နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၇)
အဟွတ် အဟွတ်
ပိတ်တတ်ကြီး တောင်ဆိုဒေါ့ သူကလေး ကိုယ်ထင်ပြရဒေါ့တာပေါ့ 😀
အမှန်ကရေးဖြစ်ပါတယ် စိတ်ဝင်စားသူနည်းလို့မတင်ဖြစ်တာပါလို့
အမာခံပိတ်တတ် … မမမွန်နဲ့ သကြားလေးကို အားကိုးကာ တင်လိုက်မယ်ဟဲ့ အပိုင်းသစ် ~~
နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၆)
———————————–
မနက် (၂) နာရီ။ ….
တိတ်ဆိတ်တဲ့ညပါပဲ။ လသာသော ညတစ်ညမဟုတ်တာမို့ စာကြည့်စားအပပွဲမီးအလင်းရောင်မှအပ အခန်းပြင်ပတွင် အလင်းရောင်ပျပျသာရှိသည်။
မိုးအကုန် ဆောင်းအကူးကာလမို့ အပြင်မှာ မိုးစက်ကျသံ တစ်ဖျောက်ဖျောက်ကြားနေရသည်။ ညဉ့်နက်အချိန်မို့ လူတော်တော်များများအိပ်နေပြီထင်။
ထိုအချိ်န်မှာ မအိပ်နိုင်သေးသူက အာကာဗိုလ်။ ခုနတုန်းက ဟန်နီနှင့် ချက်ထားသော chat list ကိုပြန်ဖတ်ကာ တစ်ယောက်တည်းပြုံးနေမိသည်။
ငါရူးနေပြီလားမသိတော့ပါဘူး ဟန်နီရယ်။ နင်နဲ့အခုလိုလေး ပြန်ဖြစ်သွားတာကိုအရမ်းပျော်နေမိတယ်။ ချစ်နေတာလားဆိုတော့လည်း မဟုတ်။
ဒီခံစားချက်နုနုလေးကို ငါဘယ်လိုအမျိုးအမည်ခွဲခြားရမလဲမသိဘူးဟာ။ ငါ့ကိုစိတ်ဆိုးပြီး နင်မျက်ရည်ကျတဲ့နေ့က ငါ့ကိုယ်ငါ အပြစ်ပေးမိခဲ့တာ။
နင့်ကိုစိတ်ထိခိုက်အောင်လုပ်မိလေခြင်းဆိုပြီး ကိုယ့်လက်ကို ကိုယ်နံရံနဲ့ အချက်ပေါင်းများစွာ ထိုးခဲ့မိတာ။ အဲဒီဒဏ်ရာတွေ နင်တွေ့သွားမှာစိုးလို့လည်း
နင့်ဆီကို ငါမလာဖြစ်ခဲ့တာပါဟာ။ ရင်ထဲမှာတော့ နင့်ကိုသတိမရတဲ့အချိန်ဆိုတာ လုံးဝမရှိခဲ့ပါဘူး။ ဒါတွေ နင်သိနိုင်မှာလည်းမဟုတ်ပါဘူး။
နင်စိတ်ဆိုးနေတဲ့နေ့တွေမှာ မမငါ့ကိုလာရစ်လို့ .. ငါစိတ်တိုပြီး လမ်းခွဲဖြစ်ခဲ့တာ။ အင်း … ညတုန်းကငါ့နင့်ကိုမပြောပြလိုက်မိဘူးထင်တယ်။
မခေါ်ကြတဲ့ ၂ပတ်ကျော် ၃ပတ်အချိန်မှာ စကားတွေကပြောလို့မှမကုန်နိုင်ပဲ။ နင်ကငါ့ရဲ့ ဒိုင်ယာရီလေး တစ်အုပ်လိုပဲ ဟန်နီ။
ငါရဲ့နေ့စဉ်ကြုံတွေ့ရသမျှတွေအတွက် မှတ်တမ်းလေးတစ်ခုပေါ့။ ဒီအခြေအနေလေးကို ပျက်စီးသွားမှာ ငါအရမ်းကြောက်နေမိတယ်။
အဲဒီ ခံစားချက်က ငါဟန်လေးရဲ့ အေးချမ်းတဲ့အရိပ်ပျောက်သွားမှာစိုးတယ်ဆိုတဲ့ စိတ်ထက်ကို ပိုပါတယ်။
နင်က ငါ့အတွက်တော့ ကမာ္ဘငယ်လေးပါပဲ ဟန်နီ။
——————————————————
“ ဟန်နီလေးရေ … MD ခေါ်နေတယ်ဟေ့”
အလုပ်ကိစ္စနှင့် အီးမေးလ်ပို့နေရာမှ cashier အမကြီးခေါ်သံကြောင်း ခေါင်းလေးကိုမတ်ရင်း
“ဟုတ်ကဲ့ မမီ ဟန်နီသွားလိုက်မယ်”
ထိုင်ရာမှထကာ အန်တီမေသက်အခန်းသို့ သွားရသည်။
“ Morning အန်တီမေသက် မလေးရှားက Mr.Fred ဆီက ဆီအုန်းသွင်းဖို့ကိစ္စ အီးမေးလ် reply လုပ်နေတာနဲ့ အန်တီမေသက်ရောက်နေတာမသိလိုက်ဘူး”
အန်တီမေသက်ကိုကြည့်ရင်းပြောလိုက်သည်။ အန်တီမေသက်က ဒူးနားချိတ်အပြာရင့်လေးနဲ့ ကြည့်ရတာ ကျက်သရေရှိလွန်းတယ်။
မျက်နှာကိုလည်း ခပ်ညက်ညက်ပြင်လာပုံထောက်ရင်တော ့ဒီနေ့ပွဲတစ်ခုခုသွားဖို့ရှိသည်ထင်ပါသည်။
“Morning သမီးရေ … အန်တီလည်းခုမှရောက်တာ တခြားမဟုတ်ဘူး မော်တော်ကားစက်ရုံထောင်ဖို့ကိစ္စနဲ့ GMC က Mr.Tony တို့ လာမယ့်အပတ် ဒီကိုလာဖို့ရှိတယ်လို့ဖုန်းဆက်တယ်
အဲဒါ တည်းခိုဖို့ကိစ္စကစပြီး ဒင်နာအကျွေးအမွေးနဲ့ Meeting Agenda ကိစ္စတွေ အားလုံး သမီးပဲ တာဝန်ယူပေးပါအုံးလို့ ကြည်ပြာက ကလေးမွေးတော့မို့
ထွက်သွားတော့ အန်တီလည်း ကိစ္စတော်တော်များများ ကိုယ်တိုင်လိုက်လုပ်နေရတယ်ကွယ် သမီးလဲ တာဝန်တွေပိုသွားလို့ ဆော်ရီးပါ”
ကြည်ပြာဆိုတာ အန်တီမေသက်အားကိုးရတဲ့ အန်တီရဲ့ secretary မလေးပါ။ အန်တီနဲ့ အလုပ်တွဲလုပ်လာတာ ၅နှစ်နီးပါးလောက်တောင်ရှိပြီ။
အရင်တစ်ပတ်ကမှ ကိုယ်ဝန်ရင့်လာလို့ဆိုပြီး မီးဖွားခွင့်တင်သွားပင်။ ဟန်နီလည်း အန်တီမေသက်ကိုပြုံးပြလိုက်ပြီး
“အားနာစရာမှမဟုတ်တာ အန်တီမေသက်ရယ် ဟန်နီတောင်ပညာရသေးတာ နောက်ဧည့်သည်တွေကလည်း တရုတ်တွေဆိုတော့
ဟန်နီ့အတွက် အခက်အခဲမရှိပါဘူး ဟန်နီ့ကို ခိုင်းသာခိုင်းပါ”
“အင်း ဟန်နီလေးတစ်ယောက်ရတာ အန်တီတော့ အားကိုးရတာပဲ အလုပ်ဝင်တာ ၁လပဲရှိသေးပေမယ့် အလုပ်အပေါ်စေတနာထားတာ
ပေါင်းသင်းဆက်ဆံရေးကောင်းတာတွေ အန်တီပြန်ကြားနေရပါတယ် ကြိုးစားနော် သမီး”
“စိတ်ချပါ အန်တီ .. ဒါနဲ့ ဧည့်သည်ကအားလုံးဘယ်နှစ်ယောက်လဲဟင်”
“ဧည့်သည်က …………..”
အန်တီမေသက်နဲ့ အပြန်အလှန် အလုပ်ကိစ္စတွေပြောပြီး ပြန်ထွက်လာတော့ လူက ခေါင်းထဲမှာအလုပ်တွေနဲ့ပင်ပြည့်နေတာမို့ ဘေးဘီဝဲယာကိုမကြည့်ဖြစ်။
ထိုစဉ် “ညီမလေး” ဟု ခေါ်သံတစ်သံကြားလိုက်မှပင် ခေါင်းမော့ကြည့်မိသည်။ ထိုသူမှာ တခြားလူတော့မဟုတ်ပေ။
ကိုကိုသိပ်ချစ်ခဲ့တယ်ဆိုတဲ့ ဖြိုးဆိုတဲ့မမပေ့ါ။ ဒီနေ့လည်း ထုံးစံအတိုင်း မြန်မာရင်ဖုံးလေးနဲ့ လှမြဲလှနေပါသည်။ ကျွန်မသဘောကျလှတဲ့အပြုံလေးကို ဝတ်ဆင်ထားတုန်းပါပဲ။
“ဟာ မမဖြိုး ဘယ်ကိုလာတာလဲ အလုပ်ကိစ္စလား” လို့ ကျွန်မလည်း ခပ်ပြုံးပြုံးလေးမေးလိုက်မိတယ်။ အလုပ်ထဲကိုဝင်ပြီးတည်းက
စိတ်ထဲကပါပါ မပါပါ ဟန်ဆောင်ပြုံးတဲ့အလေ့အထကို သင်ယူလိုက်ရတာကိုး။
“အလုပ်ကိစ္စတော့မဟုတ်ဖူး ညီမလေးရဲ့ အန်တီမေသက်က မမမေမေရဲ့ မိတ်ဆွေလေ။ အဲဒါ အန်တီမေသက်မှာထားတဲ့ စိန်လော့ကတ်လေးကို လာပို့ပေးတာ ညီမလေးကရော”
“ဟန်နီက ဒီမှာအလုပ်လုပ်နေတာ”
“ဪ ဟုတ်လား မမက ညီမလေးကိုကျောင်းတက်တုန်းလို့ထင်နေတာ အလုပ်တောင်လုပ်နေပြီပေါ့လေ တော်လိုက်တာ”
“မတော်ပါဘူး မမဖြိုးရယ် ဟန်နီ ခုမှအလုပ်ဝင်တာမကြာသေးပါဘူး ကြိုးစားနေတုန်းပါပဲ”
“ဘာပဲဖြစ်ဖြစ်လေ ငယ်ငယ်လေးနဲ့အလုပ်လုပ်ချင်စိတ်ရှိတယ်ဆိုတော့ ကောင်းတာပေါ့ ဒါနဲ့ ထူး စင်္ကာပူပြန်သွားပြီနော်”
“ဟုတ်တယ် မမဖြိုး ကိုကိုပြန်သွားတာ ၁လကျော်လောက်တောင်ရှိပြီ မမဖြိုးနဲ့တွေ့ဖြစ်သေးလား”
“မတွေ့ဖြစ်ပါဘူး ညီမရယ်” ဟုပြောလာတဲ့ မမဖြိုးရဲ့ စကားလုံးတွေကအသက်မပါပဲ မျက်ဝန်းတွေထဲမှာ ဆွေးရိပ်တွေသန်းနေတာကိုသတိပြုလိုက်မိတယ်။
အင်းပေါ့လေ သူ့မှာလည်း အပြစ်မရှိဘဲ အသည်းကွဲခဲ့ရတာပဲ ဒီလောက်တော့ခံစားရမှာပေါ့ဟု ကျွန်မဖြည့်တွေးရင်း ခါတိုင်းလို မုန်းတီးစိတ်တွေမထားဖြစ်တော့။
ဖူးစာပါရင် ဘယ်သူတားတား တစ်နေ့မှာ လက်တွဲသွားရမှာပဲလို့ ယုံကြည်ချက် ခပ်ပျပျလေးထားလိုက်တည်းက စိတ်ထဲနေသာထိုင်သာရှိသွားခဲ့တာပင်။
“ကိုကိုနဲ့စကားပြောဖြစ်တဲ့အခါ မဖြိုးနဲ့တွေ့တယ်ဆိုတာ ပြောပြလိုက်ပါ့မယ် ဒါနဲ့ ဟန်နီ အလုပ်ကိစ္စလေးတွေရှိသေးလို့ ခွင့်ပြုပါအုံးနော်”
“အိုကေ ညီမ”
ကိုကိုရဲ့အဆက်ဟောင်းကိုနှုတ်ဆက်လိုက်ပြီး ကုမ္ပဏီရဲ့လှေကားလေးအတိုင်း ဆင်းလာခဲ့မိသည်။ စိတ်ထဲမှာလည်း ကျေနပ်မှုတစ်ခုဖြစ်နေမိသည်။
ဘယ်လိုပဲဖြစ်ဖြစ် ကိုကို့တစ်ချိန်ကချစ်သူရှေ့မှာ အရည်အချင်းရှိတဲ့မိန်းကလေးတစ်ယောက်အဖြစ် ရှိနေလိုက်ရတာကို အရမ်းပဲသဘောကျနေမိသည်။
ကျေးဇူးတင်ပါတယ် ကိုကို။ ဒီဇာတ်လမ်းမှာ ဟန်နီအသည်းကွဲခဲ့မယ်ဆိုရင်တောင် ကိုကို့ကြောင့် ကောင်းသောပြောင်းလဲမှုတွေနဲ့ ပြင်ဆင်ခဲ့မိတဲ့ ဟန်နီ့ကိုယ်ကို
နောင်တရမိတော့မှာမဟုတ်ဖူး။ ဟန်နီမျှော်လင့်တဲ့ကိုကို့အချစ်ကို မရခဲ့ရင်တောင် တန်ဖိုးရှိတဲ့မိန်းကလေးအဖြစ် ဘယ်လိုနေထိုင်ရမလဲဆိုတာကို သိအောင်သင်ပြပေးတဲ့ကိုကို့ ကို
အမြဲတမ်းကျေးဇူးတင်နေမိမှာပါ။ တစ်ယောက်တည်းပြုံးနေမိရင်း ရှေ့ဆက်ဘယ်လိုအလုပ်ကြိုးစားရမလဲဆိုတာတွေပဲ တွေးနေမိတော့သည်။
————————————
တကယ်လက်တွေ့လုပ်ငန်းခွင်ဝင်ကြည့်တော့မှပဲ စာတွေ့သင်ကြားလာခဲ့တဲ့ Business ဆိုတဲ့ဘာသာရပ်ထက် ပြင်ပလုပ်ငန်းခွင်ကစိတ်ဝင်စားစရာကောင်းကိုတွေ့ရှိခဲ့ရသည်။
ဘာသာစကားကောင်းကောင်းပြောတတ်တာကလွဲလို့ အလုပ်အတွေ့အကြုံဘာမှမရှိတဲ့ကျွန်မအတွက် အားလုံးဟာအသစ်အဆန်းတွေချည်းဖြစ်လို့နေသည်။
Guest Relation Officer ဆိုပေမယ့်လည်း အခုအန်တီမေသက်တာဝန်ပေးတဲ့ မော်တော်ကားစက်ရုံတည်ဆောက်ဖို့ကိစ္စရပ်တွေအတွက် ဧည့်သည်လာဖို့ရှိတော့
အဲဒီဘက်ပိုင်းတွေနဲ့ပက်သက်ရင် ဘာတစ်ခုမှ နားမလည်အတွက် ကျွန်မအတွက် လေ့လာစရာတွေကများလွန်းနေသည်။ စက်ရုံတည်ဆောက်ဖို့အတွက် လိုအပ်တဲ့စက်ပစ္စည်းတွေ၊
နောက်လက်ရှိစက်ရုံတွေဘယ်လိုရပ်တည်နေသလဲဆိုတာတွေ၊ ပစ္စည်းတင်သွင်းရေးကိစ္စတွေအတွက် လိုအပ်တဲ့အချက်အလက်တွေ သင်ယူလို့ကိုမပြီးနိုင်တော့။
ဒီအလုပ်ထဲမရောက်ခင်အထိ CIF ဆိုတဲ့စကားလုံး၊ CNF ဆိုတဲ့စကားလုံးတွေကို ကျွန်မ တစ်ခါဘူးမှ မကြားဖူးခဲ့တာပါ။
အန်တီမေသက်တို့၊ ဒါရိုက်တာကြီးတို့သင်ပေးမှသာ Cost, Insurance, Freight သုံးမျိုးကို CIF ဟုခေါ်ပြီး Cost & Reight only ကို CNF ဟုခေါ်ကြောင်းသိခဲ့ရတာ။
နောက် CKD (Complete Knock Down) ၊ SKD (Semi Knock Down) ၊ CBU (Complete Built Unit) ဆိုတာတွေ၊ ကား Spare Parts တွေ တစ်ခုချင်းသင်ယူရတာ။
အလုပ်ထဲမှာလည်း အလုပ်အလျောက်၊ အိမ်ရောက်တော့လည်း သင်ယူစရာပါလာတဲ့ အလုပ်အကြောင်းတွေနဲ့ ကျွန်မမှာ အားလပ်ချိန်ဆိုတာမရှိသလောက်ပင်။
အရင်လိုအချစ်အတွက်ကြေကွဲရတဲ့အချိန်တွေမရှိသလော်ကနည်းခဲ့ရပြီ။ ဗိုလ်ကတော့ နေ့တိုင်းမဟုတ်တောင်ရက်ခြားလောက် ကျွန်မဆီလာလာပြီးတွေ့ရှာပါသည်။
ကျွန်မအတွက် သူငယ်ချင်းကောင်းတစ်ယောက်အဖြစ် အန်တီနဲ့လည်းမိတ်ဆက်ပေးထားတာမို့ ဗိုလ်ကဟန်နီ့အိမ်ကို ဝင်ထွက်ခွင့်ရသွားပြီလေ။
မနက်ဖြန်ဧည့်သည်တွေလာမှာမို့ လေယာဉ်ကွင်းကြိုဖို့ကိစ္စ၊ ဟိုတယ် booking ကိစ္စနဲ့ Meeting Agenda တွေလုပ်နေတာရတာမို့ ကိုကိုအွန်လိုင်းရောက်လာတာတောင်မသိလိုက်ပေ။
“တုံ” ဆိုတဲ့ chat box က စာတက်လာတဲ့ notification အသံကိုကြားလိုက်မှပဲ ကိုကိုရောက်နေတာသိတော့သည်။ နာရီကိုကြည့်လိုက်တော့ ည (၉)နာရီ။
“ညီမလေး ကိုကိုရောက်နေတာတောင်မခေါ်နိုင်တော့ဘူး မာနတွေကြီးသွားတာလား”
ကိုကိုရဲ့စာလေးကိုကြည့်ပြီး ကျွန်မပြုံးလိုက်မိသည်။ ကိုယ့်ဘာသာကိုယ်လည်း မာနကြီးနေမိလားလို့ စဉ်းစားလိုက်မိသေးသည်။
ဟင့်အင်း။ ဟန်နီက ကိုကို့အပေါ်မှာ ဘယ်တော့မှ မာနကြီးမယ့်မိန်းကလေးတစ်ယောက်မဟုတ်ပါဘူး ကိုကို။
ဒါပေမယ့် ဟန်နီ့ရပ်တည်မှုအတွက် ခုချိန်မှာ စိတ်ကျေနပ်မှုတစ်ခုတော့ဟန်နီပိုင်ဆိုင်ခဲ့ပြီ။
“မဟုတ်ပါဘူးရှင် ဟန်နီစာဖတ်နေတာနဲ့ ကိုကိုရောက်လာတာမသိလိုက်တာပါနော်”
“ဘာစာတွေများဖတ်နေတာလဲ ညီမလေးရဲ့ ဝတ္ထုလား အချစ်ကဗျာလား မဂ္ဂဇင်းလား”
ကိုကိုအဲလိုမေးလိုက်တော့ အထင်သေးရန်ကောဆိုပြီး ကျွန်မ ကွန်ပျူတာကို မျက်စောင်းပစ်ထိုးလိုက်မိသေးသည်။ ပြီးတော့မှ ကိုကိုကမှမမြင်ရတာပဲလို့
သတိရလိုက်တာမို့ “ဟွန်း လူကိုများ အထင်သေးလို့ ဒီမှာအလုပ်နဲ့ပက်သက်ပြီးလေ့လာစရာတွေရှိလို့ ဖတ်နေတာပါနော်” ဟု ပြန်ရိုက်လိုက်မိသည်။
“တယ်ဟုတ်ပါလား ငါ့ညီမလေးကအရင်နဲ့တောင်မတူတော့ဘူး အရမ်းလိမ္မာသွားပါလား”
“အရင်ကဆိုးတယ်လို့ပြောချင်တာလား”
“မဟုတ်ရပါဘူးကွာ ခုပိုပြီးလိမ္မာနေတယ်လို့ပြောချင်တာပါ ကိုကိုကညီမလေးကို အဲလိုမျိုး ထူးချွန်ထက်မြက်တဲ့ကောင်းမလေးဖြစ်စေချင်တာကွ”
“ဘာလို့အဲလိုဖြစ်စေချင်တာလဲ ဟင်” ဟု မေးလိုက်မိသည်။ ကိုကိုဘာပြန်ပြောမလဲဆိုတာလည်း ကျွန်မ အရမ်းပဲသိချင်မိပါသည်။
…..1315@gmail.com is typing ဆိုတာလေးရဲ့နောက်မှာ ကျွန်မျှော်လင့်ချက်တွေရှိနေတယ်ဆိုတာ ကျွန်မပဲသိသည်။
ကိုကိုဖြစ်စေချင်သလို ကျွန်မပြောင်းလဲခဲ့ပြီဆိုရင် ကိုကိုဘယ်လိုတုံ့ပြန်လာမှာလဲ။ ကိုကိုကျွန်မကိုမချစ်တာ အရင်တုန်းကဆိုးလို့ဟုဆိုလျှင်
ကျွန်မအခုပြောင်းလဲသွားပြီမို့ ချစ်တယ်လို့ပြောလာတော့မှာလား။ ကျွန်မပျော်ရွှင်ရတော့မှာလား ကိုကို။
ဒီတစ်ခေါက် typing ဆိုတာကအရမ်းကြီးကိုကြာလွန်းနေသည်ဟု ခံစားမိသည်။ ကိုကိုဘာတွေများရိုက်နေလို့ ခုလောက်ကြီးကြာနေရတာလဲ။
စိတ်လှုပ်ရှားနေမိရင်း “တုံ”ဆိုတဲ့အသံနဲ့ တက်လာတဲ့စာစုလေးကိုမြင်တော့ ကျွန်မ ကြက်သေသသွားမိသည်။
“ညီမလေးက ကိုကို့အချစ်ဆုံးညီမလေးဖြစ်နေလို့ပေါ့ကွာ” တဲ့။
ဖော့ကာပြောသလို …. “ငါသေလို့ရတယ်”
13 comments
KZ
July 1, 2013 at 9:02 pm
Long time no see, Honey.
သူကလေး
July 2, 2013 at 11:19 am
ဟန်နီ့ကိုအားပေးမယ့်ဒူမချိဒေါ့ .. အာလိုပဲ ဟန်နီလည်းကြောက်လို့ပုန်းနေတာ 😀
မဟာရာဇာ အံစာတုံး
July 2, 2013 at 9:51 am
မျှော်လင့်တာက ဟိုလို
ဖြစ်လာတာက ဒီလို
ပေါင်းလိုက်တော့ ဟိုလိုလို ဒီလိုလို ..
သူကလေး
July 2, 2013 at 11:33 am
လိုလိုတွေနဲ့တင် လည်သွားဒေါ့တာပဲ တိုတိုအံရယ်
โทรศัพท์มือถือ
July 2, 2013 at 11:39 am
စိတ်ဝင်စားသူနည်းလို့ မတင်တာပါဆိုတော့ …
ကိုယ့်အကြောင်းကိုယ် သိသားဗဲ……
လဂါးစတာပါဗျ…….
ဒီပို့စ်ကို ဖတ်ရတာ မျက်နှာမလိုက်ပဲ ပြောရမယ်ဆိုရင်….
ဖတ်လို့ အင်မတန်ကောင်းပါတယ်….
ဒါပေမယ့်
CTF… တွေ.. SKD တွေတစ်ခါမှကြားဖူးဘူးးးးးး
ကျုပ်ကြားဖူးတာကတော့ KTV တို့ဘာတို့ပဲကြားဖူးတယ်…..
သူကလေး
July 2, 2013 at 1:33 pm
ကောင်းတယ်ဆိုလို့ ကျေးဇူးပါ မိုဘိုင်းရေ
အချစ်ဝတ္ထုဆိုပြီး အချစ်တွေချည်းရေးနေရင် သများတွေပျင်းကုန်မှာစိုးလို့
လုပ်ငန်းခွင်လေးလည်းရောထားသကွယ်
ဘာာာာာာ KTV ပဲသိတယ်ဟုတ်စ .. ဟင်းးးးနော်
အလင်း ဆက်
July 2, 2013 at 11:46 am
အချစ်ဝတ္ထုု တွေကိ်ု…
သိပ် မဖတ်ချင်တော့ပေမယ့်…
ရသ ကို ခံစားဖို့တော့….
အဆက်မပြတ်ချင်….
ဒါကြောင့်….
စောင့်ဖတ်နေပါတယ်ဗျာ..။
သူကလေး
July 4, 2013 at 3:19 pm
စောင့်ဖတ်နေပေးပါရှင် ~~
•*¨နန်းတော်ရာသူ •*¨
July 3, 2013 at 10:15 pm
ကြားကဖြတ်ဖတ်သွားတယ် သူကလေးရေ
သူကလေး
July 4, 2013 at 2:41 pm
အယ် .. အဟောင်းတွေလဲပြန်ဖတ်ပေးလေ အဟိ ..
အပြင်မှာတွေ့ရင် မုန့်ဝယ်ကျွေးမယ်
ဟိဟိ သူကလေးအခန်းဆက်က လူဝင်နည်းဒေါ့ မားကတ်တင်းဆင်းရဒယ်
Mr. MarGa
July 4, 2013 at 1:15 pm
သူကလေး
ဆက်မှ ရေးရဲ့လားလို့ တွေးနေတာ
ကောင်းပါတယ် ဆက်ရေးပါ။
တစ်ခုတော့ ရှိ်တယ်
အရမ်း အဆက်ပြတ်လွန်းရင် ဖတ်တဲ့သူတွေပါ အဆက်ပြတ်သွားတတ်တယ်
နောက်ဆို ဒီလောက် မခြားနဲ့။
ဒီပို့စ်မှာ အပြစ်တစ်ခု တွေ့ထားတယ် ဟီးဟီး
စကားလုံးတွေ အကျအပေါက် များနေသလိုပဲ
တစ်ချက် သတိထားပါနော်…………
သူကလေး
July 4, 2013 at 2:39 pm
ဆက်ရေးဗာဒယ် ဆက်ရေးဗာဒယ်
သကြားလေး ရှင်ကလေ ကျုပ်ဆို မရမကအပြစ်ပြောဖို့ပဲနော်…
သိပ်မကြာစေရဘူး မနက်ဖန် အသစ်တစ်ပိုင်းထပ်တင်တယ်မယ်ဟေ့ 😀
လုံမလေးမွန်မွန်
July 4, 2013 at 4:23 pm
ိလိုက်လို့ကို မမီတော့လို့.. စောင့်ပြီးတော့ ဖတ်နေပါတယ် သူလေးရေ..
ဟိုစကားလေးပဲ ကြိုက်တယ်..
“ငါသေလို့ရတယ်ကွာ…” 🙂