ဧပြီ ၁၁ ရက်ညမှာ ဇာတိပြန်ခရီး စခဲ့ပါတယ် ၊

ဂျေဂျေ ည ၉ း ၃ဝ ကားနဲ့ပါ ၊ မန္တလေး ဘူတာကြီးရှေ့ကို ၁၂ ရက်နေ့

မနက် ၆ နာရီကျော်ကျော်မှာ ရောက်ပါတယ် ၊ အဲဒီကနေ သီရိမန္တလာကားကွင်းကိုဆက်သွားပြီး

ကြိုမှာထားတဲ့ ရွှေကူလက်မှတ်ဖြတ် ၊ ကိုပေါက် ဆီကိုဖုန်းဆက်ပြီး အဲဒီအပေါ်ထပ် တည်းခိုခန်းမှာ နားပါတယ် ၊

တကယ်တမ်း ကိုပေါက်လာတော့ တိုက်တိုက်ဆိုင်ဆိုင် ဖုန်းတွေက ဆက်မရ ၊ နောက်ဆုံး အကြောင်းအမျိုးမျိုးနဲ့ လွဲသွားခဲ့ပါတယ် ၊

ညနေ ၃ နာရီမှာ ရွှေကူကား စထွက်ပြီး ၁၃ ရက်မနက် ၄ နာရီမှာ ရွှေကူရောက်ပါတယ် ၊

မတွေ့ရတာ ကြာလှတဲ့ ညီအကိုမောင်နှမတွေနဲ့ ပျော်ခဲ့ရတာ အမှတ်တရပါ ၊

၁၈ ရက်နေ့ ညနေ ၂ း ၃ဝ မှာ မန္တလေးကို ပြန်ဆင်းခဲ့ပြီး ၁၉ ရက် မနက်၆ နာရီမှာ ရောက်ပါတယ် ၊

အမေ နဲ့ သား ( ကောင်းကောင်း ) တို့က ရန်ကုန်ကနေ ရထားနဲ့ရောက်လာပါတယ် ၊

၂ဝ ရက်နေ့မှာ ၇၈ လမ်း မူလ ဆီးဘန်းနီတိုက်ဝင်း အင်းတော်ကြီး ဟိုပင်ကျောင်းတိုက်မှာ ရဟန်းဝတ်ပါတယ် ၊

တောင်သမန် ၊ ပြင်ဦးလွင် ( ၂ ခေါက် ) ရောက်ဖြစ်ပြီး ၂၃ ရက်နေ့ လူဝတ်လဲ အဲဒီည  ၉နာရီ ရွှေမန္တလာကားနဲ့ ရန်ကုန်ပြန်ခဲ့ပါတယ် ၊

ကျွဲဆည်ကန်မှာ သေသေချာချာ လာတွေ့ပေးတဲ့ ကိုပေါက်ရေ ကျေးဂျူးကဘာဆိုင်းယော  နော့ ။

 

 

Photo1211
ပုံ ၁ ရန်ကုန် – မန္တလေး

 

Photo1221

 
ပုံ ၂ မန္တလေး – ရွှေကူ

 

photo1251_001

 

ပုံ ၃ ရွှေကူ – မန္တလေး

 

photo1295_001

 

ပုံ ၄ သားလေး သန့်ကောင်းစံ

 

Photo1305

 

ပုံ ၅ မန္တလေး – ရန်ကုန်

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..