သူတို့လို နေ့စဉ်နဲ့အမျှ ကာလရှည်တာဝန်ယူနေရသူတွေကို အခိုက်အတန့်အားဖြင့် သက်သာရာရခွင့်ပေးနိုင်သလောက် ကလေးပဲ ကျွန်တော်တို့ တတ်နိုင်ပါသေးတယ်။ ကျွန်တော်တို့ကိုယ်တိုင်က အကောင်အထည်ဖော်နိုင်တဲ့ အခြေအနေမရှိသေးဘူးလေ။”
“စတုန်းကတော့ ကျွန်တော်တို့စက်ရုံကဝန်ထမ်းတွေချည်းပါ။ ဒါပေမယ့် တစ်ဆင့်စကားကြား သူတွေပါ စိတ်ဝင်တစား ပါဝင်လှူဒါန်းလာကြတယ်။ အမာခံအဖွဲ့ဝင်မယ်ဆိုသူတွေလည်း ပါလာတယ်။ နောက်ပြီး Facebook လို လုမှုရေးကွန်ယက်မှာ ကျွန်တော်တို့ ဆန္ဒလေးတွေ မျှဝေတော့ စိတ်ဝင်စားသူတွေ တိုးလာတာတွေ့ရပါတယ်။ တစ်ချို့ဆိုယင် လှူဒါန်းနိုင်တဲ့ ဘဏ်စာရင်းနံပါတ်ကို လှမ်းမေးပြီး ငွေကြေးထည့်ဝင်လှူဒါန်းကြတယ်။ အဲဒီလူတွေဆိုယင် ကျွန်တော်တို့ မမြင်ဖူးဘူးနော်။ စာနာစိတ်နဲ့စေတနာရှိသူတွေဆိုတာ ထင်ရှားပါတယ်။ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် စိတ်ဝင်စားကြမယ်။ ရန်ပုံငွေလေးလည်း များလာမယ်ဆိုယင်တော့ ပိုပြီးကောင်းမွန်ကျယ်ပြန်တဲ့ လူမှုရေးစာနာဖေးမမှုတွေ လုပ်ပေးနိုင်မှာပါ။
“ဟုတ်ပါတယ်၊ ကျွန်တော်တ်ို့အဖွဲ့က ဝန်ထမ်းတွေနဲ့ စကြရတာလေ၊ ပြည်စုံကုံလုံကြွယ်ဝချမ်းသာသူတွေမဟုတ်ကြပါဘူး။ စပွန်ဆာပေးတဲ့ ကျောထောက်နောက်ခံလည်း မရှိပါဘူး။ အဖွဲ့ရဲ့ဆောင်ပုဒ်ထဲမှာ ပါသလို
“ဖြိုးလျှံလို့ ချလှူတာမဟုတ်
ခြိုးခြံလို့ မျှကူတာ ……. ပါဘဲ” ဝန်ထမ်းတွေ လစာထုတ်ယင် လစဉ်ကြေးပုံစံမျိုး ထည့်ဝင်ကြတယ်။ အလှူခံပုံးလေးတွေမှာ ထည့်စုလှူဒါန်းကြတယ်။ Online ကတစ်ဆင့် ဆက်သွယ်လှူဒါန်းကြတယ်။ သီးခြားအလှူခံထွက်တာမျိုးတော့ မရှိသေးပါဘူး။
“နောက်တစ်ကြိမ်က ဇွန်လ(23)ရက်နေ့မှာ တိုက်ကြီးမြို့နယ်ထဲက မိဘမဲ့ပရဟတိ ကျောင်းတစ်ခုမှာပါ။ ရတဲ့ရန်ပုံငွေပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမှာပါ။ သဘာဝဘေးကြောင့် ဒုက©ရောက်နေသူတွေ၊ ငွေကြေးအခက်အခဲကြောင့် ကျန်းမာရေးစောင့်ရှောက်မှုမခံနိုင်တဲ့သူတွေ၊ ပထဝီအနေအထားအရ သောက်သုံးရေရှားပါးနေရတဲ့အဖြစ်တွေ၊ မစွမ်းသာတော့လို့ ပညာရေးမှာ လှေလှော်ယင်း တက်ကျိုးရတဲ့သူတွေ၊ စွမ်းနိုင်ပေမယ့် မသန်သူတွေစသည်ဖြင့် လုပ်စရာတွေကတော့ အများကြီးပေါ့ဗျာ။”
“ရန်ပုံငွေကို Joint Account ဖွင့်ပြီး ကမ္ဘောဇဘဏ်မှာ အပ်ထားပါတယ်။ လိုအပ်မှ ထုတ်လှူပါတယ်။”
“KBZ Bank Account No – 0791220002913 ကို ထည့်ဝင်လှူဒါန်းနိုင်ကြပါတယ်။”
တက်တက်ကြွကြွဖြင့် လှုပ်ရှားနေသော “ရင်ခွင်ရိပ်” စာနဖေးမမှု အကျိုးတော်ဆောင်များကို ကြည့်ကာ ပီတိများကူးစက်စေသည်မှာ အမှန်ပင်ဖြစ်ပါသည်။ “ရင်ခွင်ရိပ်” အဖွဲ့ပိုမိုကျယ်ပြန့် အောင်မြင်သကဲ့သို့ အလားတူအဖွဲ့မျိုး တိုးပွားစေလိုပါသည်။ ပြည်သူအချင်းချင်း၊ လူသားအချင်းချင်း စာနာဖေးမမှုများဖြင့် သာယာစိုပြည်လာမည့် အမိမြန်မာနိုင်ငံတော်၏ မြင်ကွင်းကို ကြိုတင်ခံစား ပီတိပွားမိပါတော့သည်။ ။
ကိုသာ

3 comments

  • kyaw hteik

    June 4, 2013 at 11:33 pm

    ရင်​ခွင်​ရိပ်​အဖွဲ့ကြီး ဒီထက်​ပိုမိုလှူတန်​း နိုင်​ပါ​စေလို့ဆန္ဒပြုလိုက်​ပါတယ်​။

  • black chaw

    June 5, 2013 at 1:24 pm

    လူသားခြင်း စာနာဖေးမမှုတွေအတွက်
    ပီတိပွားသွားပေမယ့်…
    လူသားခြင်း အသက်အိုးအိမ်စည်းစိမ် ဖျက်စီးမှုတွေက ပိုအားကောင်းနေလို့
    ဝမ်းနည်းနေတဲ့စိတ်ကိုလည်း ဖျောက်လို့ မရခဲ့ပါဘူးဗျာ…။

  • အလင်း ဆက်

    July 6, 2013 at 7:08 pm

    ဒီလို အဖွဲ့အစည်းလေးတွေများများရှိလာပါစေ လို့ ဆန္ဒပြု ပြန်ရင်လည်း
    ဒုက္ခသည်တွေ များများ ဆက် ရှိနေပါစေ လို ့ ပြောသလို ဖြစ်တော့မယ်။

    ဒါပေမယ့် မဖြစ်သင့်တာတွေ ပြောငပြောင်တင်းတင်းဖြစ်နေကျ ကျွန်တော်တို ့နိုင်ငံ အနေနဲ့တော့

    ဒီလို စေတနာ ထား ပြီး အကျိုးဆောင်သူတွေ လိုအပ်နေတာ
    အမှန်ပဲနော့

    ဟင်းးးးးးးးးးး ( သက်ပြင်းချသံ)

Leave a Reply