ဘာ နိူင်ငံရေးစကား ဟုတ်လား
ဒီရွာထဲမှာ ငါ ရေးချင်ရာလေး ငါ ရေးတယ် ၊
တချို့ကတော့ အချစ်ဆိုတာချည်းပဲ ရေးနေတာ ၊
ကိုယ့် အသက်မှ ကိုယ် အားမနာ တဲ့ ၊
၁၉၆၂ မှာ လူဖြစ်ခဲ့တဲ့ ငါ ၊ ၁၉၈၈ မှာ ငါ ၂၆ နှစ်သား ဖြစ်နေပြီ ၊
၁၉၈၉ နှစ်ဆန်း ရုံးချုပ်မှာ ငါ လုပ်အားပေး ၊ နောက်တော့ အဖွဲ့ဝင်လက်ခံဌာန တာဝန်ခံဖြစ် ၊
ဘယ်သကောင့်သားမှ အနားမလာတဲ့ ရုံးချုပ်ကို ရွှေဂုံတိုင် အုတ်လမ်း နံပါတ် ၉ရ ပြောင်းတော့
ဒေါ့ဂျစ်ကားတောင် ငှားမရ ၊ မင်းတို့ သိကြသလား ၊
၁၉၉ဝ ရွေးကောက်ပွဲကာလ ဘယ်ကပေါ်လာမှန်းမသိတဲ့ လက်ပါတ်အနီနဲ့ကောင်က ရုံးထဲ မဝင်ရဘူးတဲ့ ၊
ဪ တကယ် ရုန်းရမယ့်အချိန်မှာ အဲဒီ မအေပေးက ဘယ်နားမှာ အိပ်နေပါလိမ့် ၊
( ကွယ်လွန်သွားရှာပြီဖြစ်တဲ့ အတွင်းရေးမှုး ဦးလွင်က မင်း သူ့ကို မသိပဲ ဘာလို့ ပိတ်ထားသလဲဆိုမှ
တံခါးသော့ဖွင့်တဲ့အကောင် အခုကော ဘယ်ချောင်ရောက်နေမလဲ ? )
အခု ၂၀၀၈ ကစလို့ နောက်ပိုင်းမှာ ရေးလိုက်ကြတာ သောက်သောက်လဲ ၊
ငါ ဘာသာရေး နိူင်ငံရေး ဘယ်သူနဲ့မှ သိပ်မဆွေးနွေးဘူး ၊
သိပ် အငြင်းပွားတတ်လို့ ၊
ဘာမှ မရေး မငြင်းတာ ကို ငတုံးလို့တော့ မထင်နဲ့ ၊
အဲဒါမျိုး ငြင်းခုံရတာ ပျင်းလွန်းလို့ တခြား ဟိုရေး ဒီရေးလုပ်နေတာ ၊
16 comments
အရီးခင်လတ်
July 12, 2013 at 10:59 pm
မထင်ပါဘူး ကိုမျိုး ရယ်။
ကျုပ်လဲ အခုချိန် အချစ် အကြောင်း ဘာမှ မရေး မငြင်းတာ ကို ငတုံးလို့တော့ မထင်နဲ့ ၊
jk ….. 😉
နောက်တာနော။ 😛
မဟာရာဇာ အံစာတုံး
July 12, 2013 at 11:51 pm
နိုင်ဂံရေး ဆိုဒေါ့ နိုင်ဂံဒေါ်ဂျီးနဲ့ ပတ်သက်တဲ့ အရေးပေါ့ ….
နိုင်ဂံရေးချကား ဆိုဒေါ့ဂါ နိုင်ဂံဂျီးအရေးနဲ့ ပတ်သက်တဲ့ ချကား ဖြစ်မှာပေါ့ ….
ဒီချကား တွေက နိုင်ဂံဒေါ်ဂျီး ကောင်းဖို့အရေး ချကားဒွေဘဲ ဖစ်ရမယ် ….
နိုင်ငံဒေါ်ဂျီး ကို အကျောင်းပျပီး ပေါဒဲ့ စကားဆိုရင်ဒေါ့ …
နိုင်ဂံရေး ချကား မဟုတ်လောက်တော့ဘူး …
ထပ်ပီး ပေါဒတ်ဒေါ့ဝူး ….
အိုင် ဂဒေါ့ နည်းနည်း ဝင်ဖြီးကျိဒါ … ဟီးးဟီးးး
အောက်ဂ ပုံဂျီးဂဒေါ့ ၁၉၉ဝ ဆိုဒေါ့ဂါ
ကျုပ်မွေးပီး ၃ နှစ်အကြာပေါ့ …. ဟော့ ဟော့ …
Myo Thant
July 12, 2013 at 11:59 pm
အဲဒါ ၁၉၉ဝ ရွေးကောက်ခံ အမျိုးသမီး ကိုယ်စားလှယ်တွေ ပုံပါ ၊
ဒါပေမယ့် အကုန်လုံး အင်းစိန်လွှတ်တော်မှာပဲ နေခဲ့ရပါတယ် ၊
ကျနော့် အမေကောပေါ့ ။
လုံမလေးမွန်မွန်
July 13, 2013 at 11:37 am
၅.၄.၁၉၉ဝ
သာမီး မမွေးသေးဝူး… အမေ့ဗိုက်ထဲမှာပဲ ချိသေးတယ်… 🙂
kyeemite
July 13, 2013 at 10:08 am
ဘာတွေပေါက်ကွဲနေတာလည်းကိုမျိုးရဲ့..
ကျုပ်တို့နားလည်ပါတယ်ဗျာ..
ရေးချင်ရာသာရေးပါလေ
ကိုယ့်အတွေးနဲ့ကိုယ်ပေါ့..
Myo Thant
July 13, 2013 at 10:13 am
မဟုတ်ပါဘူးကိုမိုက်ရေ
နည်းနည်းစိတ်တိုသွားလို့ပါ
ဘယ်သူ့ကိုမှ မရည်ရွယ်ရရိုးအမှန်ပါ ၊
ဦးကြောင်ကြီး
July 13, 2013 at 10:26 am
တယားနဲ့ ဖြေပါ အန်တယ်မျိုး… ဘဝဆိုတာ သာမီးလေးလို ထိန်းလို့မရဘူ.. ပွင့်ချိန်တန်ပွင့် သီးချိန်တန်သီး ကြောင်စားချိန်တန် စားသွားမှာပဲ.. ခွင့်လွှတ်လိုက်ပါ..
Myo Thant
July 13, 2013 at 10:31 am
အင်းးးး
ဒေါသတွေကို ဒီကြောင်ဆီမှာ ပေါက်ကွဲပစ်မိတော့မယ်နော်
ဒါထက် ကျုပ်သာမီးတွေက ကြောင်မချစ်ဘူးဗျ
ငါး မွေးတယ် ၊ 🙂
ခင် ခ
July 13, 2013 at 11:07 am
ဟေ့ ဟေ့ ဦးမျိုးသန့်ကြီး ဂဇက်မြို့ထိပ်မှာ ပေါက်ကွဲနေတယ် ဘယ်သူသွား စွတာလဲဟေ့။
“ဘာ နိူင်ငံရေးစကား ဟုတ်လား´´
အမလေး လန့်တာ ဦးမျိုးသန့်ရယ် ဖြေးဖြေးအော်ပါဗျ။
မင်းမင်း
July 13, 2013 at 11:26 am
အသက် ကကြီးသာလာတာ။
ကိုယ့်ကို ကိုယ်တော့ မှန်ကြည့်မှ
အော်ဒီအရွယ်ပါလား ပြန်ဆင်ချင်မိတယ်။
မြန်မာပြည် ဟိုးးးးးးမြောက်ပိုင်းမှာတော့
ကလေးတွေနဲ့ နင်နဲ့ ငါနဲ့ ပြောတုန်း
DEPARKO DEPARKO
July 13, 2013 at 11:31 am
တို့ကတော့တို့ကတော့ ယုန်ကလေး ထိတ်ခတ်နာဖြစ်နေသည်
အလင်း ဆက်
July 13, 2013 at 12:05 pm
ကျွန်တောာ် လည်း နိုင်ငံရေး ကို
ဘာမှ မငြင်းမပြောချင် လောက်အောင်
စိတ်ပျက်နေလို ့
မရေး မပြောပါဘူး လေ
😆
Myo Thant
July 13, 2013 at 12:12 pm
အလက်ဆင်းလေးက လိမ္မာသား
ချစ်သုဝေလေးအကြောင်း ဒါမှမဟုတ် ဒေါ်ဖွားမေအကြောင်း
ပြောတာပဲကောင်းပါတယ်ကွာ 🙂
Wow
July 13, 2013 at 2:00 pm
ခံစား၊ နားလည်၊ စာနာမိပါသည်လို့ပဲပြောပါရစေ.. 🙁
Ko chogyi
July 15, 2013 at 4:54 pm
” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ လူငယ်ညီလာခံမှရွေးချယ်လိုက်သော ပါတီလူငယ်ခေါင်းဆောင်များကို လာမည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် အမတ်လောင်းများ ရွေးချယ်ရန် အစီအစဉ်ရှိ ”
http://www.thithtoolwin.com/2013/07/nld_15.html
uncle gyi
July 15, 2013 at 10:49 pm
စိတ်လျော့ကိုမျိုး
အဖွဲ့အစည်းတခုမှာတကယ်လုပ်တဲ့သူဘယ်နှစ်ယောက်ဆိုတာရေလို့ရတယ်
ပြီးခါနီးနှမ်းဖြူးတဲ့သူတော့ရေလို့မရဖူး
ကျုပ်ကိုလည်းချောင်းဦးကဆရာမတဦးကဆုံးမဖူးတာ