မေမြို့ အနီးစခန်းနားက ဓါတ်တော်ချိုင့်ရေတံခွန်ကို
19/04/2013 ကရောက်သွားပါတယ်
အဲ့ဒီမှာသတိထားစရာကတော့ ဘိနပ်အပါးစီးသွားဖို့ပါပဲ
မနိုတောင် ခုံမြင့်ဘိနပ်ဖြစ်နေလို့ ရေတံခွန်းသွားတဲ့လမ်းထိပ်လေးမှာရှိတဲ့
ဘိနပ်ချုပ်တဲ့ ဆိုင်လေးမှာ ကိုယ်ဘိနပ်ကိုအပ်ပြီး
ဆိုင်မှာရှိတဲ့ ရာဘာဘိနပ်ပါးတစ်ရံကို ၃၀၀ နဲ့ငှားပြီးစီးရပါတယ်
အဲ့ဒီဆိုင်လေးမှာ ဘိနပ်ပြင်/ ဘိနပ်ငှားသလို တောင်ဝှေးတွေလည်း
တစ်ချောင်းကို ၁၀၀ နဲ့ရောင်းပါတယ် ၀ယ်သွားဖို့လိုအပ်ပါတယ်
ရေသန်တို့ အအေးတို့ကတော့ ရေတံခွန်သွားတဲ့လမ်းတစ်လျှောက် နားဖို့တဲလေးတွမှာ ရောင်းပါတယ်
ဈေးကြီးတာကလွဲရင်ပေါ့လေ
မနိုတို့ စပြီးရေတံခွန်ကိုဆင်းတော့ ၁၀နာရီကျော်နေပြီ
အသွားမှာတော့ တောက်လျှောက် တောင်းဆင်းလမ်းတွေပါပဲ
နဲနဲတော့ မက်စောက်ပါတယ် ဒါပေမဲ့ တောင်ဝှေးလေး
အားပြုပြီး အေးအေးဆေးဆေးနားရင်သွားရင်ပေါ့
စုစုပေါင်း တောင်ကွေ့ ၂၂ကွေ့ရှိတယ်လို့ပြောပါတယ်
ရေတံခွန်ကို ၁၁နာရီကျော်လောက်ရောက်သွားပါတယ်
အဲ့ဒီမှာဖွင့်ထားတဲ့ အသုတ်ဆိုင်ကလေးကတော့ အရမ်းတန်ပြီ
စားလို့ကောင်းပါတယ် အသုတ်တပွဲကို ၅၀၀ပဲပေးရပါတယ်
ရေနွေးကြမ်းပူပူလေးကလည်းကောင်းမှကောင်းပါပဲ

အပြန်မှာကျတော့ ၁၂နာရီခွဲတော့မယ် အရမ်းကိုနေပူနေတဲ့ အချိန်ကြီးပါပဲ

တောင်တက်လမ်းတွေကြီးပဲမို့ ၂ကွေ့ကို တစ်ခါလောက်နားနေရပါတယ်

ရောက်ခါနီး၅ကွေ့လောက်လိုတော့မှ ဘယ်လိုမှ မတက်နိုင်တော့လို့

အထမ်းသမားတွေကို ၇၀၀၀ထောင်ပေးပြီးအထမ်းနဲ့တက်ခဲ့ရပါတယ်

အမှတ်တရပါပဲ တစ်ခါမှ အထမ်းမစီးဘူးပါဘူး

ဘ၀မှတ်တမ်းလေးဖြစ်ခဲ့တဲ့ ဓါတ်တော်ချိုင့်ရေတံခွန်ပုံလေးတွေအားပေးလိုက်ပါအုံးနော်

DSCN2026

နားနားနေနေ တက်ကြမယ်နော်

DSCN2029

စမ်းရေကျတဲ့နေရာလေး

DSCN2030

ဒီလိုနားဖို့ဆိုင်လေးတွေရှိတယ်

DSCN2034

အဝေးကမြင်ရတဲ့စမ်းချောင်းလေးကို ဇွန်းနဲ့ခတ်လိုက်တဲ့ပုံ

DSCN2036

ဒီစေတီလေးကိုမြင်ရရင်တော့ ရောက်ခါနီပါပြီ

DSCN2039

ကြိုးတံတားလေး အခုတော့ပျက်နေပြီ

DSCN2040

အဝေးကမြင်ရတဲ့ရေတံခွန်နဲ့ဘုရား

DSCN2076

ရေတံခွန်၁

DSCN2072

ရေတံခွန်၂

 

DSCN2047

ရေတံခွန်၃

DSCN2058

ရေတံခွန်၎

New Image40

ရေတံခွန်၅

New Image33

ရေတံခွန်၆

New Image23

ရေတံခွန်၇

New Image42

ရေတံခွန်၈

DSCN2078

ဒါကတော့သစ်မြစ်လေးတွေလှလို့

DSCN2077

ရေတိုက်စားပြီးလှေကားတွေလိုဖြစ်နေတဲ့ကျောက်ထပ်တွေ

DSCN2080

ရေတံခွန်နားမှာရှိတဲ့စားကောင်းတဲ့အသုတ်ဆိုင်လေ

 

ဒီရေတံခွန်ရဲ့ အပေါ်မှာ ရေတံခွန်ကြီးတစ်ခုရှိသေးတယ်တဲ့

တောင်ကြီးတွေကမတ်စောက်လွန်းလို့မတက်နိုင်ခဲ့ပါဘူး

ဒီရေတံခွန်တောင်မနဲပြန်ခဲ့ရပါတယ်

 

 

Novy

About Novy

yi yi has written 66 post in this Website..

မှန်တယ်ထင်ရင် နောက်မဆုတ်ပါ CJ # 1272011