နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၈)
အခန်း (၂၁)
လေယာဉ်ကွင်းရောက်တော့ လေယာဉ်ဆိုက်မည့်အချိန်ထက် နည်းနည်းစောနေသေးတာမို့ လေဆိပ်ကထိုင်ခုံလေးမှ အေးအေးလူလူထိုင်းရင်း စောင့်နေမိသည်။
အခုစောင့်နေတာဟာ ကိုကို့ကိုဆိုရင်တော့ ခုလို တည်ငြိမ်စွာထိုင်နေနိုင်မှာမဟုတ်လို့တွေးမိတော့ ခပ်ညစ်ညစ်လေးပြုံးလိုက်မိသေး။
မနက်စောစောဆိုမို့လား မသိ .. လေဆိပ်ကဝန်ထမ်းတွေက အားအင်တွေအပြည့်နဲ့ ပိုပြီးတက်ကြွနေသယောင် …
ပျားတွေအလား ကူးလူးသွားလာနေသော လူတွေကိုဘာရယ်မဟုတ် လိုက်ကြည့်နေရင်းက “ ဗိုလ်ကလူများတဲ့ဆိုင်တွေသိပ်မထိုင်ချင်ဘူးဟ” ဟု
ပြောဖူးတဲ့ ဗိုလ့်ကိုလည်းသတိရမိသေး၏။ ထိုအခိုက်ကိုယ့်စိတ်ကိုယ်လည်း ဘဝင်မကျဖြစ်မိတယ်။ ဘာလို့များ ကိုကိုနဲ့ တန်းတူ သူ့ကိုနေရာပေးချင်မိနေတာလဲကိုမသိတော့ပါဘူး။
အချိန်တိုင်းမဟုတ်တောင် တိုက်ဆိုင်မှုရှိတိုင်း၊ ဒါမှမဟုတ်လည်း ပျော်တိုင်း၊ စိတ်ညစ်တိုင်း၊ အကြောင်းတခုခုရှိတိုင်း ဗိုလ့်ကိုသတိရနေမိသည်။
လက်ကလေးကို ဖွဖွကိုက်ရင်း သက်ပြင်းလေးမသိမသာချမိသွားတတာလည်း ကိုယ့်ဘာသာပဲသိသည်။
Arrival Notice Board မှာ Mr. Tony တို့စီးလာတဲ့လေယာဉ်ဆိုက်ပြီလို့ တွေ့လိုက်တာမို့ ထိုင်ရာကထလာရင်း Arrival Area ဝမှာ Welcome Mr. Tony & Colleagues ဆိုတဲ့ Board လေးကို
ကိုင်ရင်း ရပ်စောင့်နေရတော့သည်။ သိပ်ကြာကြာမစောင့်လိုက်ရ Mr. Tony ရောက်လာပြီး R u Honey ဆိုပြီး လာနှုတ်ဆက်တာမို့ ပြန်လည်နှုတ်ဆက်ရင်း ကားရပ်ထားရာကို
လျှောက်လာခဲ့တော့သည်။ သူတို့အဖွဲ့မှာ Mr. Tony က Country Manager ဖြစ်တာလည်းမပြောနဲ့ knowledge တွေက လက်ဖျားခါလောက်သည်။
ကုမ္ပဏီမရောက်ခင်တစ်လမ်းလုံး သူကြားဖူးသမျှ မြန်မာပြည်နဲ့ ပက်သက်သည့် ရောက်တတ်ရာရာတွေမေးလာတာမို့ ကျွန်မမှာ မနားတမ်းဖြေနေရတော့တယ်။
တရုတ်လူမျိုးဖြစ်ပေမယ့် အင်္ဂလိပ်စကား ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်နေတာမို့ ပြောဆိုဆက်ဆံရတာတော့ အခက်အခဲမဖြစ်ပေ။
ကုမ္ပဏီမရောက်ခင်တည်းက ဘယ်နားရောက်နေပြီဆိုတာကို အန်တီမေသက်ကို message နဲ့ inform လုပ်ထားတာမို့ ကျွန်မတို့ရောက်သည့်အချိန်တွင်
အန်တီမေသက်က အဆင်သင့်စောင့်ကြိုလို့နေသည်။ အန်တီမေသက်က ဧည့်သည်တွေကို သူ့ရုံးခန်းထဲခေါ်သွားကာ ခဏထိုင်ခိုင်းထားတုန်း ကျွန်မမှာ အပြေးအလွှား
Meeting Room သို့သွားကာ လိုအပ်သည်များကို စစ်ဆေးရသေးသည်။ ရေနှင့်ကော်ဖီ၊ Meeting Agenda နောက် prensentation ပြဖို့ laptop နှင့် projecter အဆင်သင့်၊ မီးအလင်းအမှောင်
အားလုံးအဆင်ပြေရဲ့လား စစ်ဆေးပြီး အားလုံးပြီးစီးတော့ အန်တီမေသက်အခန်းကိုသွားကာ အကြောင်းကြားရသည်။ Meeting Room က အောက်ထပ်တွင်ရှိတာမို့
အပေါ်နှင့်အောက်ပြေးနေရတာနှင့် ချွေးတောင်ပျံချင်သွားရသည်။ အသစ်မို့လို့လားနေတာ့မသိ အဲလိုပြေးလွှားနေရတာကိုပင် ကျွန်မ ကျေနပ်နေမိသေးတာ။
Meeting စခါနီးတော့ ဖုန်းကို silent လုပ်ရင်း ဗိုလ် message ပို့ထားလားလို့ကြည့်မိသေးသည်။ ဗိုလ့်ဆီက ဘာ message မှလာမထားပေ။
နာရီတစ်ချက်ကြည့်ရင်း ဗိုလ်ခုချိန်ထိမနိုးသေးတာလားလို့ တွေးနေမိတုန်း အန်တီမေသက်က meeting စမယ်ဆိုတာနှင့်ပင်
personal တွေကိုမေ့သွားရင်း အလုပ်ထဲအာရုံပြန်စိုက်လိုက်ရတော့သည်။ ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဆိုတော့ လက်ရှိလုပ်နေတဲ့ company profile ကိုအပြန်အလှန်ရှင်းပြပြီး
လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စတွေကို အကြမ်းဖျင်းဆွေးနွေးကြနှင့် အချိန်တွေဘယ်လိုကုန်သွားမှန်းပင်မသိ။ ကျွန်မတို့ဘက်ကဆွဲထားတဲ့ business plan presentation ပြီးသွားမှ
နာရီကိုကြည့်မိတော့ ၁၁ နာရီခွဲပြီးနေပြီ။ အန်တီမေသက်နားကပ်ကာ lunch break လုပ်သင့်ပြီဟုပြောတော့ အန်တိမေသက်ကလည်း ကောင်းသားပဲသမီးရေ ဆိုတာနဲ့
meeting ခဏ break လုပ်ကာ lunch သွားကျွေးဖို့အတွက် ပြင်ဆင်ရတော့သည်။ Mr. Tony က ရုံးရှေ့ ပေါ်တီကိုထွက်ကာ ဆေးလိပ်သောက်နေတာမြင်တော့
ဗိုလ် သူ့အကြောင်းတွေ ကျွန်မကိုရင်ဖွင့်တဲ့နေ့က ဆေးလိပ်တွေ တစ်လိပ်ပြီးတစ်လိပ်သောက်တာကိုသွားသတိရမိသေး၏။
ဗိုလ်ရယ် ဘာလေးပဲကြုံကြုံ ရှင့်ကိုသတိရနေမိတဲ့ ဟန်နီ့ကိုယ်ဟန်နီ စိတ်ပျက်လာမိပြီ။ ဟန်နီ မျက်နှာများတဲ့မိန်းကလေးလည်းမဖြစ်ချင်တော့ဘူး။
တစ်ယောက်ဆိုတစ်ယောက်ပဲစိတ်ထဲမှာထားပြီး တည်ငြိမ်တဲ့ဘဝလေးကိုတခုကိုပဲ ဟန်နီပိုင်ဆိုင်ချင်တော့တယ်။ အေးအေးချမ်းချမ်းနဲ့
လူတိုင်းအထင်ကြီးခံရတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ဟန်နီရပ်တည်သွားချင်ပြီကွယ်။ ကျေးဇူးပြုပြီး ဟန်နီ့စိတ်တွေယိမ်းယိုင်အောင်မလုပ်ပါနဲ့တော့ ….
အင်း .. ဒီစကားတွေ အပြင်မှာ ဗိုလ့်ကိုသွားပြောမိလို့ကတော့ … ဟန်နီ့ကိုဗိုလ်မချစ်ဘူးလေ စိတ်ကူးတွေယဉ်မနေနဲ့ဟု ပြောမှာ မြင်ယောင်မိသေးတော့ …
ခက်တော့နေပြီ။ Mr. Tony ဆေးလိပ်သောက်ပြီး ပြန်ဝင်လာတာတွေ့တော့ ကျွန်မလည်း ပြုံးပြလိုက်မိတယ်။ အဲ ပြုံးပြရုံနဲ့တင်မပြီး။
အဲဒီလူကြီးက တော်ကီလာပွားနေပြန်ပြီ။
“How long have you been working in this company”
“I just joined the company for a month, why Mr. Tony”
“Oh really, I think you’ve been working here for so long coz you seems so well-known about the business”
“Actually, I am a beginner in business, but I tried myself so hard coz I am so eager to learn”
“Thats great Ms. Honey, I appreciate your hard working and I hope our two companies have good long-term business together”
“I hope so too, I am sure that we both can achieve the success from our partnership, you know, as our country is starting to develop, each of our citizen need
to participate in this development”
“Yes they should, I am pleased to deal with your company, ur MD seem to have good strategy for her company”
“She is, she is so smart and she also have kind-hearted, she can maintain good relationships with partners, also with her staffs too”
“Nice to hear that”
စကားပြောရင်းနဲ့ ဗိုလ့်ဆီကဖုန်းဝင်လာတော့ ကျွန်မအလွန်ပင်ပျော်သွားမိသည်။ ဒီတိုင်းဆက်စကားပြောနေရင် စိတ်ညစ်ပြီး ရူးသွားနိုင်သည်လေ။
Mr. Tony ကို excuse me ဟုပြောကာ ဗိုလ်နှင့် ဖုန်းပြောဖို့ ခပ်လှမ်းလှမ်းကိုထွက်လာခဲ့တော့တယ်။
“ဟန်နီ ဘာလို့ဖုန်းကိုအကြာကြီးမကိုင်ဘဲထားတာလဲ အလုပ်များနေလို့လားဟင်”
ဖုန်းကိုကိုင်လိုက်တယ်ဆိုရုံပင် ဟဲလိုတောင်မပြောရသေး။ ချိုသာလွန်းတဲ့ ဗိုလ့်အသံကိုစကြားရတော့တာ။ အဲဒီအခိုက် ကျွန်မ စိတ်လိုလက်ရပြုံးလိုက်မိတယ်ဆိုတာ
ကျွန်မပဲ သိနိုင်သည်မဟုတ်ပါလား။ အဲလိုပဲ ဗိုလ့်ဆီက ဖုန်းလာတိုင်း ပြုံးနေတတ်တာမို့ ရုံးကလူတွေကပင် ဗိုလ့်ကို ကျွန်မချစ်သူကိုထင်နေကြသည်။
ကျွန်မဆီ ဗိုလ်နှင့် လင်းလက်ပဲ ဖုန်းအဆက်များတာမို့ ဗိုလ့်ဖုန်း ringtone လေးလုပ်ထားတဲ့ B.o.B အဖွဲ့ရဲ့ Airplanes ringtione အသံလေးကြားတာနဲ့
ဟန်နီ့ချစ်သူဖုန်းဆက်တာပဲ တစ်ရုံးလုံးကထင်ထားကြတာလေ။
“ဟဲလို လို့တောင်ပြောခွင့်မပေးတော့ဘူးလား ဗိုလ် … အသက်လေးလည်းရှူူပါအုံး”
“ရော် အပြစ်တင်ရန်ကော ကလေးမ .. ဗိုလ်ကမအားများ မအားဘူးလားလို့ မေးတာပါ”
“အားပါတယ် ဒီနေ့ဧည့်သည်တွေရောက်နေပြီလေ .. အဲဒါဗိုလ်ဖုန်းခေါ်တုန်းက ဧည့်သည်တစ်ယောက်နဲ့ စကားပြောနေလို့ ချက်ချင်းမကိုင်မိတာပါရှင့်” ဟုခပ်ရွတ်ရွတ်လေးဖြေရှင်းရသေး။
“ဧည့်သည်က ယောကျာ်းလား မိန်းမလား”
“အားလုံး ၅ ယောက်လာတာလေ .. ယောကျာ်းလေး ၄ယောက်၊ မိန်းကလေး ၁ယောက်”
“ဟိတ် စကားကိုဝေ့ပြီးမဖြေနဲ့ ဗိုလ်ဘာမေးတာလဲ ဟန်နီသိတယ်နော် .. ဟင်း… အခုစကားပြောနေတယ်ဆိုတာ ဘယ်သူနဲ့လဲမေးတာ”
ဗိုလ့်အပြောကို ကျွန်မ ဟက်ဟက်ပက်ပက်ရယ်မိရင်း “ဟားဟား ကြောက်နေရပါလား ဗိုလ်ရယ် .. ယောကျာ်းလေးပါ Mr. Tony တဲ့
GMC company က country manager ပါ”
“ဘာတွေပြောနေတာလဲ အဲလူက .. ဟန်နီ့ကိုရည်းစားရှိလားမေးနေတာလား”
“အယ် ပေါက်တတ်ကရ မေးစရာတော် … အလုပ်အကြောင်းတွေပြောနေတာပါ”
“အေးပြီးရော ရည်းစားရှိလားမေးရင်လည်း ရှိတယ်သာဖြေလိုက် ကြားလား”
“ဖြေနိုင်ပါဘူးနော် ကျုပ်မှာရည်းစားမှမရှိသေးဘဲ”
“ဘယ်လိုဖြစ်ဖြစ် မရှည်နဲ့ ဒါဘဲ ဘာသံမှမကြားချင်ဘူးနော်”
“မကြားချင်လည်း နားပိတ်ထားလိုက် ငါကတော့ဒါကို ဆက်ပြောမှာဘဲ .. ဟိဟိ .. ဒါဘဲနော် ဗိုလ် ဟန်နီဧည့်သည်တွေကို ထမင်းလိုက်ကျွေးရအုံးမယ်”
“ဟိတ် နေအုံး ညနေလာကြိုမယ်နော်”
“အဲ ပြောဖို့မေ့နေတာ ညနေလည်း dinner လိုက်ကျွေးရအုံးမှာ ဗိုလ်ရဲ့ ဒီညနေတော့မလာနဲ့တော့နော် မနက်ဖြန်ကျမှပဲတွေ့တော့မယ်”
“အာာ မရဘူး ဒါဆို ဗိုလ်ကဒီနေ့အဖို့ ဟန်နီ့ကိုမတွေ့ရတော့ဘူးပေါ့ … မရဘူ ဟန်နီရာ လာမှာဘဲ”
“ဗိုလ်ရယ် နားလည်ပါနော် ဟန်နီကအလုပ်နဲ့မို့ပါ ဗိုလ်နားလည်ပေးနော်
နက်ဖန်မှ coffee circle မှာ ကော်ဖီသွားသောက်မယ်လေနော် လိမ်မာတယ် ဗိုလ်က”
“မလိမ်မာဘူးကွာ ဟန်နီနဲ့ တစ်ရက်မတွေ့ရရင် ဗိုလ်မှမနေနိုင်တာကို ဟန်နီရယ်”
ထုံးစံအတိုင်း လိုချင်တာရှိရင် ခပ်တိုးတိုးပူဆာတတ်တဲ့ ဗိုလ့်စကားလေးမှာ မိဟန်နီမျောသွားမိပြန်တယ်။
ဘာလို့အဲလိုပြောရတာလဲ ဗိုလ်။ ဟန်နီက ဗိုလ့်ချစ်သူမဟုတ်ဖူးဆိုတာ ဗိုလ် သတိမှရရဲ့လား။
“မရစ်ပါနဲ့ဗိုလ်ရယ်နော် .. နောက်မှ ဟန်နီဖုန်းဆက်မယ် ဟိုမှာ အန်တီမေသက်ဆင်းလာနေပြီ ဒါဘဲနော် .. မွှက်”
အမှန်တကယ်ပင် လှေကားမှ အန်တီမေသက်ဆင်းလာနေပြီမို့ ဖုန်းကိုခပ်မြန်မြန်ချရင်း အပြေးလေးသွားလိုက်မိတော့သည်။
10 comments
Mr. MarGa
July 12, 2013 at 7:59 pm
ဟိုက်
အီးလိုတွေဟ
ဘာတွေပါလိမ့် နော်………….
သူကလေး
July 15, 2013 at 9:12 am
မောင်ယေးသကြားလေးးးး နားမလည်ရင် ရန်ကုန်လာခဲ့ချည်
အဲ့ခါကျ မမရှင်းပြမယ်နော် အဟိ အဟိ 😛
မဟာရာဇာ အံစာတုံး
July 12, 2013 at 11:40 pm
အွမ် ….
“ဒါဘဲနော် .. မွှက်” ……. တဲ့ …….။
မွှတ် ဆိုဒါ ဘာကြောဒါဒုံးဟင်င်င် … 🙄
ပီးဒေါ့ .. ဟိုအကောင် သဂျား လိုဘဲ …
အီးလိုဒွေ ရေးထားဒါ ဘာဒွေဒုံးဟင်င် …
ဇာတ်လမ်းက ဟန်နီနဲ့ ဗိုလ် ကို တအား တွန်းနေပြီ …။
ဆိုလိုချင်တာက …
ဟန်နီ စိတ်ကို ဗိုလ် ဆိုသူကပဲ လွှမ်းမိုးနေပြီ ….။
ဒါကို ဟန်နီက သတိထားမိရက်နဲ့ ပယ်ဖျက်နေတယ် ….။
ဟို ဗိုလ်ဆိုသူကလည်း ဟန်နီအပေါ် အသားပေးလွန်းနေပြီ ….။
အခြား မိန်းကလေးတွေအပေါ်မှာ ပြောရရင် အပျော်သဘောသက်သက်လောက် သဘောထားတတ်ပေမယ့် ဟန်နီဆိုတဲ့ မိန်းကလေး အပေါ်မှာပေါ့ တကယ် သံယောဇဉ် တွယ်မိနေပြီ …။
သူတို့ ကြားမှာ ခံနေတာက ဟိုလူ ….။
ဒီလူကသာ ဟန်နီကို ချစ်ပါတယ် လို့ ဆိုလာခဲ့သည် ရှိသော် …..
ဇာတ်က ထပ်ရှုပ်တော့မည် ထင်မိပါအိ …. ကွိကွိ …
သူကလေး
July 15, 2013 at 9:17 am
အဟွတ် အဟွတ်
သာမိးလဲ အဲဒီ မွှက်ဆိုတာဘာလဲမသိလို့… ကိုကိုနဲ့တွေ့တိုင်းအမြဲပြန်ပြန်မေးနေရဒယ် 😀
အီးလိုဒွေက အားနေအချစ်အကြောင်းပဲရေးနေရင် ပျင်းလာမှာစိုးလို့ ကြားညှပ်ပလိုက်ဒါဗာ
တိုတိုအံ့ရဲ့ တိုတိုတုတ်တုတ် ဇာတ်အကျဉ်းချုပ်လေးကတောင် ပိုဖတ်လို့ကောင်းနေသလိုလို
ဇာတ်ကူသိမ်းပေးမလားဟိဟိ 😀
Myo Thant
July 13, 2013 at 1:31 am
သူကလေး
၁၈ ကျော်ရင်တော့ သိပ်သည်းမခံတော့ဘူးနော် ၊
သူကလေး
July 15, 2013 at 9:56 am
အူးအူးမျိုးသန့်နော် ၁၈ ကျော်လို့ လာမဖတ်တော့ဘူးဆိုလည်း
သူကလေးက သည်းမခံဘူး ဒါဘဲ 😀
လုံမလေးမွန်မွန်
July 13, 2013 at 11:06 am
ဟန်နီ..အနေဝေးရင် သွေးအေးတယ်တဲ့..ဟိုရေခဲတုံးတော့ ဟန်နီ့ကို ချစ်နေတယ်ဆိုရင် သေပြီဆရာပဲ.. 🙂
အေးဆေးဇာတ်သိမ်းနော်..အမြန်ကြီး သိမ်းမပစ်နဲ့…
ဟိ..ဦးမျိုးတော့ ဆဲ့တော့မယ်..
သူကလေး
July 15, 2013 at 10:00 am
“အနေဝေးရင် သွေးအေးတယ်ဆိုတာ တကယ်တော့အပိုပါကွာ” ဒချိ ဒချိ 😀
အေးဆေးသိမ်းမှာ စိတ်ချ… ပူနဲ့ 😀
အလင်း ဆက်
July 13, 2013 at 11:57 am
သားသားလည်းးး မွှက် ဆိုတာ ဘာလဲ သိချင်ဒယ်ဂျာ
ခလေး ဆိုတော့ သိပ်နားမလည် ဘူး
😆
သူကလေး
July 15, 2013 at 10:01 am
ခလေးက .. ဒါသာ နားမလည်တာ
မဖွားမေက ရည်းချားစကားပြောတတ်ဒယ် ဟုတ်စ
ဟွင်း ဟွင်းနော် 😀