ဆြာအုပ် နှင့် ဒွါရ၀တီ
ဒွါရ၀တီ သံတွဲ
ဗျာဒိတ်တော်ပေး စေတီရှိ ကျောက်စာထက်တွင် တွေ့ရသော သံတွဲသမိုင်း
မဇ္ဈိမဒေသ ကဿဖ ဘုရားရှင်လက်ထက် ကောရပ္ပတိုင်းတွင် မင်းစော အမည်ရှိမင်းလက်ထက်တွင် နဂါးညီနောင် ဖျက်စီးသဖြင့် ကောရပ္ပတိုင်း ပျက်စီးလေ၏။ ထိုမင်းသည် ဒွါရ၀တီမြို့ဟောင်းနေရာတွင် မြို့တည်၍ ဒွါရ၀တီမြို့အမည်ဖြင့် စိုးစုံတော်မူ၏.. ထိုမင်းစောမှ (၈)ဆက်မြောက်မင်းသည် ဘီလူမအား မိဖုရားမြှောက်မိ၍ သားတော် ၃ ပါး နှင့် သမီးတော် ၁ ပါး ဖွားမြင်၏.. ထို့နောက်မှ ဘီလူးမှန်းသိ၍ သားတော်အကြီးမှတပါး ကျန်သားတော်/သမီးတော်တို့ကို နန်းမှနှင်သဖြင့် ဒွါရ၀တီမြို့၏ အရှေ့ဘက်ကမ်းခြေတွင် နေ၏ ခမည်းတော်နတ်ရွာစံ၍ သားတော်ကြီး မင်းဖြစ်သော အခါတွင် ဒွါရ၀တီမြို့အား ညီတော် ဘီလူး ၂ ပါးနှင့် ညီမတော် ဘီလူးမတို့ စောင့်ရှောက်၏
မဇ္ဈိမတိုင်းမှ ညီနောင် တကျိပ်တို့က ဒွါရ၀တီမြို့ကို လာရောက်တိုက်ခိုက်သော အခါ မြို့ကို စောင့်သော ဘီလူးမ၏ အာနုဘော်ကြောင့် မြို့သည် ကောင်းကင်ယံသို့ ပျံတက်၍ သမုဒ္ဒရာကျွန်းလည်တွင်တည်၏.. ရန်သူများ ပြန်သွားသော အခါ မြို့သည် မိမိနေရာတွင် ပြန်တည်၏.. ရန်သူများလည်း အကြိမ်ကြိမ်ချီတက် လုပ်ကြံသော်လည်း မြို့ကို မတွေ့သဖြင့် ကုန်သည်ယောင်ဆောင်၍ မြို့တွင်းဝင်ပြီး ရသေ့ကြီးအား ချည်းကပ် မေးကြရာ မြို့၏ တနေရာရှိရေကန်တွင် ကျောက်မြည်းရုပ်ရှိ၏ မြို့ကိုစောင့်ရှောက်နေသော ဘီလူးတို့သည် ကျောက်မြည်းရုပ်၏ ကျောပြင်ကို ပွတ်လိုက်ပါက ကျောက်မြည်းရုပ်သည်ဟီ၏.. ထိုအခါ မြို့အလုံးသည် ကောင်းကင်သို့ ပျံတက်ကြသောကြောင့် ရှာမတွေ့ ဟုပြန်ကြားပြီး.. မြို့ကိုအလိုရှိပါက သံတတင်း မြေစိုက်၍ ကြံလေဟု ဆို၏.. ဆိုသည့်အတိုင်းတံခါးလေးမျက်နှာတွင် သံကွင်းများဖြင့် သံတံတင်းဖွဲ့ကြကုန်၏.. ထို့နောက် ၀င်ရောက်တိုက်ခိုက်သော် မြည်းဟီ၍ မြို့ပျံတက်ရာ မတတ်နိုင်သဖြင့် မြို့တွင်းသို့ဝင်ရောက်လုပ်ကြံပြီး သိမ်းပိုက်နိုင်၏.. အရပ်လေးမျက်နှာမှ လူအပေါင်း ၀င်ထွက်နိုင်၍ ဒွါရ၀တီဟု ရှေးကတွင်ခဲ့ပြီး သံနှင့် တွဲ၍ မြို့ကို သိမ်းပိုက်လေသောကြောင့် နောင်အခါ သံတွဲဟု တွင်လေ၏
အတက်နေ့မှာတော့ သံတွဲကို သွား ဖြစ်ပါတယ်.. သံတွဲ မြစ်တလျှောက် ဆိုင်ကယ်နဲ့ သွားပြီး သံတွဲ မြစ်ကြောင်းကို ဓာတ်ပုံရိုက်ဖြစ်ပါတယ်.. နွေဆိုတော့ စိမ်းစိမ်းဆိုဆို မရှိဘဲ ခြောက် ခြောက် သွေ့ သွေ့ ဖုန်တထောင်းထောင်း ဖြစ်ပါတယ်.. ဖြတ်သွားခဲ့တဲ့ရခိုင်ရွာလေးတွေမှာ လူသိပ်မတွေ့ရလို့ မေးကြည့်တော့ ဘုန်းကြီးကျောင်းအလှူကို သွားကြတာကြောင့် ရွာမှာ မီးခိုးတိတ် ဖြစ်ကြောင်းသိရပါတယ်.. အပြန် အိမ်လေးတစ်အိမ်ထဲ ၀င်ကြတော့ ဖော်ဖော်ရွေရွေနဲ့ ရေနွေး မုန့်ဖတ်ထုတ်တွေ ချကြွေးပါသေးတယ်.. ရခိုင်သံဝဲ၀ဲ နဲ့ ချစ်စရာကောင်းတဲ့ တောဒလေ့လေး တစ်ခုကို မြင်လိုက်ရပါတယ်..
မြစ်ကြောင်းတစ်လျှောက်သွားကြရင်း တောင်ကုန်းပေါ်က စေတီလေး တစ်ဆူပါ..
သံတွဲမြို့ဗျာဒိတ်ပေး တန့်တော်မူစေတီ
ဂေါတမ မြတ်စွာဘုရားသခင်သည် ဓည၀တီပြည့်ရှင် စန္ဒသူရိယ မင်းကြီး၏ လျှောက်ထား တောင်းပန်မှုကြောင့် မဟာမုနိရုပ်ရှင်တော်မြတ်ကို ကိုယ်စား ထား ရစ်တော်မူပြီးနောက် ဒွါရ၀တီ သံတွဲ မြို့သို့ ကြွချီတော်မူလေသည်။ မဟာသက္ကရာဇ် ၁၂၃ တွင် ဗာသုတ တောင်တော်တွင် ရပ်တော်မူလျက် စေတီ၃ ဆူအား ဗျာဒိတ်ပေးတော်မူသည်။ မြတ်စွာဘုရား ရပ်တန့်တော်မူသည်ကို အစွဲပြု၍ တန့်တော်မူတောင်ဟု တွင်၏
သက္ကရဇ် ၁၄၄ တွင် မြတ်စွာဘုရား ရပ်တန့်တော်မူခြင်းအထိမ်း အမှတ် အဖြစ် ဤဗျာဒိတ်ပေးစေတီကိုတည်တော်မူသည်။
ဗျာဒိတ်ပေးတာကတော့ မြတ်စွာဘုရား စာမရီ ငှက်မင်းဖြစ်တုန်းက နေထိုင်ခဲ့တောင်မှာ ဆံတော်ကို ထာပနာပြီး စေတီတစ်ဆူ၊ မြွေမင်း ဖြစ်ခဲ့စဉ်နေ ထိုင်တော်မူခဲ့တဲ့ တောင် ပေါ်မှာ အံတော်ကို ထာပနာပြီး စေတီတစ်ဆူ၊ ခါမင်းဖြစ်ခဲ့စဉ်နေ ထိုင်တော်မူခဲ့တဲ့ တောင် ပေါ်မှာ နံတော်ကို ထာပနာပြီး စေတီတစ်ဆူ တည်ထားလိမ့်မယ်လို့ ဗျာဒိတ်ပေးခဲ့ပါတယ်။
ရွှေဆံတော်စေတီတော် ( 18.457043,94.37438)
ဗျာဒိတ်တော်မြတ်အတိုင်း စာမရီ ငှက်မင်းဖြစ်တုန်းက နေထိုင်ခဲ့တောင်မှာ မြတ်စွာ ဘုရား ဆံတော်အစစ်ကို ထာပနာပြီး ကောဇာသက္ကရာဇ် ၂၃၆ ခုနှစ်မှာတည်ထားခဲ့ တဲ့ရွှေဆံတော် စေတီတော်။
ရွှေအံတော်စေတီတော် (18.457043,94.37438)
ဗျာဒိတ်တော်မြတ်အတိုင်း မြွေမင်း ဖြစ်ခဲ့စဉ်နေ ထိုင်တော်မူခဲ့တဲ့ တောင် ပေါ်မှာ မြတ်စွာ ဘုရား အံတော်ကို ထာပနာပြီး ကောဇာသက္ကရာဇ် ၂၃၆ ခုနှစ်မှာ တည်ထားခဲ့တဲ့ရွှေအံတော် စေတီတော်။
ရွှေနံတော် စေတီတော် 18.471419,94.358096
ဗျာဒိတ်တော်မြတ်အတိုင်း ခါမင်းဖြစ်ခဲ့စဉ်နေ ထိုင်တော်မူခဲ့တဲ့ တောင် ပေါ်မှာ မတ်စွာ ဘုရား နံတော်ကို ထာပနာပြီး ကောဇာသက္ကရာဇ် ၂၃၆ ခုနှစ်မှာ တည်ထားခဲ့ တဲ့ရွှေနံတော် စေတီတော်။
ညနေငပလီပြန်ဆင်းလာပါတယ်.. ငပလီသင်္ကြန်ကို နဲနဲမှတ်တမ်းတင် ထားလိုက်ပါတယ်.. ငပလီသင်္ကြန်မဏ္ဍပ် ၃ ခုရှိပါတယ်.. ဗဟိုမဏ္ဍပ်၊ ဘေဗျုး မဏ္ဍပ် နဲ့ နောက်တခုကတော့ နာမယ် မေ့သွားပါပြီ. အစည်ဆုံးကတော့ Bay View ဖြစ်ပါတယ် ။ သင်္ကြန်လည်တဲ့ ကားတွေကတော့ အောက်ကလိုမျိုး တုတ်တုတ်တွေ အများဆုံး ပါပဲ.. ကားကတော့ ၅ စီး ၆စီး လောက်ပဲ တွေ့မိပါတယ်.
ဗဟို မဏ္ဍပ်မှာကတော့ သက်ကြီးပူဇော်ပွဲ လုပ်ကြပါတယ်.. ညဆိုရင်တော့ ရန်ပုံငွေ ကို ကာရာအိုကေ တစ်ပုဒ် ၅၀၀ နဲ့ ဆိုကြပါတယ်..
အခုလိုဗဟုသုတရအောင်ရှင်းပြပြီး
ဘုရားပုံတော်တွေကိုပါ ဖူးမျှော်ရအောင်တင်ပေးတဲ့အတွက်
ကိုစာဥ ကုသိုလ်တွေရမှာပဲ….
Was this answer helpful?
LikeDislikeရွှေဆံတော်စေတီကုန်းတော်ပေါ်က မြင်ရတဲ့ သံတွဲမြစ်နဲ့ တံတား
အတော်လှတဲ့နေရာလေးပါ…တရုတ်စကားပင်ကြီးတွေ ရှိသေးလားမသိနော်….
Was this answer helpful?
LikeDislikeငပလီကို သင်္ကြန်တွင်းမှာ ၃ ည အိပ် သွားဖူးပေမယ့် ဘုရားတွေကို ရောက်ခဲ့သလားဆိုတာ ပြန်စဉ်းစားလို့ မရတော့ဘူး ..
ဘုရားဖူးရတဲ့အတွက် ကျေးဇူးပါ ..
ငပလီသင်္ကြန်ကိုကြည့်ရတာ ပျော်စရာကောင်းမယ့်ပုံပဲ ..
Was this answer helpful?
LikeDislikeတော်တော်အသေးစိတ်ပြီးဗဟုသုတရပါတယ်။ ကိုယ်တိုင်သွားရင်တောင်အဲလောက်နှံစပ်မယ်မထင်ပါ ဘူး။ ကျေးဇူးပါ။
Was this answer helpful?
LikeDislikeဆြာအုပ် ရှင်းလိုက်တာ ဂိုက်ငှားစရာတောင် မလိုတော့ပါလား
အေးအေးဆေးဆေး ဘုရားတွေဖူးလို့ သင်္ကြန်မြင်ကွင်းကို ထိုင်ကြည့်သွားပါသဗျာ :hee:
Was this answer helpful?
LikeDislikeရွှေဆံတော်စေတီကုန်းတော်ပေါ်က မြင်ရတဲ့ သံတွဲမြစ်နဲ့ တံတား
ဒီလိုပုံမျိုးအရမ်းရိုက်ချင်တာ ကို ဓာဓာ
Was this answer helpful?
LikeDislikeဆြာအုပ်. 0.7x converter လိုမျိုးသုံးနေတယ်ထင်ပ.
လက်တို့ပါဦးဗျ
ရွှေနံတော်မှာ သဲလွန်စ တချို့ တွေ့မိသလိုရယ်
ခင်တဲ့
ဂီ
Was this answer helpful?
LikeDislike